KOCK PAW Football Club

KOCK PAW Football Club

แชร์

𝐹𝑢𝑡𝑢𝑟𝑒 𝐹𝑜𝑟 𝐾𝑂𝐶𝐾 𝑃𝐴𝑊 𝐹𝐶!👏

23/02/2026

အသင်းငယ်၊ လတ် ဘောလုံးပြိုင်ပွဲ (ညပွဲ) ⚽🌙
📅 1.3.2026 (Sunday)
ဒီနေ့ပွဲမှာ K**K PAW FC အသင်း ဝင်ရောက်ယှဉ်ပြိုင်ကစားမယ့်အတွက်
ဘောလုံးချစ်တဲ့ ညီကိုတွေ အားလုံးနဲ့ ဆုံချင်ပါတယ်နော် 🙌
လာရောက်အားပေးပြီး
အသင်းကို အားပေးကြပါဦးနော် 💪⚽
တွေ့ဆုံကြမယ်နော်…ညပွဲမှာ 🔥
🏟 TC RAMA 9



**KPAWFC
#အသင်းငယ်လတ်ဘောလုံးပြိုင်ပွဲ
#ညပွဲ
#ညီကိုတွေနဲ့ဆုံမယ်

22/02/2026

🏆 Myanmar National League 2025–26 (Week-18)
⚽ Thitsar Arman United FC 2 – 2 Dagon Port FC
ယနေ့ပွဲစဉ်တွင်
သစ္စာအားမာန်အသင်းအတွက် ကော့ပေါကစားသမား
Saw Myo Zaw သည်
ပွဲချိန် (၁၁) မိနစ် နှင့် (၆၇) မိနစ် တို့တွင်
အရေးပါတဲ့ သွင်းဂိုး (၂) ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းတွင် သစ္စာအားမာန်အသင်းဟာ
တစ်ယောက်အသာဖြင့် ကစားနိုင်ခဲ့သော်လည်း
နောက်ကျချေပဂိုးကြောင့်
ပွဲရလဒ်ကို သရေ (၂–၂) ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။
🏅 ပြိုင်ပွဲရဲ့ Man of the Match ကတော့
သစ္စာအားမာန်အသင်း အဓိကအားထားရတဲ့
ကော့ပေါကစားသမား စောမျိုးဇော် ပဲ ဖြစ်ပါတယ်။ 💪⚽






08/02/2026

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၆) အပြီး
ထိပ်တန်း ဂိုးသွင်းသူများ
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၆) အပြီး
လိဂ်၏ ထိပ်တန်း ဂိုးသွင်းသူ (၉) ဦးစာရင်းအတွင်း
👉 မြန်မာကစားသမား (၅) ဦးအထိ ပါဝင်လာခဲ့ခြင်းက
အထူးစိတ်ဝင်စားဖွယ် ဖြစ်လာခဲ့ပါတယ်။
ဒါဟာ မြန်မာနေရှင်နယ်လိဂ် စတင်ကျင်းပခဲ့တဲ့
၂၀၀၉ ခုနှစ်ကစပြီး ယနေ့အထိ
👉 ထိပ်တန်းဂိုးသွင်းသူစာရင်းအတွင်း
မြန်မာကစားသမား ပါဝင်လာမှု အများဆုံး ဖြစ်ခဲ့တဲ့
သမိုင်းဝင်အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။
တိုက်စစ်မှူးစစ်စစ်များ ရှားပါးနေတဲ့
မြန်မာလက်ရွေးစင် ဘောလုံးအသင်းအတွက်တော့
အားရစရာကောင်းတဲ့ အချက်တစ်ခုဖြစ်ပြီး
ပြည်တွင်းလိဂ်၏ အရည်အသွေး တိုးတက်လာမှုကိုပါ
ထင်ရှားစွာ ပြသနေပါတယ်။
အောက်တွင်
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၆) အပြီး
ဂိုးသွင်းအများဆုံး ကစားသမားများစာရင်းကို
ဖော်ပြထားပါတယ်။
အထူးဝမ်းသာစရာကတော့
👉 ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ပေါကျေးရွာနေ
ကရင်​ပြည်နယ်ကစားသမားတစ်ဦးလည်း
ဒီထိပ်တန်းစာရင်းထဲမှာ ပါဝင်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ် 😊⚽














05/02/2026

Myanmar National League 2025-2026 (Week-16)
MAHAR UNITED FC 🆚 THITSAR ARMAN UNITED FC
THITSAR ARMAN UNITED FC အသင်းအတွက်
ကော့ပေါကစားသမား စောမျိုးဇော် က
⚽ ၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး
🎯 ဖန်တီးမှု ၂ ကြိမ်မှ ဂိုးအဖြစ် ပြောင်းလဲနိုင်စေခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်
🏅 Man of the Match ဆုကိုလည်း
ထိုက်တန်စွာ ရရှိခဲ့ပါတယ်။
သို့သော် THITSAR ARMAN UNITED FC အသင်းဟာ
MAHAR UNITED FC အသင်းနဲ့
🤝 သရေ ရလဒ် နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
Fighting ညီလေး စောမျိုးဇော် 💪🔥
ဆက်လက်အောင်မြင်ပါစေ!
Crd Pyone Play Sports








30/01/2026

YADANARBON FC 🆚 THITSAR ARMAN FC
MNL 2025–2026 (Week-15)
ကော့ပေါကစားသမား
စောမျိုးဇော် ရဲ့ 🔥 Hat-Trick သွင်းဂိုးနဲ့အတူ
THITSAR ARMAN FC အသင်း အနိုင်ရရှိခဲ့ပါတယ် 😍⚽
⚽ ဂိုးသွင်းမိနစ်များ
62’ | 70’ | 90+5’
နောက်ဆုံးမိနစ်အထိ မလျော့မကွာ တိုက်ပွဲဝင်ကစားပြီး
အသင်းအတွက် သမိုင်းဝင် Hat-Trick ဖန်တီးပေးခဲ့တဲ့
စောမျိုးဇော် 👏💛
Crd Pyone Play Sports








Photos from K**K PAW Football Club's post 19/12/2025

Proud to be Champion 🏆
ARKU'S FC & Sai Sai FC နဲ့အတူ
အောင်မြင်မှုကို ရယူနိုင်ခဲ့တဲ့
ကော့ပေါဘောလုံးညီကိုများ 💪⚽
Congratulations 👏


19/12/2025

💢၂၇၆၅ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို

ကရင်တမျိုးသားလုံးနှင့်အတူကြိုဆိုဂုဏ်ပြုပါသည်။💢

08/12/2025

“တူညီတဲ့ရွာ၊ ကွဲပြားတဲ့အိမ်မက်… ပင်နယ်တီမှာ စမ်းသပ်ကြတဲ့ ကော့ပေါကစားသမားနှစ်ယောက် ⚽💪”

#ထိုင်းအပျော်တမ်းဘောလုံးပြိုင်ပွဲ

Photos from K**K PAW Football Club's post 01/12/2025

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်ဆီးဂိမ်းပြိုင်ပွဲအတွက် ချင်းမိုင်မြို့မှာ လေ့ကျင့်နေလျက်ရှိတဲ့
မြန်မာ U-22 အသင်းနှင့်အတူ မြင်တွေ့ခွင့်ရတဲ့
ကော့ပေါကစားသမား စော မျိုးဇော် ✨
အထူးသဖြင့် စော မျိုးဇော် ကို မြင်တွေ့နိုင်ခဲ့တာက
အားကစားကိုချစ်တဲ့လူတစ်ယောက်အတွက် Motivation တစ်ခုပဲ 🇲🇲⚽️✨




ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


73/10 Moo8
Bangkok
21000