Forever MAN U Myanmar Fans

Forever MAN U Myanmar Fans

แชร์

Football News

Photos from Forever MAN U Myanmar Fans's post 25/06/2026

>>>> 2026 ကမ္ဘာ့ဖလား အုပ်စု B နှင့် အုပ်စု C အုပ်စုနောက်ဆုံး ပွဲစဉ်များရဲ့ ပွဲပြီး ရလဒ်များ
ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစားပြီးချိန်မှာတော့ ဆွစ်ဇာလန် အသင်းဟာ အိမ်ရှင် ကနေဒါ အသင်းကို 2–1ဂိုးဖြင့် အနိုင်ရကာ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး အိမ်ရှင် ကနေဒါ အသင်းဟာလဲ ဂိုး ကွာခြားချက်ဖြင့် အုပ်စု ဒုတိယဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်
အုပ်စု C ရဲ့ နောက်ဆုံး ပွဲစဉ် များ ကစားပြီးချိန်မှာတော့ နာမည်ကြီး ဘရာဇီး အသင်းဟာ စကော့တလန် အသင်းကို 3–0 ဂိုးဖြင့် ဂိုးပြက် အနိုင်ရကာ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ဘရာဇီး တိုက်စစ်မှာ ခြေစွမ်းပြ ကစားနေတဲ့ မန်ယူ တိုက်စစ် ကစားသမား Matheus Cunha ဟာ နောက်ဆုံး နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ကာ ရဂိုး 3 ဂိုး အထိ ရရှိကာ ကမ္ဘာ့ဖလား ဂိုးသွင်း အများဆုံး စာရင်းမှာ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်
အုပ်စုC ရဲ့ မော်ရိုကို နှင့် ဟေတီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မော်ရိုကို အသင်းဟာ 4–2 ဂိုးဖြင့် အနိုင်ရကာ အုပ်စု ဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် Forever MAN U Myanmar Fans

Photos from Forever MAN U Myanmar Fans's post 24/06/2026

>>>> ကမ္ဘာ့ဖလား အုပ်စု Kရဲ့ ဒုတိယ ပွဲစဉ်မှာ ပေါ်တူဂီအသင်း ဟာ ဥဇဘက်ကစ္စတန် အသင်းကို 5–0 ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ Bruno Fernandes က Cristiano Ronaldo အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ 🤩🇵🇹
Forever MAN U Myanmar Fans

Photos from Forever MAN U Myanmar Fans's post 24/06/2026

>>>> 2026 ကမ္ဘာ့ဖလား အုပ်စု K အုပ်စု L ပွဲပြီး ရလဒ်များ
အုပ်စု K မှာတော့ ဂုတ်ကြီး C Ronaldo ရဲ့ ပေါ်တူဂီ အသင်းဟာ Uzbekistan အသင်းကို 5–0 ဂိုးဖြင့် ဂိုးပြက် အနိုင်ရသွားခဲ့ပါတယ် ဒီပွဲမှာ ပေါ်တူဂီ အသင်းအတွက် အနိုင်ဂိုး 2 ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဂုတ်ကြီး ရိုနယ်လ်ဒို ကတော့ ဘောလုံး သမိုင်းတစ်လျှောက် ကမ္ဘာ့ ပြိုင်ပွဲ 6 ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ သူအဖြစ် စံချိန်တင်သွားခဲ့သလို့ ကစားသမားဘဝ ဒုတိယ အသက်အကြီးဆုံး ကမ္ဘာ့ဖလား ဂိုးသွင်းယူသူအဖြစ်ပါ မှတ်တမ်းဝင် သွားခဲ့ပြီ ဖြစ်ပါတယ်
Forever MAN U Myanmar Fans

22/06/2026

>>>> အံ့အားသင့်ဖွယ် အပြောင်းအရွှေ့သတင်းတွေကြားထဲမှာ မန်ချက်စတာယူနိုက်တက် ရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဘာစီလိုနာ အသင်း

ဘာစီလိုနာအသင်းဟာ ရောဘတ် လီဝန်ဒေါစကီးရဲ့နေရာမှာ ရေရှည် အစားထိုးနိုင်ဖို့ ကြိုးစားနေပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို 23 နှစ် ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။
ဆက်စကိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ RB Leipzig ကနေ ပေါင် 73 သန်းဖြင့် မန်ယူအသင်းထံကို ရောက်ရှိလာခဲ့ပြီး နှေးကွေးတဲ့အစပြုမှုတစ်ခုပြီးနောက် ရာသီရဲ့ဒုတိယပိုင်းမှာတော့ အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး 32 ပွဲမှာ 12 ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အဲဒီထဲမှာ ပရီးမီးယားလိဂ်မှာ 11 ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အသက် 23 နှစ်အရွယ် ကစားသမားရဲ့ ပထမဆုံးရာသီမှာ အသင်းအတွက် သက်ရောက်မှုကို ကျေနပ်အားရနေပြီး ရက်စ်မတ်စ် ဟိုဂျ်လန် ဟာ နာပိုလီ အသင်းထံသို့ ပေါင် 38 သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ပြီးနောက်မှာ သူ့ကို အသင်းရဲ့ ရေရှည်နံပါတ် 9 ကစားသမားအဖြစ် စီစဉ်ထားတာကြောင့် ရောဘတ် လီဝန်ဒေါစကီးရဲ့ နေရာကို အစားထိုးဖို့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတယ်လို့ စပိန်မှ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘင်ဂျမင် ဆက်စကိုကို ရောင်းချဖို့ စိတ်မဝင်စားဘူးလို့ ပြောဆိုလိုက်ပါတယ်
ဘာစီလိုနာ အသင်းရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ကြယ်ပွင့်ကစားသမားကို မန်ယူအသင်းအနေနဲ့ အသင်းမှာ ဆက်လက်ထိမ်းထားနိုင်မလား စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်
Forever MAN U Myanmar Fans

22/06/2026

>>>> 🚨🏟️ BREAKING: မန်ချက်စတာယူနိုက်တက်သည် ပရိသတ် ၁၀၀,၀၀၀ တစ်သိန်း ဆံ့ အားကစားကွင်းအသစ်တစ်ခု တည်ဆောက်ရန် လိုအပ်သော မြေအများစုကို ရရှိပြီးဖြစ်ကြောင်း ကြေငြာခဲ့သည်။

ကလပ်အသင်းသည် Old Trafford ၏ အနောက်မြောက်ဘက် ၃၅၀ မီတာခန့်အကွာတွင် တည်ရှိသော ဧက ၂၅ ကျယ်ဝန်းသည့် မြေနေရာကို Indurent ထံမှ ဝယ်ယူခဲ့ပြီး စီမံကိန်းတွင် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ကာ မကြာခင် ကွင်းသစ် တည်ဆောက်ရေး စီမံကိန်း စတင်တော့မယ်လို့ သိရပါတယ်
Forever MAN U Myanmar Fans

Photos from Forever MAN U Myanmar Fans's post 22/06/2026

>>>> 2026 ကမ္ဘာ့ဖလား အုပ်စု J ရဲ့ အာဂျင်တီးနား နှင့် ဩစတီးယား ပွဲစဉ်မှာတော့ ဂုတ်ကြီး မက်ဆီဟာ အာဂျင်းတီးနား အသင်းအတွက် အနိုင်ဂိုး 2 ဂိုးစလုံး သွင်းယူပေးကာ 2–0 ဂိုးဖြင့် ပွဲပြီးဆုံးခဲ့ပြီး အုပ်စု နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်
ဒီပွဲစဉ်မှာ အနိုင်ဂိုး 2 ဂိုး သွင်းယူခဲ့တဲ့ ဂုတ်ကြီး မက်ဆီဟာ ကမ္ဘာ့ဖလား 2 ပွဲ ကစားပြီးချိန် 5 ဂိုးအထိ သွင်းယူကာ ဂိုးသွင်းအများဆုံးဖြင့် ဦးဆောင်နေသလို ဂျာမနီ ဂန္ဒဝင် ကစားသမားကြီး ကလိုဆေး တင်ထားတဲ့ ဂိုးသွင်းအများဆုံး 16 ဂိုး စံချိန်ကိုလဲ 18 ဂိုးဖြင့် ကျော်ဖြတ်ကာ စံချိန်သစ် တင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်
ဒီတစ်ကြိမ် ကမ္ဘာ့ဖလားမှာလဲ အာဂျင်တီးနား အသင်းနဲ့အတူ ဂုတ်ကြီး မက်ဆီ ကို ထပ်မံစောင့်ကြည့် သွားရဖို့ ရှိနေပါတယ်
Forever MAN U Myanmar Fans

21/06/2026

>>>> ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ခြေစွမ်းပြ ကစားနေတဲ့ ဒေါ့မွန် ကြယ်ပွင့်ကစားသမားကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ မန်ယူအသင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေတယ်ဆိုတဲ့ Felix Nmecha ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တဲ့ ပရီးမီးယားလိဂ်အသင်း ၅ သင်းထဲက တစ်သင်းဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားရဲ့ ဒေါ့မွန်အခြေအနေနဲ့ ပတ်သက်ပြီး အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးနဲ့ မန်ချက်စတာစီးတီးအသင်းတို့ အားလုံးက ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကွင်းလယ် ကစားသမားဟာ ဒေါ့မွန် အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ စာချုပ်ဖျက်သိမ်းကြေး မရှိသေးဘူးလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကစားသမားကို ခေါ်ယူလိုတဲ့ ကလပ်တွေဟာ ပေါင် ၅၂ သန်း (ယူရို ၆၀ သန်း) လောက်နဲ့ သဘောတူညီမှု ရနိုင်တယ်လို့ ဖော်ပြနေကြပါတယ်
TeamTalk ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖီးလစ် အန်မီချာကို ခေါ်ယူဖို့အတွက် ပေါင် ၅၀ သန်း ပေးချေရမယ်လို့ သိရပါတယ်။
မိုက်ကယ် ကာရစ်ရဲ့အသင်းဟာ ကွင်းလယ်ရွေးချယ်စရာတွေကို မြှင့်တင်ဖို့ ရှာဖွေနေပေမယ့် အသက် ၂၅ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ယှဉ်ပြိုင်မှုနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။
ပြီးခဲ့တဲ့ ရာသီ ဒေါ့မွန် အသင်းအတွက် စုစုပေါင်း ၄၂ ပွဲကစား ၅ ဂိုးသွင်း ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလဲ ဂျာမနီလက်ရွေးစင် အသင်းအတွက် ၂ ပွဲကစား ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးထားကာ အထူးခြေစွမ်းပြ ကစားနေတဲ့ကွင်လယ် ကစားသမားကို မန်ယူအသင်းအနေနဲ့ ခေါ်ယူသွားမလားဆိုတာ စောင့်ကြည့် သွားရဖို့ ရှိနေပါတယ်
Forever MAN U Myanmar Fans

21/06/2026

>>>> မန်ချက်စတာနိုက်တက် အသင်းရဲ့ ပစ်မှတ်နဲ့ သဘောတူညီမှု အလွန်နီးစပ်နေတဲ့ စပါးအသင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမား မာတီးယပ်စ် ဖာနန်ဒက်စ်ကို လက်လွှတ်ရဖို့ များနေပြီး တော့တင်ဟမ်အသင်းဟာ ကွင်းလယ်လူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဝက်စ်ဟမ်းယူနိုက်တက် ကြယ်ပွင့်ဟာ လန်ဒန်ကွင်းမှာ သူ့ရဲ့ ပထမဆုံးရာသီမှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ယူနိုက်တက်၊ အာဆင်နယ်၊ ပါရီစိန့်ဂျာမိန်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်
ယူနိုက်တက်ဟာ အသက် ၂၁ နှစ်အရွယ် ကစားသမားအတွက် ရေပန်းစားတဲ့အသင်းအဖြစ် သတ်မှတ်ခံထားရပြီး ဝက်စ်ဟမ်းအသင်းဟာ သူတို့ရဲ့ ကစားသမားအတွက် ပေါင် ၈၀ သန်းတန်ကြေး ရမှ လက်လွှတ်မယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ် ဒါပေမယ့် တော့တင်ဟမ်အသင်းဟာ ဒီအပတ်မှာပဲ ကွင်းလယ် ကစားသမားအတွက် အလေးအနက် ယှဉ်ပြိုင်မယ့် အသင်းအဖြစ် ပေါ်ထွက်လာခဲ့ပြီး ဆွေးနွေးမှုတွေက အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မန်ယူ ပစ်မှတ် ကွင်းလယ် ကစားသမားဖြစ်တဲ့ Elliot Andersonဟာ မြို့ခံ ပြိုင်ဘက် မန်စီးတီး အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေသလို နောက်ထပ် ကွင်းလယ် ကစားသမား ပစ်မှတ် Matheus Fernandes ဟာလဲ စပါးအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် မန်ယူအသင်း အနေနဲ့ ဘယ်ကွင်းလယ် ကစားသမားကို နွေရာသီ အပြောင်းအရွှေ့ အတွင်း ခေါ်ယူသွားမလဲ ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်
Forever MAN U Myanmar Fans

Photos from Forever MAN U Myanmar Fans's post 21/06/2026

>>>> 2026 ကမ္ဘာ့ဖလား အုပ်စု E နှင့် အုပ်စု F ရဲ့ ဒုတိယပွဲစဉ်များ အပြီး ပွဲပြီး ရလဒ်များ
အုပ်စု E မှာ ဂျာမနီအသင်းဟာ နောက်ကျ အနိုင်ဂိုးဖြင့် အိုင်ဗရီကို့ အသင်းကို 2–1 ဂိုးဖြင့် အနိုင်ရကာ အုပ်စု နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ကာ အုပ်စု F မှာ နယ်လ်သာလန် အသင်းဟာ ဆွီဒင်အသင်း 5–1 ဂိုးဖြင့် ဂိုးပြတ် အနိုင်ရကာ အုပ်စု နောက်တစ်ဆင့် တက်ရောက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်
Forever MAN U Myanmar Fans

20/06/2026

>>>> ကမ္ဘာ့ဖလား အင်္ဂလန်လက်ရွေးစင် အသင်းနဲ့ အတူ ခြေစွမ်းပြ ကစားလာတဲ့ အကယ်ဒမီ နောက်ဆုံး လက်ကျန် ကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေ ထွက်ပေါ်လာ သလို အသင်းမှာ ဆက်ထားစေချင်တဲ့ ပရိသတ်တွေလဲ များလာပါတယ်

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ နည်းလမ်းရှာဖွေနေပြီး ပရိသတ်တွေက အကယ်ဒမီထွက် ကစားသမားကို Old Trafford မှာ နောက်ထပ်အခွင့်အရေးတစ်ခု ပေးစေချင်လားဆိုတာကို ပြောဆိုနေကြပါတယ်။

ဘာစီလိုနာအသင်း ဟာ ရက်ရှ်ဖို့ဒ်ရဲ့ အငှား + ပြောင်းရွှေ့မှုမှာ ပေါင် 26 သန်းနဲ့ ဝယ်ယူခွင့်စာချုပ်ကို မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားရဲ့ အနာဂတ်ဟာ မရေမရာပဲ ဆက်လက်ရှိနေခဲ့ပါတယ်။ ယူနိုက်တက်က ဒုတိယအကြိမ် အငှားပြောင်းရွှေ့မှုအကြောင်း ဆွေးနွေးဖို့ ဘာစီလိုနာနဲ့ ဆွေးနွေးခဲ့ပေမဲ့ စိတ်မဝင်စားဘူးလို့ အခိုင်အမာ ပြောဆိုထားပြီး အခုအခါ အသက် 28 နှစ်အရွယ် ကစားသမားကို ရောင်းချဖို့ တခြားအသင်းတွေ ထပ်မံ ရှာဖွေရတော့မှာပဲဖြစ်ပါတယ်
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ကစားပေးနေပြီး ဗုဒ္ဓဟူးနေ့ညက ခရိုအေးရှားကို 4–2 ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြခဲ့ပြီးနောက် ဒီနွေရာသီမှာ ပြောင်းရွှေ့ရဖို့ မျှော်လင့်ချက်တွေ ပြန်လည် ရရှိလာပြီး ယူနိုက်တက်က ဒီနွေရာသီမှာ ဘယ်တောင်ပံကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ ရှိနေတာကြောင့် မန်ယူ ပရိသတ်တွေဟာ ရက်ရှ်ဖို့ဒ်ကို အိုးထရက်ဖို့ဒ်မှာ ပြန်လည်ကြိုဆိုချင်ကြတာ တွေ့လာရပါတယ်
ရက်ရှ်ဖို့ဒ်ရဲ့ စာချုပ်မှာ ပေါင် 40 သန်းတန် စာချုပ်ဖျက်သိမ်းကြေးနဲ့ ပတ်သက်ပြီး ဒီအပတ်မှာ အများကြီး ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် MEN ကတော့ ဒါဟာ ခိုင်လုံမရှိတဲ့ သတင်းတွေသာ ဖြစ်ပြီး ရက်ရှ်ဖို့ဒ်နဲ့ ကလပ်အသင်းကြားက သဘောတူညီချက်တစ်ခုသာ ဖြစ်ကြောင်း သောကြာနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မန်ယူ အကယ်ဒမီထွက် နောက်ဆုံး လက်ကျန် ကစားသမားကို အာဆင်နယ် ၊ ဘိုင်ယန်မြူးနစ် နှင့် ချဲ့လ်ဆီး အသင်းတို့ ဟာ ဒီနွေရာသီမှာ ဘယ်တောင်ပံကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ ဈေးကွက်ထဲမှာ ရှိနေပြီး ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားမှာ အထင်ကြီးလောက်စရာ ဆက်လက်ပြသနိုင်မယ်လို့ မျှော်လင့်နေပြီး သူ့ကို ခေါ်ယူဖို့ ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok
1010