18/08/2026
➤Vogue မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ၂၅ နှစ်တာ ကစားသမားဘဝကို ပြီးဆုံးတော့မယ့်အကြောင်းနဲ့ ၂၀၂၆-၂၇ ရာသီဟာ သူ့အတွက် "နောက်ဆုံးရာသီ" ဖြစ်နိုင်တယ်လို့ အရိပ်အမြွက် ထုတ်ဖော်ပြောဆိုခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီစူပါစတား ခရစ်စတီယာနို ရော်နယ်လ်ဒို! 🇵🇹👑🐐
🗣️ : "ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံး ဘောလုံးရာသီ ဖြစ်ဖို့ များပြီး အကောင်းဆုံး အမွေအနှစ်တွေ ချန်ထားရစ်ခဲ့ချင်ပါတယ်" လို့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။
ဒီရာသီအကုန်မှာ ကျွန်တော်တို့အားလုံး အချိန်တစ်လျှောက်လုံးရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးကို နှုတ်ဆက်ရတော့မှာလား? 💔😥
---
(Credit: Photo).
18/08/2026
➤၉ နှစ်အကြာမှာ ကလပ်အသင်းဖော်အဖြစ် ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့ ကီလီယမ် အမ်ဘာပေ နှင့် ဘာနာဒို ဆေးဗားလ်! 🇫🇷🤝🇵🇹
---
(Credit: Photo)
17/08/2026
🇪🇸 ★𝐓𝐇𝐄 𝐁𝐀𝐑Ç𝐀 𝐌𝐄𝐆𝐀-𝐃𝐄𝐀𝐋: မန်စီးတီး ကွင်းလယ်လူ ရိုဒရီအတွက် ယူရို (76.5) သန်းဖြင့် ဘာစီလိုနာအသင်း သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ESPN ဖော်ပြ!
_အပြောင်းအရွှေ့ဈေးကွက်မှာ အကြီးမားဆုံး လှုပ်ခတ်မှုတစ်ခုအဖြစ် ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်ကြယ်ပွင့် ရိုဒရီ ကို ခေါ်ယူဖို့အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို (၇၆.၅) သန်းနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
• နှစ်ဖက်အသင်းက ရိုဒရီရဲ့ အပြောင်းအရွှေ့ကို တရားဝင် အတည်ပြု ကြေညာခြင်း မရှိသေးပေမယ့် ခိုင်မာတဲ့ သတင်းရင်းမြစ်အသီးသီးရဲ့ အဆိုအရ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ESPN က ဖော်ပြထားတာပါ။
• ဘာစီလိုနာအသင်းဟာ ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း (၆၀) ပေးချေရမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်သည့် Add-ons ကြေး ယူရို (၁၆.၅) သန်း ပါဝင်မှာ ဖြစ်ပါတယ်။
• ဘာစီလိုနာအသင်းဟာ အသက် (၃၀) အရွယ် ရိုဒရီနဲ့ (၄) နှစ်စာချုပ် ချုပ်ဆိုဖို့ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့ပေမယ့် မန်စီးတီးအသင်းဆီ (၃) ကြိမ်အထိ ကမ်းလှမ်းခဲ့ပြီးမှ အခုလို သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ယိုအန်ဂမ်ပါဖလား (Joan Gamper Trophy) ပွဲစဉ် ယှဉ်ပြိုင်ကစားမယ့် ဗုဒ္ဓဟူးနေ့ မတိုင်မီမှာတင် ရိုဒရီကို အသင်းရဲ့ ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ပေးသွားဖွယ် ရှိနေပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မပိတ်မီ တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူဖို့အတွက်လည်း ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ 🔵🔴⚽🔥
---
❗ပရိသတ်တို့ အနေနဲ့...မန်စီးတီးရဲ့ ကွင်းလယ်ကျောရိုး ရိုဒရီကို ယူရို ၇၆.၅ သန်းနဲ့ ခေါ်ယူလိုက်နိုင်တဲ့ ဘာစီလိုနာအသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်ချက်အပေါ် ဘယ်လိုမြင်ကြလဲ? 🤔
💥 ရိုဒရီ ရောက်ရှိလာမှုနဲ့အတူ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ပိုင်းဟာ စပိန်လာလီဂါနဲ့ ဥရောပစင်မြင့်မှာ ပြိုင်ဘက်မရှိ စိုးမိုးသွားနိုင်မလား? 👇💬
_______________________________
(Credit: Photo)
16/08/2026
➤အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ စိတ်ပျက်ဖွယ် ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာ! 🔵
---
(Credit: Photo)
16/08/2026
➤အာဆင်နယ်အသင်းဟာ ၆ ကြိမ်မြောက် ကွန်မြူနတီဒိုင်း ဆုဖလားကို ရယူနိုင်ခဲ့သလို နည်းပြ မီခေလ် အာတေတာ လက်ထက်မှာတော့ ၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 🏆🔥
---
(Credit: Photo)
16/08/2026
➤၂၀၂၆ ကွန်မြူနတီဒိုင်း ဆုဖလားနဲ့အတူ အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံပုံရိပ်များ! 🏆🏅🔴
---
(Credit: Photo)
16/08/2026
➤(၂၃)စက္ကန့်မှာ ဂိုးသွင်းနိုင်ခဲ့ပြီး (၁၉၆၈) ခုနှစ်နောက်ပိုင်း ကွန်မြူနတီဒိုင်း ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ အာဆင်နယ်နောက်ခံလူ ကာလာဖီအိုရီ! ⚽🔴⚡
---
(Credit: Photo)
16/08/2026
➤မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြခဲ့တဲ့ ခရစ္စတို ဇိုလစ်ဇ်! 🔴🔥
---
(Credit: Photo)
16/08/2026
➤ရာသီသစ်မှာ သွင်းဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ကွန်မြူနတီဒိုင်း ဆုဖလားကိုပါ ရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းတိုက်စစ်မှူး ကိုင် ဟာဗက်ဇ်! 🏆🔴
---
(Credit: Photo)
16/08/2026
🔴Arsenal 3-0 Man City🔵 (FT)
⚽️Calafiori 1'
⚽️Havertz 28'
⚽️Odegaard 48'
---
(Credit: Photo)