27/07/2026
🤔ရီးရဲမက်ဒရစ် အသင်းကို ရှိန်နေရမယ့် ခေတ် ပြန် ရောက်လာတော့မှာလား
ဒီနှစ် အပြောင်းအရွှေ့မှာ ရောက်လာတဲ့ ကစားသမားတွေ၊ပြန်ခန့်ထားတဲ့ Special One မော်ရင်ဟို + မန်စီးတီး အသင်းက ရိုဒရီ သာ ထပ်ရောက်လာခဲ့ရင် အရမ်းကို လူစာရင်း တောင့်တင်းတဲ့ အသင်းဖြစ်လာမှာပါ။
၂၀၂၆/၂၇ မှာ ရီးရဲ Fan တွေ ပိုများလာမှာ သေချာနေပါတယ်။
24/07/2026
ဘာစီလိုနာ အသင်း ကစားသမားသစ် အဒီယီမီ
24/07/2026
လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ရီးရဲ မက်ဒရစ် အသင်း အဝေးကွင်း ဂျာစီ
ဒီ ၂၀၂၆/၂၇ ရာသီမှာလည်း အစိမ်းရောင်ကို အသုံးပြုကာ ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။
24/07/2026
Saudi ကို သွားမှာလား Mo Salah ???
24/07/2026
💥ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့ပဲလိုတော့တဲ့ အာဆင်နယ်
- နယူးကာဆယ် အသင်း ကွင်းလယ်ကစားသမား ဂွီမာရက်စ် ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူထားနိုင်ခဲ့တဲ့ အာဆင်နယ် အသင်းက မကြာခင်မှာပဲ ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းတော့မှာဖြစ်ပါတယ်။
- နယူးကာဆယ် အသင်းက ကစားသမားကို ဆက်လက်ထိန်းထားလိုနေတာကြောင့် ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။
24/07/2026
ဘယ်ဂျီယံ နည်းပြသစ် မာ့ခ် ဗန် ဘွန်မဲလ်
🖋️ ဇွန်လ ၊၂၀၂၈ ခုနှစ် အထိ
Photo Credit: Fabrizio Romano's FB Page
22/07/2026
Manchester is BLUE
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ၂၀၂၆/၂၇ ဘော်လုံးရာသီ အဝေးကွင်း ဝတ်စုံ
ဘယ်လိုထင်ကြလဲ
၂၀၀၂ ခုနှစ်တုန်းကလည်း ဒီလိုအရောင်နဲ့ ဒီဇိုင်း ဝတ်ဆင်ခဲ့ဖူးပါတယ်။
၁၉၈၈ ဂျာစီ ဒီဇိုင်းကို ပြန်လည် ဆန်းသစ်ထားတာပါ။
22/07/2026
စပိန် အသင်း ကမ္ဘာ့ဖလား ရပြီးတဲ့နောက် 😂
ပုံထဲက ယာမယ်၊ဂါဗီ၊ပက်ဒရီ၊ဖာရန် တောရက်စ် နဲ့ ကူကူရယ်လာ တို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား မတိုင်ခင် စပိန်အသင်းနည်းပြ ကို ဖလားရခဲ့ရင် ပုံထဲကအတိုင်း လုပ်ကြမယ်လို့ ကတိတွေ ပေးခဲ့ပါတယ်။
ယာမယ် - မုတ်ဆိတ်မွေး ထားခြင်း
ဂါဗီ - ဆံပင် ပန်းရောင်ဆေးဆိုးခြင်း
ပက်ဒရီ - ဆံပင် ရွှေရောင်ထားခြင်း
တောရက်စ် - ကတုံးတုံးခြင်း
ကူကူရယ်လာ - နည်းပြမျက်နှာ တက်တူးထိုးခြင်း
အခုတော့ ဖလားရသွားပြီဆိုတော့ သူတို့တွေ ကတိတည်လား မတည်ဘူးလားဆိုတာ နည်းပြက စောင့်ကြည့်နေပါတယ်။
(ဓာတ်ပုံထဲကအတိုင်း မလုပ်ရသေးပါ)😁
22/07/2026
လီဗာပူး အသင်းအတွက် တောရက်စ် အသစ်များဖြစ်လာမလား
ကမ္ဘာ့ဖလား ချန်ပီယံ စပိန်ကစားသမား ဖာရန် တောရက်စ်ကို ခေါ်ယူဖို့ လီဗာပူးအသင်းက စိတ်ဝင်စားနေပါတယ်။