အဝယ်မမှားရအောင်...
#သူမ #အတူတူရှင်သန်ကြပါစို့
သူမ
Your Coach!
Founder's Story
လူတစ်ဦးနှင့်တစ်ဦး မျှဝေ၊ဆွေးနွေး၊ တိုင်ပင်ရတာကိုကြိုက်တဲ့ မြန်မာလူမျိုးတို့ရဲ့ ထုံးစမ်းအတိုင်း virtual friend ဆိုတဲ့ concept နဲ့ "သူမ" social platform ကို 2018 မှာ စတင်ခဲ့ပါတယ်။ "online ပေါ်က သူငယ်ချင်းလေးဖြစ်ချင်တယ်" ဆိုတဲ့ ဆောင်ပုဒ်နဲ့စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးရာ အထောက်အကူပြုစာတို၊ ဆောင်းပါးတိုလေးတွေကို လူငယ်ဟန်နဲ့ ပညာပေးစရာ၊ ဖျော်ဖြေရေးပါတွေးပြီး "သူမ" ကို so
09/07/2026
ဥယျာဉ်ကြီးက ကိုယ်ပိုင်ပါ။
ဒီအပင်မကြိုက်ရင်၊
ကြိုက်တဲ့အပင်ပြောင်းစိုက်လို့ရတယ်။
ပျိုးသမျှ ပြန့်ပွါးလာမှာ ဖြစ်တဲ့အတွက်၊
တစ်နေ့တစ်နေ့၊
ကိုယ်ဘာတွေ မျိုးစေ့ချဖြစ်လဲ?
ဘယ်ပျိုးပင်တွေ ရေလောင်းပေါင်းသင်ဖြစ်လဲ?
ဂရုတစိုက်တွေးဖို့ ထိုက်တန်ပါတယ်။
တော်ကြာ….
တချိန်ချိန် အသီးအပွင့်တွေနဲ့
ပျိုးပင်တွေ သန်လာတော့မှ…
“ငါ လိုချင်တာ ဒီစိုက်ခင်းမဟုတ်ခဲ့ဘူး။”ဆို
အဲ့အချိန်ကျမှ၊ မခက်တော့ဘူးလား….။
#သူမ
#အတူတူရှင်သန်ကြပါစို့
08/07/2026
🇹🇭 Bangkok မှာ တွေ့ကြမလား?
မနေ့က form လေး error ဖြစ်သွားလို့ post အသစ်တင်ထားပါတယ်။ ဖြည့်ပြီးသူတွေလည်း ပြန်ဖြည့်ကူကြပါအုံးရှင်။
sorry for inconvenience and thanks again 🙏
🇹🇭 Bangkok မှာ တွေ့ကြမလား?
Thuma Coaching အနေနဲ့ Bangkok မှာ Training လေးတစ်ခု လုပ်ဖို့ စဉ်းစားနေပါတယ်။
ပထမဆုံး offline သင်တန်းဖြစ်တဲ့အတွက် ကျွန်မတို့ team ရဲ့ ထင်မြင်ယူဆချက်တစ်ခုတည်းမဟုတ်ဘဲ viewer တွေရဲ့ အတွေးအမြင်လေးလည်း သိချင်တာကြောင့် အောက်မှာပေးထားတဲ့ survey link အတိုင်း အချိန် ၁၀ မိနစ်လောက်ပေးပြီး ကူညီအကြံပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
ဒီအချက်အလက်တွေက သင်တန်းရဲ့ Course Design နဲ့ facility တွေကို အများကြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ကျေးဇူးအထူးတင်ရှိပါတယ်။
🔗 Survey Link: https://forms.gle/K4XkQwMdakKnee2t5
(🙇♀️ မနေ့က တင်ခဲ့တဲ့ Survey Form လေးမှာ Error အနည်းငယ် ပါသွားတဲ့အတွက် Form အသစ်ကို ပြန်လည်ပြင်ဆင်ထားပါတယ်ရှင်။
မနေ့က ဖြေဆိုပေးပြီးသားသူများလည်း Form အသစ်လေးကို ထပ်မံဖြေဆိုပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။)
#သူမ #အတူတူရှင်သန်ကြပါစို့
ဘာတွေစုမိပြီလဲ?
#သူမ
#အတူတူရှင်သန်ကြပါစို့
လမ်းကြောင်းပြောင်းမလို့လား?
#သူမ
#အတူတူရှင်သန်ကြပါစို့
#ရွှေခရား
#ရွှေခရားလက်ဖက်ခြောက်
ခုတင်၊ ခုရောင်း...
#သူမ #အတူတူရှင်သန်ကြပါစို့
အမှုမဲ့ အမှတ်မဲ့ မတွေးပါနဲ့။
#သူမ
#အတူတူရှင်သန်ကြပါစို့
ဘာအစီအစဥ်တွေရှိလဲ?
#သူမ
#အတူတူရှင်သန်ကြပါစို့
30/06/2026
450,000 ကျပ် discount နဲ့က ဒီနေ့နောက်ဆုံးပါ။ 🙌
Thuma Coaching မှာ register လုပ်ပါ။
🔔 အချိန်တစ်ရက်သာကျန်တော့တဲ့ June လရဲ့ နောက်ဆုံး promotion...
၃ရက်တာ "Intensive Personal Brand Mastery" Zoom Webinar အတန်းကို June လ ၃၀ ရက်နေ့ မြန်မာချိန်ည ၉နာရီအထိ 450,000 ကျပ်နဲ့ အပ်လို့ရမှာဖြစ်ပါတယ်။
👉 July လထဲမှာ အပ်နှံရင်တော့ မူလသင်တန်းကြေး 500,000 ကျပ်ဖြင့်အပ်နှံနိုင်မှာဖြစ်ပါတယ်။
▪️ ဒီ (၃) ရက်တာ သင်တန်းကာလအတွင်းမှာ ကိုယ်ပိုင်ကျွမ်းကျင်မှုတွေကို စနစ်တကျ ဖွဲ့စည်းတင်ဆက်နိုင်ဖို့အတွက် Strategy အပိုင်းတွေကို လေ့လာရမှာဖြစ်ပြီး၊ ကိုယ်ပိုင်ဝမ်းစာ တွေကို စနစ်တကျ ပြန်လည်ဆန်းစစ်ပြီး လက်တွေ့တင်ဆက်မှုများနှင့်အတူ ကျွမ်းကျင်သူတွေရဲ့Feedback တွေကိုပါ ရယူနိုင်မယ့် အခွင့်အရေးတွေကို ဝေဝေဆာဆာ လေ့ကျင့်သွားမှာဖြစ်ပါတယ်။
👉 ဘယ်သူတွေတက်သင့်လဲ?
▪️ ကောက်ရိုးမီးလို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ မဟုတ်ပဲ၊ ရေရှည်မှာ ကိုယ်ပိုင်ဝန်ဆောင်မှု ဒါမှမဟုတ် ကုန်ပစ္စည်းတစ်ခုအထိ ဖန်တီးရောင်းချနိုင်တဲ့အထိ စနစ်ကျပြီး ရည်ရွယ်ချက်ရှိတဲ့ Brand တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။
📆 သင်တန်းကာလကတော့
▪️ ဇူလိုင် ၁၈၊ ၁၉ နဲ့ ၂၆ ရက်ဖြစ်ပြီးတော့ တစ်ရက်ကို ၂နာရီ ကြာမြင့်ပါမယ်။
ယခု promotion လေးအတွက် အချိန်တစ်ရက်သာကျန်တော့တာမလို့ အမြန်ဆုံးလာရောက် အပ်နှံလိုက်ပါ။
သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်အတွက် Page Admin ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#သူမ #အတူတူရှင်သန်ကြပါစို့
ဘယ်လမ်းကိုရွေးမလဲ?
#သူမ
#အတူတူရှင်သန်ကြပါစို့
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok