MFFG Live -1

MFFG Live -1

แชร์

နောက်ဆုံးရဘောလုံးသတင်းများ

28/08/2026

ချဲလ်ဆီးအသင်းသည် အက်စတွန်ဗီလာအသင်း၏ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ် ကို ပေါင် ၇.၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

28/08/2026

ပေါ်တူဂီ လူငယ်လက်ရွေးစင်ကစားသမားဟောင်း ဂယ်ဆင် အား ရန်ကုန်စီးတီးအသင်း ခေါ်ယူ

28/08/2026

ချန်ပီယံလိဂ်မှာမန်ယူနိုက်တက်ရင်ဆိုင်ရမယ့်အသင်းများ

ဘိုင်ယန်(အိမ်)
အေတီကို(အဝေး)
ရိုးမား(အိမ်)
စပို့တင်း(အဝေး)
လိုက်ဇစ်(အိမ်)
ဗီလာရီးရဲလ်(အဝေး)
ဆာဘတ်(အိမ်)
ကိုမို(အဝေး)

27/08/2026

U 17 Asian Cup Qualifiers အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် မြန်မာ U 17
မြန်မာ ယူ-၁၇ အသင်းဟာ အာရှဖလား ယူ-၁၇ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲမှာတော့ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားအသင်းတို့နဲ့အတူ အုပ်စု(A)မှာ ကျရောက်နေပါတယ်။ ခြေစစ်ပွဲမှာတော့ အုပ်စု(၇)ခု ပါဝင်မှာဖြစ်ပြီး အုပ်စုပထမ ရရှိတဲ့ အသင်း(၇)သင်း ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။ မြန်မာ ယူ-၁၇ အသင်း ပါဝင်နေတဲ့ ခြေစစ်ပွဲ အုပ်စု(A) ပွဲစဥ်တွေကိုတော့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ၎င်းပွဲစဥ်တွေကိုတော့ လာမယ့် နိုဝင်ဘာလ (၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

27/08/2026

ပွဲပြီးသုံးသပ်ချက် 🔍
**Real Madrid 4-1 Real Sociedad**

ပွဲရလဒ်ကိုကြည့်ရင် Real Madrid က အပြတ်အသတ်အနိုင်ရခဲ့သလို ထင်ရပေမယ့် တကယ်တမ်း ပွဲရဲ့အကြောင်းအရာက အဲဒီလို မရိုးရှင်းခဲ့ပါဘူး။

ပထမပိုင်းမှာ Real Sociedad က ကွင်းလယ်ကို ကျစ်ကျစ်လျစ်လျစ် ထိန်းချုပ်ပြီး Real Madrid ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဘောလုံးပြန်ရတိုင်းလည်း အမြန်ဆုံး Transition နဲ့ ပြန်တိုက်စစ်ဆင်ခဲ့တာကြောင့် Madrid ဘက်က Build-up ကစားပုံဟာ မကြာခဏ ပျက်ခဲ့ရပါတယ်။ အဲဒါကြောင့် ပထမပိုင်း ၁-၁ ဆိုတဲ့ရလဒ်က ပွဲအနေအထားနဲ့ ထိုက်တန်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ Real Madrid က လုံးဝမတူတဲ့အသင်းတစ်သင်းလို ပြန်ထွက်လာခဲ့ပါတယ်။

ကွင်းလယ်မှာ Jude Bellingham ကို ကွင်းလယ်တစ်ဝိုက်မှာ စိတ်ကြိုက်လှုပ်ရှားစေခဲ့ပြီးMbappé နဲ့ အနီးကပ်ချိတ်ဆက်ကစားစေခဲ့တာက ပွဲရဲ့အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။ တောင်ပံကနေ တင်ရုံမဟုတ်တော့ဘဲ ကွင်းလယ်ကို ဖောက်ဝင်တဲ့ Combination Play တွေ ပိုများလာပြီး ဘောလုံး ဆုံးရှုံးတာနဲ့ ချက်ချင်းဖိအားပေးတဲ့ Counter-Pressing ကြောင့် Sociedad က ပြန်လည်တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေး မရှိသလောက်ဖြစ်သွားခဲ့တယ်။

Mbappé ကတော့ ဒီပွဲမှာ ကောင်းမွန်တဲ့ Striker တစ်ယောက်ဆိုတာထက် ပိုပြခဲ့ပါတယ်။ နောက်တန်းကြားထဲကို အချိန်ကိုက်ပြေးဝင်တာ၊ နေရာလွတ်ရှာနိုင်တာ၊ အဆုံးသတ်ပိုင်းမှာ အေးအေးဆေးဆေး ဆုံးဖြတ်နိုင်တာတွေက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက်ရဲ့ အရည်အသွေးကို ထင်ဟပ်စေခဲ့ပါတယ်။

Hat-trick ရခဲ့တဲ့ Mbappé က Man of the Match ဖြစ်တာ မဆန်းပေမယ့် ဒီနိုင်ပွဲရဲ့ နောက်ကွယ်မှာ အသင်းရဲ့ကစားပုံကို အသက်သွင်းပေးခဲ့သူက Jude Bellingham လို့ ဆိုရမှာပါ။ သူ့ရဲ့ လှုပ်ရှားမှု၊ ဘောလုံးဖြန့်ဝေပုံနဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးနိုင်စွမ်းက Madrid ရဲ့ ဒုတိယပိုင်း အသာစီးရမှုအတွက် အရေးပါတဲ့အချက် ဖြစ်ခဲ့ပါတယ်။

**အနှစ်ချုပ်အနေနဲ့** ဒီပွဲဟာ Real Madrid ရဲ့ တစ်ဦးချင်းစွမ်းရည်ကြောင့်သာ အနိုင်ရခဲ့တာမဟုတ်ဘဲ၊ ပထမပိုင်း အားနည်းချက်တွေကို အချိန်မီပြင်ဆင်နိုင်ခဲ့တဲ့ နည်းပြရဲ့ Tactical Adjustment၊ ကွင်းလယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ Bellingham ရဲ့ စွမ်းဆောင်ရည်နဲ့ Mbappé ရဲ့ အဆုံးသတ်အရည်အသွေးတို့ ပေါင်းစပ်ပြီး ရရှိခဲ့တဲ့ နိုင်ပွဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

**⭐ Player of the Match – Kylian Mbappé**
**🎯 Unsung Hero – Jude Bellingham**

Photos from MFFG Live -1's post 27/08/2026

Done Deal ဘူအာဒီ

ဒီနွေမှာအသင်းရဲ့ထောက်တိုင်တွေအားလုံးဆုံးရှုံးသွားတဲ့ မန်စီးတီးအသင်းဟာ လိုင်လီအသင်းကွင်းလယ်လူ ဘူအာဒီကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါပြီ။

26/08/2026

စပါး အသင်းကို တရာသီ အငှါး နဲ့ အိုမာမားမွတ် ရောက်ရှိပါပြီ သဘောတူညီချက်ထဲမှာ အပြီးသတ်ပြောင်းရွှေ့ပါ ပါဝင်ပါတယ်

26/08/2026

ပြောင်းရွှေ့ကြေး ၄၈ သန်းနဲ့ နီကိုဂွန်ဇာလက်ဇ် နယူးကားအသင်းထံအပြီးသတ်ပြောင်းရွှေ့ခဲ့ပါပြီ

26/08/2026

**🚨 BREAKING TRANSFER**

**ရာဖေးလ် လီအိုက ပရီးမီးယားလိဂ်ကို ရောက်လာတော့မလား? 👀**

Transfer Window ပိတ်ဖို့ ရက်ပိုင်းသာ ကျန်တော့တဲ့အချိန်မှာ **AC Milan** တောင်ပံကြယ်ပွင့် **Rafael Leão** ရဲ့ အနာဂတ်က ဘောလုံးလောကရဲ့ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။

သတင်းတွေအရ **Aston Villa** ဟာ Leão ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ စတင်ထားပြီး၊ ကစားသမားဘက်ကလည်း ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှုအသစ် ရင်ဆိုင်ချင်တယ်လို့ ဆိုထားပါတယ်။

💬 **သင်သာ Aston Villa နည်းပြဆိုရင် Rafael Leão ကို ခေါ်ယူမလား?**

* ❤️ ခေါ်ယူမယ်
* 😮 ဈေးကြီးလွန်းတယ်
* 😆 တခြားအသင်းနဲ့ ပိုလိုက်ဖက်တယ်

**Comment မှာ ဘယ်အသင်းကို ရောက်စေချင်လဲ ပြောခဲ့ပါဦး။** 👇

Photos from MFFG Live -1's post 26/08/2026

PFA အကောင်းဆုံးကစားသမားဆု ဘရူနိုဖာနန်ဒက်စ် ရရှိ

ပရီးမီးယားလိဂ်ကလပ်မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok
10100