2027 မှာ Body Transform ဖြစ်ဖို့ လုံးဝစိတ်ဆုံးဖြတ်ထားပီဆိုရင်တော့ ၄လအချိန်ရပါသေးတယ်💪 ⏱️⏰
ကျန်တော်နဲ့ Train ရင် New bodyတင်မဟုတ်ဘဲ မိမိရဲ့ overall fitness levelနဲ့ knowledge ပေါင်းများစွာပါ upgrade ဖြစ်မှာပါ❗
Strength liftတွေဖြစ်တဲ့ Squat, Bench, Deadlift တွေကို technique တိတိကျကျ trainတယ် bodyweight 1ဆခွဲ ၂ဆလောက်ကို အသာလေးမနိုင်ပါမယ် overall strength တိုးပါမယ်✅
Metabolic conditioning နဲ့ functional training တွေကိုလဲ မိမိရဲ့ သက်လုံ တက်ပီး အဆီပါကျဖို့
kettlebells, Landmine,sandbag , slam ball , dumbbellစသဖြင့် toolsပေါင်းများစွာကို
Technique သေချာစွာဖြင့် trainပါတယ်✅
ပြေးစက်ပေါ်ဘဲတက်ပြေးတဲ့ ခတ်က ကုန်သွားပါပီ😐
မိရိုးဖရာ hypetrophy exercises ပေါင်းများစွာကတော့
မပါမဖြစ်ပါပါမယ်💪 musclesတွေ တခုချင်း လှဖို့ တကိုယ်လုံးကရှိသမျှ muscle training တွေပါပါမယ်💪
Injuryရှိတဲ့ သူတွေဆိုရင် correctives, rehab exercises တွေနဲ့ပါ ပျောက်အောင် training တွေပါပါမယ် ✅✅
Nutrition ကတော့ guidelines တွေပေးပါမယ် ပေးတဲ့ windowအတိုင်းကိုယ်တိုင် စားမှ ပြောင်းလဲမှာပါ ❗
စိတ်ဆင်းရဲခံပီး အရသာမရှိတဲ့ ရေလုံပြုတ်တော့ စားစရာမလိုပါ😂
Train with Why❓❓
ရွီရှောင်ဘဲ trainမယ်ဆိုရင် တော့ေပြာင်းလဲဖို့ကြာပါမယ် Recovery, အစားအသောက် , Training သုံးခုလုံးပြည့်စုံမှ ပန်းတိုင်အမြန်ရောက်ပါမယ်✔️❗❗
တကယ်ပြောင်းလဲမယ်လို့ စိတ်ဆုံးဖြတ်ပီးရင် လာခဲ့ပါ အကျိုးရှိဖို့ 💯%အာမခံပါတယ်🫡
Training အသေးစိတ် စုံစမ်းဖို့ DM မှာ Fit ဆိုပီး ပို့လိုက်ပါ👋
Hybrid Strength & Conditioning Coach
Body Transformation Specialist
Rehab Trainer
Functional Trainer
Zwe Gyi Fitness Coaching
Body Transformation Specialist
Rehab Trainer
Hybrid Strength & Conditioning Coach
Functional Trainer
ပေါ့ပေါ့ပါးပါး နေ့ခင်းဘက် တစ်ဖြတ် training 🍑✅
RDL 150kg 4 reps ( Top set RPE 8)
28/08/2026
"ငါကအသက်ကြီးနေပီ ဒီအချိန်ဆော့လဲ မမှီတော့ဘူး
အရိုးတွေက ပျော့နေပီ"❌ ဆိုတဲ့ စကားတွေက ဆင်ခြေတစ်ခုပါ ဘယ်တော့မှ နောက်ကြတယ်ဆိုတာ မရှိပါ
ပုံထဲမှာ trainတဲ့လူနဲ့ မtrainတဲ့သူ အရိုး density ဘယ်လောက်ကွာလဲ တွေ့နိုင်ပါတယ် 🦴
ပြောင်းလဲ တိုးတက်ချင်တဲ့ စိတ်ရှိရင်ရပါပီ💪
လမ်းလျောက်ရုံနဲ့ လုံလောက်ပီဆိုတဲ့ အတွေးတွေထုတ်ပါ
သူများနိုင်ငံတွေမှာတော့ အသက် ၆၀ ၇၀လောက်မှ🫡 စtrainပီး lifting ပြိင်ပွဲတွေပါ ဝင်ပြိုင်ကြတာတွေ့ရမှာပါ
လေးတာမတိုင်းလဲ strength training မဟုတ်ပါ❗
Program Structural ကျကျတည်ဆောက်ပီး technique တိတိကျကျနဲ့ purpose နဲ့ trainမှအကျိုးရှိပါမယ်✔️
တတ်ကျွမ်းနားလည်တဲ့သူဆီမှာ trainပါ❗❗
2လ ေကျာ်အတွင်း စိတ်ချမ်းသာစွာ 22lbs ကျထားတဲ့မင်းသားရဲ့ Bench Press 🙂✔️
Bench Press ဆိုတာ shoulder Injuryအရများလို့ လူတိုင်းနီးပါးရှောင်ကြတဲ့ exerciseတစ်ခုပါ
မဆော့ခင်မှာMovement Preparation သေချာလုပ်ပီး
Technique ပိုင်နိုင်စွာ Trainရင် ဘာinjuryမှရစရာ
အကြောင်းကို မရှိပါ💪
Train with WHY❓‼️
07/08/2026
🏋️♂️ ကိတ်ချင်လို့ gymဆော့နေရင်း တံတောင်ဆစ်နာလာပြီလား❓
Gym မှာ Bench Press တွန်းရင်ပဲဖြစ်ဖြစ်၊ Bicep Curl မရင်ပဲဖြစ်ဖြစ် တံတောင်ဆစ်က စူးခနဲ နာကျင်တာမျိုး ကြုံဖူးကြမှာပါ✔️
အလေးမတဲ့သူတွေမှာ ဒဏ်ရာရရင် Form ပျက်ပြီး Progress တွေပါ ထိခိုက်တတ်ပါတယ်။Trainer တစ်ယောက်အနေနဲ့ Gym သမားတွေ အဖြစ်အများဆုံး Elbow Injury အမျိုးအစားတွေနဲ့ ဒဏ်ရာမရအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
📌 ၁။ ဘယ်ကြွက်သားနဲ့ အရွတ်တွေ ဒဏ်ရာရတတ်တာလဲ?
✅Elbow Extensors
ဘယ်လိုနာလဲ: Triceps Extension လုပ်တဲ့အခါ၊ လေးလံတဲ့အလေးတွေကို Overhead တွန်းတဲ့အခါ ဒါမှမဟုတ် Wrist Extensors (လက်ကောက်ဝတ်အပေါ်မကြွက်သား) တွေကို အလွန်အကျွံ သုံးမိတဲ့အခါ ဒဏ်ပိတတ်ပါတယ်။
လက္ခဏာ: တံတောင်ဆစ်ရဲ့ အပြင်ဘက် (Tennis Elbow) မှာ စူးပြီးနာမယ်။ အဝတ်ညှစ်တာ၊ ပစ္စည်းတစ်ခုခုကို ဆုပ်ကိုင်တဲ့အခါ အားမရှိသလို ခံစားရတတ်ပါတယ်။
✅Pronator Teres
ဘယ်လိုနာလဲ: Dumbbell Curl လုပ်တဲ့အခါ ဒါမှမဟုတ် Hammer Strength စက်တွေဆွဲတဲ့အခါ လက်ဖျံကို ပုံစံမမှန်ဘဲ လိမ်ပြီးလှည့်ပစ်လိုက်တာ (Over-pronation) သို့မဟုတ် Grip ကို မနိုင်ဘဲ အတင်းဆုပ်ကိုင်ရာကနေ ဖြစ်တတ်ပါတယ်။
လက္ခဏာ: တံတောင်ဆစ်ရဲ့ အတွင်းဘက် (Golfer’s Elbow) နားကနေ လက်ဖျံအလယ်အထိ နာကျင်ပြီး လက်ဖျံကို မှောက်လိုက်၊ ပက်လက်လှန်လိုက်လုပ်ရင် ပိုနာတတ်ပါတယ်။
📌 ၂။ ဒဏ်ရာရရချင်း ဘာလုပ်ရမလဲ? (R.I.C.E Protocol)
ဒဏ်ရာရပြီလို့ ခံစားရတာနဲ့ အတင်းအောင့်မဆော့ပါနဲ့။ ချက်ချင်းနားပါ။
No pain No Gain ဆိုတဲ့ စကားကိုအယူမမှားပါနဲ့❗
အနည်းငယ်ဘဲနာရင် formမှန်မမှန် သေချာ ပြန်ဆန်းစစ်ပါ✔️ ပြန်ဆော့ကြည့်ပါ မသေချာရင်ဆက်မဆော့ပါနဲ့❓
🧊 Ice: တစ်ခါကပ်ရင် ၁၅ မိနစ်၊ တစ်နေ့ ၃ ကြိမ် ရေခဲကပ်ပါ။
🩹 Compression: ရောင်ရမ်းမှုကျအောင် Elbow Sleeve (သို့) Bandage စည်းထားပါ။
🛋️ Rest: အဲဒီ Joint ကို အနားပေးပြီး တခြား Muscle Group တွေကို ပြောင်းဆော့ပါ။
📌 ၃။ ဒဏ်ရာထပ်မရအောင် ဘယ်လိုကာကွယ်မလဲ❓
Form ကို ဦးစားပေးပါ: Ego Lifting ကို ရှောင်ပါ။ အထူးသဖြင့် Extension နဲ့ Pronation အကွာအဝေးမှာ Weight ကို Control မလုပ်နိုင်ဘဲ ပစ်ချတာမျိုးက အရွတ်တွေကို ပြတ်ထွက်စေနိုင်ပါတယ်။
Warm-up သေချာလုပ်ပါ: အလေးမစခင် လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်တွေကို Dynamic Stretching အရင်လုပ်ပါ။
Extensor နဲ့ Pronator ကြွက်သားတွေအတွက် Light Weight နဲ့ အပူပေးပါ။
Grip Strength မြှင့်တင်ပါ: လက်ဖျံ (Forearm) ကြွက်သားတွေ သန်မာရင် တံတောင်ဆစ်နဲ့ အရွတ်တွေပေါ် သက်ရောက်တဲ့ ဒဏ်ကို လျှော့ချပေးနိုင်ပါတယ်။⚠️
အကယ်ရ်ွု နာကျင်မှုက ၂ ပတ်ထက်ကျော်ပြီး အဝတ်ညှစ်တာ၊ တံခါးလက်ကိုင်လှည့်တာတောင် မလုပ်နိုင်လောက်အောင် ဖြစ်လာရင်တော့ 💢
အရွတ်ပြဲတာမျိုး ဖြစ်နိုင်လို့ ဆရာဝန် ဒါမှမဟုတ် Physical Therapist နဲ့ စနစ်တကျ ပြသဖို့ လိုအပ်ပါတယ်။၊❗❗❗
"Pain is temporary, but a smart approach to training lasts forever." 💪
Elbow painရှိတဲ့သူများ rehab exercises တွေနဲ့စနစ်တကျ trainပီး လုံးဝပျောက်ကင်းရုံတင်မက
body Transformation လဲဖြစ် strength လဲတက်ချင်ရင်တော့ Chat boxကနေ Training စုံစမ်းမေးမြန်းနိုင်ပါတယ်🙏
Certified & Qualified ✅
Rehab Trainer
Hybrid Strength & Conditioning Coach
Body Transformation Specialist
Functional Trainer
ပေါ့ပေါ့ပါးပါး Hamstring & Glutes Day ✅
RDL ကို Main lift အနေနဲ့ အဓိက ထည့်ဆော့ပါတယ်
Posterior chain တခုလုံး သန်ဖို့ အလွန်ကောင်းတဲ့ exercises တခုပါ 💪
Technique ကို အရင် သေချာပိုင်နိုင်အောင်လုပ်ပါ💯
Egoကိုလျှော့ပါ အလေးဖြေးဖြေး progress တင်ပါ✔️
မဟုတ်ရင် 60kgလောက်ကို ခါးပတ်ပတ်နေရပါမယ်❗
ဒီအိန်းကျီဝတ်ရင်တော့ ကောင်မလေးတိုင်း ပြုံးပြပါတယ်🙂
ဒူးနာ knee pain ရှိတဲ့ Client ခုတော့ painပျောက်ပီး
perfect form တော့မဟုတ်သေးပေမဲ့ barbell squatကို အေးဆေးထိုင်နိုင်ပါပီ💪
ဘာဒူးစွတ်မှ မလိုပါ😂
Glute medius အားနည်းပီး flat feet နဲနဲရှိပါတယ်
Glute med အားနည်းရင် single-leg stance, လမ်းလျှောက်တာ၊ လှေကားတက်တာမှာ hip control လျော့နိုင်တယ်။
အဲဒီ movement pattern ကြောင့် ဒူးပေါ် stress ပိုတက်နိုင်ပါတယ်။
Glute medius က
Pelvic stability ကို ထိန်းပေးတယ်။
Femur alignment ကို ကူညီတယ်။
Balance နဲ့ single-leg activities တွေမှာ အဓိက muscle တစ်ခုဖြစ်တယ်။
glute medius အားနည်းတာက ဒူးနာရတဲ့ အကြောင်းရင်းတစ်ခုတည်းတော့ မဟုတ်ပါဘူး။
hip၊ foot၊ ankle mobility နဲ့ movement pattern အားလုံးကို assessment လုပ်ပြီးမှ သင့်တော်တဲ့ rehabilitation ကို စီစဉ်ပီး Train ရပါတယ်
"ဒူးနာရင် ဒူးကိုပဲ မကြည့်ပါနဲ့"
တစ်ယောက်နဲ့ တစ်ယောက် မတူပါ❗
Flat feet အကြောင်း
https://www.facebook.com/100063692365391/posts/1649558140510582/
Hybrid Strength & Conditioning Coach
Rehab Trainer
Body Transformation Specialist
Functional Trainer
24/07/2026
ခါးနာရတဲ့ ပထမအဓိကအကြောင်းရင်းကတော့
exercises မလုပ်လို့ ပါဘဲ❗❗
ဒုတိယကတော့ Breathing pattern နဲ့ posture မမှန်တာပါ❗
အဲ့တော့ ခါးနာတဲ့လူတစ်ယောက်ကို ပျောက်အောင်လုပ်မယ်ဆိုရင် ပထမဆုံးက Posture နဲ့ Breathing ပြင်တာပါဘဲ✅
ခါးနာတဲ့ Back painရှိတဲ့ လူတိုင်းကိုယ့်ရဲ့ painက Extension low back pain(ကော့ရင်နာတာလား)?
Flexion low back pain ( ကုန်းရင်နာတာလား)?
သေချာအောင်ဘယ်လို စစ်ကြည့်မလဲ❓❓
အောက်က ပထမပုံကပြထားတဲ့ cobra poseကို လုပ်ကြည့်ပါ အပေါ်တက်ရင်ဖြည်းဖြည်းချင်းတက်ပီး နာရင်ရပ်လိုက်ပါ နာတယ်ဆိုရင် ELBP ကော့လို့နာတဲ့ back painပါ Facet Jointမှာ ပြသနာရှိပါတယ်❗❗
ဒုတိယပုံ child poseကို လုပ်ကြည့်ပါ နာရင် FLBP
ကုန်းလို့နာတဲ့ back painပါ Disc injury ဖြစ်နိုင်ပါတယ်❗
အများအားဖြင့်ကတော့ ဒီနှစ်ခုများပါတယ် L 4 L 5မှာ ပြသနာဖြစ်တာတွေပါ
အဲ့ထက်ဆိုးပီး ကျင်တာ စူးတာ ထုံတာဆိုရငိတော့ သတိထားဖို့ လိုပါပီ ဆေးရုံအမြန်သွားပါ Nerve နဲ့ဆိုင်သွားပါပီ ဆရာဝန်နဲ့သေချာပြပါ✅✅
ရိုးရိုးpain levelနာတာလောက်က correctives နဲ့ rehab exercises တွေနဲ့ ပျောက်အောင် လုပ်လို့ရပါတယ်✔️
အဲ့တော့ လူတိုင်း exercises လုပ်ပါ သေချာမလုပ်တတ်သေးရင် တတ်ကျွမ်းတဲ့Trainer ကိုသေချာစုံစမ်းပီး Trainပေးပါ‼️
Body Transformဖြစ်ဖို့ကို injury free သေချာ လှုပ်နိုင်နေမှ fitness ရဲ့ အရသာကို ခံစားရမှာပါ gymထဲမှာ ခါးပတ် ဒူးစွတ် တွေဝတ်ပီး ပေတေမနေပါနဲ့ 🫡❌
အရာရာတိုင်းကိုလဲ No Pain No Gainလျှောက်လုပ်လို့မရပါ ဆေးရုံရောက်နိုင်ပါတယ်🙏
ကျန်တော့်ဆီက painရှိတဲ့ Client တွေ အကုန်လုံးကတော့ ဒူးနာ ခါးနာ ပျောက်တဲ့အပြင် Strength liftsတွေကို technique တိတိကျကျနဲ့ မနိုင်နေကြပါပီ💪
Train with WHY❗
Rehab Trainer
Hybrid Strength & Conditioning Coach
Body Transformation Specialist
Functional Trainer
အကျိုးကျေးဇူးအရမ်းများတဲ့ TGU
Turkish Get-Up
TGU ဟာ **strength, mobility, stability, coordination** အားလုံးကို လေ့ကျင့်ပေးနိုင်တဲ့ full-body functional exercise တစ်ခုပါ
✅ 1. Shoulder Stability တိုးတက်စေတယ်
* Rotator cuff နဲ့ shoulder stabilizer muscles တွေကို အားကောင်းစေတယ်
* Overhead position ကို ထိန်းနိုင်စွမ်း ပိုကောင်း
* Overhead press, sn**ch, jerk စတဲ့ lifts တွေကို support လုပ်ပေး
✅ 2. Core Strength & Stability
* Abs, obliques, lower back တွေကို movement တစ်လျှောက်လုံး အလုပ်လုပ်စေတယ်။
* Anti-rotation core strength အရမ်းတိုးတက်စေတယ်။
✅ 3. Hip & Thoracic Mobility
* Hip mobility တိုးတက်လာတယ်။
* Thoracic spine (အပေါ်ကျော) mobility ကောင်းလာပြီး posture ကိုလည်း အထောက်အကူပြုေပးတယ်
✅ 4. Full-Body Coordination
* Upper body နဲ့ lower body ကို တစ်ပြိုင်တည်း synchronize လုပ်တတ်စေတယ်။
* Movement sequencing နဲ့ body control ပိုကောင်းလာတယ်။
✅ 5. Balance Improvement
* Single-arm overhead load ကို ထိန်းရတာကြောင့် balance နဲ့ proprioception (body awareness) တိုးတက်လာတယ်။
✅ 6. Unilateral Strength
* ဘယ်ဘက်၊ ညာဘက် အားမညီတာတွေကို ရှာဖွေပြီး ပြင်ဆင်ဖို့ ကူညီပေးတယ်။
* Muscle imbalance တွေကို သိသာစွာ မြင်နိုင်တယ်။
✅ 7. Injury Prevention
* Joint stability နဲ့ movement control တိုးတက်လာတာကြောင့် injury risk လျော့နိုင်တယ်။
* Technique မှန်မှန်နဲ့ လုပ်ရင် force ကို body အနှံ့ ဖြန့်ဝေပေးနိုင်တယ်။
✅ 8. Athletic Performance
* Combat sports, CrossFit, Weightlifting, Functional Fitness တွေမှာ carryover ကောင်းတယ်။
* Power transfer နဲ့ coordination ကို တိုးတက်စေတယ်။
✅ 9. Total Body Strength
ဒီ Exercise တစ်ခုတည်းနဲ့ အောက်က muscles တွေ အကုန် အလုပ်လုပ်ပါတယ်။
* Shoulders
* Core
* Glutes
* Quads
* Hamstrings
* Lats
* Upper back
* Forearms
* Grip strength
ဘယ်သူတွေပိုလုပ်သင့်လဲ??
* Functional fitness လုပ်ချင်သူ
* Athletes
* Shoulder stability တိုးချင်သူ
* Core weakness ရှိသူ
* Mobility နဲ့ movement quality တိုးချင်သူ
* ကိုယ်နေဟန်ထားတစ်ခြမ်းစောင်းပီးPostureပျက်သူ
❗ TGU က technique အရ အတော်လေး complex ဖြစ်လို့ **bodyweight → light kettlebell → heavier load** ဆိုပြီး အဆင့်လိုက်တက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ရေသန့်ဘူးနဲ့တင်စလို့ရပါတယ်။
First 100kg Deadlift in Life🔥
ပထမsectionမှာ Technical အသေးစိတ်ကိုအချိန်ယူပီး အေးဆေးသင်ပါတယ်💯
ခုဒုတိယ Section မှာ Conventional Deadlift 100kgကို အေးဆေးမနိုင်သွားပါတယ် 💪
Strength liftsတွေဟာ ကြည့်တော့သာရိုးရှင်းပေမဲ့
Injury ကင်းကင်းနဲ့ အကျိုးရှိရှိမနိုင်ဖို့
Technique အနုစိတ်ကိုသိရပါတယ် ‼️
ခါးနာရင် ခါးပတ်ပတ် ဒူးနာရင် ဒူးစွတ်ဝတ်ဆိုတဲ့ Logicက အရမ်းလွဲမှားပါတယ် ❌
မနာအောင်ဘယ်လို မရမလဲ ပျောက်အောင် ဘယ်လို Trainရမလဲ Rehab exercises တွေဘယ်လိုလုပ်ရမလဲကို ဦးတည်ရပါမယ်✅
Technique တွေကို ရွှီရှောင်သိရုံနဲ့လဲမလုံလောက်ပါ
Perfect liftတခု ဖြစ်ဖို့ကို အကြိမ်ပေါင်းများစွာကိုယ်တိုင်လေ့ကျင့်ပီးမှ Perfect ဖြစ်လာမှာပါ 🫡
ကိုယ်ရဲ့ Deadlift နေ့မှာ Movement Prepအနေနဲ့
Kettlebell Swing ကို ထည့်ပါ✔️
Deadlift မဆော့ခင် Kettlebell Swing လုပ်ပေးတာဟာ ကြွက်သားတွေကို အပူပေးရုံတင်မကဘဲ Deadlift Form မှန်ကန်ဖို့နဲ့ အကိတ်ဆုံး ဆော့နိုင်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်မှု (Specific Warm-up) တစ်ခု ဖြစ်ပါတယ်။
၁။ Hip Hinge
Deadlift ရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး လှုပ်ရှားမှုဟာ **Hip Hinge** (ဒူးကို အနည်းငယ်ပဲကွေးပြီး တင်ပါးကို နောက်ပစ်တဲ့ လှုပ်ရှားမှု) ဖြစ်ပါတယ်။ Kettlebell Swing ဟာ ဒီ Hip Hinge ပုံစံအတိုင်း သွားတာ ဖြစ်တဲ့အတွက် Deadlift မဆော့ခင် ဦးနှောက်နဲ့ ကြွက်သားကြား ဆက်သွယ်မှု (Neuromuscular Connection) ကို ပွင့်သွားစေပြီး Deadlift ဆော့တဲ့အခါ Form မှန်မှန်ကန်ကန်နဲ့ တင်ပါးကို သုံးနိုင်အောင် ကူညီပေးပါတယ်။
၂။ Posterior Chain
Deadlift မှာ အဓိက သုံးရတဲ့ ကြွက်သားတွေဖြစ်တဲ့ **Hamstrings (ပေါင်နောက်ကြွက်သား)၊ Glutes (တင်ပါးကြွက်သား) နဲ့ Lower Back (ခါးအောက်ပိုင်း)** တို့ကို Kettlebell Swing က ထိရောက်စွာ ဆွဲဆန့်ပြီး အပူပေး (Activate လုပ်) ပေးပါတယ်။ ဒါကြောင့် Deadlift စမယ့်အချိန်မှာ ဒီကြွက်သားတွေက အသင့်ဖြစ်နေပြီးသား ဖြစ်နေပါလိမ့်မယ်။
၃။ Core and Lat Activation (Bracing)
Deadlift အလေးကြီးမတဲ့အခါ ဒဏ်ရာမရအောင် ဗိုက်ကြွက်သား (Core) နဲ့ ကျောပြင်ကြွက်သား (Lats) တွေကို တင်းခံထားဖို့ (Brace လုပ်ဖို့) လိုပါတယ်။ Kettlebell Swing လုပ်တဲ့အခါ အလေးတုံး အောက်ပြုတ်မကျအောင် ထိန်းရတဲ့အတွက် Lat ကြွက်သားတွေနဲ့ Core ကြွက်သားတွေ အလိုအလျောက် အားစိုက်ပြီး တင်းကြပ်မှုကို မှတ်မိသွားစေပါတယ်။
၄။ Explosive Power (ပေါက်ကွဲအား) တက်လာစေခြင်း
Kettlebell Swing ဟာ တင်ပါးကို သုံးပြီး အရှိန်ပြင်းပြင်းနဲ့ ရှေ့ကို တွန်းထုတ်ရတဲ့ (Explosive) လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒါဟာ Deadlift မှာ အလေးကို ကြမ်းပြင်ကနေ အားအပြည့်နဲ့ ရုန်းကြွမယ့်အရှိန် (Drive) အတွက် အားဖြည့်ပေးရာ ရောက်ပါတယ်။
3sets 15 reps လောက်ဆို လုံလောက်ပါပီ 🥂
Train with WHY❗❗
Hybrid Strength & Conditioning Coach
Body Transformation Specialist
Rehab Trainer
Functional Trainer
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Chiang Mai