01/06/2026
အမှတ်တရဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်
North London is Red.�
01/06/2026
အမှတ်တရဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်
11/04/2026
🚨 | Martin Ødegaard
အခုအချိန်မှာ ပွဲတိုင်းက တကယ်အရေးကြီးနေပါတယ်။ ပြိုင်ပွဲတိုင်းမှာလည်း အနိုင်ရဖို့လိုပြီး၊ အထူးသဖြင့် Premier League မှာ ဧပြီနဲ့ မေလောက်ရောက်လာပြီဆိုရင် ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာ ဆုံးဖြတ်သွားမယ့် အချိန်ပါ။
Emirates Stadium ကို ပြန်ကစားနိုင်တာကလည်း အသင်းအတွက် အရေးကြီးပါတယ်။ လိဂ်ပွဲတွေကို တစ်ချိန်လောက် မကစားရတာကြောင့် ထူးဆန်းတဲ့ခံစားချက်ရှိပေမယ့် အခုတော့ ကစားဖို့ပိုပြီး စိတ်အားထက်သန်နေကြပါတယ်။
နောက်ပြီး Everton နဲ့ ပွဲမှာ ပြသခဲ့တဲ့ ပုံစံကောင်းတွေကို ဆက်လက်ထိန်းထားပြီး အဲ့ဒီအခြေအနေကို ဆက်တိုးတက်အောင် လုပ်သွားချင်ပါတယ်။
The Arsenal Empire
29/03/2026
🚨 အာဆင်နယ်အတွက် ထိုးနှက်ချက်! နိုင်ငံတကာပွဲစဉ်အပြီး အင်္ဂလန်ကြယ်ပွင့်များ ဒဏ်ရာပြဿနာဖြင့် အသင်းသို့ ပြန်လည်ရောက်ရှိ
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ် အရေးပါတဲ့ ပွဲစဉ်တွေကို ရင်ဆိုင်ရတော့မယ့်အချိန်မှာပဲ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ သွားရောက်ကစားနေတဲ့ အင်္ဂလန်လက်ရွေးစင် အာဆင်နယ်ကြယ်ပွင့်တွေဟာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိုးရိမ်မှုတွေကြောင့် အသင်းဆီကို စောစီးစွာ ပြန်လည်ရောက်ရှိလာခဲ့ကြတာပါ။
⚠️ နိုနီ မာဒူအေကေးရဲ့ ဒဏ်ရာက အဆိုးရွားဆုံးလား?
အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဥရုဂွေးနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ အင်္ဂလန်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နိုနီ မာဒူအေကေးပဲ ဖြစ်ပါတယ်။ သူဟာ ကွင်းအတွင်းကနေ လူစားလဲချိန်မှာ အကူအညီနဲ့ ထွက်ခွာခဲ့ရပြီး နောက်ပိုင်းမှာ ဒူးကို အကာအကွယ် (Protective knee brace) တပ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။
အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်လ်ကလည်း "ကျွန်တော် တကယ်ကို စိုးရိမ်မိပါတယ်။ စိတ်လည်း မကောင်းသလို ဝမ်းနည်းမိတယ်။ ကြီးမားတဲ့ ဒဏ်ရာမျိုး မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပါ" လို့ မာဒူအေကေးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းစကားပါးခဲ့ပါတယ်။
⚓ ဒီကလန် ရိုက်စ် နဲ့ ဆာကာ တို့လည်း အသင်းဆီ ပြန်လာပြီ
အာဆင်နယ်ပရိသတ်တွေကို ပိုပြီး စိတ်ပူသွားစေတာကတော့ စနေနေ့ညမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မာဒူအေကေးတင်မကဘဲ အသင်းရဲ့ အဓိကကျောရိုးတွေဖြစ်တဲ့ ဒီကလန် ရိုက်စ် (Declan Rice) နဲ့ ဘူကာယို ဆာကာ (Bukayo Saka) တို့ပါ ဒဏ်ရာအခြေအနေကြောင့် အင်္ဂလန်အသင်းကနေ နုတ်ထွက်ပြီး အာဆင်နယ်ဆီကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
📅 ရှေ့မှာစောင့်ကြိုနေတဲ့ ပြိုင်ပွဲကြီး ၅ ပွဲ
အာဆင်နယ်ဟာ လာမယ့်သီတင်းပတ်တွေအတွင်းမှာ အဆုံးအဖြတ်ဖြစ်စေမယ့် ပွဲစဉ် ၅ ပွဲကို ကစားရမှာဖြစ်လို့ ဒီလိုအဓိက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုက အာတီတာအတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ ကလပ်အသင်းရဲ့ ဆေးအဖွဲ့က သူတို့ရဲ့ ဒဏ်ရာအခြေအနေတွေကို အသေးစိတ် စစ်ဆေးနေပြီး ပရိသတ်တွေကတော့ အမြန်ဆုံး ပြန်လည်သက်သာလာဖို့ မျှော်လင့်နေကြပါတယ်။
The Arsenal Empire
27/03/2026
🚨| TRANSFER NEWS
ဂိတ်အသင်းကတော့ လာမယ့်နွေရာသီ transfer window မတိုင်မီ ဂန်းနားအသင်းရဲ့ ဘယ်နောက်ခံကစားသမား Myles Lewis-Skelly ကို အချိုအချောင်ရဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဂန်းနားအသင်းအနေနဲ့ England လက်ရွေးစင်ကစားသမားဖြစ်တဲ့ စကယ်လီကို ခေါ်ယူဖို့ ကြိုးစားလာမှုများကို လက်ခံစဥ်းစားမှာမဟုတ်ပဲ ငြင်းဆိုသွားမယ်လို့သိရပါတယ်။
The Arsenal Empire
26/03/2026
🚨 ဂန်းနားအသင်းအနေနဲ့ Khvicha Kvaratskhelia ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလာတဲ့ ဂျိုလ်ကိုးလ်
🗣️“သူတို့လိုအပ်တာ တစ်ခုပဲ၊ အာ့တာ..ဆုဖလားပါ၊ ဒီရာသီဆုဖလားသာ ရနိုင်ခဲ့ရင်တော့ နောက်တစ်ဆင့်ကို တကယ်တက်နိုင်မယ်လို့ မြင်ပါတယ်… နောက်ရာသီအတွက် သူတို့ ဘာတွေစီစဉ်နေကြလဲဆိုရင် စျေးကွက်ထဲဝင်ကြည့်မှရပါမယ်။ လတ်တလော PSG တောင်ပံကစားသမား Kvaratskhelia ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ကြားရတယ်ဗျ။
သူတို့ ဒီကစားသမားကိုအသင်းထဲ ထည့်လိုက်နိုင်မယ်ဆိုရင် ဘယ်လောက်ထိ အားကောင်းသွားမလဲဆိုတာ စိတ်ကူးကြည့်ပါ…”
The Arsenal Empire
24/03/2026
🚨 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋
ဂန်းနားအသင်းဟာ လာမယ့်နွေရာသီ pre-season မှာ friendly ပွဲစဉ်အဖြစ် Real Betis နဲ့ ရင်ဆိုင်ကစားသွားမယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
ဒီပွဲကိုတော့ ဩဂုတ်လ ၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် Aviva Stadium မှာ ကစားမှာပဲဖြစ်ပါတယ်။
The Arsenal Empire
22/03/2026
🔴 𝗠𝗔𝗧𝗖𝗛𝘿𝘼𝙔 ⚪️
🆚 Manchester City
🕟 11.00pm (MYA)
🏆 Carabao Cup Final
🏟️ Wembley Stadium
🤝The Arsenal Empire
22/03/2026
🗣️ ဂယ်ရီနဗီးလ်
“Mikel Arteta ကို touchline မှာကြည့်လိုက်ရင် — သူ့လှုပ်ရှားပုံ၊ သူ့ technical area ကနေ ထွက်လာပုံတွေက သူကိုယ်တိုင် pitch ထဲ ဝင်ကစားချင်သလိုတောင် ဖြစ်နေတယ်။
ဒီလိုပုံစံတွေကြည့်ရင် သူက သူဘာလုပ်နေတယ်ဆိုတာကို အပြည့်အဝ သိတဲ့ coach တစ်ယောက်ဆိုတာ မြင်နိုင်တယ်။
သူ့ tactics ကို နားလည်တယ်၊ သူ့အသင်းကို နားလည်တယ်၊ သူ့ players တွေဆီက ဘာလိုချင်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း သိတယ်။
လူတွေက boring football လို့ ပြောချင်ပြောနိုင်တယ်… ဒါပေမယ့် ဒါက သူတည်ဆောက်ထားတဲ့ game plan ပဲ — နောက်ဆုံးမှာတော့ result ရအောင်လုပ်နိုင်တယ်။” 🔴⚪️
The Arsenal Empire
20/03/2026
🚨 Mikel Arteta က အတည်ပြုခဲ့တာကတော့ Arsenal အတွက် နောက်ထပ် ဒဏ်ရာပြဿနာအသစ် မရှိတော့ပါဘူး။
ဒါ့အပြင် Jurrien Timber နဲ့ Martin Ødegaard တို့လည်း တနင်္ဂနွေနေ့ squad ထဲ ပါဝင်နိုင်မယ့် အခွင့်အရေးရှိနေပါတယ်။
🏆 Carabao Cup Final မတိုင်မီ Arsenal အဖွဲ့ဟာ Mikel Merino ကိုသာ မပါဝင်နိုင်သေးဘဲ ကျန်ကစားသမားတွေ အားလုံး fit ပြည့်စုံနေတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီလို squad ပြည့်စုံမှုကြောင့် Arteta ရဲ့အသင်းဟာ Final ပွဲမှာ အကောင်းဆုံး lineup နဲ့ ဝင်ကစားနိုင်မယ့် အခွင့်အရေးကြီးတစ်ခု ရရှိထားပြီး၊ trophy ကို ဆွတ်ခူးဖို့ အပြည့်အဝ အဆင်သင့်ဖြစ်နေပါတယ် 🔴⚪️
The Arsenal Empire
အေးလေ အေးလေ😂