Live Me Broadcast

Live Me Broadcast

แชร์

"Your go-to hub for the latest football news, in-depth match analysis, and global sports updates. Join our community of passionate football fans!"

13/08/2026

နည်းပြတွေကတော့ အသစ်တွေ ဖြစ်ကုန်ပြီ

ကစားသမားမျက်နှာသစ်တွေ မြင်ရဖို့ပဲကျန်တေ့ာတယ်

မကြိုးစားတဲ့ ကစားသမားတွေ အထုပ်အပိုးသာ ပြင်ထားကြတော့

13/08/2026

England နိုင်ငံသား Colin Bell (ကောလင်းဘဲလ်) ကို မြန်မာအမျိုးသမီး လက်ရွေးစင် နည်းပြချုပ်အဖြစ် ခန့်အပ်

Colin Bell က - မြန်မာနိုင်ငံကို ရောက်လာပြီးတည်းက ပွဲတွေကို အကုန်လိုက်ကြည့်ပါတယ်။ ရှိပြီးသားလူစာရင်းကို အနည်းငယ်ပြောင်းလဲပေးလိုက်တာနဲ့ အသင်းက ကောင်းသွားမှာပါ။အဲ့လိုဆိုရင် အသင်းအတွက်ရော နိုင်ငံအတွက်ရော ကောင်းသွားမှာပါ။အသင်းကြီးနဲ့တွေ့လည်း ကိုယ့်ကိုယ်ကို အောက်အသင်းလို့ မထင်ဘဲနဲ့ ကွင်းထဲဝင်လာတာနဲ့ ဘယ်အသင်းမဆို အနိုင်ယူရမယ်ဆိုတဲ့ စိတ်ကို ထည့်ရပါမယ်"ဆိုပြီး နည်းပြသစ် အင်္ဂလန်နိုင်ငံသား Colin Bell က ပြောကြား

Colin Bell ဟာ UEFA Pro Licence ရရှိထားတဲ့ အတွေ့အကြုံရင့် နည်းပြတစ်ဦးဖြစ်ပြီး တောင်ကိုရီးယား အမျိုးသမီး လက်ရွေးစင်အသင်းအား ၂၀၂၃ FIFA Women's World Cup ပြိုင်ပွဲကို တက်လှမ်းနိုင်အောင် ဦးဆောင်ပေးခဲ့တဲ့အပြင် ၂၀၂၂ AFC Women's Asian Cup ပြိုင်ပွဲမှာလည်း ဒုတိယဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဂျာမနီမှာ အောင်မြင်မှု့ အနေနဲ့ ဂျာမနီကလပ် FFC Frankfurt အသင်းနဲ့အတူ UEFA Women's Champions League ချန်ပီယံဆုနဲ့ DFB-Pokal ဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

တရုတ် U20 အမျိုးသမီး လက်ရွေးစင်အသင်းနဲ့ အိုင်ယာလန် အမျိုးသမီး လက်ရွေးစင်အသင်းတို့မှာလည်း နည်းပြချုပ်အဖြစ် အောင်မြင်စွာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

12/08/2026

Super Cup Winner PSG again

12/08/2026

ပွဲပြီးရလဒ်များ

12/08/2026

UEFA SUPER CUP

PSG vs Aston Villa ( 1:30 AM 13 August )

ဥရောပရာသီသစ်ရဲ့ ပထမဆုံးဆုဖလားကို အဆုံးအဖြတ်ပေးမယ့် UEFA Super Cup 2026 ပွဲစဉ်မှာ Champions League ချန်ပီယံ Paris Saint-Germain နဲ့ Europa League ချန်ပီယံ Aston Villa တို့ Salzburg မှာ ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

Luis Enrique ရဲ့ PSG ဟာ မနှစ်က Tottenham ကို Penalty နဲ့အနိုင်ယူပြီး Super Cup ချန်ပီယံဖြစ်ခဲ့တာကြောင့် ဆုဖလားကို ဆက်လက်ကာကွယ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

Champions League ကို ဆက်တိုက်အနိုင်ရထားတဲ့ PSG အနေနဲ့ Super Cup ကိုလည်း ဆက်တိုက်ရယူနိုင်ရင် ဥရောပအောင်မြင်မှုကို ပိုမိုခိုင်မာစေမှာ ဖြစ်ပါတယ်။

Unai Emery ရဲ့ Aston Villa ကတော့ Europa League ဗိုလ်စွဲပြီးနောက် ဥရောပချန်ပီယံ PSG ကို အနိုင်ယူကာ နောက်ထပ်ဆုဖလားတစ်လုံး ထပ်မံရယူဖို့ ကြိုးစားမှာပါ။

Villa ဟာ 2024/25 Champions League Quarter-final မှာ PSG ကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း 5-4 နဲ့သာ ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာလည်း PSG အတွက် လွယ်ကူတဲ့ပွဲတော့ ဖြစ်လာမှာမဟုတ်ပါဘူး။

နှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှုက 2024/25 Champions League Quarter-final ဖြစ်ပြီး PSG က 5-4 aggregate နဲ့ အနိုင်ရခဲ့ပါတယ်။

PSG ကတော့ အတွေ့အကြုံ၊ squad quality နဲ့ လက်ရှိဥရောပအောင်မြင်မှုတွေကြောင့် အသာရနေပါတယ်။

ဒါပေမယ့် Aston Villa ရဲ့ Emery ရဲ့ tactical approach နဲ့ တန်ပြန်တိုက်စစ်က PSG ကို ပြဿနာအများကြီးပေးနိုင်ပါတယ်။

*90 မိနစ်အပြီး သရေဖြစ်ခဲ့ရင် Extra Time မကစားဘဲ တိုက်ရိုက် Penalty Shoot-out သွားမှာ ဖြစ်ပါတယ်။*

ကြည့်ရမယ့် iOS and Android App လင့် Comment မှာပေးထားပါတယ်

12/08/2026

ဒီနေ့ည နဲ့ (မနက်ဖြန် မနက် အစောပိုင်း) မှာ ကြည့်စရာ ပွဲတွေ ရှိပါတယ်

Newcastle vs Everton (10:45 PM)
Manchester Utd vs Leeds Utd (1:00 AM)
Arsenal vs Como (1:00 AM)
Forest vs Leverkusen (1:15 AM)
PSG vs Aston Villa (1:30 AM) ( UEFA SUPER CUP )
Deportivo vs Real Madrid (1:30 AM)

ကြည့်ရမယ့် iOS and Android App လင့် Comment မှာပေးထားပါတယ်

10/08/2026

မကြာခင် ပရိတ်သတ်တွေ အားပေးရအုံးမည့် နောက်ထပ် ပြိုင်ပွဲတပွဲကတော့ AFC WOMEN'S CHAMPION LEAGUE ပဲဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးလိဂ် မှာ မနှစ်က ချန်ပီယံ ဖြစ်ခဲ့တဲ့ ဧရာဝတီ အသင်း ပါဝင်ယှဥ်ပြိုင်မှာဖြစ်ကာ ဧရာဝတီ အသင်းပါဝင်တဲ့ အုပ်စု (F) ပွဲတွေကို သုဝဏ္ဏ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဧရာဝတီ အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ စင်ကာပူကလပ် Albirex Jurong နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒုတိယ ပွဲစဥ်မှာ လက်ဘနွန် ကလပ် No Limits နဲ့ ဆက်လက်ယှဥ်ပြိုင် ရမှာဖြစ်ပီး စင်ကာပူ ကလပ်ရော လက်ဘနွန် ကလပ်ရော ကိုပါ ဧရာဝတီ အသင်း အနေနဲ့ အနိုင်ယူ နိုင်စွမ်းရှိတဲ့ အခြေ အနေမှာ ရှိနေပါတယ်။

အုပ်စုနောက်ဆုံး ပွဲဖြစ်တဲ့ တိုင်ပေ ကလပ် New Taipei Hang Yuan နဲ့ပွဲကတော့ အုပ်စုတက်ရေး အဆုံးအဖြတ် ပွဲ ဖြစ်လာနိုင် တာကြောင့် ကြည့်ကောင်းမယ့် ပွဲစဥ် တပွဲ ဖြစ်လာ နိုင်ကာ ဧရာဝတီ အသင်းအနေနဲ့ အဆိုပါပွဲကို သတိကြီးကြီး ထား ကစားဖို့ လိုအပ်ပါတယ်။

Preliminary Stage အုပ်စု တစုမှာ အသင်း (၄) သင်းပါဝင်ကစားကြမှာ ဖြစ်ပြီး အုပ်စု ပထမရရှိတဲ့ အသင်းတသင်း သာ နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

10/08/2026

Young Lionesses FC - ISPE FC (အမျိုးသမီးလိဂ်)

ယနေ့ (၄) နာရီ

LIVE ME MM Application

10/08/2026

ရတနာပုံအက်ဖ်စီ-သစ္စာအားမာန်အက်ဖ်စီ (အမျိုးသမီးလိဂ်)

ယနေ့ နေ့လည် (၃) နာရီခွဲ

LIVE ME MM Application

09/08/2026

ပွဲပြီးရလဒ်

လီပါပူး 2-3 မိုနာကို

ENGLAND ညီအကိုတွေ ရှုံးတာတောင် ဂိုးတူတူပဲ 😁

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Chiang Mai