Rek Naung

Rek Naung

Share

𝐋𝐢𝐟𝐞 | 𝐌𝐢𝐧𝐝𝐬𝐞𝐭 | 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 | 𝐓𝐞𝐜𝐡 & 𝐀𝐫𝐭

💡 Life Experience & Mindset Shifts
💡 Real Business Operations & Strategy
💡 Mobile Phone & Modern Tech
💡 Art & Personal Growth

11/08/2026

Empathy vs. Boundaries

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊
Personal Relationships တွေမှာပဲဖြစ်ဖြစ်...
အမှားတိုင်းကို လူ့သဘောသဘာဝအရ
Empathy ထားပြီး နားလည်ပေးနိုင်အောင်
အမြဲကြိုးစားတယ်။

ဒါပေမဲ့... အဲဒီအမှားတွေက တူညီတဲ့ပုံစံနဲ့
ထပ်ခါတလဲလဲ ဖြစ်လာတဲ့အခါ၊
ဒါမှမဟုတ် ကိုယ့်ရဲ့ စည်းမျဉ်းစည်းကမ်း
Boundaries ကို ထပ်ခါတလဲလဲ
ကျူးလွန်လာတဲ့အခါမှာတော့
ဘယ်တော့မှ ခွင့်လွှတ်မပေးသင့်ဘူးဆိုတာ
သဘောပေါက်လာတယ်။

နားလည်ပေးခြင်းဆိုတာ လူ့မေတ္တာတရားဖြစ်ပေမဲ့၊
အလျှော့မပေးခြင်းကတော့ ကိုယ်သတ်မှတ်ထားတဲ့
ဘဝရဲ့ Non-negotiable Standards
(အလျှော့မပေးနိုင်တဲ့ စံနှုန်း) ပဲ။

Rek Naung

09/08/2026

လိုချင်တဲ့ Lifestyle တစ်ခုကို
ပိုင်ဆိုင်နိုင်ဖို့ဆိုတာ
Timing က အဓိကကျတယ်။

ဒါပေမဲ့ အဲဒီ အချိန်အခါ
မကျရောက်သေးခင်မှာ...
လောကဒဏ်ကို ခံနိုင်ရည်ရှိတဲ့
Resilience နဲ့ သည်းခံစောင့်စားရတယ်။

ဒီလို စောင့်ဆိုင်းမှုကို မဖြတ်သန်းနိုင်ဘဲ
လက်မြှောက်အရှုံးပေးလိုက်တဲ့ သူတွေအတွက်တော့
ဘဝက ဒုံရင်းက ဒုံရင်း ပြန်ဖြစ်သွားနိုင်တယ်။
ကိုယ်လုပ်စရာရှိတာကို
တိတ်တဆိတ် ဆက်လုပ်နေပါ။

မှန်ကန်တဲ့ အချိန်အခါ
Right Moment ရောက်လာပြီဆိုတာနဲ့...
ရှိသမျှ အားအင်အကုန် မီးကုန်ယမ်းကုန်
ထုတ်သုံးပစ်လိုက်ပါ။
အဲဒီအချိန်ကျမှသာ
ကိုယ့်ဘဝရဲ့ အလှည့်အပြောင်း
Major Turning Point တစ်ခု ဖြစ်လာလိမ့်မယ်။

Rek Naung

08/08/2026

ပြဿနာတစ်ခု တက်လာတဲ့အခါ...
ဘာကို အရင်ဆုံး ရှာလေ့ရှိသလဲ?
ဘယ်သူ့အမှားလဲ ဆိုတဲ့ 'တရားခံ' လား...
ဒါမှမဟုတ် 'အဖြေ' လား?

စီးပွားရေးမှာပဲဖြစ်ဖြစ်၊
အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်
ပြဿနာကြုံရတဲ့အခါ
လူနှစ်မျိုးပဲ ကွဲထွက်သွားတာကို
တွေ့ရတတ်ပါတယ်။

The Blamer:
"ဘယ်သူ့ကြောင့်ဖြစ်တာလဲ" ဆိုပြီး
မီးလောင်ရာလေပင့် Blame Game ကစားပြီး
ပြဿနာကို ပိုကြီးအောင် လုပ်မယ့်သူ။

The Problem Solver:
"ဒီပြဿနာကို ဘယ်လိုကျော်ဖြတ်မလဲ" ဆိုပြီး
Solution-Oriented Mindset နဲ့
အဖြေဆီ ဒိုင်းခနဲ အရောက်သွားမယ့်သူ။

အမှန်အတိုင်းပြောရရင် ပြဿနာဆိုတာ
ဘယ်နေရာမှာမဆို ရှိတာပါပဲ။
ဒါပေမဲ့ ပြဿနာတွေကို
အောင်မြင်စွာ ရှင်းထုတ်နိုင်စွမ်းရှိတဲ့အခါမှသာ
ကိုယ့်ရဲ့ Value ဆိုတာ ပေါ်ထွက်လာတာပါ။

ပြဿနာကို သယ်ဆောင်လာသူထက်
အဖြေကို ယူဆောင်လာနိုင်သူကပဲ
ဘယ်အဖွဲ့အစည်းမှာမဆို
Irreplaceable Asset အနေနဲ့
မရှိမဖြစ် လူသားအရင်းအမြစ် ဖြစ်လာမှာပါ။

မီးကို ပိုကြီးအောင် လုပ်မယ့်သူထက်
မီးငြိမ်းသတ်နိုင်တဲ့ Problem Solver တစ်ယောက်အဖြစ်ပဲ
ကိုယ့်ကိုယ်ကိုယ် အမြဲ Build လုပ်ပါ။

စိတ်ရင်းစေတနာဖြင့်
Rek Naung




07/08/2026

သူများကို မကယ်တင်ခင်...
ကိုယ့်ကိုယ်ကိုယ် အရင်ကယ်တင်ပါ။

ကိုယ်တိုင် Burnout ဖြစ်နေချိန်မှာ
ကယ်တင်ရှင် လိုက်လုပ်နေတာဟာ
စေတနာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်မွန်းအောင်
လုပ်နေတာနဲ့ အတူတူပါပဲ။
သူများကို ပေးချင်တယ်ဆိုရင်တောင်
Value က ကိုယ့်မှာ အရင်ရှိနေဖို့ လိုပါတယ်။

Leadership နဲ့ စီးပွားရေးမှာ
အရေးအကြီးဆုံး မူဝါဒက
"Fill Your Cup First" ပါပဲ။

ခွက်ထဲမှာ ရေအရင်မပြည့်ဘဲနဲ့
သူတပါးကို လိုက်တိုက်လို့ မရပါဘူး။
ကိုယ်တိုင် ခိုင်မာမှသာ သူတပါးကို
အမှန်တကယ် လမ်းပြနိုင်မှာပါ။

ဒါကြောင့် သူများအတွက် မစဉ်းစားခင်
ကိုယ့်ရဲ့ စွမ်းအင်နဲ့ တည်ငြိမ်မှုကို
အရင် ကာကွယ်ရမယ်။
ဒါဟာ အတ္တကြီးတာ မဟုတ်ပါဘူး၊
မရှိမဖြစ် လိုအပ်တဲ့ **Strategic Boundary** တစ်ခုပါပဲ။

စိတ်ရင်းစေတနာဖြင့်
Rek Naung




06/08/2026

"ငါပြောတာကို အကုန်ယုံပါ" လို့ ပြောလာရင်...

အတွေ့အကြုံအရ ဒီလိုမျိုး Blind Trust
တောင်းဆိုတတ်တဲ့သူတွေဆီမှာ
သတိထားရမယ့် Red Flag တွေ အမြဲတွေ့ရတတ်တယ်။

အရာရာကို ခေါင်းမဖော်ဘဲ ယုံကြည်ခိုင်းတာက
တကယ်တော့ ထိန်းချုပ်ချင်တဲ့ သဘောသဘာဝတစ်ခုပါပဲ။

သူတို့ပြောတဲ့စကားတွေကို ပိုပြီးတော့
သတိထား နားထောင်မိလာတယ်။

မျက်ကန်းယုံကြည်မှုကို တောင်းဆိုတဲ့နေရာမှာ
အမြဲတမ်း သတိထားဖို့ လိုပါတယ်။

စိတ်ရင်းစေတနာဖြင့်
Rek Naung

05/08/2026

ဘာတွေမှန်းလဲ မသိဘူး" ဆိုရင်...
သိအောင် အရင်လုပ်ပါ။

အသက် ၂၀ ကျော်တုန်းကတော့
ဒီစကားကို မကြာခဏ ပြောဖူးတယ်။

ကိုယ်နဲ့မဆိုင်တာ၊ နားမလည်နိုင်တာဆိုရင်
"ဘာတွေမှန်းလဲ မသိပါဘူးကွာ" ဆိုပြီး
လွယ်လွယ်နဲ့ ကျော်သွားမိတတ်ခဲ့တယ်။

ဒါပေမဲ့ အခု ...
ဘဝရဲ့ တစ်ဝက်လောက်ကို
ရောက်လာတဲ့အချိန်မှာတော့
ဒီအကျင့်ကို လုံးဝ မသုံးတော့ဘူး။

ကိုယ့်ရှေ့မှာ ဝန်ထမ်းတွေ၊ တပည့်တွေ
ဒီလိုပြောတာ ကြားရရင်လည်း
အရင် ရှင်းပြဖြစ်တယ်။

“ဘာတွေမှန်း မသိဘူး” လို့
ပေါ့ပေါ့ဆဆ ပြောပြီး ရှောင်ထွက်လိုက်တာက
တစ်ခါတလေ ကိုယ့်အကျိုးကိုရော၊
ပတ်ဝန်းကျင် အကျိုးကိုပါ
အကြီးအကျယ် ထိခိုက်စေတတ်တယ်။

တကယ်လို့ ဘာအကျိုးမှ မရှိတဲ့
အရေးမပါတဲ့ ကိစ္စမျိုးဆိုရင်တော့
မသိလည်း အဆင်ပြေပါတယ်။
အရာရာတိုင်းကို လိုက်သိနေဖို့ မလိုပါဘူး။

ဒါပေမဲ့ Teamwork နဲ့ တည်ဆောက်ရတဲ့
လုပ်ငန်းခွင်မှာဆိုရင်တော့
“ဘာတွေမှန်းလဲ မသိဘူး” ဆိုတဲ့ စကားက
Problem တစ်ခုကို ပိုပြီး ကြီးထွားလာစေပါတယ်။

ဒါကြောင့် အသက်ရလာပြီးနောက်ပိုင်း
အဲဒီလို အလေ့အကျင့်မျိုး တွေ့တိုင်း...
"အရင်ဆုံး သိအောင် ကြိုးစားကြည့်ပါ" လို့ပဲ
ကျွန်တော် အမြဲ တိုက်တွန်းဖြစ်တယ်။

စိတ်ရင်းစေတနာဖြင့်
Rek Naung




04/08/2026

✨လူတစ်ယောက်ရဲ့ ဘဝမှာ
မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အဆင့် (၃) ဆင့် ရှိတယ်။

လူရယ်လို့ဖြစ်လာရင် ဘဝကို
အလကားဖြုန်းတီးပစ်ဖို့ မဟုတ်ဘူး။
တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ ဒီအဆင့်တွေကို
ကိုယ့်ဘဝမှာ အမြဲဖြတ်ကျော်သွားသင့်တယ်။

၁။ သင်ယူခြင်း -
အရင်ဆုံး ဗဟုသုတတွေ၊
ပညာရပ်တွေကို စနစ်တကျ သင်ယူရမယ်။

၂။ လက်တွေ့လုပ်ဆောင်ခြင်း -
သင်ထားသမျှတွေကို စာအုပ်ထဲမှာပဲ မထားဘဲ
လက်တွေ့နယ်ပယ်ထဲမှာ ကြိုးစား အားထုတ်ပြီး ကျင့်ကြံရမယ်။

၃။ ပြန်လည်မျှဝေခြင်း -
ကိုယ်ရရှိလာတဲ့ အတွေ့အကြုံ၊
ဗဟုသုတတွေကို တပါးသူဆီ
ပြန်လည်မျှဝေပြီး လမ်းပြပေးရမယ်။

ဒါမှသာ လူပီသပြီး
အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

ဒါကို ဗုဒ္ဓ ကတော့
ပရိယတ္တိ ပရိပတ္တိ ပရိဝေဒ လို့
မိန့်ဆိုခဲ့ဖူးပါတယ်။

စိတ်ရင်းစေတနာဖြင့်
Rek Naung

03/08/2026

ဆင်ခြေနဲ့ အကြောင်းပြချက်ကို
မခွဲခြားတတ်သမျှ ဘဝက
ဘယ်တော့မှ Scale Up ဖြစ်လာမှာ မဟုတ်ဘူး!

အလုပ်မှာ ဆင်ခြေပေးတတ်တဲ့
Team Member တွေ ရှိဖူးလား?

ဒါမှမဟုတ် အလုပ်တစ်ခု လွဲသွားတဲ့အခါ
ကိုယ်တိုင်ရော ဘာပြန်ပြောလေ့ရှိလဲ?

"လိုင်းမကောင်းလို့ပါ"၊ "ကားပိတ်နေလို့ပါ"၊
"သူ့ကြောင့် နောက်ကျတာ" ဆိုတာ
Excuse ဆိုတဲ့ ဆင်ခြေပဲ။

ဆင်ခြေဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိဘဲ
အမှားကို ဖုံးကွယ်ဖို့နဲ့ လွတ်မြောက်ဖို့
လျှောက်ပြောတဲ့ စကားလုံးသက်သက်ပဲ။

Reason ဆိုတဲ့ ...
တကယ့် အကြောင်းပြချက်ကို ပေးဖို့ဆိုရင်
ပြဿနာရဲ့ အကြောင်းရင်းကို
အရေအတွက်၊ Data တွေနဲ့
သေချာ Analyze လုပ်ရမယ်။

လေ့လာဆန်းစစ်ထားတဲ့ အချက်အလက်ပေါ်
အခြေခံပြီး ခိုင်မာတဲ့ Reason တွေနဲ့
အမှန်တရားကိုပဲ ပြောရတယ်။

"ဒီနေရာမှာ Process လွဲသွားလို့
ဒီ Error ထွက်လာတာ၊ နောင်တစ်ကြိမ် မဖြစ်အောင်
ဒီလို System ပြင်မယ်" ဆိုတဲ့
အဖြေရှာမှု (Solution Pattern) ကိုပဲ
အကြောင်းပြချက်လို့ ခေါ်တယ်။

Leader ပဲ ဖြစ်ဖြစ် Follower ပဲ ဖြစ်ဖြစ်
ဆင်ခြေတွေကို လက်ခံနေသမျှ
အဖွဲ့အစည်းရဲ့ Growth က ရပ်နေမှာပဲ။

အမှားတစ်ခု ဖြစ်လာရင်
ဘာလို့ ဖြစ်တာလဲ ဆိုတဲ့ Data ကိုပဲ ကြည့်။
ဆင်ခြေတွေကို Cut ဆွဲလိုက်။

Mindset မပြောင်းရင်
ဘာမှ ပြောင်းလာမှာ မဟုတ်ဘူး။

စိတ်ရင်းစေတနာဖြင့်
Rek Naung





02/08/2026

ကိုယ်က ကံကောင်းတဲ့သူ မဟုတ်ဘူး...
ကိုယ်တိုင်ကြိုးစားနေရတဲ့သူ ဆိုရင်
သေချာဖတ်ကြည့်ပါ။

လူတိုင်းမှာ တစ်နေ့ကို ၂၄ နာရီ
အတူတူပဲ ရှိတယ်။

ဒါပေမဲ့ အလုပ်ဆင်းချိန် ညဘက်တွေမှာ
Comfort Zone ထဲဝင်ပြီး
Endless Scrolling လုပ်ရင်း
အချိန်ဖြုန်းနေတဲ့သူနဲ့

ကိုယ့်ရဲ့ Skill, Mindset နဲ့ Business အတွက်
အချိန်ရင်းနှီးမြှုပ်နှံနေတဲ့သူရဲ့ ဘဝဟာ
နောက် ၃ နှစ် ရောက်ရင် လုံးဝ ကွာခြားသွားပြီ။

"Time is an Asset, not an Expense!"
အချိန်ဆိုတာ ငွေထက်တောင်
တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

အလုပ်ပြီးတဲ့အချိန် ညဘက်
အနားမယူခင် ကိုယ်ဘာတွေလုပ်တတ်လဲ
ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ကြည့်ပါ။

Rek Naung

31/07/2026

**ပိုက်ဆံက အရေးအကြီးဆုံးလား?
(ဒါမှမဟုတ် ပိုက်ဆံထက် ကျော်လွန်တဲ့
တန်ဖိုးတွေ ရှိသေးလား)**

လောကမှာ ပိုက်ဆံဆိုတာ ဒုတိယဘုရားသခင်ပဲ၊

အရာအားလုံးနီးပါးကို ဖြေရှင်းပေးနိုင်တယ်လို့
လွန်ခဲ့တဲ့ ရက်ပိုင်းအထိ
ကျွန်တော် တထစ်ချ တွေးခဲ့တယ်။
Business တွေ ၂ခု ၃ခု ထပ်ချဲ့ဖို့ကိုပဲ
ဦးနှောက်ထဲမှာ နေရာပေးခဲ့တယ်။

ဒါပေမဲ့...
အဲဒီ့အတွေး တတက်စင်အောင်
အလွဲကြီး လွဲသွားခဲ့တယ်။

ပိုက်ဆံထက် ပိုအရေးကြီးတာက
လူတွေ ထင်သလို အချစ်တို့
မိသားစုတို့ ချည်းလည်း မဟုတ်ဘူး။

လူတစ်ယောက်က ပိုက်ဆံဆိုတာ
နောက်တန်းရောက်သွားပြီး
အဓိက မဟုတ်တော့တဲ့ အခြေအနေတစ်ခုကို
ရောက်သွားနိုင်တယ်။

အဲဒီ အဆင့်ကို ရောက်ဖို့ဆိုရင်
**High-Value Network** တွေထဲမှာ
တန်ဖိုးရှိတဲ့ ဆက်ဆံရေးတွေကို
တည်ဆောက်နိုင်ရမယ်။

ဒါဖြစ်လာဖို့က အနည်းဆုံးတော့
ဒီအချက် ၅ ချက် လိုတယ် -

၁။ ကျန်းမာရေးကို အထူးဂရုစိုက်။

၂။ ကတိတည်ပြီး ရိုးသား။

၃။ ဉာဏ်နဲ့ဝီရိယကို **Balance** ညီညီ သုံး။

၄။ ကောင်းတဲ့အလေ့အကျင့်မှန်သမျှ
**Consistency** ရှိရှိ တည်ဆောက်။

၅။ လူတွေနဲ့ ဆက်ဆံရေးမှာ တန်ဖိုးပေးနိုင်တဲ့
**Mindset** ထားပေး။

ဒီလို အခြေအနေမျိုးကို ရောက်ပြီဆိုရင်...
ပိုက်ဆံဆိုတာ သူ့နောက်ကို
လိုက်ရှာစရာ မလိုတော့ဘဲ
ကိုယ့်နောက်ကို တကောက်ကောက်
လိုက်လာမယ့် အရာ ဖြစ်သွားလိမ့်မယ်။

စိတ်ရင်းစေတနာဖြင့်
Rek Naung




Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Yangon