14/08/2026
Amit Bahtia ဟာ လီဗာပူး အသင်း ရဲ့ ဒုဥက္ကဌဖြစ်လာမှာဖြစ်ပြီး Elaine Saverin နဲ့ Bryan Baum တို့ဟာလည်း အသင်း ဒါရိုက်တာဘုတ်အဖွဲ့မှာ ပါဝင်လာမှာပါ။ Elaine Saverinဟာ Facebook ကို တည်ထောင်ခဲ့သူတွေထဲက တဦးဖြစ်ပြီး Bryan Baumကတော့ K5 sports ကနေ အမေဖဇုန်တည်ထောင်သူ Jeff Bezos ကို ကိုယ်စားပြုပြီး ပါဝင်လာတာဖြစ်ပါတယ်။
14/08/2026
လီဗာပူးအသင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး FSG နဲ့အတူ လက်တွဲခွင့်ရတာကို ကျွန်တော်တို့ အလွန်ပဲ ဂုဏ်ယူမိပါတယ်။ အန်ဖီးလ်မှာ FSG က အသင်းပိုင်ရှင်အဖြစ် ဆောင်ရွက်ခဲ့ပြီး အောင်မြင်အောင် စွမ်းဆောင်ခဲ့တာတွေကို လေးစားဂုဏ်ယူမိပါတယ်။ ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ အသင်းကြီးမှာ လက်တွဲဖော်အဖြစ် ကြိုဆိုခံရတာကလည်း ကြီးမားတဲ့ ဂုဏ်ယူဝံ့ကြွားစရာတခုလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လီဗာပူးအသင်းရဲ့ အနာဂတ်နဲ့ အသင်းရဲ့ ဦးဆောင်ဦးရွက်ပြုသူတွေကို အပြည့်အဝ ယုံကြည်မှုရှိတာကြောင့် အခုလို လာရောက် ရင်းနှီးမြှုပ်နှံရခြင်းဖြစ်ပြီး နောင်နှစ်ပေါင်းများစွာအထိ အသင်းရဲ့ ရေရှည်အောင်မြင်မှုတွေကို ကူညီပံ့ပိုးပေးသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။
Amit Bhatia
14/08/2026
FSG ဟာ လီဗာပူးအသင်း ရဲ့ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းခန့်ကို ပေါင် 1.65ဘီလီယံခန့်နဲ့ လွှဲပြောင်းရောင်းချလိုက်ပါပြီ။
FSG ဟာ လီဗာပူးအသင်း တည်ထောင်ခဲ့သည့် နှစ်ကို အစွဲပြုပြီး အမည်ပေးထားတဲ့ Bhatia ရဲ့ 1892 Holdings ကုမ္ပဏီကို နောင်အနာဂတ်မှာ ခုထက် ပိုပြီးများတဲ့ အစုရှယ်ယာများကို ထပ်မံရောင်းချသွားမယ်လို့ ကတိပြုထားခြင်းတော့ မရှိပါဘူး။
သို့ပေမဲ့ ရှေ့ဆက်လက်တွဲသွားမဲ့ ဆက်ဆံရေး အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေ ပြောင်းလဲနိုင်တဲ့ အခွင့်အရေးများနဲ့ အလားအလာများကို ခုစာချုပ်စာတမ်းများမှာ ထည့်သွင်းထားပါတယ်။ ဒါကြောင့် အနာဂတ်တွင် FSG အနေနဲ့ အသင်း ရဲ့ အစုရှယ်ယာများကို ထပ်မံရောင်းချလိုပါက Bhatia ဟာ ပိုပြီးများပြားတဲ့ အစုရှယ်ယာများကို ဦးစားပေး ဝယ်ယူနိုင်မဲ့ အခွင့်အရေးကောင်းရှိနေပါမယ်။
1892 Holdings လို့ အမည်ပေးထားတဲ့ ကုမ္ပဏီမှာ Amit Bahtia ၊ Eduardo ၊ Elaine Saverin နဲ့ K5 sports( Jeff Bezos ထောက်ပံ့ပေးထားတဲ့ ကုမ္ပဏီ) တို့ ပါဝင်ပါတယ်။
ဒီအရောင်းအဝယ်က အသင်း ရဲ့ နေ့စဉ်လည်ပတ်ဆောင်ရွက်နေတာတွေကို အပြောင်းအလဲ ရှိမှာ မဟုတ်သလို ကစားသမားသစ် ဝယ်ယူဖို့ အပိုဘက်ဂျက်များလည်း ရရှိလိ့မ်မည် မဟုတ်ပါ။
10/08/2026
Breaking News : Amazon ကို တည်ထောင်သူ Jeff Bezosပါဝင်တဲ့ ရင်းနှီးမြှုပ်နှံသူများ အဖွဲ့ဟာ လီဗာပူးအသင်း ရဲ့ ရှယ်ယာ သုံးပုံတစ်ပုံခန့်ကို ဝယ်ယူရန် သဘောတူညီမှု ရရှိတော့မယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။
Jeff Bezos ဟာ Facebookကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ Eduardo Saverin နဲ့အတူ Lakshmi Mettelရဲ့ သမက်ဖြစ်သူ Amit Bhatiaဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံသူများအဖွဲ့မှာ ပူးပေါင်းပါဝင်လာမှာပဲ ဖြစ်ပါတယ်။
အဆိုပါ သဘောတူညီမှုမှာ ယခင်က ခန့်မှန်းထားတာထက် အနည်းငယ် ပိုမိုများပြားနိုင်ပြီး ရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော်အထိ ပါဝင်လာနိုင်ကြောင်း အတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
FSG ဟာ လာမယ့်သတင်းပတ်တွေအတွင်း ရောင်းဝယ်မှုဆိုင်ရာ ကြေညာချက်တခုကို ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်းလည်း Sky Newsက ဖော်ပြခဲ့ပါတယ်
သဘောတူညီမှုသာ အပြီးသတ်အောင်မြင်ခဲ့ပါက ကမ္ဘာအချမ်းသားဆုံး ပုဂ္ဂိုလ်တွေထဲက သုံးဦးဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ လီဗာပူးအသင်း ရဲ့ ပူးတွဲပိုင်ရှင်တွေ ဖြစ်လာပါလိမ့်မယ်။
10/08/2026
အာရူဟိုအတွက် ဒါဝင် ရဲ့ ဆုတောင်းစကား
09/08/2026
ဒီနေ့ပွဲမှာ ဂျရမီဂျက်ကတ် ကို ဝင်ကစားခိုင်းဖို့ အဆင်ပြေမလားဆိုတာ သံသယရှိခဲ့ပါတယ် နောက်ပွဲမှာတော့ သူအဆင်ပြေပါလိမ့်မယ် ဂျုံးစ် ကတော့ တင်ပါးဒဏ်ရာရှိလို့ ကြိုတင်ကာကွယ်မှုအနေနဲ့ စွန့်စားပြီး မသုံးခဲ့တာပါ
အီရာအိုလာ
08/08/2026
မာတစ် က လီဗာပူးဖန်တွေအတွက်ရော တခြားဖန်တွေအတွက်ပါ တော်တော်လေး underrated ဖြစ်ခဲ့တဲ့ ကစားသမားလို့ ပြောလို့ရတယ်။ ကြံ့ခိုင်မှုပိုင်း ပြဿနာရှိပေမဲ့ အသင်းကို ဒုက္ခရောက်စေတဲ့ ကစားသမားမျိုး မဟုတ်ဘူး။ ကစားခွင့်ရတိုင်းမှာ ခြေစွမ်းပြနိုင်တယ်။ ဘယ်လောက်ပဲ နာခဲ့၊ နားခဲ့ရ ပြန်ကစားတဲ့အချိန်တိုင်းမှာ ပုံမှန်ခြေစွမ်း ပြနိုင်တယ်။ အကြာကြီး နားခဲ့ရလို့ ခြေကျသွားတာ မတည်ငြိမ်တာ ဘယ်တော့မှမရှိဘူး။ ဘယ်ကစားသမားမဆို ဒဏ်ရာရပြီးတာနဲ့ ပုံမှန်ခြေစွမ်းရဖို့ အချိန်ယူရပေမဲ့ မာတစ်ကတော့ ဝင်ကန်နိုင်တာနဲ့ ခြေစွမ်းပြတာပဲ။ ကစားနိုင်တဲ့အချိန်မှာ classအဆင့်ပြနိုင်တယ်။ ကစားခွင့်မရတဲ့အချိန်မှာလည်း top character ကို ပြနိုင်တယ်။ ခေတ်သစ်လီဗာပူး ရဲ့ အောင်မြင်မှုအစလို့ ပြောနိုင်တဲ့ ချန်ပီယံလိဂ်အောင်ပွဲမှာ အိုရီဂီ သွင်းဂိုးကို ဖန်တီးနိုင်ခဲ့တာလည်း မာတစ်ပဲ။ ချစ်စရာဟန်ပန်အပြုအမှုတွေ မမေ့နိုင်တဲ့အခိုက်အတန့်တွေ ဖန်တီးပေးခဲ့တဲ့အပြင် အောင်မြငိမှုများစွာလည်း ရယူပေးခဲ့တယ်။
မာတစ် ဟာ ကစားသမားဘဝတလျောက်လုံးမှာ အသင်းနှစ်သင်းပဲ ကစားဖူးတယ်။ ငွေရှာချင်ရင် ပေတေပြီး ဆက်ကစားလို့ရပေမဲ့ ခပ်တည်တည်ပဲ နားပလိုက်တယ်။ အားလုံးသတိတရနဲ့ လွမ်းဆွတ်နေရရောပဲ။
Happy Birthday, Joel ❤️
07/08/2026
- အာရူဟို ခေါ်ယူလိုက်တာက လီဗာပူးအသင်း ရဲ့ ဗဟိုခံစစ်ကစားသမားတွေ လတ်တလော အဆင်သင့်ဖြစ်မနေမှုကို သိသာထင်ရှားစေခဲ့ပါတယ် ဒါပေမဲ့ ဒီကစားသမားတွေအပေါ် ( ဂျက်ကက် နဲ့ လီအိုနီ ) မှာ မျှော်လင့်ချက်ကြီးကြီးထားထားတာကိုလည်း မြင်သာစေပါတယ်
- လီဗာပူးအသင်း ရဲ့ ကတိုက်ကရိုက်နိုင်တဲ့ စီမံ့ခန့်ခွဲမှုကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဒီလိုအပြောင်းအရွေ့မျိုးက အကျိုးဖြစ်ထွန်းမှု နည်းပါးလေ့ရှိပါတယ် ရှေ့မှာ ဥပမာပေါင်းများစွာ ရှိပါတယ်
- အကောင်းဖက်ကကြည့်ရင် အာရူဟို ဟာ CB / RB နေရာစလုံးမှာ ကစားနိုင်ပါတယ် အမြင့်ဘောနဲ့ပတ်သတ်ရင် ခံစစ်အတွက်ရော တိုက်စစ်အတွက်ပါ တော်တော်ကောင်းပါတယ်
- အဆိုးဖက်ကကြည့်ရင် ဒဏ်ရာပြဿနာတွေ များလွန်းတဲ့ ကစားသမားဖြစ်ပြီး ခြေစွမ်းတည်ငြိမ်မှု နည်းပါတယ် နောက်ပိုင်းနှစ်တွေမှာ အမှားများတဲ့ ကစားသမားတယောက်လို့ ပြောလို့ရပါတယ်
- ကောင်းနေရင် အရမ်းကောင်းပြီး ညံ့နေရင် တသင်းလုံးကို ဆွဲချသွားမယ့် ကစားသမားမျိုးကို ခေါ်ယူလိုက်တာလို့ ယေဘုယျသုံးသပ်လို့ ရပါတယ်
07/08/2026
လီဗာပူးအသင်း ဟာ ဘာစီလိုနာ နောက်ခံလူ အာရူဟို ကို အငှါးနဲ့ ခေါ်ယူလိုက်ပါတယ်