31/08/2026
"BLAST Open Fall 2026 -Group Stage Day 6"
Group stage ရဲ့နောက်ဆုံးနေမှာတော့ လက်ကျန် playoffs ဝင်ခွင့် 2 နေရာအတွက်ယှဉ်ပြိုင်ရမယ့် lower bracket final 2 ပွဲနဲ့ group winner လုရမယ့် upper bracket final 2 ပွဲပဲကျန်ရှိနေပါတော့တယ်။
Spirit vs FURIA - group A upper bracket final
Spirit က round တစ်ခုချင်းစီကို structure နဲ့ထိန်းဆော့ပြီး mid-round decision လည်းကောင်းတဲ့အသင်းပါ ။ Donk လို player ရှိနေတော့ firepower ပိုင်းလည်းအားနည်းချက်မရှိပါဘူး။ Aggressive entry တွေနဲ့ fast pace ကောင်းတဲ့ Furia ကလည်းလက်ရှိမှာ momentum ကောင်းနေတဲ့အသင်းပါ။ ဒါပေမဲ့ Spirit ရဲ့ firepower နဲ့ team coordination ကိုယှဉ်နိုင်ဖို့တော့ နည်းနည်းလိုအပ်ချက်ရှိနေသေးလို့ Spirit ကိုပဲ group winner အဖြစ်မြင်ရဖို့ရှိပါတယ်။
G2 vs Aurora - group A lower bracket final
Lower bracket final တွေကနိုင်တဲ့အသင်းပဲ playoffs qualify ဖြစ်နိုင်မှာမလို့ G2 နဲ့ Aurora ထဲကအသင်းတစ်သင်းကတော့ ဒီပွဲပြီးရင် အိမ်ပြန်ရဖို့ဖြစ်လာမှာပါ။ Ranking အရတော်တော် close ဖြစ်တဲ့ matchup ဆိုပေမဲ့ G2 က tournament အစမှာ Aurora ကို 2-0 နဲ့နိုင်ထားဖူးပါတယ်။ ဒါကြောင့်ဒီပွဲမှာမရှုံးချင်ရင် firrepower ကြီးတဲ့ G2 ရဲ့ aggression ကို Aurora ဖက်က round တစ်ခုချင်းစီတိုင်းမှာ decipline ကောင်းကောင်း၊ teamwork ကောင်းကောင်းနဲ့ ထိန်းနိုင်ဖို့ကြိုးစားရပါလိမ့်မယ်။ လက်ရှိ form အရတော့ Aurora ဖက်မှာဒီလိုလုပ်နိုင်စွမ်းရှိမနေဘူးလို့ထင်ပါတယ်။
MOUZ vs Falcons - group B Upper bracket final
MOUZ က round တွေကို individual duel နဲ့ချည်းမဖြေရှင်းဘဲ utility , space, trade,mid-round adjustment တွေနဲ့ တဖြည်းဖြည်းဖိတဲ့အသင်းပါ။ ဒီလိုအသင်းက Falcons ရဲ့ aggressive play ကိုအချိန်ကြာလာတာနဲ့ ပိုဖတ်လာနိုင်ပါတယ်။ ဒါပေမဲ့ NiKo + m0NESY + kyousuke ဆိုတဲ့ Falcons ရဲ့ core က MOUZ ကို opening duel တွေမှာအပြတ်အသတ်အနိုင်ယူပြီး eco အရမ်းကွာအောင်လုပ်လိုက်နိုင်ရင်တော့ သူတို့ရဲ့ tactical setup တွေကအလုပ်မဖြစ်နိုင်တော့ပါဘူး။MOUZ ဖက်ကပြန်ကြည့်ရင်လည်း Falcons ရဲ့ aim duel ထဲကိုဝင်မယှဉ်ဘဲ space control လုပ်ပြီး late-round ဆွဲနိုင်ရင်အနိုင်ရနိုင်ခြေရှိပါတယ်။ တစ်ဖက်နဲ့တစ်ဖက်က အားသားချက်ကိုယ်စီနဲ့ဆိုတော့ pick တွေမှာကိုယ်စီအနိုင်ရပြီး decision map အထိ ကစားသွားရမယ်ထင်ပါတယ်။
FUT vs Vitality - group B lower bracket final
FUT က disciplined team ဆိုပေမဲ့ individual skill ,experience, late-round decision making တွေသိသိသာသာပိုကောင်းတဲ့ Vitality ကိုတော့ တစ်ပွဲလုံးထိန်းထားနိုင်ဖို့ခက်ပါတယ်။ FUT တို့ Map ရွေးမှန်ပြီးအစပိုင်းမှာ lead ရသွားရင်တောင် ZywOo လို player ရှိနေတဲ့အသင်းက comeback လာဖို့မခက်ပါဘူး။ ဒါကြောင့်နောက်ဆုံးလက်ကျန် playoffs တစ်နေရာစာက Vitality အတွက်ပဲဖြစ်သွားပါလိမ့်မယ်။
28/08/2026
"BLAST Open Fall 2026 - Group Stage Day 3"
Day 3 မှာတော့ group A ရဲ့ Round 2 ပွဲစဉ်တွေကစားကြပါမယ်။ ဒီထဲမှာ elimination ပွဲစဉ်တွေဖြစ်တဲ့ lower bracket 2ပွဲလည်းပါတာကြောင့် အဖွင့်ပွဲတွေမှာခြေချော်လက်ချော်ဖြစ်ထားတဲ့ Navi နဲ့ Aurora တို့အသင်းကြီးတွေအနေနဲ့ ပေါ့ဆလို့မရတော့ပါဘူး။
Aurora vs DENDELE
World ranking #11 vs #33 ပွဲပါ။ Aurora က overall quality နဲ့ experience ပိုမြင့်ပါတယ်။ Recent 3 months မှာလည်း win rate က 62.5% ရှိထားပါတယ်။ DENDELE ကတော့ win rate 50% သာရှိပါတယ်။ 2 သင်းလုံးက 0–2 နဲ့ရှုံးထားကြတာချင်းတူပေမဲ့ DENDELE က Spirit ကို Ancient 8–13, Cache 7–13 ဆိုပြီး map နှစ်ခုလုံးမှာ completely collapse မဖြစ်အောင်ကစားထားနိုင်ပါတယ်။ ဒါကြောင့် DENDELE ကို Aurora 2–0 သေချာပါတယ်လို့တော့ ပြောဖို့ခက်ပါတယ်။
G2 vs Spirit
ဒီနေ့ကစားမယ့် ၄ ပွဲထဲမှာ individual skill ceiling အမြင့်ဆုံး matchup တစ်ခုပါ။ Spirit ရော G2 ရော round 1 ကို 2–0 နဲ့နိုင်ထားပြီးဒီ tournament ကို strong start လုပ်ထားနိုင်ပါတယ်။ H2H တွေမှာတော့ Spirit ရဲ့ consistency နဲ့ high-end firepower ကပိုကောင်းနေတာတွေ့ရပါတယ်။ HLTV ရဲ့ recent 3-month comparison မှာလည်း Spirit ရဲ့ highlighted player side က G2 ထက် rating/KPR/KAST/ADR အားသာချက်အများကြီးရှိလို့ ဒီပွဲတော့ Spirit ပဲရွေးသင့်ပါတယ်။
NAVI vs paiN
M80 ကိုရှုံးထားတဲ့ NAVI အတွက်တော့ response game ဖြစ်သွားပါပြီ။ M80 ကို round အသာကြီးနဲ့ map 1 မှာနိုင်ပြီး 2 ပွဲဆက်ပြန် comeback ခံလိုက်ရတဲ့ Navi ရဲ့ consistency ကတကယ်ကိုမေးခွန်းထုတ်စရာကြီးပါ။ ခုပွဲမှာဆိုရင်လည်း Pure roster strength မှာ paiN ထက်ပိုမြင့်နေပေမဲ့ နိုင်ဖို့အတွက်တော့ယုံရခက်ခက်ဖြစ်နေပါတယ်။ နိုင်ရင်တောင်အချိန်မရွေး map 1 ပြန်ပေးရပြီးမှနိုင် နိုင်တယ်လို့ပဲမြင်ပါတယ်။
M80 vs FURIA
ဒီ 2 သင်းကနာမည်ကြောင့်သာ form အရမ်းကွာတယ်ထင်ရပေမဲ့ gap တော့ထင်ထားသလောက်မကွာနိုင်လောက်ပါဘူး။ M80 က NAVI ကို 2–1 comeback နိုင်ခဲ့လို့ confidence boost ဖြစ်နေလောက်ပါတယ် ။ Cs2 ဆိုတဲ့ game ကလည်း mental အရမ်းစကားပြောလို့ confidence ကောင်းနေတာကအားသာချက်တစ်ခုပါ။ ဒီ 2 သင်းရ H2H မှာရော overall အရပါ ယှဉ်လိုက်ရင် FURIA ကပိုကောင်းတဲ့အသင်းဆိုပေမဲ့ M80 မှာလည်း solid map တစ်ခုရအောင်ယူနိုင်တဲ့အရည်အချင်းရှိပါတယ်။ ဆိုတော့ M80 ကဒီ matchup ကိုတခြမ်းစောင်းဖြစ်မသွားအောင်ထိန်းသွားနိုင်မယ်လို့ခံစားမိပါတယ်။
26/08/2026
အတိတ်က အမုန်းတွေကို သင်ပုန်းချေပြီး TI party မှာ ပြန်လည်သင့်မြတ်နေတဲ့ Arteezy နဲ့ Davai.
အရင်တုန်းက အာတီးဇီးဟာ Pubs ပွဲတွေမှာ Davai ရဲ့ကစားပုံတွေကို မေးခွန်းထုတ်လေ့ရှိပြီး rank 100 leaderboard ထဲမှာ Davai ကို အဆိုးဆုံး offlaner တစ်ယောက်လို့ပြောလေ့ရှိခဲ့ပါတယ်။
26/08/2026
Puppey တစ်ယောက်သူ့ရဲ့သားလေး Satanic အပေါ် Dota 2 တင်မကပဲ ပြင်ပ lifestyle communication တွေပါ သင်ပေးနေရတဲ့ပုံပါပဲ။
Puppey 🗣️ :
"Satanic က ကလေးပဲ ရှိသေးတာလေ။ ဒါပေမဲ့ သူက Dota ကစားတဲ့သူတွေနဲ့ပဲ စကားပြောနေကျ ဖြစ်နေတာ။ ငါသိသလောက်တော့ သူ့မှာ ပြင်ပဘဝ အပြင်လောက သူငယ်ချင်း သိပ်မရှိဘူး။ အဲ့တော့ ငါက သူ့ကို 'ဟေ့ကောင်... မဟုတ်သေးဘူး၊ ငါ့ကို အဲ့ဒီလို ပုံစံမျိုးနဲ့ စကားလာမပြောနဲ့' ဆိုပြီး ပြောပြရတယ်။ သူလည်း အဲ့ဒါကို နားလည်သွားပါတယ်။"。
26/08/2026
NoOne 🗣️🗣️🗣️
“ ငါအရှုံးမပေးသေးဘူး။ နောက်တစ်နှစ်လောက်ထိ ငါကစားနိုင်သေးယ်။ အသင်းကလဲ ငါ့ကို Kick မယ့်ပုံမပေါ်ပါဘူး။ “
26/08/2026
"BLAST Open Fall 2026 - Tournament Overview "
TI ပြီးစ Dota2 ဖက်မှာပြိုင်ပွဲကြီးတွေခဏတာအနားယူနေပေမဲ့ Cs2 ဖက်မှာတော့ခပ်စိပ်စိပ်ကျင်းပသွားဖိုရှိပါတယ်။ မနက်ဖြန်မှာဆိုရင် Cs2 : S-Ttier event တစ်ခုဖြစ်တဲ့ "BLAST Open Fall 2026 " ကို BLast Organization ကစီစဉ်ကျင်းပမှာဖြစ်လို ဒီပြိုင်ပွဲအကြောင်းသိသင့်တာလေးတွေကို tournament overview အဖြစ်ဖော်ပြပေးလိုက်ပါတယ်။
BLAST Open Fall ပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း group stage ပွဲစဉ်တွေကိုဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်မြိုက BLAST studio မှာ ပရိတ်သတ်မပါဘဲကျင်းပမှာဖြစ်ပြီး playoffs ပွဲစဉ်တွေကျမှသာ ပေါ်တူဂီနိုင်ငံ၊ပေါ်တိုမြိုက Super Bock Arena ကပရိတ်သတ်ရှေ့မှောက်မှာကစားကြဖို စီစဥ်ထားကြပါတယ်။ ဆိုတော့ LAN type ပဲကစားကြမှာပါ။
ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေအတွက် Prize Pool ကို BLast ဖက်က USD 1.1M သတ်မှတ်ထားပြီး FFP Tokens တွေပါခွဲဝေချီးမြှင့်သွားမယ်လိုသိရပါတယ်။ ပြိုင်ပွဲကာလကတော့ 12 ရက်တာကြာမြင့်နိုင်ပြီး မနက်ဖြန် 26.8.2026 မှာစတင်ကာ 6.9.2026 မှာအဆုံးသတ်သွားဖိုစီစဉ်ထားကြပါတယ်။
'BLAST Open Fall 2026 မှာပါဝင်ယှဉ်ပြိုင်ကြမယ့်အသင်းများ'
စုစုပေါင်း 16 သင်းပါဝင်မှာဖြစ်ပြီး
ဒီထဲက 12 သင်းကတော့ Valve Regional Standings အရ direct invite ရထားတဲ့ G2, Spirit, paiN, Vitality, FUT, ,Natus Vincere, 9z, MOUZ, Falcons, Legacy ,FURIA နဲ့ Aurora တိုဖြစ်ပါတယ်။ paiN ကတော့ BB အစား slot တစ်ခုရလာတာပါ။ BB တိုက player တွေရဲ့ Visa သက်တမ်းကုန်ဆုံးမယ့်အခြေအနေနဲ့ရင်ဆိုင်လိုက်ရလို invite ကိုပယ်ချခဲ့ရပါတယ်။
ကျန် 4 သင်းကတော့ နဲ့ Regional Qualifier တွေဖြစ်တဲ့ M80, DENDELE CS, Lynn Vision နဲ့ IC Esports တိုပဲဖြစ်ပါတယ်။
'ပါဝင်လာမယ့် Map များ'
EWC ကအတိုင်း Ancient • Anubis • Cache • Dust II • Inferno • Mirage • Nuke တိုပဲထည့်ထားကြပါတယ်။
' ကျင်းပမယ့် Format'
-Group Stage
Group stage ကို Two double-elimination bracket GSL group format နဲ့ကစားမယ်လိုသိရပါတယ်။ အလွယ်ပြောရရင် 8 သင်းစီ 2 ဖွဲခွဲပြီး double elimination bracket နဲ့ကစားကြမှာပါ။ ဒါကြောင့် group stage ပြီးတဲ့အခါမှာ group တစ်ခုစီကနေ group winner 1 သင်း၊ 2nd 1 သင်းနဲ့ lower bracket ကအနိုင်ရလာမယ့် 1 သင်းစုစုပေါင်း 3 သင်းသာကျန်ခဲ့ပါလိမ့်မယ်။ Group winner တွေက playoffs Semifinal ကိုတိုက်ရိုက်တက်ခွင့်ရမှာဖြစ်ပြီး ကျန်အသင်းတွေကတော့ Quarterfinal ကိုရောက်သွားမှာပါ။
-Playoffs
Single elimination bracket နဲ့မလိုဒီအဆင့်မှာတော့ ရှုးတာနဲ့ထွက်ရပါမယ်။
Playoffs မှာ Quarterfinal ▶️Semifinal ➡️ Grandfinal 3 ဆင့်ရှိမှာဖြစ်ပြီး ....
Quarterfinal မှာတော့ High Seeds နဲ့တက်လာမယ့် Group A & B ရဲ့ 2nd 2 သင်းက Low Seeds နဲ့တက်လာမယ့်ဆန့်ကျင်ဖက် group က 3rd 2သင်းနဲ့ယှဉ်ပြိုင်ရပါမယ်။ ဒီကနေအနိုင်ရလာမယ့် 2 သင်းကတော့ Semifinal ကိုတိုက်ရိုက်တက်ထားတဲ့ Group Winner 2 သင်းနဲ့ဆက်ယှဉ်ပြိုင်ရပါမယ်။ Semifinal winner တွေကတော့ Grandfinal ကစားပြီးပြိုင်ပွဲကိုအဆုံးသတ်ကြမှာပါ။( group stage ကနေ playoffs အထိပွဲစဉ်အားလုံးကို BO3 နဲ့ကစားမှာဖြစ်ပြီး Grandfinal ကိုတော့ BO5 ပါကစားကြပါမယ်)
23/08/2026
EWC Cs2 ကော The International 2026 မှာပါ ဗိုလ်စွဲခဲ့တဲ့ Team Spirit 🎉🎉🎉
23/08/2026
ညီလေးရာ ထပ်ကြိုးစားလိုက်ဦး
23/08/2026
Cs2 EWC 2026 - Grandfinal Day သုံးသပ်ချက်
FURIA vs Legacy
လက်ရှိ world ranking #3 FURIA က EWC မှာကစားထားတဲ့နောက်ဆုံး 5 ပွဲမှာ 4 ပွဲနိုင်ထားပြီး မနေ့က semifinal မှာတော့ FUT Upset လုပ်တာခံရပြီးရှုံးလာပါတယ်။ Legacy ကလည်း #12 ဆိုပေမဲ့ Navi, Falcons တို့ကို upset လုပ်ပြီး Semi အထိတက်ခဲ့ပါတယ်။ Spirit နဲ့ပွဲမှာတော့အစစအရာရာကွာခြားချက်ကြီးလွန်းလို့အပြတ်ပဲရှုံးလာပါတယ်။ ဒီ 2 သင်းက ranking ကွာပေမဲ့ current form အရတော့မတိမ်းမယိမ်းစွမ်းဆောင်ထားနိုင်ပါတယ်။ Map pool အရတော့ Inferno ရရင် Legacy နိုင်နိုင်ပြီး Nuke ထွက်ရင်တော့ FURIA နိုင်နိုင်ပါတယ်။ Decision map ကတော့ coin flip ပေါ့။ Firepower ပိုင်းမှာတော့ try တစ်ယောက်တည်းက FURIA ရဲ့ top 3 firepower ကို map 3 ခုလုံးမှာထိန်းနိုင်ဖို့ခက်ပါတယ်။ ဆိုတော့ Pick map တွေမှာကိုယ်စီနိုင်ခဲ့ရင်တောင်နောက်ဆုံးမှာ Firia ကပဲ စားသွားပါလိမ့်မယ်။ Map pick တဲ့အပိုင်း Furia ဆငဆင်ခြင်ခြင်လုပ်ဖို့တော့လိုတာပေါ့။
Spirit Vs FUT ( Grandfinal )
မနေ့ကပြောခဲ့သလိုပဲ Vitality ကိုအေးဆေးကျော်နိုင်သွားတည်းက Spirit အပေါ်အထင်ကြီးသွားပြီးသားပါ။ စာရေးသူအတွက်တော့ကျန်ခဲ့တဲ့ 21 ရက်နေ့ပွဲပြီးတည်းကဒီ Trophy မှာ Spirit နာမည်ကရိုက်ပြီးသွားခဲ့ပါပြီ။ ဒီဆုံးဖြတ်ချက်ကို ပြင်ဖို့လည်းစိတ်ကူးမရှိတော့ပါဘူး။ ဒါပေမဲ့ အချက်အလက်တစ်ချို့ကိုတော့ preview သဘောယှဉ်ပြပေးပါမယ်။
စရရင် current world #2 Spirit အသင်းသားတွေဖြစ်တဲ့ donk + sh1ro ရဲ့ individual ceiling က xfl0ud အပါအဝင် FUT ရဲ့ဘယ် player ထက်မဆိုမြင့်ပါတယ်။ အဓိက star နှစ်ယောက်ကိုပဲယှဥ်ပြရရင် လက်ရှိ 3-month stats မှာ donk က Rating 1.44 နဲ့ ADR 94.7 အထိရထားပါတယ်။ FUT ရဲ့ xfl0ud ကတော့ Rating 1.12 နဲ့ ADR 80.7 အထိပဲရထားပါတယ်။ မြင်ရတဲ့အတိုင်း gap ကွာဟချက်ကကြီးပါတယ်။
Map stats အပိုင်းမယှဉ်ခင် FUT ကိုတော့ respect ပေးရပါမယ်။ ဒီ EWC မှာ Ancient ကို FUT ကသာအပိုင်ရထားပါတယ်။ Ancient မှာဆိုရင်လုံးဝ unbeaten အသင်းဖြစ်လို့ Spirit တို့တောင်အနိုင်ယူနိုင်မယ်လို့မထင်ပါဘူး။
စယှဉ်ကြည့်ရရင်တော့ 3 လအတွင်းအများဆုံးကစားထားတဲ့ Map တွေမှာဒီလိုတွေ့ရပါတယ်။
Dust2 - FUT 71% , Spirit 75%
Mirage - FUT75% , Spirit 75%
Nuke - FUT 50% , Spirit 82%
Ancient - FUT 100% , Spirit 100%
Anubis - FUT 100% , Spirit 86%
ဒါကအဆော့များဆုံး Map တွေရဲ့ win rate ကိုပဲယှဉ်လိုက်တာဖြစ်ပြီး ကစားခဲ့တဲ့ပြိုင်ပွဲအဆင့်အတန်း၊ ပြိုင်ဖက်အဆင့်အတန်း နဲ့ map တစ်ခုချင်းစီအလိုက်ကစားထားတဲ့ပွဲအရေအတွက်ကိုထည့်တွက်မထားပါဘူး။ ဒါတောင် overall အရ Spirit ကသာပါတယ်။ Map pool မှာတော့အသင်းကြီးဖြစ်တဲ့ Spirit ကပိုကျယ်တာကိုအထွေအထူးပြောစရာလိုမယ်မထင်ပါဘူး။
ဒီ EWC မှာ Cache ဆိုရင် FUT တို့တစ်ပွဲမှမကစားထားသေးသလို Nuke မှာဆိုလည်း win rate 0% မလို့ BO5 series မှာဒီ map pool တွေကျလာရင် auto defeat လို့ယူဆထားလို့ရပါတယ်။ ဘာလို့ဆို့ဒီ map တွေမှာ Spirit လောက်တန်းမရှိတဲ့ အသင်းတွေကိုတောင်ရှုံးထားသလို၊ ယုံကြည်မှုမရှိလို့ အမြဲ ban နေခဲ့ရတာကြောင့်ပါ။ ပြောရရင် FUT ရဲ့ map pool က BO5 အတွက်အဆင်သင့်မဖြစ်သေးပါဘူး။ ဒီအသင်းအနေနဲ့ သူတို့ထက်ကောင်းပါတယ်ဆိုတဲ့ပြိုင်ဖက်တွေကို ပါးပါးနပ်နပ်နဲ့သေချာဂရုတစိုက်ကိုယ်တွယ်ပြီး Grandfinal အထိတက်လှမ်းလာတာကိုဂုဏ်ပြုပါတယ်။ ဒါပေမဲ့ဒီ Grandfinal မှာတော့ Ancient တစ်ခုကလွဲရင်ကျန် map တွေမှာမနိုင်နိုင်လို့ Spirit 3-1FUT ဆိုတဲ့ရလဒ်ထွက်လာဖို့သာအသင့်တော်ဆုံး ဖြစ်မယ်ထင်ပါတယ်။