08/29/2026
🎙️ Keith Andrews on Leeds
"ဒီပွဲက တော်တော်လေး အကြိတ်အနယ်ရှိမှာပါ။ အသင်းနှစ်သင်းရဲ့ ကစားဟန်တွေအရ ဒီပွဲမှာ တကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်ပါလိမ့်မယ်။ လိဒ်စ်ယူနိုက်တက်က ကစားကွက်ပုံစံအမျိုးမျိုးနဲ့ ကစားနိုင်ပြီး ပြိုင်ဘက်ကို ဒုက္ခအများကြီး ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့မှာ တကယ့်ကို ကြည့်ကောင်းမယ့် ဘောလုံးပွဲကောင်းတစ်ပွဲကို မြင်တွေ့ရမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။"
08/28/2026
🚨🔴⚪️ ဘရန့်ဖို့ဒ်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ဘယ်နောက်ခံလူ မာလစ် ဒယုဖ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒယုခ်က ဘရန့်ဖို့ဒ်နဲ့ ၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ 🇸🇳
08/27/2026
“အီသန်ဟာ ဘရန့်ဖို့ဒ်ရဲ့ ဂန္တဝင်တစ်ဦးပါ။ သူက ၂၀၁၉ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ကျွန်တော်တို့ ခေါ်ယူခဲ့တဲ့ အရည်အသွေးမြင့် ကစားသမားတွေထဲကတစ်ဦး ဖြစ်ပါတယ်။
သူတို့တွေက ကျွန်တော်တို့အသင်းကို ချန်ပီယံရှစ်ရဲ့အလယ်အလတ်အသင်းတစ်သင်းအဖြစ်ကနေ ပရီးမီးယားလိဂ်ဆီ တက်လှမ်းဖို့ အမှန်တကယ် စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းအဖြစ် မြှင့်တင်ပေးခဲ့တာပါ။”
— Phil Giles on Ethan
08/26/2026
TRANSFER NEWS : အသင်းရဲ့သက်တော်
ရှည်ကစားသမားတစ်ဦးတဲ့ နောက်ခံလူ အီသန်
ပင်နော့ခ် ကိုဗင်ထရီအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
သူဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်တန်းတက်ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး အသင်းရဲ့ နိုင်ပွဲတွေ၊ ရလဒ်ကောင်းတွေကို အတူရယူပေးနိုင်ခဲ့သူတစ်ဦးပါ။ ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ အသင်းဒါရိုက်တာ ဖေးလ်ဂေလက်စ်ကတော့ “ပင်နော့ခ်ဟာ ဂန္ဓဝင်တစ်ဦးပါ” လို့တောင် ပြောခဲ့ပြီး “ဘရန့်ဖို့ဒ်အနေနဲ့ အမြဲကြိုဆိုလျက်ရှိပါတယ်” လို့လည်း ပြောခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ Snoop dogg ဘဲကြီး အသင်းသစ်မှာအောင်မြင်ပါစေဗျာ။
08/25/2026
ဘရန့်ဖို့ဒ်အသင်းရဲ့ ဂျာစီမှာပါတဲ့ အသင်းLOGO၊ Joma Logo တွေဟာ မိုးရေနဲ့ထိလိုက်ရုံနဲ့ ကွာမကျနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ချည်ထိုးထားတာမလို့ပါ။
မိုးရေထဲမှာ စိတ်ကြိုက်ဝတ်နိုင်ပါတယ်။
အခုပဲ ဝယ်လိုက်ပါ🔥
08/24/2026
⚽️ ၁၅ ကြိမ် -
ဘရန့်ဖို့ဒ်အသင်းအတွက် ကိန်း လူးဝစ်-ပေါ်တာ သွင်းယူပေးခဲ့တဲ့ အဖွင့်ဂိုးမှာ ဘောလုံးပေးပို့မှုပေါင်း (၁၅) ကြိမ်အထိ ရှိခဲ့ပါတယ်။ နည်းပြ ကိသ် အင်ဒရူးစ် လက်ထက် ဘရန့်ဖို့ဒ်အသင်းရဲ့ ပရီးမီးယားလိဂ်ဂိုးတွေထဲမှာ မတ်လက ဝုလ်ဗ်အသင်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ မိုက်ကယ် ကာယိုဒေးရဲ့ဂိုး (ပေးပို့မှု ၁၉ ကြိမ်) နဲ့ ဒီဇင်ဘာလက ဘုန်းမောက်အသင်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ရီကို ဟင်နရီရဲ့ဂိုး (ပေးပို့မှု ၁၈ ကြိမ်) တို့သာ ဒီဂိုးထက် ပေးပို့မှု ပိုများခဲ့တာပါ။
အချိတ်အဆက်မိမှု ။
08/23/2026
🚨🇲🇱 ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲဦးထွက် ကစားခဲ့တဲ့ မာမာဒူ ဆန်ဂါရေးရဲ့ စွမ်းဆောင်ရည်... 💎
• ဘောလုံးပေးပို့မှု တိကျရာခိုင်နှုန်း - ၈၀%
• ဘောလုံးပြန်လည်ရယူနိုင်မှု - ၇ ကြိမ်
• ပြိုင်ဘက်ကွင်း တိုက်စစ်ဇုန်သို့ ပေးပို့မှု - ၄ ကြိမ်
• အခွင့်အရေး ဖန်တီးမှု - ၂ ကြိမ်
• ကြားဖြတ်လုယူမှု - ၂ ကြိမ်
• ဖျက်ထုတ်မှု - ၂ ကြိမ်
• ဘောလုံးရှင်းထုတ်မှု - ၂ ကြိမ်
• အခွင့်အရေး ဖန်တီးမှု - ၁ကြိမ်
• ဂိုးဖန်တီးမှု - ၁ ကြိမ်
🔥 MOTM
08/23/2026
၂၀၂၁-၂၂: ဘရန်ဖို့ဒ် ၂-၀ အာဆင်နယ်
၂၀၂၂-၂၃: ဘရန်ဖို့ဒ် ၄-၀ မန်ယူ
၂၀၂၆-၂၇: ဘရန်ဖို့ဒ် ၃-၀ စပါး
ဘရန်ဖို့ဒ်တို့ကတော့ ရာသီဖွင့်ပွဲ အိမ်ကွင်းဆိုရင်
အသင်းကြီးတွေနဲ့ တွေ့ရတာကို သဘောကျနေပုံပါပဲ။💪
08/22/2026
FULL TIME : Brentford 3-0 Spurs
အဖွင့်လှခဲ့ပါပြီ။ ပိုပြီးတည်ငြိမ်မှုရှိတဲ့အသင်းက သွင်းဂိုးတွေရတာ၊ ပွဲကိုထိန်းချုပ်သွားတာပါပဲ။ အသင်းတစ်သင်းအသားကျဖို့ အချိန်ကတော့ပေးရမှာပါ။ ဒီနေ့ပွဲ အသင်းကစားပုံအတော်လေးကောင်းသလို တစ်ဖက်က စပါးရဲ့ မတည်ငြိမ်မှုတွေကလည်း အခွင့်အရေးတွေဖြစ်သွားခဲ့တာပါ။ ရာသီအစပွဲစဉ်မလို့ ဒီ form လေးကိုထိန်းပြီး နောက်လာမယ့် လိ့စ်ယူနိုက်တက်နဲ့ပွဲမှာ ရလဒ်ကောင်းတွေရယူနိုင်ဦးမလား ဆက်ပြီးကြည့်ကြတာပေါ့။ ဒီညတော့ အနိုင် ၃ဂိုး အနိုင် ၃မှတ်နဲ့ မင်္ဂလာရှိတဲ့ညချမ်းလေးပါပဲ။
08/22/2026
အားနာနာနဲ့ သီယာဂိုတို့က တိုင်မှန်အောင်ကန်ပေးလိုက်ပါပြီ။