09/08/2026
Discount Rules System - Customer Explanation ( UPDATE NEW Version SMA)
စနစ်၏ အလုပ်လုပ်ပုံ အကျဉ်းချုပ်
ဤစနစ်သည် ကုန်ပစ္စည်းများအတွက် အထူးလျှော့စျေးစည်းမျဉ်းများ သတ်မှတ်ခြင်းနှင့် အသုံးပြုခြင်းကို စီမံခန့်ခွဲသည့် စနစ်ဖြစ်သည်။
၁. လျှော့စျေးစည်းမျဉ်းအမျိုးအစားများ
အမျိုးအစား ရှင်းလင်းချက်
by_discount သတ်မှတ်ကုန်ပစ္စည်းအတွက် ပမာဏအလိုက် လျှော့စျေးသတ်မှတ်ခြင်း
by_brand သတ်မှတ်အမှတ်တံဆိပ်အားလုံးအတွက် လျှော့စျေးသတ်မှတ်ခြင်း
by_category သတ်မှတ်အမျိုးအစားအားလုံးအတွက် လျှော့စျေးသတ်မှတ်ခြင်း
by_product ကုန်ပစ္စည်းတစ်ခုဝယ်ပါက အခြားကုန်ပစ္စည်းတစ်ခုကို အခမဲ့ပေးခြင်း (Buy One Get One)
၂. လျှော့စျေးတွက်ချက်ပုံ
text
လျှော့စျေးအမျိုးအစား ၂ မျိုး
├── percentage (%) → ရာခိုင်နှုန်းဖြင့် လျှော့ချခြင်း
└── fixed (သတ်မှတ်ပမာဏ) → သတ်မှတ်ငွေပမာဏ လျှော့ချခြင်း
ဥပမာ
ပစ္စည်း A ကို ၅ ခုဝယ်ပါက ၁၀% လျှော့စျေးရသည်။
ပစ္စည်း B ကို ၃ ခုဝယ်ပါက ၅၀၀၀ ကျပ် လျှော့စျေးရသည်။
၃. အချိန်ကာလသတ်မှတ်ချက်
စည်းမျဉ်းတစ်ခုစီတွင် စတင်သည့်ရက်စွဲ နှင့် ပြီးဆုံးသည့်ရက်စွဲ ကို သတ်မှတ်နိုင်သည်။
စတင်ရက်စွဲ မရှိပါက → ချက်ချင်းအသက်ဝင်သည်။
ပြီးဆုံးရက်စွဲ မရှိပါက → အကန့်အသတ်မရှိ အသက်ဝင်နေသည်။
သတ်မှတ်ထားသော ရက်စွဲအတွင်းမှသာ အသက်ဝင်သည်။
၄. အလုပ်လုပ်ပုံ အဆင့်ဆင့်
text
1. ဝယ်ယူသူက ကုန်ပစ္စည်းတစ်ခုကို ရွေးချယ်သည်။
↓
2. စနစ်က ထိုကုန်ပစ္စည်းအတွက် သက်ဆိုင်ရာ လျှော့စျေးစည်းမျဉ်းကို ရှာဖွေသည်။
↓
3. အောက်ပါအချက်များကို စစ်ဆေးသည်:
✓ အသက်ဝင်နေသော စည်းမျဉ်းလား (Status = 1)
✓ သတ်မှတ်ရက်စွဲအတွင်းကျရောက်နေလား
✓ ဝယ်ယူမည့်အရေအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီလား
↓
4. ကိုက်ညီသော စည်းမျဉ်းတွေ့ပါက → လျှော့စျေးအလိုအလျောက် တွက်ချက်ပေးသည်။
၅. စည်းမျဉ်းများ အလုပ်လုပ်ပုံ ဥပမာများ
ဥပမာ ၁ - by_discount
text
သတ်မှတ်ချက်: ပစ္စည်း "P001" ကို ၅ ခုဝယ်ပါက ၁၀% လျှော့စျေး
အသုံးပြုပုံ: ဝယ်ယူသူက P001 ကို ၅ ခုဝယ်ယူပါက စုစုပေါင်းငွေ၏ ၁၀% လျှော့ပေးသည်။
ဥပမာ ၂ - by_brand
text
သတ်မှတ်ချက်: Nike အမှတ်တံဆိပ် ပစ္စည်းအားလုံးအတွက် ၁၅% လျှော့စျေး
အသုံးပြုပုံ: ဝယ်ယူသူက Nike ပစ္စည်းမှန်သမျှ ဝယ်ယူပါက ၁၅% လျှော့ပေးသည်။
ဥပမာ ၃ - by_category
text
သတ်မှတ်ချက်: အီလက်ထရွန်းနစ် အမျိုးအစား ပစ္စည်းအားလုံးအတွက် ၂၀% လျှော့စျေး
အသုံးပြုပုံ: ဝယ်ယူသူက အီလက်ထရွန်းနစ်ပစ္စည်းမှန်သမျှ ဝယ်ယူပါက ၂၀% လျှော့ပေးသည်။
ဥပမာ ၄ - by_product (BOGO)
text
သတ်မှတ်ချက်: P010 ကို ၁ ခုဝယ်ပါက GIFT001 ကို အခမဲ့ရသည်။
အသုံးပြုပုံ: ဝယ်ယူသူက P010 ကို ၁ ခုဝယ်ယူပါက GIFT001 ကို အခမဲ့ထည့်ပေးသည်။
၆. အရေးကြီးအချက်များ
အချက် အကျိုးသက်ရောက်မှု
စည်းမျဉ်းများကို ပမာဏများသောအစီအစဉ် (DESC) ဖြင့် စီစစ်သည် အများဆုံးပမာဏအတွက် သတ်မှတ်ထားသော စည်းမျဉ်းကို ဦးစားပေးသုံးသည်
အသက်ဝင်နေသော စည်းမျဉ်းများသာ အသုံးပြုနိုင်သည် Status = 0 ဖြစ်သော စည်းမျဉ်းများကို ကျော်သွားသည်
ရက်စွဲကုန်ဆုံး သွားသော စည်းမျဉ်းများ အလိုအလျောက် အလုပ်မလုပ်တော့ စနစ်မှ ချန်လှပ်ထားသည်
ကုန်ပစ္စည်းတစ်ခုအတွက် စည်းမျဉ်းများစွာ ရှိနိုင်သည် သက်ဆိုင်ရာ စည်းမျဉ်းအားလုံးကို စစ်ဆေးပြီး အသင့်တော်ဆုံးကို ရွေးချယ်သည်
၇. စည်းမျဉ်းသွင်းခြင်း (Import)
စနစ်တွင် CSV ဖိုင်မှတစ်ဆင့် စည်းမျဉ်းများကို အစုလိုက် သွင်းနိုင်သည်။
အရေးကြီးသော စစ်ဆေးချက်များ:
ကုန်ပစ္စည်းကုဒ် နှင့် ကုန်ပစ္စည်းအမည် ကို စနစ်တွင်ရှိမရှိ စစ်ဆေးသည်။
အမှတ်တံဆိပ် နှင့် အမျိုးအစား ကို စနစ်တွင်ရှိမရှိ စစ်ဆေးသည်။
ရာခိုင်နှုန်းလျှော့စျေး သည် ၁၀၀% ထက်မပိုစေရ။
စတင်ရက်စွဲ သည် ပြီးဆုံးရက်စွဲ ထက် စောရမည်။
အမှားတစ်ခုခုတွေ့ရှိပါက ဒေတာအားလုံးကို ပြန်လည်ရုပ်သိမ်း (Rollback) လုပ်သည်။
၈. အကျဉ်းချုပ်
ဤစနစ်သည် ဝယ်ယူသူများအတွက် အောက်ပါအကျိုးကျေးဇူးများကို ဆောင်ရွက်ပေးသည်:
✅ အလိုအလျောက် လျှော့စျေးတွက်ချက်ခြင်း
✅ ကုန်ပစ္စည်းအလိုက် လျှော့စျေးသတ်မှတ်ခြင်း
✅ အမှတ်တံဆိပ်အလိုက် လျှော့စျေးသတ်မှတ်ခြင်း
✅ အမျိုးအစားအလိုက် လျှော့စျေးသတ်မှတ်ခြင်း
✅ ဝယ်တစ်ခုရတစ်ခု (BOGO) ကမ်းလှမ်းခြင်း
✅ ရက်စွဲသတ်မှတ်ချက်ဖြင့် ရာသီအလိုက် ပရိုမိုးရှင်းလုပ်ခြင်း
✅ CSV ဖိုင်ဖြင့် အများအပြား သွင်းနိုင်ခြင်း
မှတ်ချက်: စနစ်သည် လျှော့ဈေးများ ကို စနစ်တစ်ကျ အသုံးပြုနိုင်အောင် စီမံထားပါသည်။
01/05/2026
🔷 ၁။ Full Accounting System (စာရင်းကိုင် + စတော့ + POS)
အကန့်အသတ်မဲ့ User / Warehouse / Product / Device
📌 Normal Online Server
နှစ်စဉ်ကြေး – ၆၅၀,၀၀၀ ကျပ်
အရောင်း Invoice item 100,000
📌 PRO Online Server
နှစ်စဉ်ကြေး – ၅,၄၅၀,၀၀၀ ကျပ်
အရောင်း Invoice item 100,000 (UP 4,550,000 MMK)
📌 OFFLINE (တစ်သက်သုံး)
တစ်သက်စာ – ၄,၅၀၀,၀၀၀ ကျပ်
ကွန်ပျူတာ၏ သက်တမ်းအတိုင်း အသုံးပြုရန်၊ ဟောင်းမှအသစ်သို့ ပြောင်းနိုင် (HD ကောင်းရန် လိုအပ်)
🔷==================🔷
💱 ၂။ Multi Currency System (နိုင်ငံတကာငွေကြေးသုံး POS)
အကန့်အသတ်မဲ့ User / Warehouse / Product / Device
📌 Normal Online Server
နှစ်စဉ်ကြေး – ၄၅၀,၀၀၀ ကျပ်
အရောင်း Invoice item 100,000
📌 PRO Online Server
နှစ်စဉ်ကြေး – ၁,၉၅၀,၀၀၀ ကျပ်
အရောင်း Invoice item 100,000 (UP 1,500,000 MMK)
📌 OFFLINE (တစ်သက်သုံး)
တစ်သက်စာ – ၄,၂၅၀,၀၀၀ ကျပ်
ကွန်ပျူတာ၏ သက်တမ်းအတိုင်း အသုံးပြုရန်၊ ဟောင်းမှအသစ်သို့ ပြောင်းနိုင် (HD ကောင်းရန် လိုအပ်)
🔷==================🔷
📦 ၃။ Stock Inventory System (စတော့နှင့် POS)
အကန့်အသတ်မဲ့ User / Warehouse / Product / Device
📌 Normal Online Server
နှစ်စဉ်ကြေး – ၃၀၀,၀၀၀ ကျပ်
အရောင်း Invoice item 100,000
📌 PRO Online Server
နှစ်စဉ်ကြေး – ၁,၆၀၀,၀၀၀ ကျပ်
အရောင်း Invoice item 100,000 (UP 1,250,000 MMK)
📌 OFFLINE (တစ်သက်သုံး)
တစ်သက်စာ – ၃,၆၀၀,၀၀၀ ကျပ်
ကွန်ပျူတာ၏ သက်တမ်းအတိုင်း အသုံးပြုရန်၊ ဟောင်းမှအသစ်သို့ ပြောင်းနိုင် (HD ကောင်းရန် လိုအပ်)
⭐ Pro Server ကို မည်သူများ အသုံးပြုသင့်သနည်း?
ကုန်ပစ္စည်း အမျိုးအစား ၅၀၀၀ ထက်ပို၍ အလုပ်လုပ်နေသူများ
အသုံးပြုသူ (User) ၂၀ ဦးထက်ပို၍ တစ်ပြိုင်နက်သုံးစွဲသူများ
တစ်လလျှင် အရောင်း Item ၅ သိန်းထက်ပိုသောစီးပွားရေးလုပ်ငန်းများ
ဒေတာအမြောက်အမြား သိမ်းဆည်းလိုသူများ
✅ Pro Server သည် ပုံမှန် Normal Server ထက် ပိုမိုမြန်ဆန်ပြီး အဆက်မပြတ် အလုပ်လုပ်နေသော လုပ်ငန်းကြီးများအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
🆓 ဝန်ဆောင်မှု
✅ ဖောက်သည်ဝန်ဆောင်မှု (Viber) – မနက် ၁၀:၀၀ မှ ည ၁၀:၀၀ အထိ (နေ့စဉ်၊ ပိတ်ရက်မရှိ)
📞 ဖုန်း – +959254555511
💬 Viber – +66628567551
07/04/2026
2026 Update စာရင်း
ဘာတွေပါဝင်သလဲ ။ ။ အပြင်ထွက်ပြီး ဝန်ထမ်းတွေကို ကုန်ပစ္စည်းဖြန့်ချီရေးအပိုင်း နှင့် ဆိုင်ခွဲများအတွက် ပိုကောင်းသောအချက်တွေပါဝင်လာပါတယ် ပရိုမိုးရှင်းတွေ ပေးတာ၊ ပွိုင့်တွေစုတာ ပွိုက်တွေ နဲ့ ငွေချေတာတွေ ၊ HRဝန်ထမ်းတွေကို ထိန်းချုပ်တာ ကုန်ပစ္စည်းများ ထုတ်လုပ်တာ များပါဝင်လာပါတယ်
၁။ Overview Chart & Report (Dashboard)
• စာရင်းအားလုံးနီးပါးကို မူလစာမျက်နှာ (Dashboard) တစ်ခုတည်းမှာပဲ စစ်ဆေးနိုင်ပါပြီ။
• စစဖွင့်ဖွင့်ခြင်း Dashboard မှာ ယနေ့ တစ်ရက်တာ လုပ်ဆောင်ချက်များကို နာရီအလိုက် ပိုင်းခြားပြသထားပါတယ်။
• အသေးစိတ် စစ်ဆေးလိုပါက -
o Warehouse အလိုက်
o User အလိုက်
o နေ့ရက်အလိုက်
• ဆိုင်ခွဲအားလုံး၏ Dashboard ကို တစ်နေရာထဲမှနေ ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။
•
________________________________________
၂။ Cash Book ( ငွေစာရင်း)
• မိမိ၏ ငွေပေးချေမှုအပိုင်းများကို အသေးစိတ် စစ်ဆေးနိုင်သော စနစ်ဖြစ်ပါတယ်။
________________________________________
၃။ Close Date (နေ့ရက်တွေကို ပိတ်သည့် )စနစ်
• စနစ်တစ်ခုလုံး၏ လုပ်ငန်းများကို စာရင်းများ ပြောင်းလဲမှုမရှိအောင် မိမိပိတ်ချင်သော ရက်စွဲကို ထည့်သွင်းပြီး ပိတ်ထားနိုင်ပါတယ်။
• စာရင်းများ စစ်ဆေးပြီး ပိတ်သိမ်းထားသော နေ့ရက်များကို ထိခိုက်မှုမရှိအောင် ကာကွယ်သည့် စနစ် ဖြစ်ပါတယ်။
•
________________________________________
၄။ Point စနစ်သစ်
• ဖောက်သည်များအား ပွိုင့်စုသည့် စနစ် ဖြစ်ပါတယ်။
• အရင်ဗားရှင်းအဟောင်းနှင့် မတူပါ။
• မိမိ၏ ဖောက်သည်များ၏ ပွိုင့်များကို အသေးစိတ် စစ်ဆေးနိုင်ပါတယ်။
• ပွိုင့်ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်ပါတယ် (အရင်လို လက်ဆောင်ကဒ်ထုတ်ပြီးမှ ငွေချေစရာမလိုတော့ပါ)။
• လက်ဆောင်ကဒ်နှင့် ထုတ်ပေးသည့် စနစ်ကိုလည်း ပုံမှန်အတိုင်း အသုံးပြုနိုင်ပါသေးတယ်။
•
________________________________________
၅။ Discount rules (လက်ဆောင်ပေးသည့် စနစ်)
• လျှော့စျေးများ သတ်မှတ်နိုင်ပါတယ်။
• ဘယ်နှခု ဝယ်ရင် ဘယ်လောက် စျေးလျှော့မလဲ ဆိုတာ သတ်မှတ်နိုင်ပါတယ်။
• Category (အုပ်စု) အလိုက် သတ်မှတ်နိုင်ပါတယ်။
• Brand (အမှတ်တံဆိပ်) အလိုက် သတ်မှတ်နိုင်ပါတယ်။
• ကုန်ပစ္စည်းအလိုက် သတ်မှတ်နိုင်ပါတယ်။
• ဘယ်နေ့စပြီး ဘယ်နေ့ဆုံးမလဲ ဆိုတာ သတ်မှတ်ထားနိုင်ပါတယ်။
•
________________________________________
၆။ Manufacturing (ကုန်ထုတ်လုပ်မှု)
• ကုန်ကြမ်းမှ ကုန်ချောအဆင့်သို့ ထုတ်လုပ်နိုင်ပါတယ်။
• နောက်ဆုံး အရောင်းအပိုင်းသို့ စနစ်တကျ ထုတ်လုပ်စီမံပြုလုပ်နိုင်ပါတယ်။
• ကုန်ချော ထုတ်လုပ်တိုင်း ကုန်ကြမ်းများကို အလိုအလျောက် နှုတ်ယူပေးပါတယ်။
• ကုန်ထုတ်လုပ်မှု ကုန်ကျစားရိတ်များကို အလိုအလျောက် တွက်ချက်ပေးပါတယ်။
•
________________________________________
၇။ Human Resource Management - HRM
• ဝန်ထမ်းများ ထိန်းချုပ်မှုနှင့် လစာ စာရင်းတွက်ချက်မှု။
• Check In/Out ကို အလွယ်တကူလုပ်နိုင်ပါတယ်။
• ဘယ်နေရာကနေ Check In/Out လုပ်သလဲ ဆိုတာကို Location (Lat, Lng) နှင့် IP များဖြင့် ခြေရာခံပေးပါတယ်။
• အလုပ်ချိန် အဝင်အထွက်၊ ခွင့်ရက်များ၊ လစာမဲ့ခွင့်များ၊ Holidays ရက်များ ကို စီမံနိုင်ပါတယ်။
• Bonus ပေးသည့် စနစ်များ ပါဝင်ပါတယ်။
•
________________________________________
၈။ Service လုပ်ငန်းသုံး
• စက်ပစ္စည်း ပြင် Service ပေးသည့်လုပ်ငန်းများအတွက်။
• Service Acceptance
Engineering Inspection
Repair Information
Service Activities
Retrieval Information
ပါဝင်ပါတယ်
•
________________________________________
၉။ Student Fee (သင်တန်းကျောင်းတွေ စာသင်ကျောင်းတွေ အတွက်
• Class အလိုက် ငွေသက်မှတ်ထားနိုင်မှု။
• ဘယ်ကျောင်းသားတွေ ငွေပေးဖို့ကျန်သေးလဲ
• Calss အလိုက် ဝင်ငွေကို စစ်ဆေးနိုင်။
•
________________________________________
၁၀။ အသေးစား ပြင်ဆင်မှုများ
• ကုန်ပစ္စည်းကုဒ်ကို Sub အခွဲ ကုဒ်များ ထည့်သွင်းနိုင်သည် ထဒါက ကုန်ပစ္စည်းတစ်ခုကို ကုဒ် အမျိုးမျိုး ပြောင်းရသည့် အသူတွေအတွက် အစဉ်ပြေသည်။
( မှတ်ချက်ပင်မ ကုဒ် နှင့်လဲ အရောင်းများတွင် ရှာနိုင်သလို အခွဲကုဒ်များနင့်လဲ ရှာနိုင်သည် ။
• ဘောက်ချာများကို အတွဲလိုက် Print ထုတ်နိုင်ပါတယ်။
• Price List များကို Price Group အလိုက် ခွဲပြီး ထုတ်ပေးနိုင်ပါတယ်။
Menu Settings ဘားများကို မိမိလိုသလို အဖွင့်အပိတ် လုပ်နိုင်ပါတယ်။
• စနစ်ပိုမိုကောင်းမွန်ရန် Stock Check AI စနစ် ထည့်သွင်းထားပါတယ်။
Demo နမူနာစမ်းနိုင်ပါတယ်။ ရုံးလာစရာမလိုပါ ခွင့်တောင်းစရာမလိုပါ စိတ်ကြိုက် စမ်းနိုင်ပါသည်။ pos.hzposmm.cm