12/07/2026
- လက်တွေ့ နယ်ပယ်ထဲမှာ ကိုယ့်ရဲ့ Client တွေကို သင်ပြတဲ့အခါ ၁၀၀% ယုံကြည်မှု အပြည့်ရှိပြီလား?
- Trainer တစ်ယောက်အနေနဲ့ လေ့လာစရာတွေများပြီး ဘယ်ကစရမှန်းမသိ ဖြစ်နေပါသလား?
- အင်တာနက် (YouTube/Social Media) ကနေ ဟိုတစ်စ ဒီတစ်စ လေ့လာထားတာတွေ၊ ကိုယ်တိုင် Trial & Error လုပ်ရင်း ရလာတဲ့ အတွေ့အကြုံတွေနဲ့ပဲ Client တွေကို ဆက်ပြီး ကိုင်တွယ်နေရတုန်းပဲလား?
ဒါတွေဟာ မြန်မာနိုင်ငံက Fitness Professional တော်တော်များများ ကြုံတွေ့နေရတဲ့ အခက်အခဲ (Pain Points) တွေပဲ ဖြစ်ပါတယ်။
Training ပိုင်းကို သိပေမယ့် Nutrition ပိုင်းမှာ အားနည်းတာ၊ ဒါမှမဟုတ် Client တစ်ယောက် ထိခိုက်ဒဏ်ရာ (Injury) ရလာတဲ့အခါ သိပ္ပံနည်းကျ ဘယ်လိုပေါင်းစပ် ကိုင်တွယ်ရမလဲဆိုတာ မသေချာတာတွေ ရှိတတ်ပါတယ်။
- Modern Bodybuilding of MYANMAR (MBOM) ကနေ မကြာသေးမီက အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တဲ့ Advanced sports nutrition and Modern training techniques အမှတ်စဉ် (၁) က သင်တန်းသား/သူ (၅၀) ဦးထဲမှ (၂၉) ဦးကို စစ်တမ်းကောက်ယူခဲ့ရာမှာ ဂုဏ်ယူဝမ်းမြောက်ဖွယ် ရလဒ်တွေကို တွေ့ရှိခဲ့ရပါတယ်။
📊 ဘာကြောင့် MBOM ရဲ့ Gym Trainer Course ကို ရွေးချယ်သင့်တာလဲ?
✅ (၇၂.၄%) သော သင်တန်းသားများ အကြိုက်ဆုံးအချက်
Nutrition + Training + Injury ဆိုတဲ့ အရေးကြီးဆုံး မဏ္ဍိုင် (၃) ရပ်စလုံးကို ဟိုတစ်စ ဒီတစ်စ လိုက်ရှာနေစရာမလိုဘဲ တစ်နေရာတည်းမှာ စနစ်တကျ ပေါင်းစပ်သင်ကြားပေးခြင်းက တခြားသင်တန်းတွေနဲ့မတူတဲ့ အကြီးမားဆုံး အားသာချက်အဖြစ် မှတ်ချက်ပြုခဲ့ကြပါတယ်။
✅ ခက်ခဲသော Science-Based Content များကို မြန်မာလို အလွယ်တကူ
(၆၂.၁%) သော သင်တန်းသားတွေက နိုင်ငံတကာအဆင့်မီ သိပ္ပံနည်းကျ အထောက်အထား (Science-based) တွေကို မြန်မာဘာသာနဲ့ နားလည်လွယ်အောင် လက်တွေ့ Case Study တွေနဲ့တကွ ရှင်းပြပေးမှုကို အထူးသဘောကျခဲ့ကြပါတယ်။
📈 လက်တွေ့ လုပ်ငန်းခွင် မှာ ယုံကြည်မှု (Professional Confidence) ဘယ်လောက်တက်လာလဲ?
သင်တန်းမတိုင်ခင်က ယုံကြည်မှု အားနည်းခဲ့ကြပေမယ့် သင်တန်းအပြီးမှာတော့ ဖြေဆိုသူ (၆၅.၅%) ဟာ Client တွေကို ကိုင်တွယ်ရာမှာ ယုံကြည်မှု အမြင့်ဆုံးအဆင့် (Level 8 မှ 10 အတွင်း) ကို ရောက်ရှိသွားခဲ့ပြီး၊ ၎င်းတို့အနက် ၃၄.၅% ကတော့ ယုံကြည်မှု ရာခိုင်နှုန်းပြည့် (Level 10) ရရှိသွားပြီလို့ ဖြေဆိုထားပါတယ်။
🏆 ၁၀၀% Recommend ပေးတဲ့ သင်တန်း 🏆
အရေးအကြီးဆုံးကတော့ ဖြေဆိုသူ ၈၂.၈% က ဒီသင်တန်းကို အခြား Trainer တွေကို "သေချာပေါက် ချက်ချင်း ညွှန်းပေးမယ်" လို့ ဆုံးဖြတ်ထားပြီး၊ ကျန်တဲ့သူတွေကလည်း ထောက်ခံပေးထားတဲ့အတွက် 100% Positive Recommendation ရရှိထားတဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။
🤔သင်ရော ခိုင်မာတဲ့ အသိပညာ၊ သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ Professional Trainer
တစ်ယောက်အဖြစ် ရပ်တည်ချင်ပြီလား?🤔
အခုဆိုရင် MBOM မှ Gym Trainer Course - အမှတ်စဉ် (၂) (Batch - 2) အတွက် သင်တန်းသားသစ်များကို စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ အရည်အသွေးပြည့်ဝပြီး Client တွေရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်တဲ့ Trainer ကောင်းတစ်ယောက်ဖြစ်လာဖို့ MBOM က တာဝန်ယူ လမ်းညွှန်ပေးပါမယ်။
လူဦးရေ ကန့်သတ်ထားတာမို့ အသေးစိတ် သိရှိလိုပါက Page Messenger ကို အမြန်ဆုံး ဆက်သွယ် စုံစမ်း အပ်နှံနိုင်ပါပြီ။
10/07/2026
Advanced sports nutrition and Modern Training Online Class Batch-2 စတင်ကြောငြာပါပီခင်ဗျာ ။
ကျွန်တော်တို့ဟာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးတဲ့ နေရာတစ်ခုသက်သက် မဟုတ်ပါဘူး။
ကျွန်တော်တို့ကိုယ်တိုင်က အားကစားသမားချန်ပီယံတွေ၊ ခေတ်မှီနည်းပြတွေပါ။
Social media နှင့် Gym ထဲမှာ အခြေအမြစ်မရှိတဲ့ မှန်းဆချက်တွေ၊ တိကျမှု စနစ်မပါတဲ့ လေ့ကျင့်စားသောက်မှုပုံစံတွေကြောင့် အချိန်ကုန်၊ လူပန်းဖြစ်ပြီး ရလဒ်မထွက်တဲ့ အဖြစ်တွေကို မြင်ရလွန်းလို့ စိတ်ကုန်နေပီလား?
မှားယွင်းတဲ့ Diet Plan တွေကနေတဆင့် အန္တရာယ်ရှိတဲ့ ကိုယ်အလေးချိန်ချနည်းတွေ၊ ခေတ်ဟောင်းနည်းစနစ်တွေဟာ အားကစားသမားတွေရဲ့ ခန္ဓာကိုယ်ကို တိတ်တဆိတ် ဒဏ်ရာရစေပြီး Metabolism ဖြစ်စဉ်နဲ့ ရေရှည်ကျန်းမာရေးကိုပါ ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ဒီ "Advanced Sports Nutrition & Modern Training" သင်တန်းကို ကျွန်တော်တို့ ကွဲပြားစွာ တည်ဆောက်ခဲ့ပါတယ်။
သင်တန်းဆင်းလက်မှတ်ရဖို့သက်သက်နဲ့ ပြီးစလွယ် သင်ကြားပေးမှာ မဟုတ်ပါဘူး။
တကယ်နားလည်တတ်ကျွမ်းပြီး လက်တွေ့ဘဝမှာ အထိရောက်ဆုံး အသုံးချနိုင်ဖို့ သိပ္ပံနည်းကျ (Science-backed) အထောက်အထားရှိတဲ့ နည်းစနစ်တွေကို ကျွန်တော်တို့ အသုံးပြုသင်ကြားပေးမှာပါ 🏆
• အားကစားနဲ့ သာမန်လူနေမှုဘဝတွေအတွက် အတိကျဆုံး Sports Nutrition ကို တွက်ချက်နိုင်
ရန်နှင့် အသုံးပြုနိုင်ရန်။
• ကြွက်သားကြီးထွားမှုနဲ့ ခွန်အား (Hypertrophy & Strength) ကို ထိခိုက်ဆုံးရှုံးမှုမရှိဘဲ Performance ကိုအမြင့်ဆုံးမြှင့်တင်နိုင်ရန်။
• ရေရှည်ကစားနိုင်ဖို့ ဒဏ်ရာကင်းဝေးစေရေး (Injury Prevention) ကို အထောက်အကူပြုရန်။
• ဈေးကွက်ထဲက Supplements & Vitamins တွေကို မှန်ကန်ထိရောက်စွာ ရွေးချယ်အသုံးပြုတတ်စေရန်။
•Bodybuilding လောကတွင် ကျယ်ပြန့်စွာ အသုံးပြုနေသော တားမြစ်ဆေးဝါးများအကြောင်းကိုသေချာနားလည်စွာသိရှိစေရန်။
သင်ခန်းစာ ရဲ့ အချက်လက်တိုင်းကို မြန်မာလို လွယ်ကူစွာ သင်ကြားနိုင်ရုံ အဆင်ပြေမှုအတွက် မဟုတ်ဘဲ အဓိကရည်ရွယ်ချက်၊ သိပ္ပံပညာတို့နဲ့ သေချာစွာ သင်ရိုးဖန်တီးဖော်ထုတ်ထားပါတယ်။
ဒီသင်တန်းကို တိကျသေချာတဲ့ စနစ်တွေ ကိုလေ့လာလိုသူများအတွက် အထူးဖန်တီးထားပါတယ်၊ဘယ်လိုလူတွေအတွက်လဲဆိုရင်
• Professional နည်းပြတစ်ဦးအဖြစ် ယုံကြည်မှုအပြည့်နဲ့ အသက်မွေးဝမ်းကျောင်းပြု ရပ်တည်လိုသူများ 🏆
• နှစ်ပေါင်းများစွာ ကစားနေပေမယ့် ခေတ်မီနည်းစနစ်များ (Modern Techniques) ကို မသိဘဲ အချိန်ကုန်နေသူများ🏆
• Online မှတစ်ဆင့် အများပြည်သူကို ကျန်းမာရေးဗဟုသုတ အမှန်ကန်ဆုံး မျှဝေပေးလိုသူများ🏆
အတွက် အထူးရည်ရွယ်ထားပါတယ်။
ဟုတ်ပါတယ်၊ (သင်တန်းကြေး - ၇၀၀,၀၀၀ ကျပ်) ကျွန်တော်တို့ရဲ့ သင်တန်းကြေးက ဈေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီလို Academic အဆင့်မီတဲ့ ပညာရပ်တွေဟာ အချိန်ပိုယူရတယ်၊ ပိုမိုတိကျရတယ်၊ ပိုမိုဘေးကင်းတဲ့ စံနှုန်းတွေ လိုအပ်လို့ပါပဲ ၊ ပြီးတော့ သင့်ရဲ့ အသက်မွေးဝမ်းကျောင်း Career နဲ့ ကျန်းမာရေးဆိုတာ လွယ်လွယ်နဲ့ ပြီးစလွယ် လုပ်လို့ရတဲ့ နေရာမျိုး မဟုတ်ပါဘူး။
Modern Bodybuilding of MYANMAR ကို ဦးဆောင်သူ
ကိုလမင်း နှင့် မဆုမြင့်ဝင်း တို့ကိုယ်တိုင် ထိုင်းနိုင်ငံ Chulalongkorn University မှ Sports Performance Enhancement အထူးပြု Master Degree စာတွေ့ပညာရပ်များ၊ Japan နိုင်ငံ တိုကျိုမြို့ရှိ ထိပ်တန်းတက္ကသိုလ်များအထိ သွားရောက်လေ့လာဆည်းပူးခဲ့မှုများနှင့် လက်တွေ့ Champion ဘဝ အတွေ့အကြုံများကို ပေါင်းစပ်ပြီး တကယ့် Key Points များကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📌 သင်တန်း အသေးစိတ် အချက်အလက်များ
• 📍 သင်ကြားမည့်ပုံစံ: Zoom Meeting (Live)
• ⏰ သင်တန်းအချိန်: အပတ်စဉ် စနေ နှင့် တနင်္ဂနွေ
• 📅 သင်တန်းရက်စွဲ: 8/August/2026 မှ 10/Oct/2026အထိ။
• 📩 စာရင်းပေးသွင်းရန်: Chat Box မှ တဆင့် မေးမြန်းဆက်သွယ်၍ သင်တန်း အမြန်အပ်နှံထားနိုင်ပါပြီ။
🆘သင်တန်းဆင်းလက်မှတ်အတွက် Group presentation , assignment , Program design ရေးဆွဲခြင်းများနှင့် မေးခွန်းများ ဖြေဆိုနိုင်မှသာ အောင်လက်မှတ်ရရှိမှာဖြစ်ပါတယ် ။ 🆘
05/07/2026
သင်တန်းသားတွေရဲ့ mid-course exam အနေနဲ့ တင်ထားတဲ့ video files, word files နဲ့ လက်ရေးစာရွက်တွေအားလုံးကို သေချာဖတ်ပြီး စစ်ဆေးပေးပြီးပါပြီ။
တကယ်တော့ သင်တန်းပြီးတာနဲ့ Certificate ကို ချက်ချင်း ပေးလိုက်လို့ရပါတယ်။ ဒါပေမယ့် စာမေးပွဲတွေ ထပ်ခါထပ်ခါ စစ်ဆေးနေရတဲ့ အကြောင်းရင်းက သင်တန်းသားတွေအနေနဲ့ နောင်တစ်ချိန် သူတို့ရဲ့ လက်တွေ့ အသက်မွေးဝမ်းကျောင်းနယ်ပယ်ထဲ ရောက်တဲ့အခါ အမှားအမှန်ကို တိကျစွာ ခွဲခြားသိမြင်ပြီး အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်စေချင်လို့ပါ။
Certificate ဆိုတဲ့ စာရွက်တစ်ရွက်ကို Social Media ပေါ်တင်ပြီး Congratulations ဆိုတဲ့ မှတ်ချက်တွေနဲ့ ခဏတဖြုတ် သာယာချင်ရုံသက်သက် မဖြစ်စေချင်ပါဘူး။ Certificate တစ်ခု ပေးလိုက်ပြီဆိုတာနဲ့ ပေးတဲ့ သင်တန်းကျောင်းရော၊ ရသွားတဲ့ သင်တန်းသားမှာပါ နှစ်ဦးနှစ်ဖက် တာဝန်နဲ့ အကျိုးဆက်တွေ အများကြီး ရှိနေပါတယ်။
ဥပမာတစ်ခု ပြောပြရရင် - စာတွေ့အရ ကြွက်သားတစ်ခု ရဲ့ တည်နေရာနဲ့ အလုပ်လုပ်ပုံကို အလွတ်ကျက်ပြီး သိနေရုံနဲ့ မလုံလောက်ပါဘူး။ လက်တွေ့မှာ Client တစ်ယောက်က လေ့ကျင့်ခန်းလုပ်နေရင်း form မှားနေတယ်ဆိုရင်၊ ဒါမှမဟုတ် ပခုံးအဆစ် လှုပ်ရှားမှုပိုင်းမှာ အားနည်းချက်ရှိနေရင် ဘယ်လို ပြုပြင်ပေးရမလဲ၊ ဘာကြောင့် ဒီလေ့ကျင့်ခန်း ကို ရွေးချယ်သင့်တာလဲ ဆိုတာကို စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ပြီး အကြောင်းကျိုးဆီလျော်စွာ နားလည်မှသာ အမှန်တကယ် အသုံးဝင်မှာပါ။
Certificate ဆိုတာ သင်တန်းတက်ခဲ့ကြောင်း သက်သေပြရုံသာဖြစ်ပြီး၊ သင့်ရဲ့ တကယ့်အရည်အချင်းကိုတော့ Client တွေရဲ့ ထိခိုက်ဒဏ်ရာကင်းမှုနဲ့ ရရှိလာမယ့် ရလဒ်ကောင်းတွေကသာ သက်သေပြမှာပါ။ ဒါကြောင့် သင်ခန်းစာတွေကို အပေါ်ယံမဟုတ်ဘဲ လက်တွေ့မှာပါ တကယ်အသုံးချနိုင်တဲ့အထိ သေချာနားလည်ဖို့ အခုလို အသေးစိတ် စစ်ဆေးနေရ
ခြင်း ဖြစ်ပါတယ်။ ဥပမာပြောရရင် ကိုယ့်စက်ရုံကနေ ထုတ်လုပ်လိုက်တဲ့ ကားတွေကို တကယ့်ပြင်ပ လောကမှာ ကိုယ်တိုင်ဝယ်စီးရဲပီး ခရီးတွေကို ကိုယ်ပိုင်ထုတ်လုပ်တဲ့ကားနဲ့ပြေးလမ်းပေါ်မှာ စိတ်ချလက်ချ မောင်းနေနိုင်ရဲတဲ့ ပြည်သူလူထုကို ကိုယ်ပိုင်ထုတ်ကုန်ကို အမှန်တကယ်ယုံကြည်စိတ်ချရကြောင်းညွှန်ပြပေးရဲ့တဲ့ ယုံကြည်မှု သတ္တိမျိုးပါပဲ ။
အားလုံး ဆက်လက်ပြီး ကြိုးစားကြပါ။
မကြာခင်မှာ Final exam ကိုကြိုးစားဖြေကြမည့်သင်တန်းသားများက အဆင်သင့်ဖြစ်နေပီဆိုတာ ကြားရလို့ ဝမ်းသာမိပါတယ် ။ 🏆🏆🏆
07/06/2026
နောက်ပိုင်း ဘာစက်ပဲပေးပေး ကျွန်တော် ကြားဝင် ကူညီဆောင်ရွက်မပေးတော့ပါ။
ဟိုနေ့က အလကားပေးလိုက်တဲ့ စက်တခုကို ဒီညီလေးကပြန်ရောင်းထားတဲ့ post ကို ပိုင်ရှင်ကသီပီး ကိုယိ့ကို လာပြောတယ် ၊ ဒီညီလေးပြန်ရောင်းတာ မရောင်းတာက ကိုယ်နဲ့မဆိုင်၊ ဆိုင်တာက ပိုင်ရှင်က ကိုယ့်ကိုယ် လာပြောတာပဲ ၊
“ ပြန်ရောင်းတာတော့ ငါတို့လဲရောင်းတတ်တယ်တဲ့၊ မရှိတဲ့ သူတကယ် အသုံးပြုဖို့ပေးတာ ၊ မင်းတို့မြန်မာ တွေက အဲ့လိုပဲလား” တဲ့ လူမျိုးရေးတွေပါလာတော့ကိုယ်ဘက်ကပဲ နားလည်မှုလွဲတာပါလို့တောင်းပန်လိုက်ရပါတယ်။ နောက်ဘာစက်ပဲ ပိုပို ကျွန်တော့်ကို မပေးပါနဲ့လို့ ကိုယ်တိုင်ပဲကြိုက်သလိုစီစဉ်ပါခင်ဗျာ့လို့တောင်းပန်ရင်း တခခ နဲ့ ပြောလိုက်ရပါတယ် ။ 😊😊
03/06/2026
Intense training, dialed-in nutrition, sports massage, and quality rest. The ultimate formula for growth.
tk_myopro