Mae Sot Takraw

Mae Sot Takraw

แชร์

__________
Up to date နေရှင်နယ်/ကြေးစား ပိုက်ကျော်ခြင်းသတင်းများကို တင်ဆက်ပေးလျက်ရှိသည်။

15/08/2026

ဖိုးဉာဏ်ကို စာမေးပွဲစစ်မဲ့ ကရင်မ
*********
သြဂုတ် ၁၅၊ ၂၀၂၆။

ပျံလွှားကို အနိုင်ယူပြီး ခေါင်းဘုရင်ဘွဲ့ခံယူထားတဲ့ ဖိုးဉာဏ်အတွက် မြန်မာပြည်ရဲ့ ခေါင်းဘုရင် ဟုတ်မဟုတ်ဆိုတာ ကရင်မက လာမဲ့ရက်ပိုင်းမှာ စာမေးပွဲစစ်ပါလိမ့်မယ်။

ပျံလွှားကို နိုင်ရုံနဲ့ ခေါင်းဘုရင်မဟုတ်ပါဘူးလို့ ဝေဖန်သူတွေ အသံတိတ်သွားမလား၊ အသံတွေ ပိုကျယ်လောင်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်တယ်။

ပိုက် ၅ ပေ ၅၊ ဆားဗစ်- ခေါင်းထိုး/သတ်။ ၄ ပေစည်းနဲ့ ကလောအိမ်ကွင်းမှာ ကရင်မလာစစ်မဲ့ စာမေးပွဲမှာ ဖိုးဉာဏ်တစ်ယောက် ဂုဏ်ထူးမှတ်တွေနဲ့ အောင်မြင်မလား/ကျရှုံးမလားဆိုတာ ခန့်မှန်းခဲ့ကြပါဦး။

အချိန် - သြဂုတ် ၁၇ ရက်နေ့ (တနင်္လာနေ့) နေ့လည် ၁၂ နာရီဝန်းကျင်။
နေရာ- မှိုင်းလုံတောင်ခြင်းကွင်း၊ ကလောမြို့၊ ရှမ်းပြည်တောင်ပိုင်း။

14/08/2026

အာရှဂိမ်းတွင် မြန်မာတက်ဂ်ဘောအသင်း ကစားနည်း (၃) မျိုးဝင်ပြိုင်မည်
**********
သြဂုတ် ၁၄၊ ၂၀၂၆။

ဂျပန်နိုင်ငံ၊ အိုင်ချိ-နာဂိုယာတွင် ကျင်းပသွားမဲ့ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းအနေနဲ့ ကစားနည်း (၃) မျိုးဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အဖွဲ့ချုပ်က မနေ့ကထုတ်ပြန်လိုက်ပါတယ်။

မြန်မာအသင်းအနေနဲ့ အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်းနဲ့ အမျိုးသမီးနှစ်ဦးတွဲကစားနည်းတွေမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲကို လာမဲ့ စက်တင်ဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၄ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး တက်ဂ်ဘောကစားနည်းကို ၅ မျိုးထည့်သွင်းထားပေမယ့် "ကစားနည်းငါးမျိုးမှာ မိမိစိတ်ကြိုက်သုံးမျိုးဘဲဝင်ပြိုင်ခွင့်ပေးထားလို့ပါ" လို့ မြန်မာအသင်းနည်းပြ ဦးကျော်ဇင်ဦး (ကိုကုလားလေး) က ပြောပါတယ်။

မြန်မာအသင်းအနေနဲ့ လက်ရွေးစင်ကစားသမား (၄) ဦးအထိ ခေါ်ယူယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် အခုချိန်အထိ ဘယ်သူတွေကို ‌ရွေးချယ်သွားမယ်ဆိုတာတော့ အဖွဲ့ချုပ်က မထုတ်ပြန်သေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီက တရုတ်နိုင်ငံ၊ စံယားဟိုင်နန်းမြို့မှာ ကျင်းပခဲ့တဲ့ (၆) ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ ပြိုင်ပွဲစုံမှာ ပူးတွဲ ကြေးတံဆိပ်ဆုတွေကို ဆွတ်ခူးထားပါတယ်။

13/08/2026

ဆုကြေးပေါင်း ဘတ် ၁ ‌သိန်းခွဲ ဝန်းကျင်ရှိ အနှိုက်ဖိုက်ပိုက်ကျော်ခြင်းပြိုင်ပွဲ
*********
သြဂုတ် ၁၃၊ ၂၀၂၆။

ကရင်ပြည်၊ မြဝတီမြို့နယ်၊ ရွှေက္ကိုလ်မြိုင် ဝီးဒိုမှူးခြင်းကွင်းမှာ ဆုကြေးပေါင်း ဘတ် ၁ သိန်းခွဲ ဝန်းကျင်ရှိ အမျိုးသား (၃) ယောက်တွဲ အလွတ်တန်း အနှိုက်ဖိုက်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။

‌မမြသဇင်အေး (ခ) မူးမူ ရဲ့အသက် (၁၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြိုင်ပွဲကို လာမဲ့ သြဂုတ် ၂၉ ရက်ကနေ စက်တင်ဘာ ၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ပထမဆုကို ဘတ် ၇ သောင်း၊ ဒုတိယဆု ဘတ် ၅ သောင်း၊ တတိယဆု ဘတ် ၃ သောင်းနဲ့ တခြားဆုတွေကိုလည်း ချီးမြှင့်သွားမှာပါ။ စည်းကမ်းသတ်မှတ်ချက်အနေနဲ့ အသင်းတစ်သင်းမှာ ကစားသမား (၅) ဦးဖွဲ့စည်းရမှာဖြစ်ပြီး ပိုက် ၅ ပေ ၁၀ လက်မ၊ အနှိုက်ဖိုက်၊ ဆားဗစ်-အဖွင့်၊ ခုန်ထိုး/ခေါင်းချုပ်ပိတ်၊ ၄ ပေစည်းကစားရမှာဖြစ်တယ်။

အသင်းဝင်ကြေးမရှိဘဲ ပြိုင်ပွဲအသင်းစာရင်းကို လာမဲ့သြဂုတ် ၂၈ ရက်နေ့ ညနောက်ဆုံးစာရင်း‌ပေးသွင်းရပါမယ်။ အသင်းစာရင်းပေးသွင်းရန် မြန်မာဖုန်းနံပတ်များ- ဦးဧရာဝတီ- 09685151061 နဲ့ Mae Sot Takraw Messenger ကို ဆက်သွယ်နိုင်ပါတယ်။

ကဲ ညီအစ်ကိုတို့ ... မြန်မာ့ရိုးရာကြေးစားအနှိုက်ဖိုက်ပြိုင်ပွဲအတွက် အဆင့်သင့်ပဲလား 💪

Photos from Mae Sot Takraw's post 12/08/2026

လက်ရွေးစင်ကစားသမားတွေရဲ့ အောင်ပွဲခံပုံရိပ် အပိုင်း (၁)
**********
သြဂုတ် ၁၂၊ ၂၀၂၆။

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်း၊ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အောင်မြင်မှုရရှိခဲ့တဲ့ မြန်မာလက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းရဲ့ အောင်ပွဲခံပုံရိပ်တချို့ဖြစ်ပါတယ်။

၃၉ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပြိုင်ပွဲမှာ မြန်မာအသင်းဟာ Hoop ကစားနည်းမှာ အမျိုးသား/သမီး အသင်းတို့ဟာ ငွေ ၁ ဆုစီရရှိခဲ့ပြီး အမျိုးသမီး(၂) ယောက်တွဲမှာ ငွေဆုနဲ့ အမျိုးသား(၄) ယောက်တွဲမှာ ရွှေဆုတို့ကို ရရှိခဲ့ပါတယ်။

ဓာတ်ပုံ- မိုး/Mae Sot Takraw

Photos from Mae Sot Takraw's post 12/08/2026

Hoop ကစားနည်းနဲ့ ငွေဆုရ မြန်မာအမျိုးသမီးအသင်း
***********
၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ခြင်းလုံးကွင်းသွင်းကစားနည်းနဲ့ ငွေဆုရရှိခဲ့ကြတဲ့ မြန်မာအမျိုးသမီးအသင်းဖြစ်ပါတယ်။

မြန်မာအသင်းမှာ နေခြည်နွေး၊ ဆုမွန်ကျော်၊ နှင်းနှင်းဝေ၊ ရွှန့်လဲ့ဇင်၊ မေသူထွေးနဲ့ ယဥ်ယဥ်ဌေးတို့ ပါဝင်ကစားခဲ့ကြတာပါ။

ဓာတ်ပုံ- မိုး/Mae Sot Takraw

11/08/2026

ခြင်္သေ့ပျိုတို့ နိုးထချိန် 🔥

Photos from Mae Sot Takraw's post 11/08/2026

ဆုပေးပွဲ ပုံရိပ်တချို့
*******
ဩဂုတ် ၁၁၊ ၂၀၂၆။

39th King's Cup sepaktakraw Championship ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ ဆုပေးပွဲ ပုံရိပ်တချို့ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီနှစ်ပြိုင်ပွဲရဲ့ Hoop ကစားနည်းမှာ အမျိုးသား/သမီး အသင်းတို့ဟာ ငွေ ၁ ဆုစီရရှိခဲ့ပြီး အမျိုးသမီး(၂) ယောက်တွဲမှာ ငွေဆုနဲ့ အမျိုးသား(၄) ယောက်တွဲ ကစားနည်းမှာ ရွှေဆုတို့ကို ရရှိခဲ့ပါတယ်။

မြန်မာအသင်းရဲ့ အခုလိုအောင်မြင်မှု‌တွေကို Mae Sot Takraw က အထူးပင်ဝမ်းသာဂုဏ်ပြုပါတယ်။

11/08/2026

International air ကဏ္ဍ 😁

11/08/2026

ဆုပေးပွဲ 🥇

11/08/2026

အမျိုးသမီး (၂) ယောက်တွဲ ငွေဆု

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Mae Sot?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Mae Sot
63110