29/08/2026
🔥 ချဲလ်ဆီးအသင်းသည် မိုနာကိုအသင်း၏ ကွင်းလယ်ကြယ်ပွင့် လာမင်း ကမာရာကို မနက်ဖြန်တွင် ခေါ်ယူနိုင်ဖွယ်ရှိနေပြီး နောက်ဆုံးမိနစ် အပြောင်းအလဲများမရှိလျှင် အပြောင်းအရွှေ့ဖြစ်မြောက်ရန် သေချာသလောက်ရှိနေသည်။ ဆီနီဂေါလက်ရွေးစင် ကမာရာသည် တနင်္ဂနွေနေ့တွင် နိုက်စ်မှ လန်ဒန်သို့ လေယာဉ်ဖြင့် ထွက်ခွာပြီး အပြောင်းအရွှေ့ကို အပြီးသတ်မည်ဟု မျှော်လင့်ရသည်။ အသက် ၂၂ နှစ်အရွယ် ကမာရာသည် မန်ချက်စတာစီးတီးသို့ ပြောင်းရွှေ့တော့မည့် အန်ဇို ဖာနန်ဒက်ဇ်၏ နေရာတွင် အစားထိုးရန် ချဲလ်ဆီးအသင်းက ပစ်မှတ်ထားနေခြင်းဖြစ်သည်။
🔥 ချဲလ်ဆီးသည် ကမာရာကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး လီဗာပူးလ်အသင်းကိုလည်း ကမာရာအတွက် ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သတင်းများက ဖော်ပြသည်။ မိုနာကိုအသင်းကမူ ကမာရာကို ထိန်းသိမ်းလိုပြီး "မယုံနိုင်စရာ" ကမ်းလှမ်းမှုမျိုးမှသာ ရောင်းချမည်ဟု သိရသည်။ သို့သော်လည်း ချဲလ်ဆီးနှင့် ကမာရာတို့အကြား သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဆီနီဂေါသား ကွင်းလယ်သမားသည် ဆေးစစ်မှုခံယူရန် လန်ဒန်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရသည်။ အဆိုပါ အပြောင်းအရွှေ့အတွက် ပေါင် ၅၀ မှ ၆၀ သန်း ကြား ကုန်ကျနိုင်သည်ဟု ခန့်မှန်းရသည်။
29/08/2026
🔥 ၂၀၂၆ နွေရာသီ အပြောင်းအရွှေ့ကာလအပေါ် ဂျွန်တယ်ရီ၏အမြင်
🗣️ ဂျွန်တယ်ရီက "၂၀၂၆ နွေရာသီ အပြောင်းအရွှေ့ကာလနဲ့ပတ်သက်ပြီးပြောရရင် အသင်းပိုင်ရှင်တွေ နှင့် အားကစားဒါရိုက်တာတွေရဲ့ ဆောင်ရွက်ချက်တွေက ချဲလ်ဆီးရဲ့ ဆယ်စုနှစ်အတွင်း အကောင်းဆုံးအပြောင်းအရွှေ့ကာလများထဲမှ တစ်ခုဖြစ်ခဲ့ပါတယ် ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကစားသမားခေါ်ယူမှုက လူငယ်တွေများပြီး အတွေ့ကြုံရှိကစားသမားခေါ်ယူခြင်း မလုံလောက်ခဲ့တာကြောင့် အများအမြင်မှာတော့ မေးခွန်းထုတ်စရာတွေများခဲ့ပါတယ် ။
ဒါပေမယ့်လဲ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေကို အမြတ်စွန်းရအောင် ရောင်းနိုင်ခဲ့တာတော့ အရမ်းကောင်းမွန်တဲ့ စီးပွားရေးဖြစ်ခဲ့တယ်လို့ ကျနော် ရှုမြင်ပါတယ် ။"
29/08/2026
အလွန်ဆိုက ပြတ်သားတယ်နော် ။ ရှယ်ကို ပြတ်သားတာ ။ ချဲလ်ဆီးအတွက် ကစားချင်စိတ်မရှိရင် ဒိုးပဲ စိတ်မဝင်စားဘူး ။ ကစားချင်တဲ့သူနဲ့ ရှေ့ဆက်မယ် ။
တနေ့က လူတန်နဲ့ပွဲမှာ အန်ဇိုမပါတဲ့ ကိစ္စအမေးခံရတော့လဲ အန်ဇိုအနေနဲ့ ကစားဖို့ အကောင်းဆုံးအနေထားမှာ မရှိလို့ မပါတာလို့ပြောသွားတယ် ။ ထပ်ပြောတာက ကစားချင်စိတ်ရှိဖို့လိုတယ်တဲ့ ။
မနေ့ကလဲ ဆန်းချက်အခြေနေကိုမေးတယ် သူဘာပြောလဲဆိုတော့ ဘယ်သူ့ကို ဖမ်းခွင့်ပေးရမလဲ ငါသိတယ် ။ ထပ်မမေးနဲ့ဆိုပြီး ဒဲ့ပြောတာ ။
အသင်းကို မရောက်ခင်ကတည်း သူ့မှာ plan ကပါလာပြီးသား ချဲလ်ဆီးရောက်မှ မီးစင် ကြည့်က မယ်ဆိုတဲ့ အကွက်မျိုးနဲ့မလာဘူး ။ ငါ့အနေနဲ့ ဒါတွေ လိုချင်တယ် လုပ်ပေးနိုင်မလားဆိုတဲ့ အကွက်မျိုးဗျ ။
ကျနော်ကတော့ ဒါမျိုးပြတ်သားတာ သဘောကျတယ် ။
29/08/2026
ဒီကောင်တော့ ကြားညပ်မဲ့ အကွက်မျိုးနဲ့ ကြုံနေရတယ် ။ စီးတီးက သန်း (၁၂၀) အပြင်ပေးချင်ဟန်မတူဘူး ။ ချဲလ်ဆီးကလဲ မကျော်ရင် မရောင်းနိုင်ဘူး ။ ဒါပေမယ့် ကစားသမားက တအားထွက်ချင်နေတယ် personal terms agree ဖြစ်နေပြီ ။
စီးတီးကလဲ အပြောင်းအရွှေ့ နောက်ဆုံးအချိန်ထိစောင့်ပြီး ဝယ်ဖို့ ဗျူဟာခင်းနေတာထင်တယ် ။ deadline မှ ကစားသမားက အတင်းထွက်ချင်နေလို့ ချဲလ်ဆီးက မဖြစ်မနေ ရရာဈေးနဲ့ ရောင်းလိုက်မဲ့အကွက်မျိုး ။ ခက်တာက ချဲလ်ဆီးကလဲ ငွေလိုနေတဲ့အသင်းမဟုတ်ဘူး ။
အန်ဇိုတော့ တိုင်ပတ်တော့မယ်ထင်တယ် ။ ချဲလ်ဆီးမှာ နေလို့မရတော့တာလဲ သူသိနေတယ် ။ တကယ်လို့ အပြောင်းအရွှေ့မဖြစ်ခဲ့ရင် မတွေးရဲစရာပဲ။ ချဲလ်ဆီးဘုတ်ကလဲ လုပ်ချင်တာ လုပ်ထည့်နိုင်တယ် ။ တကယ်ကိုရှုပ်ထွေးတဲ့ ဇာတ်လမ်း။
29/08/2026
🔥 ဘောလုံးအပြောင်းအရွှေ့ သတင်းထောက် Fabrizio Romano ၏ ပြောကြားချက်အရ မန်ချက်စတာစီးတီးအသင်းသည် ချယ်လ်ဆီးအသင်းမှ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူရန် ၎င်းတို့၏ ကိုယ်ပိုင်ဗျူဟာဖြင့် စောင့်ဆိုင်းနေကြောင်း သိရသည်။ Romano က "စီးတီးအသင်းဟာ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့ငွေကြေးနဲ့ အန်ဇိုကို ခေါ်ယူဖို့ သူတို့ရဲ့ ကိုယ်ပိုင်ဗျူဟာ ရှိတယ်လို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။
🔥 လက်ရှိအချိန်အထိ ချယ်လ်ဆီးအသင်းထံသို့ မန်စီးတီးထံမှ တရားဝင် ကမ်းလှမ်းမှုတစ်စုံတစ်ရာ ရောက်ရှိမလာသေးကြောင်း၊ သို့သော် ၎င်းအခြေအနေသည် မည်သည့်အချိန်မဆို ပြောင်းလဲနိုင်ကြောင်း Romano က ဆိုသည်။ တစ်ချိန်တည်းမှာပင် မန်စီးတီးအသင်းသည် အန်ဇို ဖာနန်ဒက်ဇ်၏ အေးဂျင့်နှင့် နေ့စဉ် ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နေပြီး ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
🔥 Enzo Fernandez သည် Man City သို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း Fabrizio Romano က ဖော်ပြခဲ့သည်။ သို့သော် အပြောင်းအရွှေ့မှာ အသင်းနှစ်သင်းကြား သဘောတူညီမှုအပေါ် မူတည်နေဆဲ ဖြစ်သည်။ မန်စီးတီးသည် ကစားသမား၏ အေးဂျင့်များနှင့် နေ့စဉ် အဆက် အသွယ်ရှိနေပြီး Chelsea နှင့် တိုက်ရိုက်ဆွေးနွေးမှုများ မကြာမီ ပြုလုပ်ရန် မျှော်လင့်ရသည်။ Chelsea သည် တောင်းတဲ့ဈေးရပါက ကစားသမားကို ရောင်းချရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ Fernandez အနေဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ရန် "မီးစိမ်းပြထားပြီး" Enzo Maresca နှင့် ပြန်လည်ပေါင်းစည်းလိုကြောင်း ပြောကြားထားသည်။ Chelsea သည် Fernandez အတွက် ပေါင် ၁၂၀ သန်း နှင့်အထက် တောင်းဆိုဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြ နေကြသည်။
(via )
29/08/2026
🔥 ယခုတနင်္ဂနွေနေ့ကစားမည့် ဘရိုက်တန်နဲ့ပွဲတွင် ချဲလ်ဆီးအတွက် Enzo Fernandez ထပ်မံကစားနိုင်မည်မဟုတ်ဟု မျှော်လင့်ရသည်။ Enzo သည် မန်စီးတီးနှင့်ပြောင်းရွှေ့ကြေးကိစ္စကြောင့် များစွာထိခိုက်နေပြီး အစောပိုင်းကတည်းက အပြောင်းအရွှေ့အတွက် သဘောတူညီခဲ့ကာ ပြောင်းရွှေ့လိုကြောင်း ပြောကြားထားခဲ့သည်။
🔥 Fabrizio Romano ၏ ထုတ်ပြန်ချက်အရ၊ Enzo Fernandez သည် မန်စီးတီးသို့ပြောင်းရွှေ့ရန် ကိုယ်ရေးကိုယ်တာသဘောတူညီချက်ရထားပြီးဖြစ်သော်လည်း အသင်းနှစ်သင်းကြား တရားဝင်သဘောတူညီချက်ရရှိရန် ကျန်ရှိနေသေးသည်။ မန်စီးတီးသည် ကစားသမား၏ အေးဂျင့်များနှင့် နေ့စဉ်ဆက်သွယ်နေပြီး ချဲလ်ဆီးသည် Fernandez အတွက် ပေါင် ၁၂၀ သန်း တောင်းဆိုထားသည်။
🔥 ချဲလ်ဆီးနည်းပြ Xabi Alonso သည် Fernandez ကို ကြာသပတေးနေ့က Luton Town နှင့် ကာရာဘောင်းဖလားပွဲစဉ်တွင် အသင်းလူစာရင်းမှ ချန်လှပ်ထားခဲ့သည်။ ၎င်းသည် Enzo Fernandez ၏ မန်စီးတီးသို့ အပြောင်းအရွှေ့ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေခဲ့သည်။
28/08/2026
🗣️
အာလွန်ဆို- "တနင်္ဂနွေနေ့မှာ ဂိုးသမားဘယ်သူပွဲထွက်မလဲဆိုတာ ကျွန်တော်သိပါတယ်"
အာလွန်ဆို: "တနင်္ဂနွေနေ့မှာ ဘယ်သူဂိုးစောင့်မလဲဆိုတာ ကျွန်တော်သိပါတယ်။"
ရောဘတ် ဆန်းချက်ဇ် ထပ်ပြီး အခွင့်အရေးရဦးမလား?
အာလွန်ဆို: "မမေးပါနဲ့။ အသင်းလူစာရင်းကို ကစားသမားတွေကို အရင်ပြောပြချင်ပါတယ်။"
( သတင်းစာရှင်းလင်းပွဲမှ)
28/08/2026
တိုက်စစ်မှူး ဂီယူး တစ်ယောက် လိုက်ဇစ်သို့ ပြောင်းရွှေ့သွားပြီ
🔥 RB Leipzig သည် လျှို့ဝှက်ဆွေးနွေးမှုများအပြီး သဘောတူညီချက်ကို အတည်ပြုနိုင်ခဲ့ပြီး ကစားသမားနှင့် ကလပ်နှစ်ဖက်စလုံး အပြီးသတ်သဘောတူညီခဲ့ကြောင်း သိရသည်။
စပိန်တိုက်စစ်မှူးသည် ချဲလ်ဆီးမှ အပြီးသတ်ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ပြန်လည်ရောင်းချပါက ရရှိမည့် အကျိုးအမြတ်ခွဲဝေမှု သဘောတူညီချက် (sell-on clause) ပါဝင်ကာ ခရီးထွက်ခွာရန် ပြင်ဆင်နေပြီဖြစ်သည်။
( Romano)
28/08/2026
✅ ချယ်လ်ဆီး၏ Circle နှင့် စပွန်ဆာသဘောတူညီမှု
ချယ်လ်ဆီးအသင်းသည် အမေရိကန်အခြေစိုက် အင်တာနက်ဘဏ္ဍာရေးပလက်ဖောင်းကုမ္ပဏီ Circle နှင့် မေလကတည်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ကနဦးသဘောတူညီချက်မှာ လက်ရှိရာသီအတွက်ဖြစ်ပြီး၊ ကလပ်အသင်း၏ သတင်းရင်းမြစ်များအရ သက်တမ်းတိုးရန် ရွေးချယ်ခွင့်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။
The Athletic သတင်းဌာန၏ သတင်းရင်းမြစ်များက ၎င်းသည် ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းတစ်သင်းအတွက် ပုံမှန်စျေးနှုန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ချယ်လ်ဆီးအသင်းသည် တစ်နှစ်လျှင် ပေါင် ၅၀ မှ ၆၀ သန်း ဝန်းကျင် ရရှိရန် မျှော်မှန်းထားခဲ့သည်။ Circle သည် ချယ်လ်ဆီး၏ အဓိကမိတ်ဖက်နှင့် တရားဝင် အင်္ကျီရှေ့စပွန်ဆာဖြစ်လာခဲ့သည်။ ၂၀၂၆/၂၇ ရာသီမှ စတင်ကာ Circle နှင့် USDC အမှတ်တံဆိပ်များကို အမျိုးသား၊ အမျိုးသမီးနှင့် အကယ်ဒမီအသင်းတို့၏ အင်္ကျီရှေ့တွင် ဖော်ပြသွားမည်ဖြစ်သည်။
(via )