🔥🤯🥊(၁၃) နှစ်တိုင်တိုင် စောင့်ဆိုင်းခဲ့ရတဲ့ သမိုင်းဝင် မကျေပွဲကြမ်းကြီးတစ်ပွဲ
- UFC ရဲ့ ဟိုးအစကြယ်ပွင့်သစ်ဖိုက်တာဘဝကနေ အခုဆိုရင် ကမ္ဘာကျော် ချန်ပီယံတွေ ဖြစ်လာခဲ့ကြတဲ့ Conor McGregor နဲ့ Max Holloway တို့ရဲ့ မပြီးပြတ်သေးတဲ့ ဇာတ်လမ်းက UFC 329 ရဲ့ ဝဲလ်တာဝိတ်တန်း (Welterweight) မှာ အဆုံးသတ်တော့မှာဖြစ်ပါတယ်။
- ဟော်လိုဝေးအနေနဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်က ရှုံးကြွေးကို ပြန်ဆပ်နိုင်မလား? ဒါမှမဟုတ် "The Mac" ကပဲ သူ့ရဲ့ အရှိန်အဝါကို ပြန်လည်သက်သေပြသွားမလား?ဆိုတာ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
JTS Channel
JTS Channel is provide for self original MMA Events news’s review and preview content videos.
🔥🤯🥊(၁၃) နှစ်တိုင်တိုင် စောင့်ဆိုင်းခဲ့ရတဲ့ သမိုင်းဝင် သွေးကြွေးဆပ်ပွဲကြီး! 👏👏
၂၀၁၃ ခုနှစ်က ပထမအကြိမ် ဆုံတွေ့မှုအပြီး (၁၃) နှစ်အကြာမှာ MMA လောကရဲ့ မဟာဂန္ထဝင်နှစ်ဦးဖြစ်တဲ့ Conor McGregor နဲ့ Max Holloway တို့ တစ်ကျော့ပြန် ထိပ်တိုက်တွေ့ဆုံကြတော့မယ်။
ကြိုးဝိုင်းထဲကို ၅ နှစ်ကြာမှ ပြန်လာမယ့် မက်ဂရီဂါဘဲ နိုင်ပွဲနဲ့အတူ Come Back ပြန်လာနိုင်မလား? ဒါမှမဟုတ် လက်ရှိမှာ ပိုကြမ်းပြီး ပိုရင့်ကျက်လာတဲ့ ဟော်လိုဝေးလား? ဘယ်သူက အနိုင်ယူသွားမလဲဆိုတာ ရင်ခုန်စရာပဲဗျာ။
09/07/2026
🔥😍🥊ဆုဖလားတွေနဲ့ မကင်းနိုင်တဲ့ UFC ရဲ့ ခေါင်းဆောင်ကြီး Dana White! 🏆✨
- ဒီနှစ် World MMA Awards မှာလည်း UFC နဲ့ Dana White ရဲ့ ပရိုဂရမ်တွေ DWCSလိုမျိုး က ဆုတွေ ဆွတ်ခူးသွားခဲ့ပါတယ်။ ရရှိသွားခဲ့တဲ့ ဆုအမည်ကတော့ Leading Man of the Year ဆုဖြစ်ပါတယ်။ MMA လောကကို ဒီလောက်အထိ ကမ္ဘာကျော်အောင် တွန်းပို့ပေးခဲ့တဲ့နေရာမှာ သူ့ရဲ့ အခန်းကဏ္ဍကတော့ အငြင်းပွားဖွယ်မရှိ အကြီးမားဆုံးပါပဲ။
- MMA အားကစားကို တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုကြီးကျယ်အောင် လုပ်ပြနေတဲ့ ဘော့စ်ကြီးအတွက် တကယ့်ကို ထိုက်တန်တဲ့ ညတစ်ညပါပဲ။ 👊👑
09/07/2026
🔥😍🥊Joshua Van ရဲ့ သမိုင်းမှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့ July 9
- ပထမရယူနိုင်ခဲ့တဲ့ဆုကတော့ Joshua Van vs. Brandon Royval, UFC 317 ပြိုင်ပွဲက Fight of the Year ဆုပါ။
- ဒုတိယဆုကတော့ Breakthrough Fighter of the Year ပါ။ Breakthrough Fighter of the Year ဆိုတာ World MMA Awards ရဲ့ ကမ္ဘာ့ MMA ဆုပေးပွဲမှာ နှစ်စဉ် ပေးအပ်လေ့ရှိတဲ့ "တစ်နှစ်တာ အလားအလာအရှိဆုံးနှင့် အတိုးတက်ဆုံး ဖိုက်တာဆု" တနည်းအားဖြင့် "မျက်မှောက်ခေတ် ကြယ်ပွင့်သစ်ဆု" ဖြစ်ပါတယ်။
- ဆု၂ဆုကို တစ်ရက်တည်းမှာသိမ်းကြုံးသွားနိုင်ခဲ့တဲ့ မြန်မာပြည်ဖွား တစ်ဦးတည်းသောချင်းတိုင်းရင်းသားဖိုက်တာ Joshua Van ဖြစ်ပါတယ်။ ဒီထက် အများကြီး ဂုဏ်ဆောင်နိုင်ပါစေဗျာ။ 👏👏👏
09/07/2026
🔥😍🥊ဒီနှစ်ရဲ့ အကောင်းဆုံး နည်းပြဆု Trainer of the Year ဆုကို Everton Oliveira ရရှိသွားခဲ့ပါပြီ! 🏆
Joshua Van ရဲ့နောက်ပြိုင်ဘက်ဖြစ်နိုင်ချေအများဆုံး ဘရာဇီးဖိုက်တာ ချန်ပီယံဟောင်း Alexandre Pantoja အပါအဝင် တခြားထိပ်သီးဖိုက်တာတွေရဲ့ ဆရာတစ်ဦးဖြစ်ပြီး၊ သူတို့ရဲ့ ကာဒီယို နဲ့ ခွန်အားပိုင်းကို အမြဲတမ်း Peak ဖြစ်နေအောင် လုပ်ပေးနိုင်တဲ့ Everton Oliveira ကတော့ ယခုနှစ်ရဲ့ "Trainer of the Year" ဆုနဲ့ တကယ့်ကို ထိုက်တန်လွန်းပါတယ်ဗျာ။ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေအတွက် လေးစားဂုဏ်ပြုအပ်ပါတယ်။ 🎉🏆
09/07/2026
🔥😍🥊ဒီနှစ်ရဲ့ အကောင်းဆုံး ဒိုင်လူကြီးကတော့ Marc Goddard ပါ! 🏆🔥
UFC လို ကမ္ဘာ့အဆင့်အတန်းမြင့် နာမည်ကြီးအဖွဲ့အစည်းမှာ အထူးသဖြင့် တကယ့်အရေးကြီးတဲ့ Championship ပွဲစဉ်တွေမှာ အမြဲမြင်တွေ့နေရတဲ့ Marc Goddard ကတော့ ယခုနှစ်ရဲ့ "Referee of the Year" ဆုကို သိမ်းပိုက်သွားခဲ့ပြန်ပါပြီ။
ဖိုက်တာတွေရဲ့ လုံခြုံရေးကို အမြဲဦးစားပေးတတ်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့ ဘယ်လိုထင်ကြလဲ? ကျနော်ကတော့ သူ့ကိုတကယ်သဘောကြမိတယ်။ MMA ပရိသတ်အများစုကတော့ သူက တကယ့်ကို GOAT အဆင့် ဒိုင်တစ်ယောက်လို့ ပြောကြတယ်။ သဘောတူလား? 🤔👇
09/07/2026
🔥😍🥊ပြင်းထန်တဲ့ အဆုတ်ဝေဒနာဒဏ်ကနေ ပြန်လည်သက်သာလာပြီး Fighting Spirit Award ကို ဆွတ်ခူးရယူနိုင်ခဲ့တဲ့ Ben Askren
Ben Askren လို့ပြောလိုက်ရင် ပရိသတ်အများစုက (၅)စက္ကန့်ထဲနဲ့ Jorge Masvidal ကို အရှုံးပေးလိုက်ရတဲ့ဖိုက်တာဆိုတာတန်းသိကြမယ်လို့ထင်ပါတယ်။ ၂၀၁၉ ကတည်းက အနားယူးပြီး ပြီးခဲ့နှစ် ၂၀၂၅ မှာ အဆုတ်ပျက်စီးလုနီးပါးဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ဝေဒနာကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး သေမင်းတမန်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပြီး ယခုနှစ်ရဲ့ World MMA Awards မှာ Fighting Spirit Award ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါပြီ။
ကွင်းထဲမှာတင်မကဘဲ ဘဝတိုက်ပွဲမှာပါ စစ်မှန်တဲ့ Fighter စိတ်ဓာတ်ဆိုတာ ဒါမျိုးပဲလို့ သက်သေပြသွားခဲ့တဲ့ Ben Askren ကို တကယ်လေးစားမိပါတယ်။ 🫡 !
09/07/2026
🔥😍🥊Reinier ရဲ့ ဘယ်သူကမှ ထင်မထားခဲ့တဲ့ သမိုင်းဝင် အလှည့်အပြောင်းကြီး!
အားလုံးဘဲ မှတ်မိကြလိမ့်မယ်လို့ထင်တယ်ဗျ၊ Reinier နဲ့ Bo Nickal တို့ဟာ UFC on ESPN ရဲ့၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်မှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး၊ အားလုံးက နိုင်မယ်လို့ တစ်သားတည်း ထင်ကြေးပေးခံထားရတဲ့ အလားအလာရှိ ကြယ်ပွင့်ကစားသမား Bo Nickal ကို Reinier de Ridder က ဒုတိယအချီ (၂) မိနစ်မပြည့်ခင်မှာပဲ ဒူးတိုက်ချက်နဲ့ အလဲထိုပြီး အနိုင်ယူကာ MMA လောကတစ်ခုလုံးကို ဆွံ့အသွားစေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီပွဲကဘဲ ရိုင်နီရာကို "Upset of the Year" ဆုကို သိမ်းပိုက်သွားစေခဲ့ပါတယ်။
09/07/2026
🔥😍🥊အသစ်ကြေညာလိုက်တဲ့ ဘမ်တမ်ဝိတ်တန်းက မွေထိုင်းတွဲဆိုင်းကြမ်း(၁)ဆိုင်း
အခုလေးတင်ကဘဲ ဝမ်းက ONE Bantamweight ၁၃၅ - ၁၄၅ ပေါင်တန်းက တကယ့်ကို ပေါက်ကွဲထွက်သွားမယ့် စိတ်လှုပ်ရှားစရာမွေထိုင်းတွဲဆိုင်းတစ်ဆိုင်းကို တရားဝင်ကြေညာလိုက်ပါတယ်။
၄ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်အပြီး ထိုင်းဖိုက်တာ Nongtachai က သူ့အနေနဲ့ Nabati နဲ့ မကျေပွဲထိုးရဖို့ အခွက့်အရေးရရှိလာခဲ့ပါတယ်။ Nongtachai ဟာ Road to ONE Season 2 ရဲ့ ချန်ပီယံဟောင်းဖြစ်ပြီး ONE စင်မြင့်ထက်မှာ ၇ ပွဲကစား ၆ ပွဲအထိ အနိုင်ရထားတဲ့အပြင်၊ နောက်ဆုံးပွဲမှာ Felipe Lopo ကို အမှတ်နဲ့ အနိုင်ယူထားတာမို့ လက်ရှိမှာ ယုံကြည်မှု ၁၀၀ ရာခိုင်နှုန်း ပြည့်ဝနေပါတယ်။
ဒါပေမဲ့ အခုတစ်ခေါက် သူ့ရဲ့ပြိုင်ဘက် Nabati ကတော့ ယခင်က ရှုံးပွဲမရှိစံချိန်နဲ့အတူ Nong O ၊ Suablack တို့လို ထိပ်တန်းဖိုက်တာတွေကို အပြတ်အသတ် နှိမ်နင်းခဲ့တဲ့အထိ အလွန်အန္တရာယ်များတဲ့ ကစားသမားတစ်ဦးပါ။ ပြီးခဲ့တဲ့ မေလတုန်းက Yod IQ ကို မမျှော်လင့်ဘဲ အမှတ်နဲ့ ရှုံးနိမ့်ပြီး ရှုံးပွဲမရှိစံချိန်ကို ကျိုးပျက်သွားခဲ့ရပါတယ်။
အခုပွဲမှာ Nongtachai ကို အနိုင်ယူပြီး ချန်ပီယံလမ်းကြောင်းပေါ် ပြန်တက်လှမ်းဖို့ သွေးဆာနေပါတယ်။
ဒီပွဲရဲ့ အနိုင်ရရှိသူဟာ ဝိတ်တန်းရဲ့ ထိပ်တန်းအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်သလို၊ အနာဂတ်မှာ ကမ္ဘာ့ရွှေခါးပတ်ကို လုယူခွင့်ရဖို့ အခွင့်အလမ်း ပိုမိုနီးစပ်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲကိုတော့ ဒီလာမဲ့ ဩဂုတ်လ ၁၅ ရက် စနေနဲ့ မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ မှာ ကျင်းပမယ့် ONE Fight Night 46 ပြိုင်ပွဲကြီးမှာ ဘယ်သူက အနာဂတ်ကို ဆုပ်ကိုင်သွားမလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်ဗျာ။
🔥😍🥊Joshua Van ကတော့ ကမ္ဘာ့အထင်ကရ နာမည်ကြီး World MMA Awards ဆုပေးပွဲမှာ ဆုကြီး၂ ဆုအထိ တစ်ပြိုင်နက်ဆွတ်ခူးရရှိ
- July 9 ရက်နေ့ ဒီမနက်ကျင်းပသွားတဲ့ MMA လောကရဲ့ World MMA Awards ဆုပေးပွဲမှာ ကျွန်တော်တို့ရဲ့ ချင်းတိုင်းရင်းသားချန်ပီယံ ဗန်ကတော့ အထင်ကရ ဆုကြီး ၂ ဆုကို တစ်ပြိုင်နက် ဆွတ်ခူးရယူသိမ်းပိုက်သွားနိုင်ခဲ့ပါပြီ။ ဆု၂ဆုရဲ့ အမည်ကတော့ Breakthrough Fighter of the Year ဆု နဲ့ Fight of the Year ဆုတွေဖြစ်ပါတယ်။
- မြန်မာပရိသတ်တွေအတွက် တကယ့်ကိုဝမ်းသာဂုဏ်ယူရမဲ့နေမြတ်လေးဖြစ်ပါတယ်။ ဒီဆု၂ဆုထဲမှာ ကျနော့်အနေနဲ့ကတော့ Fight Of The Year ဆုကို ရရှိသွားနိုင်ချေရှိတယ်ဆိုပြီး ခန့်မှန်းခဲ့ပေမဲ့ အခုလို ဆု၂ဆုကြီးပါရသွားမယ်လို့ ဘယ်ထင်ထားပါ့မလဲ။ တကယ့်ကို ဝမ်းသာဂုဏ်ယူတယ် Joshua Van ရေ !
UFC လို ကမ္ဘာ့စင်မြင့်ထက်မှာလည်း ဒီထက်ပိုပြီး တောက်ပလာနိုင်ပါစေ! ❤️👏👏
မှတ်ချက် - အောက်ပါ Video ကတော့ Joshua Van ရဲ့ Fight Of The Year ဆု အဖြစ် ဆွတ်ခူးရရှိသွားခဲ့ပွဲကို ဒီနေ့လို အထူးနေ့မြတ်မှာ အမှတ်တရအနေနဲ့ ပြန်လည်တင်ဆက်မျှဝေခြင်းသာဖြစ်ပါတယ်။ မင်ကလာရှိတဲ့ နေရက်လေးပိုင်ဆိုင်နိုင်ကြပါစေ။
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Sukhumvit Road
Bangkok
10270