06/08/2026
အားလုံး စောင့်မျှော်နေကြတဲ့အတိုင်း ဂျိုရှူဝါဗန် ရဲ့ ဒုတိယအကြိမ်မြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲကြီး လာပါပြီ။ ဒုတိယအကြိမ် ဆိုပေမယ့် ပထအကြိမ်ကာကွယ်ပွဲထက် စိတ်ဝင်စားမှု ပိုများကြပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူအနိုင်ယူပြီး ချန်ပီယံဖြစ်စေခဲ့သူ တစ်နည်းအားဖြင့် သူ့ကိုရှုံးပြီး ချန်ပီယံအဖြစ်ကနေ စျာန်လျှောခဲ့သူ အလက်ဇန္ဒြားပန်တိုဂျာ နဲ့ ပြန်တွေ့ကြမယ့် ပွဲဖြစ်လို့ပါ။ အများစုက အဲပွဲမှာ ပန်တိုဂျာက ခြေချော်လက်ချော် ဖြစ်ခဲ့တာလို့ ပြောကြပေမယ့် ဗန်ဟာ ပထမဆုံး ခါးပတ်ကာကွယ်ပွဲမှာ အဲလို ထင်ကြသူတွေ မှားယွင်းကြောင်း တက်ဆူရိုတိုင်ရာ ကို အလဲထိုးပြီး ပြသခဲ့ပြီးပါပြီ။ အခုတစ်ခါလည်း ဗန် ဟာ ချန်ပီယံ ဖြစ်ကြောင်း ထပ်မံပြသခွင့် ရမှာ ဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပမယ့် UFC331 မှာ ဒီပွဲကြီးကို မြင်ကြရတော့မှာ ဖြစ်ပါတယ်။ UFC ကနေ တရားဝင်ချပြလိုက်တာဖြစ်ပြီး ဗန်ကလည်း သူ့ရဲ့လူမှုကွန်ယက်မှာ တင်လိုက်ပါပြီ။ ပွဲတွေ ခပ်စိတ် ထိုးလေ့ရှိတဲ့ ဗန်ဟာ တိုင်ရာနဲ့ပွဲအပြီး ၄ လကျော်အကြာဗာ ပန်တိုဂျာ နဲ့ ထိုးပါပြီ။ သူတို့ စိန်ခေါ်မယ့် မာနယ်ကပ် ကလည်း စောင့်နေတာမို့ ဒီနှစ်အကုန် နောက်နှစ်အဆန်း လောက်မှာ မာနယ်ကပ် နဲ့လည်း ထိုးဖို့ ရှိနေတာ ဖြစ်ပါတယ်။
24/06/2026
မြန်မာဖိုက်တာ ကိုလှဝင်း နဲ့ မွေထိုင်း ဂန္ထဝင်ကြီး ဆန်ချိုင်းနဲ့ ဒုတိယအကြိမ် ထိုးမည်
မြန်မာ့လက်ဝှေ့သမား စောလှဝင်း ခေါ် ရွှေချစ်အောင် ဟာ ထိုင်းနိုင်မှာနေထိုင်ပြီး မွေးထိုင်းပွဲတွေထိုးသတ်ယှဉ်ပြိုင် နေသူဖြစ်ပါတယ်။ သူဟာ Thai Fight ပွဲတွေမှာ ထိုးတာဖြစ်ပါတယ်။ မွေထိုင်းလက်ဝှေ့ကျော်တွေ အများကြီးနဲ့ ထိုးသတ်ဖူးပြီး နိုင်ပွဲတွေရော ရှုံးပွဲတွေရော ရှိပါတယ်။
မွေထိုင်း ဂန္ထဝင်ကြီး ဆန်ချိုင်း ကိုတော့ ပရိတ်သတ်အားလုံး သိကြမှာ ဖြစ်ပါတယ်။ သူ့က ၁၉၈၀ ခုနှစ်မှာ မွေးခဲ့တာ ဆိုတော့ အခု အသက် ၄၆ နှစ်ရှိပါပြီ။ အသက် ၄၆ နှစ်အရွယ် ဆန်ချိုင်းဟာ Thai Fight စင်မြင့်ထက်ကနေ နိုင်ငံစုံက ဖိုက်တာများကို စပယ်ရှယ် မွေးထိုင်းဟင်းလျာ တံတောင် ဒူး စတဲ့ ဟင်းတွေနဲ့ အမြဲတည်ခင်း ဧည့်ခံနေသူပါ။ မြန််မာဖိုက်တာထဲကဆိုရင် မင်းရဲကျော်စွာ နဲ့ အခု ပွဲထိုးမယ့် စောလှဝင်း တို့ အနိုင်ယူးထားသူပါ။
စောလှဝင်း နဲ့ ဆန်ချိုင်း တို့ကို Thai Fight က မနှစ်က ၂၀၂၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ပထမအကြိမ် ပွဲတည်ပေးခဲ့ပါတယ်။ ပထမအချီ စစချင်းမှာပဲ စောလှဝင်းရဲ့ ခြေထောက်ကို အသာလေးကန်ပြီး လဲကျအောင် လုပ်လိုက်ပါတယ်။ ပထမတစ်ချီကို ပုံမှန်လေးဆော့သွားပါတယ်။ ဒုတိယအချီ စစချင်းမှာ ဆန်ချိုင်းဟာ စောလှဝင်းရဲ့ ဝမ်းဗိုက်ကို ဘယ်ဒူးနဲ့ တိုက်ချလိုက်ကာ Knock Out အလဲထိုး နဲ့ နိုင်ခဲ့ပါတယ်။
အခု ၂၀၂၆ ခုနှစ် ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့မှာ မကျေပွဲအဖြစ် ဒုတိယအကြိမ် ပွဲတည်ပေးထားပါ။ Thai Fight ပွဲတွေကို Facebook နဲ့ YouTube တို့ကနေ လွင့်လေ့ရှိတာမို့ အားလုံးကြည့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပွဲနေ့ရောက်လို့ လင့်တွေ ရရင်လည်း MLC အနေနဲ့ ရှယ်ပေးပါ့မယ်။ ကဲ စောလှဝင်း ကတော့ မကျော်ပွဲမှာ မွေထိုင်း ဂန္ထဝင်ကြီး ဆန်ချိုင်းကို အနိုင်ယူပြနိုင်မလားဆိုတာ စောင့်မျှော် ကြည့်ရှု့ကြပါစို့။
21/06/2026
Patong Fight Night မှာ နော်ဥမ္မာစိုး ခါးပတ်ထပ်ရ
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ထိုးခဲ့တဲ့ Patong Fight Night မှာ ပြိုင်ဘက် PETCHPHUPHAN ကို အမှတ်နဲ့ နိုင်ခဲ့ပြီး ချန်ပီယံခါးပတ် ထပ်မံရရှိခဲ့ပါတယ်။ ဒီပွဲကို ဖူးခက်မြို့က PATONG BOXING STADIUM မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
21/06/2026
လက်ဝှေ့ကျော် ဒေဝ ဖွင့်ထားတဲ့ MMA Gym အတွက် လက်ဝှေ့နည်းပြ နှစ်ယောက် ခေါ်နေ
လက်ဝှေ့ပွဲပေါင်းများစွားထိုးခဲ့ပြီး ချန်ပီယံခါးပတ်တွေ ရထားတဲ့ ဒေ့ဗ် ခေါ် ဒေဝ ဟာ ကမ္ဘောဒီးယားနိုင်ငံ မှာ Kong MMA ဖွင့်လှစ်နေပါပြီ။ သူ့ရဲ့ Gym မှာ မြန်မာ့ရိုးရာလက်ဝှေ့နည်းပြ နှစ်ယောက်ခန့်ထားဖို့ ဖိတ်ခေါ်နေပါတယ်။
အောက်ပါအတိုင်း ရေးသားကာ ဖိတ်ခေါ်ထားပါတယ်။ “ယခုပို့စ်ကို မြန်မာနိုင်ငံသားများအတွက် မျှဝေပေးပါ။ ဆရာဒေဝ ဟာ အာရှရဲ့ လှပတဲ့ကျွန်းပေါ်မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြီးဆုံး အားကစားရုံကို ဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်။ အခုဆိုရင် သူက ကမ္ဘောဒီးယားနိုင်ငံ Kong MMA မှာ နိုင်ငံခြားသားသင်တန်းသားတွေကို လာရောက်သင်ကြားပေးမယ့် မြန်မာလက်ဝှေ့နည်းပြ ၂ ဦးကို ရှာဖွေနေပါတယ်။ စိတ်ဝင်စားရင် telegram မှာ မက်ဆေ့ခ်ျပို့တာ ဒါမှမဟုတ် [email protected] ကို အီးမေးလ်ပို့ပါ” လို့ ရေးထားပါတယ်။
19/06/2026
အောက်ချင်းလေး အမှတ်နဲ့ရှုံးခဲ့ပါတယ်
#အောက်ချင်းလေး
16/06/2026
လာမည့် ဇွန်လ ၁၉ ရက်နေ့မှာ ကျင်းပမယ့် One Friday Night 159 ပွဲတွင် မြန်မာဖိုက်တာ အောက်ချင်းလေး (Har Ling Om) ပါမည်။ သူက ထိုင်းဖိုက်တာ တီးရိုင် (Teeyai) နဲ့ ထိုးရမှာပါ။ တီးရိုင် က ONE ပွဲ စုစုပေါင်း ၆ ပွဲထိုးထားပြီး ၃ ပွဲ နိုင် ၃ ပွဲ ရှုံး ရလာဒ်ရရှိထားပါတယ်။ အောက်ချင်းလေး က စုစုပေါင်း ၄ ပွဲထိုး ၊ ၂ ပွဲ နိုင် ၊ ၂ ပွဲ ရှုံး ရလာဒ် ပိုင်ဆိုင်ထားပါ။
#အောက်ချင်းလေး
15/06/2026
One က သန့်စင်ပွဲ Highlight တွေ ပြန်ပြနေပြီဆိုတာ မကြာခင် သန့်စင်ပွဲ လာမယ်ထင်ပါတယ်။ စိုးကြီးပွဲလည်း တင်ထားတာ တွေ့တယ်။ မကြာခင် စာချုပ်ရထားတဲ့ သူတို့ နှစ်ယောက်ရဲ့ ပွဲတွေ လာမယ်ထင်ပါတယ်။
゚viralシfypシ゚