ZAY YAR MIN LAT

ZAY YAR MIN LAT

แชร์

I like playing football, and I play it as a hobby.

12/08/2026

🤯 ဒါကြီးက ဘာကြီးလဲဟေ့...

CM ဆိုတာကြီး ပွင့်ပြီးလား? 😂🔥

ဒီလိုသာဆိုရင်တော့...

CM ပွင့်ဖို့ View လည်း မလို၊
Follower 10K လည်း မလိုပါဘူးဆိုတဲ့သဘောပဲနော်။ 🤣

CM ပွင့်ပြီဆိုတော့...

အခုကစပြီး သေချာလေး ပြန် Run ရတော့မှာပေါ့။ 💪🔥

ဘာတင်တင် Like ❤️ Comment 💬 လေးတွေနဲ့
အမြဲတမ်း ဝင်အားပေးကြတဲ့ သူငယ်ချင်းတစ်ယောက်ချင်းစီကို
ကျေးဇူးအများကြီးတင်ပါတယ်နော်။ 🙏❤️

ရှေ့ဆက်ပြီးလည်း အရင်လိုပဲ
ဆက်အားပေးကြပါဦးဗျာ။ 🥰

ဒီခရီးမှာ အားပေးတဲ့သူတွေကြောင့်ပဲ
ဒီအဆင့်ထိ ရောက်လာတာပါ။ ❤️🔥





12/08/2026

နဖူးမှာ ဒဏ်ရာလေးရသွားတော့ အသင်းက ညီကိုတွေက စိတ်ပူပြီး
“ရလား ကိုဇေယျာ” ဆိုပြီး လှမ်းမေးနေတုန်း...

ကိုယ်ကလည်း လက်လေးအသာပြပြီး
“ရတယ်” ဆိုတဲ့ပုံစံနဲ့ ပြန်ဖြေနေတဲ့ အခိုက်အတန့်လေးထင်တယ်

ဒီပုံမြင်မှ မှတ်မှတ်ရရ ပြောပြဦးမယ်...

MM ပြည်မှာ ရပ်/ကျေး U-23 ကန်တုန်းကပေါ့။
ကိုယ်ဆော့တဲ့နေရာ ကလည်း အထိအခိုက်များတဲ့ နောက်တန်းး
ပွဲကလည်း Semi Final ဆိုတော့ အပြိုင်အဆိုင်နဲ့တော်တော်ကြမ်းခဲ့တဲ့ပွဲပေါ့ ⚽

ကစားရင်း ထိခိုက်မိပြီး ဒူးပြုတ်သွားတယ်
အဲဒီအချိန် လူစားလဲဖို့ကလည်း ပြည့်သွားပြီးဆိုတော့ လူလဲလို့မရတော့ရော်

ကိုယ်ထွက်လိုက်ရင်လဲ အသင်းကတစ်ယောက်လျော့သွားမှာဆိုးလို့ နေရာချိန်းပြီး ရှေ့တန်းမှာ မတ်တပ်ရပ်ပြီ ဆက်ကစားခဲ့တာပေါ့။ 😅

ပွဲပြီးလို့ အသင်းနိုင်သွားတော့မှပဲ စိတ်လျော့လိုက်လို့ထင်တယ် လမ်းတောင်လျောက်မနိုင်တော့ဘဲ ဖြစ်သွားတာ...

အဲလောက်ထိကစားခဲ့တော့
အခု နဖူးဒဏ်ရာလေးကတော့ သေးသေးလေးပါကွာ
မင်းတို့ကိုကြီးက ဘောလုံးနဲ့ပတ်သက်ရင်
အမြဲတမ်း "ရတယ်"ဆိုတာ မသိသေးဘူးထင်တယ်။ 😂




#ဘောလုံးဝါသနာ

08/08/2026

အာရှကျားရှုံးလို့စိတ်မညစ်ခံမနေနဲ့ သားရီးတို့😂
သခင်ကြီးငဆိုက်ပွဲရှိသေးတယ်
ထပ်လောင်ကြတာပေါ့
ရလဒ်လေးလဲ အောက်ကလင့်ထဲ သွားခန့်ထားကြအုံး
https://www.facebook.com/share/p/1KDtr9zJhH/



08/08/2026

⚽ ဒီကစားနည်းကြောင့်ပဲ...

ကျွန်တော်တို့ ရင်းနှီးလာတယ်။
ဒီကစားနည်းကြောင့်ပဲ နေရာအနှံ့ ရောက်ဖူးလာတယ်။
ဒီကစားနည်းကြောင့်ပဲ မိတ်ဆွေကောင်းတွေ တိုးလာတယ်။

အနိုင်အရှုံးဆိုတာတော့ အားကစားမှာ ရှိစမြဲပါပဲ။

ဒါပေမယ့် ကွင်းထဲမှာ ပြိုင်ဘက်ဖြစ်ပေမယ့် ကွင်းပြင်မှာတော့ အားကစားသမားအချင်းချင်း လေးစားမှုရှိစေချင်ပါတယ်။ 🤝❤️

ဘောလုံးက ကျွန်တော်တို့ကို ပြိုင်ဆိုင်ဖို့ သင်ပေးသလို

မိတ်ဆွေဖွဲ့ဖို့၊ လေးစားတတ်ဖို့နဲ့ တစ်ယောက်ကိုတစ်ယောက် အားပေးတတ်ဖို့လည်း သင်ပေးတဲ့ အားကစားတစ်ခုပါ။

ဒီနယ်ပယ်မှာ ရှိနေကြတဲ့ အားကစားသမားအားလုံး
အနိုင်အရှုံးထက် အချင်းချင်းလေးစားမှု ထားကြစေချင်တယ်။ 🙏⚽❤️





05/08/2026

⚽ စိတ်ပဲရှိတော့တာ...

လူကတော့ မလှုပ်နိုင်တော့ဘူး။ 😅

အလုပ်ပင်ပန်းတာရော...

အရင်လို့မဆော့ပေးနိုင်တာရော...

ကွင်းထဲမဆင်းခင်ကတည်းက သိနေတယ်။

ဒါပေမယ့်...
မကန်ရလည်း မနေနိုင်ပြန်ဘူး။ ❤️⚽





02/08/2026

😂 ဘာရယ်တော့ မဟုတ်ဘူး... မသိလို့ မေးပါရစေ။

ရှေ့တန်းကစားသမားတစ်ယောက်က...

တစ်ဂိုးမှ မသွင်းဘဲ "အကောင်းဆုံးကစားသမားဆု" ရတာ ဖြစ်သင့်လားဗျာ? 🤔

မဆီမဆိုင်...

အဲဒီဆုကိုတော့

တစ်ဂိုးမှ မသွင်းဘဲ ကျနော် ရခဲ့တာ။ 🤣

ဟီး...

ဂိုးမသွင်း အမှတ်တရဆုပေါ့။ 😂🏆

(စတာပါ... ဘောလုံးဆိုတာ ဂိုးသွင်းတာတစ်ခုတည်းနဲ့ မရဘူး ဆုပေးတဲ့ ညီကိုတွေနဲ့လဲ ပေါင်းထားဖို့လိုတယ် 😁⚽)





02/08/2026

လှသွားပြီးလား...

ဒဏ်ရာ ဘယ်လောက်ရရ...

ဒီဝါသနာကိုတော့⚽

မစွန့်နိုင်သေးဘူး။ ❤️





02/08/2026

⚽ ဒီနေ့...Eleven Star ညီကိုတွေနဲ့အတူ

ဖက်ကဆာ မှာ ရှိနေမယ်နော်။ 😁

ထုံးစံအတိုင်း...

မတ်တပ်လာရပ်တာပဲ။ 😂

တွေ့ရင် ခေါ်ကြပေါ့ ...





ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok