MMA Fight IQ Myanmar

MMA Fight IQ Myanmar

แชร์

🥊 UFC & MMA သတင်းများ MMA ပွဲများ ဆောင်းပါးများကို Fight IQ အမြင်နဲ့ သေချာရှင်းပြထားပါတယ်။
🚨 Breaking News
📊 Fight Cards
👊 Fighter Stories
🔥 Daily Updates

17/08/2026

လေးစားလွန်းရင်လည်း ရှုံးမှာဘဲ🔥🤫

ပုံမှန်ဆို Ian Garry ငနဲက ပြိုင်ဖက်တွေကို Trash Talk ပြောတက်တဲ့ဖိုက်တာပါ Islam Makhachev မဲ့ကျမှ “ကျွန်တော့် ထီး ကျွန်တော့် ထီး” ဆိုပြီးမှု စွတ် လေးစားပြသွားတယ် ငစား စဉ်းစားလို့မရဘူး

မှတ်ထား ပြိုင်ဖက်ကို အရမ်းလေးမိသွားရင်လည်း ကိုယ့်မှာ ရှိတဲ့ စွမ်းအင်တွေ ဖုံးကွယ်သွားတက်ကြတယ်

ဒေနာဝိုင် က ဒီကိစ္စနဲ့ ပတ်သက်ပြီး အခဲမကြေပုံရတယ် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ
“ဒါက တိုက်ပွဲပါ။ သောက်တစ်လွဲလုပ်ပြီး ဖက်နေရမယ့် နေရာ မဟုတ်ဘူး။ ငါတို့ က ကိုယ်စီ တိုက်ပွဲထဲမှာ ရှိနေတာပါ” ဆိုပြီးမှ ပြောသွားတယ် ဆိုလိုတာက Garry က Islam ကို နန်းချပေးနိုင်မယ်ထင်ပြီး ငနဲ ကို အောထားကာမှ ငနဲ က ဖျင်မခံရုံတမယ်စွတ်လေးစားပြသွားတော့ နိုင်ရမဲ့ဟာမနိုင်ဘဲ ဒေနာ ပလုန်သွားတယ်ပေါ့ကွာ🤭

နောက်တာမဟုတ်ဘူး Islam လေးချီမြောက်မှာတင် သက်လုံကျနေပြီ Garry ငါးချီ ပွဲပြီးတဲ့အထိ အလတ်ကြီးကျန်သေးတာ😳
ငနဲ သာ အဲ့အချိန်မှာ ဘီလူးဆိုင်းတီးပြလိုက်ရင် ပွဲက တစ်မျိုးပြောင်းသွားနိုင်တယ် ဆရာသမားက နောက်ဆုံးအချီမှာ ဖက်ပါပြလိုက်သေးတယ် ဒေနာ ပြောလည်းပြောချင်စရာဘဲ လခွမ်း

17/08/2026

Michael Morales ထက် Carlos Prates ကို ပိုကြိုက်တယ်👀🔥

Islam Makhachev နဲ့ Carlos Prates သာ ပွဲဖြစ်ရင်သေချာပေါက် အမှတ်အဆုံးဖြတ်ထိမရောက်ဘူး ကျွန်တော်အရှေ့မှာ Michael Morales ရဲ့ အားနည်းချက်တစ်ချို့ကို ပြောပြပြီးပါပြီ လူတိုင်းက Islam က Carlos Prates ကို အေးဆေး အနိုင်ယူပြနိုင်တယ်ဘဲပြောကြတယ် တကယ်တော့ ထင်သလောက် လွယ်မနေပါဘူး

Carlos Prates က UFC အဖွဲ့စည်းမှာ 9 ပွဲထိုးထားပြီး အဲ့ထဲကမှ 8 ပွဲက အလဲထိုးပြထားတာ Ian Garry တစ်ယောက်ကိုဘဲ အရေးနိမ့်ဖူးတာပါ Islam အနေနဲ့ Ian Garry ကို နိုင်လို့ Carlos Prates အေးဆေးနိုင်မယ်လို့ထင်ရင်မှားသွားမယ် MMA က ဘာမဆိုဖြစ်နိုင်တယ် မှတ်မှတ်ရရ အင်တာဗျူးတစ်ခုမှာ Islam က အပြင်မှာ ဆေးလိပ်သောက် အရက်သောက်ပျော်ပါးပြီး Cage ထဲရောက်ရင် ပြိုင်ဖက်ကို အလဲထိုးပြတက်တဲ့ Carlos Prates ကို သဘောကျကြောင်းပြောဖူးတယ်

ဗေဒင်မေးစရာမလိုဘူး Islam ရဲ့ နောက်ပြိုင်
ဖက်က Carlos Prates ဘဲ ဒီနှစ်ယောက်သာ ပွဲဖြစ်ရင် အမှတ်အဆုံးအဖြတ်ထိမရောက်ဘူး သေချာပေါက် တစ်ယောက်မဟုတ်တစ်ယောက်မောက်လိမ့်မယ် Islam နိုင်ဖို့ အခွင့်ရေးများပေမဲ့ Carlos Prates က Islam ကို တစ်ခြားသူတွေထက်ပိုပြီး ဒုက္ခပေးနိုင်ပါလိမ့်မယ်🤫

17/08/2026

Shavkat Rakhmonov နဲ့ Islam Makhachev တို့ တွဲဆိုင်းက စိတ်ကူးရင် တွဲဆိုင်းဘဲ🔥🤫

လူတော်တော်များများက ရှားကတ် နဲ့ Islam နဲ့တွေ့ရင် ဘာဖြစ်တယ်ညာဖြစ်မယ်ပြောနေကြပေမဲ့ ဒါတွေဖြစ်လာဖို့ ရာခိုင်နှုန်းအရ နည်းသွားပါပြီ အကောင်းပြောတာ Islam နောက်ထပ်အများဆုံးထိုး နှစ်ပွဲနဲ့ သုံးပွဲဘဲ အဲ့ဒါပြီးရင် နားပြီ

ရှားကတ် အနေနဲ့ Islam နဲ့တွေ့ဖို့ထက် အရင် Ranking ထဲအရင်ဝင်အောင်လုပ်ရဦးမယ် 1 to 5 ထဲက တစ်ယောက်ယောက်ကို အရင်အနိုင်ယူပြပြီးမှ မျှော်လင့်လို့ရမယ် ဒီလောက်ဆို Islam အနေနဲ့ Carlos Prates နဲ့ Michael Morales တို့ကို အလှည့်ပေးရဦးမယ် ဆိုတော့ ရှားကတ် နဲ့ Islam တွေ့ဖို့က စိတ်ကူးယဉ်ယုံမှတစ်ပါးမရှိတော့ဘူး

ရှားကတ် ရဲ့ ဒူးဒဏ်ရာက နှစ်ရှည်ဒဏ်ရာဖြစ်သွားတယ် အရင်လိုပြန်မလာနိုင်မှာ စိတ်ပူမိတယ် အရှေ့မှာ ဒူးပြသနာတွေကြောင့် အရင်းနိမ့်ခဲ့ရတဲ့ ကစားသမားတွေမနည်းတော့ဘူး ဆိုတော့ ဒဏ်ရာအခံရှိတဲ့ကစားသမားက ပြိုင်ဖက်ကို ဓားတစ်ချောင်း အပိုတက်ပေးထားတာနဲ့အတူတူဘဲ နားလည်ကြပါစေ

16/08/2026

Islam Makhachev နဲ့ Michael Morales နဲ့တွေရင် သေချာပေါက် Islam Makhachev စားသွားလိမ့်မယ်🔥👀

နောက်နေတာမဟုတ်ဘူး Morales က Power တစ်ပေါက်ကောင်းပေမဲ့ ဘရာဇီး ဘစိုင်း လို ဖိုက်တာတိုင်းက ရှိန်နေလို့ ကျတာများတယ် နောက်ဆုံးထိုးခဲ့တဲ့ Gilbert Burns နဲ့ပွဲမှာ Strike 54 ချက်တိတိထွက်ပြီး အဲ့ထဲကမှ အချက် 30 သာထိပါတယ် Sean Brady နဲ့ပွဲတုန်းကလည်း အဲ့လိုဘဲ Strike 52 ချက်မှာ 24 ချက်သာတိပါတယ် ဆိုတော့ ထိုးချက်ရဲ့ တစ်ဝက်တိတိက လေထဲမှပျောက်သွားတယ်ဆိုပါတော့

Michael Morales က ကျွန်တော်အကြိုက် ကစားသမားပါ ပွဲစတာနဲ့ စွတ်စပ်ဝင်ဗျင်းတက်တဲ့ဖိုက်တာပါ ဒါတွေက ပြသနာ Islam လို ဖိုက်တာအစုံနဲ့တွေးဖူးတဲ့သူကျတော့ Take Down အတွက် တံခါးဖွင့်ပေးလိုက်သလိုဖြစ်သွားနိုင်တယ်

တစ်ခုတော့ရှိတယ် Islam လို ဖိုက်တာနဲ့တွေ့ရင် မာယာများတက်ရမယ် ဆိုလိုတာက မူရင်းပုံအတိုင်းသွားဆော့လို့မရဘူး ဒီနေရာမှာ Carlos Prates က ဆရာကျတယ် Morales အနေနဲ့ အကွာဝေးထိန်းဆော့ပြီး ခေါင်းလုံအောင်ကာထားရင် စွတ်စပ်ဝင်မထိုးရင် လှဲချခံရရင် Ian Garry လို ချက်ချင်း Cage ဘေးကို ပြေးပြီး ပြန်အားယူခွါဆော့တက်ရင်တော့ မျှော်လင့်လိုရပါတယ် Islam အနေနဲ့ Morales ကို Stand ပိုင်းမှာတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး

Islam Makhachev ကလည်း သောက်ရူးမှမဟုတ်တာ Morales ကို ယှဉ်ထိုးရအောင် ဆိုတော့ ဘာဖြစ်မလဲသိတယ်မလား🤫

16/08/2026

Islam Makhachev သာ Carlos Prates နဲ့ Michael Morales ကို ချွတ်ယွင်းချက်မရှိအနိုင်ရခဲ့ရင် သေချညပေါက် GOAT စာရင်းသွင်းခံရလိမ့်မယ်🔥👀

ဒီစကားကို Islam ရဲ့ နည်းပြ Javier Mendez ကိုယ်တိုင်ပြောထားတာပါ သေချာပြန်ကြည့်ရင် ဟုတ်ပါတယ် Islam အနေနဲ့ Lightweight တန်းမှာ လုပ်ပြစရာကုန်နေပါပြီ ဝယ်သာ ဝိတ်တန်းမှာလည်း ခါးပတ်ကိုင်ထားတဲ့ ချန်ပီယံ JDM ကို အနိုင်ယူပြပြီးတော့ အခု လူငယ်ခြေတက် အိုင်ယာလန်သား Ian Garry ကိုလည်း အနိုင်ယူပြပြီး ချန်ပီယံကာကွယ်ပြသွားခဲ့ပါပြီ

Islam အနေနဲ့ အများဆုံး ဆက်ကစားမယ်ဆိုရင် အများဆုံး နှစ်ပွဲနဲ့ သုံးပွဲဘဲ အခုဝယ်သာဝိတ်တန်းမှာ ခြေစွာနေတဲ့ဖိုက်တာဆိုလို့ Carlos Prates နဲ့ Michael Morales ဘဲကျန်တော့တယ် ဒီနှစ်ယောက်ကိုသာ အနိုင်ရသွားခဲ့ရင် Islam ရဲ့ စံချိန်ကို ကျော်တက်နိုင်မဲ့ ဖိုက်တာရှိမယ်မထင်တော့ဘူးလို့ မြင်မိတယ်

ဒီပုံစံအတိုင်းနဲ့သာဆို Carlos Prates လည်း လွယ်မှာမဟုတ်သလို Michael Morales အတွက်လည်း လွယ်မှာမဟုတ်ဘူး သေချာတာတစ်ခုကတော့ ဒီနှစ်ယောက်ကို အနိုင်ရခဲ့ရင် Islam Makhachev အနေနဲ့ GOAT စာရင်း ချိတ်သွားပါလိမ့်မယ်🔥🥊

Photos from MMA Fight IQ Myanmar's post 16/08/2026

ကဲ UFC 333 အတွက်ကတော့ အဘူဒါဘီ မှာကျင်းပသွားမှာပါ ခေါင်ပွဲကို Alexander Volkanovski နဲ့ Movsar Evloev တို့ကို သွေးပေါင်ပေးချိန်ထားပြီး ဒုခေါင်ပွဲကိုတော့ Petr Yan နဲ့ Merab တို့ကို သွေးပေါင်ချိန်ခိုင်းထားတယ် မိုက်ပါတယ် တစ်ခြားအောက်ပိုင်းက တွဲဆိုင်းတွေလည်း ရှယ်မိုက်ပါတယ် ဒီနှစ်ပွဲလုံးကတော့ အချိန်အပြည့်ကြည့်ရပါလိမ့်မယ်🔥🥊

16/08/2026

အေး မင်း တို့ နှစ်ယောက်ဘဲ ကောင်းတယ် သောက်လိုက်စားလိုက်နဲ့ သာသာယာယာဘဲနော်🙄

Photos from MMA Fight IQ Myanmar's post 16/08/2026

ချန်ပီယံ ခါးပတ်ကို အောင်မြင်စွာ ကာကွယ်ပြသွားတဲ့ Islam Makhachev 👀🔥

ပွဲက ထင်တဲ့အတိုင်းပါဘဲ Islam အနေနဲ့ Garry ကို ဒီထက်ပိုပြီး ဘာမှလုပ်ပြလို့မရပါဘူး သူအားသန်တဲ့ နပန်းနဲ့ဘဲ အချိန်ပြည့်ကစားပြသွားပြီးတော့ Time Control တွေကြောင့်ပါ ဒုတိယအချီမှာ Islam ရဲ့ အမြင့်ကန်ချက်ကြောင့် Garry တစ်ချက်ကျသွားသေးတယ် ပြန်ထနိုင်လို့သာ ပွဲဆက်ကနိုင်သွားတာပါ

Garry အနေနဲ့ Islam ရဲ့ Take Down တွေကို တစ်ကြိမ်သာကာကွယ်နိုင်ပြီး အကြိမ်တိုင်းလှဲချခံထိပါတယ် Garry ရဲ့ လက်တံခြေတံရှည်လို့သာ Islam ရဲ့မျက်နှာ နည်းနည်း မှည့်သွားတာပါ

တစ်ခုတော့ သတိထားမိတယ် Garry က Islam ရဲ့ပြိုင်ဖက်တွေထဲမှာ အတော်လေးကောင်းတယ်ပြောရမယ် သက်လုံအပိုင်းလဲ ပွဲပြီးတဲ့အထိ အစ ပါဘဲ အချီတိုင်း လှဲချခံရပေမဲ့ တစ်ခြားပြိုင်
ဖက်တွေထက် အလျှင်အမြန်ပြန်ရုန်းထွက်နိုင်ခဲ့ပါတယ်

ဘာဘဲဖြစ်ဖြစ် Garry အနေနဲ့ 28 နှစ်သာရှိသေးတော့ ဒါအဆုံးသတ်မဟုတ်ကြောင်းကိုတော့ ပြောပါရစေ အနိုင်ရသွားတဲ့ Islam Makhachev ကို အသိမှတ်ပြုပါတယ် ပျင်းစရာကောင်းတယ်လို့ဆိုရပေမဲ့ သူ ကျွမ်းကျင်တဲ့အရာကိုချပြသွားတာပါဖြစ်လို့ ကြည့်ကောင်းနေပြန်ပါတယ်🔥

Photos from MMA Fight IQ Myanmar's post 16/08/2026

Charles Johnson က ချုပ်ကွက်နဲ့ နိုင်သွားပေမဲ့ အထင်ကြီးစရာတော့မရှိဘူး🔥👀

ပြိုင်ဖက် ဘရာဇီးသား Eduardo Chpolin က ရက်ပိုင်းအတွင်းလူစားဝင်ထိုးရတာဖြစ်လို့ ဝိတ်ငြိပြီးပေးထိုးလိုက်ရတယ် ဒါကြောင့်ပွဲထဲမှာ Charles Johnson က အကောင်းကြီးနေတယ်

ဒါတောင် ပထမအချီမှာ ဝင်လုံးတာမရလိုက်ဘူးဒုတိယအချီမှာ ကျပြီထင်တာ Chapolin လိုက်မထိုးတော့ ပွဲမပျက်သွားဘူး ဒုတိယအချီလောက်ကတည်းက နှစ်ယောက်လုံးသက်လုံကုန်နေပြီ တတိယအချီ တစ်မိနစ်ကျော်မှာဘဲ Charles Johnson က ဂုတ်ပေါခွ လှဲချပြီး ချုပ်ပြသွားတာ ဘရာဇီးသား လက်ပုတ်လိုက်ရရော

တကယ်တော့ ဘရာဇီးသားလေးက ကောင်းပါတယ် Johnson ကို ရှိန်ပြီး မလိုက်ရဲတာကြောင့် ပြန်အထိနာသွားတာပါ သက်အတော်အာနည်းပါတယ် ဘာဘဲဖြစ်ဖြစ် Johnson ကတော့ နောက်ဆုံးလေးပွဲမှာ 2ပွဲနိုင်ပြီး 2ပွဲ ရှုံးရလဒ်ပိုင်ဆိုင်ထားပါ
တယ်

15/08/2026

UFC 330 ပွဲတွေ စတင်ကျင်းပနေပါပြီ အောက်က Telegram မှာ သွားရောက်ကြည့်ရှူနိုင်ပါတယ်

https://t.me/mmafightiqmyanmar

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok