Zeta Swimming Class

Zeta Swimming Class

แชร์

အခြေခံမှစအဆင့်မြင့်အထိတတ်မြောက်အောင်သင်ကြားပေးပါသည်။

14/07/2026

အရင်က မတင်ဖြစ်ခဲ့တဲ့ သင်တန်းသားအကိုတစ်ယောက်ရဲ့ ၁၀ ရက်အတွင်း လေရှူ၊ လက်ပစ် လေ့ကျင့်ခဲ့တဲ့ Progress Video လေးပါ။ 🏊‍♂️

ကြိုးစားမှုနဲ့ မှန်ကန်တဲ့ လေ့ကျင့်နည်းရှိရင် အချိန်တိုအတွင်းမှာလည်း သိသာတဲ့ တိုးတက်မှုကို ရရှိနိုင်ပါတယ်။

ရေကူးကို အခြေခံကနေ စပြီး စနစ်တကျ သင်ယူချင်သူများလည်း Page Chat Box ကနေ အချိန်စာရင်းနဲ့ သင်တန်းကြေးကို လာရောက်မေးမြန်းနိုင်ပါတယ်။ 💙

09/07/2026

အခုကစပြီး ရေကူးသင်တန်းတွေကို အရင်လို ပြန်ဖွင့်နေပါပြီ ခင်ဗျ။

ကျောင်းခဏပိတ်လို့ ရန်ကုန်ပြန်သွားရတာ၊ အလုပ်တွေလည်း များနေလို့ Page ကို မလှုပ်ရှားဖြစ်တာ ကြာသွားပါတယ် 🙏

လောလောဆယ် Discount Promotion လေးတွေလည်း ရှိနေပါတယ်နော် 🎉

သင်တန်းကြေး၊ သင်တန်းအချိန်စာရင်းနဲ့ အသေးစိတ်အချက်အလက်တွေကို သိချင်ရင် Page Messenger မှာ အချိန်မရွေး လာမေးလို့ရပါတယ်ခင်ဗျ။💙

05/05/2026

🌧️ Rainy Season Special 🌊

မိုးရာသီမှာလည်း fun မပျက်ဘူးနော်! 💦ရေကူးရင်း chill လုပ်ဖို့ အကောင်းဆုံးအချိန်ရောက်လာပြီ 🏊‍♂️

💥 Promotion အထူး 💥
👤 တစ်ယောက် — 5% OFF
👥 နှစ်ယောက်နှင့်အထက် — 10% OFF

သူငယ်ချင်းတွေနဲ့အတူလာရင် ပိုပြီး save လို့ရပြီး ပိုပြီးပျော်စရာတွေဖြစ်မယ်နော်။

အသေးစိတ်ကို Cb ကနေတစ်ဆင့်မေးမြန်းနိုင်သလို
📞 0837037818 ကနေလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။


22/01/2026

ဘန်ကောက်က ဆရာမနဲ့ရေကူးသင်ချင်တဲ့ ရွှေမြန်မာတို့အတွက် Special Slot(limited)လေး ရပါမယ်ဗျ! 🏊‍♀️✨
လက်ရွေးစင်ဟောင်းများမှ စနစ်တကျ သေသေချာချာ သင်ပေးမှာမို့ လက်မလွှတ်ရအောင် အမြန်လေး Booking လုပ်ထားလိုက်တော့နော်။

ဘာလို့ Zeta Swimming Class ဆီမှာ သင်သင့်တာလဲ?
• professional ပြိုင်ပွဲဝင်ဟောင်းများဖြစ်လို့ Technique ပိုင်း အထူးစိတ်ချရခြင်း၊
• ရေကူးသင်ကြားရေး အတွေ့အကြုံ (၄) နှစ်နှင့်အထက် ရှိသူများမှ သင်ကြားပေးခြင်း၊
• Location Choice: ရေကူးကန်ရှာစရာမလိုပဲ Coach ရှိတဲ့ Main Pool မှာ လာသင်နိုင်ခြင်း
• 1-on-1 Coaching: ကလေး/လူကြီး မိမိတို့ Condo အထိ လာသင်ပေးခြင်း၊

limited time slot ဖြစ်တာမို့အမြန်ဆုံးအချိန်ညှိပေးဖို့တော့လိုပါတယ်ဗျ
Skills
✅ Basic , Advanced
✅ Technical Corrections

အသေးစိတ်ကို Messenger ကနေဖြစ်စေ၊ အောက်ပါ ဖုန်းနံပါတ်ကနေဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။💌
📞 Contact: +66 94 221 679
#ဘန်ကောက်

17/01/2026

ရေမကူးတတ်လို့ ရေကူးကန်ဘေးမှာပဲ ဓာတ်ပုံရိုက်နေရတဲ့ ခေတ်ကုန်ပြီနော်! 😎

ဆရာမနဲ့သင်ချင်သူများအတွက်အတန်းလေးပြန်စဖွင့်ပါပြီ။
ဆရာမက Bangkok မှာ ခဏပဲရှိနေမှာမို့ နောက်မကျခင် အတန်းလေးတွေ မြန်မြန်အပ်ထားလိုက်တော့နော်။

ရေအရမ်းကြောက်တတ်လို့၊ တစ်ခါမှ မကူးဖူးလို့ စိုးရိမ်နေစရာ လုံးဝမလိုပါဘူး။ အခြေခံကနေစပြီး စနစ်တကျ သင်ကြားပေးတာမို့ ၁၀ ရက်အတွင်း အခြေခံကူးနည်း (၃) မျိုးလုံးကို ကျွမ်းကျင်သွားတဲ့ အစ်မရဲ့ Video လေးကို ကြည့်လိုက်ပါဦး။ 🔥

✅ ရေကြောက်တတ်သူများအတွက် သီးသန့်သင်ကြားမှု ✅ ၁၀ ရက်အတွင်း သိသာတဲ့ တိုးတက်မှု ✅ အခြေခံကနေ စနစ်တကျ သင်ယူလိုသူများအတွက်

ဘန်ကောက်မှာရှိတုန်း ရေကူးတတ်သွားချင်ရင်တော့ အခုပဲ Zeta Swimming Class ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါတော့။ 🌊🏊‍♀️

28/12/2025

အသက် ၅၀ ကျော်မှ ရေကူးသင်လို့ ရပါ့မလား? ဆိုပြီး တွေးပူနေတဲ့ အန်တီတွေအတွက် သတင်းကောင်းလေးပါ! 😍
Zeta မှာ သင်တန်းတက်နေတဲ့ အန်တီတစ်ယောက်ဆိုရင် သင်တန်းချိန် ၁၀ ချိန်လေးနဲ့တင် မီတာ ၂၀ ကန်အရှည်ကြီးကို အေးအေးဆေးဆေး ကူးနိုင်နေပြီနော်။ ဖားကူး (Breaststroke) ရော၊ လက်ပစ်ကူး (Freestyle) ရော နည်းစနစ်မှန်မှန်နဲ့ ပေါ့ပေါ့ပါးပါးလေး ကူးခတ်နေတာ မြင်ရတာ တကယ်ကို အားတက်စရာပါပဲ။ ✨
အသက်အရွယ်က အဓိကမဟုတ်ပါဘူး၊ စိတ်ပါရင် Zeta မှာ အခြေခံကစပြီး စနစ်တကျ သင်ပေးမှာမို့ အချိန်ကုန်လည်း သက်သာတယ်၊ ခဏလေးနဲ့လည်း တတ်စေရမယ်။ ရေကူးတတ်ချင်တဲ့ စိတ်လေးပဲ ယူခဲ့ပါ❤️

12/12/2025

🌊 2026 ရဲ့ personal goal တွေထဲက ရေကူးသင်မယ့် Resolution ပါသလား? 🏊‍♂️✨
၂၀၂၅ ကုန်တော့မယ်နော်... နှစ်တိုင်း "ငါရေကူးသင်ဦးမယ်" လို့ ပြောပြီး မသင်ဖြစ်သေးဘူးဆိုရင်...ဒိအချိန်က အကောင်းဆုံးအခွင့်အရေးပဲ!

🔥 New Year, New Skill Promotion! 🔥
✅ 10% OFF — Per Person!
✅ Enroll 2,Get 1 Free!

🌟 ၂၀၂၆ မှာ သင်ဟာ "ရေကူးတတ်တဲ့သူ" တစ်ယောက် ဖြစ်နေရမယ်!
ပင်လယ်သွားရင် ဘေးကနေပဲ ကြည့်နေရတာ ငြီးငွေ့နေပြီလား? ရေကူးကန်ထဲမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး မဆင်းရဲဘူးလား? ကျွန်တော်တို့ဆီမှာ ၁ လအတွင်း ရေထဲမှာ လွတ်လပ်စွာ ကူးခတ်နိုင်အောင် သင်ပေးဖို့ အဆင်သင့်ပါပဲ!

🤔 ဘာကြောင့် ကျွန်တော်တို့ဆီမှာ တက်သင့်တာလဲ?
"ရေကြောက်သူများအတွက် သီးသန့်" ရေထဲရောက်တာနဲ့အသက်ရှုကျပ်နေသလိုခံစားနေရလား၊ရေထဲဆင်းတာနဲ့ရေနစ်မယ်ဆိုတဲ့စိုးရိမ်မှုရှိနေလား?
ရေအထိအတွေ့တော့ရှိတယ်နည်းစနစ်ကျကျမကူးတတ်တဲ့သူ၊ရေအနက်ပိုင်းမှာကူးတတ်ချင်တဲ့သူ ဒါတွေအကုန်လုံးကို Zeta Swimming class ကစိတ်ပူစရာမလိုအောင် စိတ်ရှည်လက်ရှည် သင်ပေးမှာပါ။
"အချိန်ညှိရလွယ်ကူခြင်း" ရုံးဆင်းချိန်လား? ကျောင်းပိတ်ရက်လား? အဆင်ပြေမယ့်အချိန်ကို ရွေးချယ်လို့ရပါတယ်။
"Fun & Safe" ပျော်လည်းပျော်ရမယ်၊ ဘေးကင်းဖို့ကိုလည်း ၁၀၀% အာမခံပါတယ်။
⏳ Don't Wait! နေရာတွေက မြန်မြန်ပြည့်တတ်တဲ့အတွက်အခုဘဲစာရင်း စာရင်းပေးသွင်းလိုက်ပါ။
👇 အသေးစိတ်သိလိုပါက chat box ကနေဆက်သွယ်နိုင်သလို
📞 Hotline: 0837037818 ကိုလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

03/12/2025

သင်တန်းစတက်တာ သုံးရက်ပဲ ရှိသေးတဲ့ အသက်၅၀ ကျော် အန်တီ လက်ပစ်ကူး (Freestyle) ကို နည်းစနစ်မှန်မှန်နဲ့ ကောင်းကောင်းမွန်မွန် ကူးခတ်နိုင်နေပါပြီ!

ရေကူးတတ်ချင်စိတ် ပြင်းပြနေသူတွေအတွက် အချိန်ကုန်လည်း သက်သာမယ်၊ ရေကူးနည်းစနစ်လည်း မှန်မယ်ဆိုရင် Zeta Swimming Class ကို အခုပဲ ဆက်သွယ်လိုက်ပါ။

20/11/2025

အရွယ်ရောက်ပြီးမှ ရေကူးသင်ခြင်း - သင်ထင်သလောက် ခက်ခဲပါ့မလား?

🤔 "ကလေးဘဝမှာ မသင်ခဲ့ရင် အခုတော့ နောက်ကျသွားပြီ" - ဒါမှန်လား?
❌ လူအများ ယုံကြည်နေတဲ့ မှားယွင်းတဲ့ ခံယူချက်များ
* "အသက်ကြီးရင် ရေကူးသင်လို့ မရတော့ဘူး"
* "ရေကူးတာ ကလေးတွေပဲ သင်ရတာ"
* "အရွယ်ရောက်ပြီးမှ သင်ရင် ရှက်တယ်"

ရေကူးခြင်းသည် အသက်မရွေး သင်ယူနိုင်သော အရေးကြီးတဲ့ ဘဝကျွမ်းကျင်မှု တစ်ခုဖြစ်ပါတယ်!

📊 ဘာကြောင့် ရေကူးတတ်ဖို့ အရေးကြီးသလဲ?
🚨 WHO ၏ စိုးရိမ်ဖွယ် စာရင်းအချက််အလက်များအရ

နှစ်စဉ် ရေနစ်သေဆုံးမှု ၃သိန်းကျော်
မတော်တဆ သေဆုံးမှု အဆင့်တတိယအဆင့်
မြန်မာတွေရဲ့ ကမ်းခြေချစ်မှု 💯% (ရေကူးမတတ်ပဲနဲ့! 🤣)
💪 ရေကူးတတ်ခြင်းရဲ့ အကျိုးကျေးဇူးများ
* 🏖️ ဘေးကင်းစွာ ကမ်းခြေပျော်ပါးခြင်း
* 🚑 အရေးပေါ်အခြေအနေများတွင် အသက်ကယ်နိုင်ခြင်း
* 💪 ကိုယ်လက်အင်္ဂါ အားကောင်းခြင်း
* 🧠 စိတ်ကျန်းမာရေး တိုးတက်ခြင်း
* 🎯 ယုံကြည်မှု တိုးပွားခြင်း

😰 "ရေကြောက်တယ်" - သင်တစ်ယောက်တည်းမဟုတ်ပါဘူး
🧠 ရေကြောက်ခြင်းရဲ့ အကြောင်းရင်းများ
1. ငယ်စဉ်က ဆိုးရွားတဲ့ အတွေ့အကြုံ
2. ရေနဲ့ မရင်းနှီးမှု (Unfamiliarity)
3. အလွန်အကျွံ သတိထားမှု
🌟 ကျော်လွှားနိုင်တဲ့ နည်းလမ်းများ
* 👨‍🏫 ကျွမ်းကျင်တဲ့ နည်းပြဆရာ နှင့်အတူ
* 📚 တဆင့်ချင်းဆီ သင်ကြားမှု
* 🤝 စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု
* ⏰ သင့်အမြန်နှုန်းအတိုင်း ဖြေးဖြေးချင်း

🎯 အရေးကြီးဆုံး - "စိတ်ဆန္ဒ (DESIRE)"
💭 သင်ပေးနေတဲ့ အကြောင်းပြချက်များ
အကြောင်းပြချက် အမှန်တရား
"ရေကြောက်တယ်" ✅ ကျော်လွှားနိုင်ပါတယ်
"အသက်ကြီးနေပြီ" ✅ အသက် ၄၀-၅၀ တောင် သင်တတ်သူများ ရှိပါတယ်
"ရှက်တယ်" ✅ ပုဂ္ဂိုလ်ရေး သင်ကြားမှုရှိပါတယ်
"နောက်ကျနေပြီ" ❌ မှားပါတယ်! ယခုပဲ အချိန်အကောင်းဆုံး!

🏊‍♀️ ကျွန်တော်တို့Zeta Swimming Class ရေကူးသင်တန်းမှာ
📚 စနစ်တကျ သင်ကြားမှု
1. ရေနဲ့ရင်းနှီးခြင်း (Water Familiarization)
2. အခြေခံ ရေပေါ်မြောခြင်း (Basic Floating)
3. လက်ခြေ လှုပ်ရှားမှု (Basic Strokes)
4. အသက်ရှူနည်း (Breathing Techniques)
5. ယုံကြည်မှု တည်ဆောက်ခြင်း (Confidence Building)

💡 အချိန်တန်ပြီ - Action လုပ်ဖို့!
❓ သင့်ကိုယ်သင် မေးကြည့်ပါ
* ⏰ "ဒီအရွယ်မှ မသင်ရင် ဘယ်အရွယ်မှ သင်မှာလဲ?"
* 📈 "အသက်ကြီးလေလေ သင်ပိုခက်လေလေ မဟုတ်လား?"
* 🏖️ "ကမ်းခြေတွေကို ဘေးကင်းစွာ ပျော်ချင်တာ မဟုတ်လား?"
* 👨‍👩‍👧‍👦 "မိသားစုနဲ့အတူ ရေကစားချင်တာ မဟုတ်လား?"
🚀 ယခုပဲ စတင်လိုက်ပါ!

🌟 သင့်ရဲ့ ရေကူးခရီးကို Zeta Swimming Class နဲ့ယနေ့ပဲ စတင်လိုက်ပါ!
စိတ်ဆန္ဒရှိရင် လုပ်နိုင်မှာ အသေအချာပါပဲ! 💪✨


ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Din Daeng
Bangkok
10400