11/07/2026
Viking , Elliot Anderson , Haaland တို့နဲ့ သမိုင်းထဲက England တို့ရဲ့ ရန်မီး ------
လက်ရှိ World Cup မှာ trand ဖြစ်နေတဲ့ နော်ဝေးတို့ရဲ့ Viking စတိုင် အောင်ပွဲခံမှုတွေကို မြင်ရတိုင်း ရင်ထဲမှာ တစစ်စစ်နာနေမှာက English တို့ပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သမိုင်းထဲမှာ ဒီ နိုင်ငံတွေကြား ကြီးမားတဲ့သွေးကြေးတွေရှိခဲ့တာပဲဖြစ်ပါတယ်။ AD 793 ဝန်းကျင်ခန့်မှာ ဗြိတိန်ကျွန်းတွေဟာ Viking တို့ရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရဖူးပါတယ်။ Viking တို့ဟာ ဗြိတိန်ရဲ့ Northumbria ကျွန်းရှိ ဘုန်းတော်ကြီးကျောင်းတွေကို စတင်သိမ်းပိုက်ရင်း နောက်ဆုံးမှာ ကျွန်းကြီး ၃ ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲ့တိုက်ပွဲတွေမှာ ဗြိတိန်ကျွန်းသားတွေဟာ သဘာဝရဲ့ အကာအကွယ်အဖြစ် ရေတိမ်တဲ့ ချောင်းတွေ၊ မြောင်းတွေရှိပေမယ့် Viking တို့ရဲ့ ရွက်လှေတွေဟာ ပင်လယ်ထဲမှာပါမက ရေတိမ်တဲ့နေရာတွေမှာပါ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုနဲ့ နောင်တချိန်မှာ နော်ဝေးနဲ့ဒိန်းမတ် တို့ဖြစ်လာမယ့် Viking တွေသာ England ဖြစ်လာမယ့် ဗြိတိန်ကျွန်းသားတွေကို ရာစုနှစ်နဲ့ချီ အုပ်ချုပ်နိုင်ခဲ့ပါတယ်။ ထို့နောက် 1066 ခုနှစ်မှာတော့ English တို့ရဲ့ ပြန်လှန်ခုခံမှုတွေနဲ့ Viking တို့ဟာ ရင်ဆိုင်ခဲ့ရပါတယ်။ ဗြိတိန်ကျွန်းသားတို့ဟာ ဘုရင် Godwinson ရဲ့ စုစည်းမှုနဲ့အတူ Viking တို့ကို ပြန်လှန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတိုက်ပွဲကတော့ ယနေ့ချဲလ်ဆီးအသင်းအခြေစိုက်နေရာ ဖြစ်လာမယ့် စတမ်းဖို့ဒ်တံတားအနီးတွင် ဖြစ်ပွားခဲ့တဲ့ Battle of Stamford Bridge ဖြစ်ခဲ့ပီး အဲ့တိုက်ပွဲမှာ နော်ဝေးဘုရင် Hardrada ကျဆုံးခဲ့ရပါတယ်။
ဒီထဲမှာပဲ အင်မတန်ထူးခြားတဲ့တိုက်ဆိုင်မှု တခုလဲရှိနေပါသေးတယ်။ ဒါကတော့ England ကွင်းလယ်ကစားသမား Elliot Anderson ဟာ ယခင်က Viking တို့ စတင်ကျူးကျော်ခဲ့တဲ့ မြေနေရာ Northumbria ဒေသမှာ မွေားဖွားခဲ့ပြီး နောက်ခံလူ ဂျွန်စတုန်းကတော့ နောက်ဆုံးတိုက်ပွဲ ဖြစ်ပွားရာ Stamford အနီး Yorkshire ဒေသမှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။
အထူးဆန်းဆုံးတိုက်ဆိုင်မှုကတော့ နော်ဝေးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဟာလန်း ကလဲ Yorkshire ဒေသမှာ မွေးဖွားခဲ့တာပါပဲ။ ဒါပေမယ့် ဟာလန်းဟာ Viking သွေးတို့ စီးဆင်းရာ သူ့မိဘ ၂ပါးရဲ့ နိုင်ငံ နော်ဝေးကိုပဲ ကိုယ်စားပြုခဲ့ပါတယ်။
ဒီနေ့မှာတော့ သမိုင်းတို့ တကြော့ပြန်ကာ တောင်အမေရိကမြေမှာ Viking တို့နဲ့ English တို့ ဆုံကြပါပြီ။ ဒီတခါကတော့ လူသားသမိုင်းကို ပျက်စီးစေမယ့် စစ်မြေပြင်မှာ မဟုတ်တော့ဘဲ ယဉ်ကျေးမှုနဲ့အားကစားတို့ အားပြိုင်ရာ မြက်ခင်းစိမ်းတွေပေါ်မှာပါ။
ဒီတကြိမ်မှာရော Viking တို့ပဲ တကြော့ပြန်အောင်ပွဲခံသွားမလား။ English တို့ပဲ နော်ဝေးတို့ရဲ့ ချန်ပီယံအိပ်မက်ကို အဆုံးသတ်ပေးနိုင်လိုက်မလား။ စောင့်ကြည့်ကြရအောင်ဗျာ။
07/07/2026
နေဝင်ချိန်တွေက ပုံမှန်ပါပဲ
ကျနော်တို့ကသာ မခွဲနိုင်မခွာရက်တွေ ဖြစ်ခဲ့ကြတာ။
06/07/2026
ဘရူနိုရယ် ရော်နယ်ဒိုရယ် ဗီတင်ညာရယ် ဂျာအူးနေးဗတ်ရယ် နူနိုမန်ဒတ်ရယ် စားပွဲဝိုင်းတခုမှာ အတူထိုင်ပြီး စကားပြောကြ၊ လိုတိုး ပိုလျှော့ညှိကြ အတ္တတွေ ထိန်းကြ လုပ်လိုက် အဲ့တာဆို ဒီပွဲ ပေါ်တူဂီနိုင်မယ်။ မဟုတ်ရင် မလွယ်ပါဘူး။ အဲ... အဲ့ဆွေးနွေးပွဲ မှာ နည်းပြတော့ မခေါ်နဲ့ အဲ့ဘဲက ဘာ အိုင်ဒီယာမှ မရှိနေဘူး။
06/07/2026
ဟာလန်းကြောင့် ခါရမ်းထွက်ကုန်တဲ့ ဘရာဇီး နဲ့ ဘယ်လင်ဂမ် နဲ့ ဟယ်ရီကိန်း ကယ်တဲ့ အသက်ပဲရှိတော့တဲ့ အင်္ဂလန်။
05/07/2026
England အသင်း ဆေးမှီသေးရဲ့လားလို့ မေးလာခဲ့ရင် အဖြေက ၁ခုထဲပါပဲ။
မမှီတော့ပါဘူး။ နည်းပြရဲ့ တကယ့် သောက်တလွဲမာနတွေကြားမှာ ကျရှုံးရမှာပါပဲ။
World Class Player ဖြစ်တဲ့ အာနိုးကို မရွေးဘဲ ဒဏ်ရာပြဿနာရှိနေတဲ့ Reace James နဲ့ Spence ကို ရွေးခဲ့တာက နံပါတ် ၁ အမှားပါပဲ James လဲ ဒဏ်ရာရရော ဝင်ကန်တဲ့ Spence က မြန်မာက ဒေးဗစ်ထန်း လောက်ကို အဆင့်မရှိတာပါ။
နံပါတ် ၂ အမှားက ကွင်းလယ်တိုက်စစ်နဲ့ ရှေ့တန်း ၃ နေရာမှာ ကြိုက်သလို လှည့်သုံးလို့ရတဲ့ ဖိုဒန် နဲ့ ပါးလ်မားကို မရွေးဘဲ ထားခဲ့တာပါပဲ။ သူရွေးခဲ့တဲ့ ရက်ဖို့ နဲ့ Madueke က ဘောလုံးဦးနှောက်က Zero ပါ။
နံပါတ် ၃ ကတော့ line up အပြည့်အပြင် + အဖြစ်ထပ်ခေါ်ရတဲ့ လူတွေနေရာမှာလဲ ဟန်ဒါဆန် နဲ့ အိုင်ဗန်တိုနေး ကို ခေါ်ခဲ့တာပါပဲ။ သူတို့အစား မက်ဂွဲယား ၊ ကဲဗတ်လီဝန် နဲ့ အဒမ်ဝါတန်တို့ထဲက ၁ယောက် လောက် ခေါ်ခဲ့ရင်တောင် အသင်းအတွက် အကျိုးရှိဦးမှာပါ။
ဒါ့အပြင် ဒီကြားထဲ ဘယ်လင်ဂမ် နဲ့ နည်းပြကလဲ အမြင်စောင်းနေကြပါသေးတယ်။
အခုတော့ England အသင်းဟာ အရည်အသွေးမမှီတဲ့ ခံစစ်၊ ကြံရည်ဖန်ရည်မရှိတဲ့ တောင်ပံ ၂ ဖက်နဲ့ တိုင်ပတ်လို့ ကောင်းနေရောပါပဲ။
ဟယ်ရီကိန်းသာ မကယ်ရင် အုပ်စုအဆင့်ကတောင် ကျွတ်ဖို့ မလွယ်ခဲ့ပါဘူး။
ဆိုတော့ ဆေးမမှီတော့ပါဘူး။ ဘယ်အဆင့်မှာ ပြုတ်မလဲ ကြည့်ရမှာပါ။ ပြုတ်သွားခဲ့ရင်လဲ အဓိက အပြစ်ရှိသူက နည်းပြ သောမက်တူချယ်ပါပဲ။
04/07/2026
တနေကုန် အစာမစားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး ၃ ခု
၁။ ကိုယ်တွင်းဆဲလ်များကို ပြန်လည်သန့်စင်ပေးခြင်း (Autophagy)
၂။ သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင်ပမာဏကို ထိန်းညှိပေးခြင်း
၃။ ကိုယ်အလေးချိန် ကျဆင်းစေပြီး အဆီလောင်ကျွမ်းမှုကို မြှင့်တင်ပေးခြင်း။
ငိုးမ တောင်အမေရိကသားတွေ။
29/06/2026
ငယ်ဘဝ တလျှောက်လုံးကတော့ ဂျပန်ကိုကြည့်ပြီး ကြီးပြင်းခဲ့ရတာ နောက်ပိုင် အင်တာနက်ခေတ်မှာတော့ ဘရာဇီးရဲ့ အရိုင်းဆန်တဲ့ အနုအလှတွေမှာ ညိရပြန်ရော။
ဂျပန်က နာကာတာ တို့ နာကာမူရာ တို့ ကစားဟန်ကြည့်ပီး ကြီးပြင်းခဲ့ရတာတို့ နောက်ပိုင်းကျ ကာကာတို့ နေမာတို့ရဲ့ အနုအလှတွေ ကြိုက်ခဲ့ရတာကို ပြောပါတယ်။
မိနစ် ၉၀ သရေ ကျသွားမလား။
ဘလိုမြင်ကြလဲ ပြောခဲ့ကြပါဦး။
#ဒီညလဲမန်ယူဘော်ဒီပါပဲ
27/06/2026
ထပ်ဆွဲကြဦးစို့ ကိုယ့်လူတို့
26/06/2026
ရေခဲသေတ္တာတို့ ဖုန်းတို့ နာရီတို့ ဆိုင်ကယ်တို့ကို လက်ထဲအိမ်ထဲ မြဲနေအောင် ကျစ်ကျစ်သာ ကိုင်ထားကြပါ။ နံနံခြားသားတွေ စ ယုတ်မာနေပါပီ 😑😑😑
23/06/2026
ဘာမှ ထပ်ပြောစရာမလို။ ဘာမှ ထပ် သက်သေပြခိုင်းစရာမလို။ ၂၂ နှစ်လောက် အကြိမ်ကြိမ် သက်သေ ပြခဲ့ပြီးပြီ။
#ဒီညလဲမန်ယူဘော်ဒီပါပဲ