LONDON.BLUE

LONDON.BLUE

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก LONDON.BLUE, กีฬา, บึงคำพร้อย, Bangkok.

ကျွန်တော့်ရဲ့ LONDON.BLUE ပေချ့်ကို ကြည့်ရှူအားပေးကြသော အပြာရောင်ညီအကိုများအားလုံး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။🙏🙏

Viber - 080-445-0883

Telegram - https://t.me/Sai_aung_kham

04/07/2026

အန်ဇိုဖယ်နန်ဒက်စ်ရဲ့ဇနီးဖြစ်သူ ဗာလီယန်တီနာ ဆာဗန်တက်စ် ကတော့ ရီးရဲလ်မက်ဒရစ်အသင်းထံပြောင်းရွှေ့လိုတဲ့ဆန္ဒရှိပါသလား? ဆိုတဲ့ El Chiringuito TV သတင်းဌာနရဲ့ မေးခွန်းကို အခုလိုပဲ ပညာသားပါပါဖြေပေးသွားခဲ့ပါတယ်။

သတင်းသမား : ဟိုင်း ဗာလီယန်တီနာ အဆင်ပြေရဲ့လား? ။

ဗာလီယန်တီနာ : ဟုတ် အဆင်ပြေပါတယ်။

သတင်းသမား : အခုအာဂျင်တီးနားမှာ အခြေအနေ ဘယ်လိုရှိသလဲ? အန်ဇိုကောအဆင်ပြေရဲ့လား?

ဗာလီယန်တီနာ : ဟုတ် အန်ဇိုအဆင်ပြေပါတယ်။

သတင်းသမား : ကျွန်တော်တို့မက်ဒရစ်ကနေလာတာပါ ။ ခင်ဗျာတို့ မက်ဒရစ်ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိပါသလား? ။

ဗာလီယန်တီနာ : No. ကျွန်မတို့အင်္ဂလန်မှာပျော်ရွှင်နေသလို ကျွန်မရဲ့ကလေးကလည်း လန်ဒန်မှာမွေးဖွားပြီး အခုကျောင်းတက်နေပြီ ဒါကြောင့် ကျွန်မတို့လန်ဒန်မှာနေထိုင်ရတာ ပျော်ရွှင်နေပါတယ်။

သတင်းသမား : ဒါပေမဲ့ ခင်ဗျာနဲ့အန်ဇိုမက်ဒရစ်ပြောင်းခဲ့မယ်ဆိုရင် ပိုပြီးကောင်းမွန်လိမ့်မယ်လို့ထင်တယ်။

ဗာလီယန်တီနာ : ကျွန်မအတွက်တော့ ရီးရဲလ်မက်ဒရစ်မှ မဟုတ်ပဲ ဘယ်အသင်းဖြစ်ဖြစ် အကုန်ကောင်းပါတယ်။

သတင်းသမား : ရီးရဲလ်မက်ဒရစ်ဆိုရင် တစ်ခြားအသင်းထက် ပိုပြီးထူးခြားနေမယ်လို့ မထင်မိဘူးလား? ။

ဗာလီယန်တီနာ : no. ကျွန်မအတွက်တော့ ဘယ်အသင်းဖြစ်ဖြစ် အကုန်အတူတူပါပဲ။ ဆိုပြီးဖြေကြားသွားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ချဲလ်ဆီးဖန်များဟာ အန်ဇိုဖယ်နန်ဒက် အေဂျင့်ဖြစ်တဲ့ ပါတိုရစ်အနေနဲ့ ဗာလီယန်တီနာကိုအတုယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်…။

{Photo credit}

LONDON.BLUE

04/07/2026

ဂရင်းနစ်ရှာကာ အပြောင်းအရွှေ့ကတော့ တော်ရုံပြီးနိုင်မှာ မဟုတ်တဲ့သဘောရှိတယ်။ ပြဿနာက ချဲလ်ဆီးအသင်းဘက်က ရပ်တည်ချက်ကတော့ ရှာကာကို အမှန်တကယ်လိုချင်နေပေမယ့် အသက်အရွယ်ကြောင့် မြင့်မားတဲ့တန်ကြေးအသုံးမပြုချင်ဘူး ၊ တစ်ဘက်မှာလည်း ဆန်းဒါးလန်းဘက်က ရှာကာကို လုံးဝမရော-င်းချင်ဘူးဆိုတဲ့သူတို့ရပ်တည်ချက်ရှိတယ်။

နောက်ဆုံး ဆန်းဒါးလန်း အသင်းဘက်ကလာတဲ့သတင်းအရတော့ ရှာကာဟာ ချဲလ်ဆီးပြောင်းချင်ပေမယ့် နောက်ဆုံးအပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပဲ ဆန်းဒါးလန်း အသင်းမှာ ဆက်နေရမယ်ဆိုရင်လည်း ပြဿနာမရှိဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ အီတလီသတင်းထောက် ရိုမာနိုကတော့ ချဲလ်ဆီး အသင်းဟာ ဂရင်းနစ်ရှာကာ အတွက်လက်မလျှော့သေးသလို ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေကြောင်း ယုံကြည်ထားတယ်လို့ ပြောခဲ့တယ်။

စိတ်ဝင်စားစရာအချက်ကတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ အန်ဇိုဖယ်နန်ဒက်စ်ကို ခေါ်ယူဖို့ကြိုးစားမှာ မဟုတ်ကြောင်း မနေ့ညက တရားဝင်ထုတ်ပြန်ထားတာကြောင့် အကယ်၍ အန်ဇိုဖယ်နန်ဒက်စ်သာ ဆက်နေဖြစ်မယ်ဆိုရင် ချဲလ်ဆီးအနေနဲ့ ရှာကာ ခေါ်ယူဖို့အတွက်ဆက်လက်ကြိုးစားပါ့မလား? ဆိုတဲ့အချက်ကိုစောင့်ကြည့်ရမှာဖြစ်ပြီး ဂရင်းနစ်ရှာကာ အပြောင်းအရွှေ့ကတော့ လွယ်လွယ်နဲ့ပြီးဖို့မရှိပဲ အချိန်ကြာအုံးမယ့်သဘောရှိတယ်။

{Photo Credit}

LONDON.BLUE

04/07/2026

ပြိုင်ပွဲကနေသာ ထွက်ရတာ လူဦးရေ 529,630 ဝန်းကျင်လောက်သာရှိတဲ့ ကိပ်ဗာဒီဆိုတဲ့ဒီအသင်းကို မလေးစားပဲ ဂုဏ်မပြုပေးပဲနဲ့တော့ မနေနိုင်ပါဘူး။ စိတ်ဓာတ် ၊ ခံယူချက် အမိမြေအတွက် ပေးဆပ်နေကြတဲ့ သူတို့တွေရဲ့ရုန်းအားက စပါတာ စစ်သည်တော်တွေလို တကယ့်ကို အမေးဇင်းပါပဲ။ တွေ့နေတာက ရေပန်းအစားဆုံး အသင်းထဲကတစ်သင်းဖြစ်တဲ့ လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားဆိုပေမယ့် သူတို့မှာကြောက်စိတ်ဆိုတာ မရှိပဲ ၊ မင်းတို့လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်တယ် ဆိုတဲ့ ခံယူချက်တွေနဲ့ နောက်ဆုံးမိနစ်အထိ အပြန်အလှန် ယှဉ်ကစားပြသွားတာကတော့ တစ်ကမ္ဘာလုံး ငြေးကြည့်ရတဲ့အထိပဲဗျ။

ဒီတစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ ခြေစစ်ပွဲအောင်မြင်ဖို့ သူတို့ဘယ်လောက်အထိ ကြိုးစားခဲ့ကြသလဲ? ဆိုတာကြည့်ရုံနဲ့မြင်မိသလို အစကဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရုံနဲ့တင် သူတို့အတွက် အောင်မြင်မှုဖြစ်နေပြီ အုပ်စုအတွင်းပြုတ်လိမ့်မယ်ဆိုပြီး လူတွေထင်ကြပေမယ့် တကယ်တမ်းကစားတဲ့အခါမှာတော့ သူတို့တွေဟာ အုပ်စုအတွင်းမှာလည်း စပိန်ကိုသရေ ၊ ဥရုဂွေးကိုသရေ ၊ ဆော်ဒီကိုလည်းသရေ ကစားခဲ့တဲ့လေးပွဲအတွင်းမှာ မိနစ်ကိုးဆယ်အတွင်း တစ်ပွဲမှကိုရှုံးပွဲမရှိအောင် ကစားပြထားတဲ့ သူတို့တွေဟာ ဂုဏ်ပြုခံရဖို့ တကယ်ထိုက်တန်သူတွေပါ။

အစကတော့ ကိပ်ဗာဒီ ဆိုတာ ဘယ်နိုင်ငံလဲ? ဆိုပြီး မသိတဲ့သူတွေများပေမယ့် အခုတော့ ကိပ်ဗာဒီလို့ပြောလိုက်တာနဲ့ အားလုံးနီးပါး သိသွားလောက်ပါပြီ ၃၂ သင်းအဆင့်မှာပြုတ်ခဲ့ပေမယ့် ဒီကမ္ဘာဖလားမှာ သူတို့အောင်မြင်ခဲ့ပါတယ်။ respect..🇨🇻👋

{Photo credit}

LONDON.BLUE

04/07/2026

𝐄𝐗𝐂𝐋𝐔𝐒𝐈𝐕𝐄

◾ရီးရဲလ်မက်ဒရစ် အသင်းဘက်က အန်ဇိုဖယ်နန်ဒက်စ်ကိုခေါ်ယူဖို့ တရားဝင်ငြင်းပယ်ထားသလို မန်စီးတီးအသင်းဘက်ကလည်း အန်ဒါဆန်ကိုခေါ်ယူထားပြီဖြစ်တာကြောင့် လက်ရှိ အန်ဇိုဖယ်နန်ဒက်စ်ကိုအမှန်တကယ်ခေါ်ယူချင်ပြီး ကြိုးစားနေတဲ့အသင်းမရှိသေးပါဘူး။ ဒါပေမဲ့ အန်ဇိုရဲ့အနာဂတ်ဟာ နောက်ဆုံး အပြောင်းအရွှေ့ဈေးကွက်ပိတ်သည့်အထိ ရှုပ်ထွေးနေအုံးမှာဖြစ်ပြီး ဘယ်လိုပြီးသွားမလဲ? ဆိုတာစောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

◾နောက်ဆုံး အသင်းပြောင်းခွင့်မဖြစ်မြောက်ခဲ့ပါက ချဲလ်ဆီးအသင်းဟာ ဇာဗီ အလွန်ဆို လက်အောက်မှာ အန်ဇိုဖယ်နန်ဒက်စ်ဟာ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်ဆက်ရှိနေလိမ့်မယ်လို့ အသင်းဘက်ယုံကြည်နေပါတယ်။ ဒါ့အပြင် အသင်းပြောင်းခွင့်ရဖို့အတွက် အေဂျင့်နဲ့ကစားသမားဘက်က ဝ-ယ်ချင်တဲ့အသင်းထံ တိုက်ရိုက်ဖြစ်စေ ၊ နောက်ကွယ်ဖြစ်စေ အထာပေးနေတာဟာ ဘောလုံးလောကရဲ့ ပုံမှန်တစ်ခုဖြစ်သလို နောက်ဆုံးအပြောင်းအရွှေ့မဖြစ်မြောက်ခဲ့လို့ အသင်းမှာဆက်နေရရင်လည်း နှစ်ဘက်သဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်အပေါ်လေးစားမှုရှိပြီး အသင်းနဲ့အတူ အာရုံအပြည့်စိုက်လိမ့်မယ်လို့ အသင်းဘက်က မျှော်လင့်ထားပါတယ်။

◾နောက်ဆုံး အပြောင်းအရွှေ့မဖြစ်ခဲ့လို့ အသင်းနဲ့အတူ အန်ဇိုဆက်နေရမယ်ဆိုရင် အသင်းဟာ စာချုပ်သစ်အတွက် ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာဈေးကွက်ပိတ်မှ လုပ်ရမယ့်အရာဖြစ်ပြီး လက်ရှိမှာတော့ အာဂျင်တီးနား အသင်းအတူ ကမ္ဘာ့ဖလားမှာ အောင်မြင်ဖို့ အသင်းဘက်က ဆုတောင်းပေးနေပါတယ်။

📌Kieran Gill - Daily Mail

{Photo Credit}

LONDON.BLUE

03/07/2026

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 ✅✅

အန်ဇိုဖာနန်ဒက်စ်နဲ့ ရီးရဲလ်မက်ဒရစ်ကြားက ကောလာဟလတွေကတော့ အဆုံးသတ်သွားပြီဗျ။ ရီးရဲလ်ဘက်က လုံးဝမခေါ်ဘူးဆိုပြီး တရားဝင် Club Statement ထုတ်လိုက်တဲ့အချိန်မှာတော့ အကုန်လုံး ငြိမ်ကျသွားခဲ့ပြီ။ဒါက ကစားသမားတစ်ယောက်အတွက်တော့ အတော်လေးကို သိက္ခာကျစရာ ကိစ္စကြီးပါ။

ဘောလုံးလောကမှာ ကလပ်ကြီးတစ်ခုက ကိုယ့်ကို လုံးဝမလိုချင်ဘူးဆိုတာကို လူသိရှင်ကြား ကြေညာလိုက်တာဟာ ကစားသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတာပေါ့။ ဒီကိစ္စမှာ အဓိကတရားခံက အန်ဇိုရဲ့ အေးဂျင့် ပက်စတိုရီ ပဲဗျ။ ကစားသမားရဲ့ အနာဂတ်အတွက် ပွဲဆူအောင် မွှေလိုက်တာဟာ အခုတော့ အန်ဇိုအတွက်ပဲ ပြန်ပြီး ရို-က်ခတ်သွားခဲ့ပြီ။

ရေထဲကို ကျောက်ခဲပစ်လိုက်ပြီးမှ ပြန်ကောက်လို့မရတဲ့ အခြေအနေမျိုး ဖြစ်သွားတာပေါ့။ ချဲလ်ဆီးဘက်က တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကိုတော့ ကျုပ် အသိအမှတ်ပြုတယ်။ ရီးရဲလ်နဲ့ ချဲလ်ဆီးကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို မပျက်စီးအောင် ထိန်းသိမ်းလိုက်ပြီး နှစ်သင်းသားချင်း ညှိနှိုင်းလိုက်တဲ့အတွက် ကလပ်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်လိုက်တာပါပဲ။

အခုဆိုရင် အေးဂျင့်လုပ်တဲ့သူလည်း ပရိသတ်တွေကြားမှာ သိက္ခာကျသွားပြီ။ ကစားသမားဆိုတာကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အသင်းမှာပဲ Focus ထားဖို့ လိုတာပါ။ အပြင်က ကောလာဟလတွေ နောက်ကို လိုက်နေရင် ကိုယ့်ရဲ့ Composure တွေ ပျောက်ကုန်မှာ စိုးရတယ်။ အန်ဇိုအနေနဲ့ ချဲလ်ဆီးမှာ ဆက်ရှိနေမယ်ဆိုရင်တောင် သူ့အတွက် အတော်လေးကို ဂုဏ်သိက္ခာပြန်ဆယ်ရပါတော့မယ် ။

{Photo Credit}

LONDON.BLUE

03/07/2026

ဆွစ်ဇလန် ၂-၀ အယ်ဂျီရီးယား ပွဲစဉ်မှာ ချဲလ်ဆီးအသင်းနဲ့သတင်းထွက်နေတဲ့ ဂရင်းနစ်ရှာကာ ကတော့ အကောင်းဆုံးခြေစွမ်းပြသသွားခဲ့ပါတယ်။ ရှာကာဟာ တကယ်ကောင်းတဲ့ ကစားသမားဖြစ်သလို ဆွစ်ဇလန်ရဲ့ကွင်းလယ်အသက်သွေးကြောလို့တောင် ပြောလို့ရတယ်။ အထူးသဖြင့် အနောက်ကနေ အရှေ့အထိ ဘောလုံးရောက်အောင် အချိတ်အဆက်ပြုလုပ်ပေးတဲ့နေရာမှာ ထူးချွန်သလို ကွင်းလယ်ပိုင်းကိုထိန်းချုပ်နိုင်တဲ့အရည်အသွေးကတော့ တကယ့်ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာငြင်းမရဘူး။

အသင်းဖော်တွေပေးပို့တဲ့ဘောလုံးဟာ ကစားရခက်ခဲတဲ့အနေအထားမျိုး ရောက်နေတာတောင် ကစားရလွယ်ကူသွားအောင် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြေရှင်းပြသွားခဲ့တယ်။ အနီးကပ်ပေးပို့မှုသာမက အဝေးဘောပေးပို့တဲ့အပိုင်းမှာလည်း တိကျပြီး ဘောလုံးအမြော်အမြင်ကောင်းလွန်းတယ်။ အဖျက်ပိုင်းမှာဆိုရင်လည်း သူ့ရဲ့အားသာချက်မဟုတ်ပေမယ့် ဖျက်ထုတ်နိုင်စွမ်းရှိပြီး ညံ့တဲ့ကစားသမားတစ်ဦးတော့မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် အလွန်ဆို ဘာကြောင့်သူ့ကိုအသည်းအသန် လိုချင်နေတာလဲ? ဆိုတာ ဒီပွဲကြည့်တဲ့သူတွေ ကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့မြင်တယ်။

အသက်နည်းနည်းကြီးတာကလွဲရင် အကုန်ကောင်းတဲ့ကစားသမားပါ။ ဒါပေမဲ့ ၃၄ နှစ်ဆိုတဲ့အသက်အရွယ်ဟာ နည်းစနစ်အားပြုကစားနေကြတဲ့ အခုခေတ်ဘောလုံးလောကမှာ အနည်းဆုံး ၂ နှစ် ၊ ၃နှစ်ဝန်းကျင်လောက်အသာလေးကစားလို့ရသေးတယ်။ ချဲလ်ဆီးသာရောက်လာရင် အားကိုးလို့ရမယ့်ကစားသမားဖြစ်လိမ့်မယ်ဆိုတာ သံသယမရှိသလို ဆန်းဒါးလန်း တောင်းတဲ့ဈေးပေးပြီး အမြန်ခေါ်လိုက်တော့လို့ ဘုတ်အဖွဲ့တွေကိုတောင်းဆိုချင်တယ်။

{Photo Credit}

LONDON.BLUE

03/07/2026

"ဟုတ်ပါတယ် ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အန်ဇိုဖယ်နန်ဒက်စ်ခေါ်ယူဖို့အတွက် အသေးစိတ်မေးမြန်းခဲ့တာမှန်ပါတယ် ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အန်ဇိုဖယ်နန်ဒက်ကို သဘောကျနေတဲ့အသင်းဖြစ်သလို အန်ဇိုဖယ်နန်ဒက်စ်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းကို ကြိုက်ပါတယ် ။ရီးရဲလ်မက်ဒရစ်အသင်းမှာ မကစားချင်တဲ့ ကစားသမားလည်း ရှိမယ်မထင်ပါဘူး ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရင်ဦးဆုံး အန်ဇိုဖယ်နန်ဒက်စ်ကို ကမ္ဘာ့ဖလားပွဲအတွက်အာရုံစိုက်စေချင်တာကြောင့် ပြိုင်ပွဲပြီးသည့် အထိတော့ စောင့်ဖို့လိုပါတယ်..။

တကယ်တော့ အန်ဇိုဖယ်နန်ဒက်စ်လည်း ချဲလ်ဆီးအသင်းမှာ နေထိုင်ရတာ ပျော်ရွှင်မှုရှိသလို သုံးနှစ်ခွဲအတွင်း ဆုဖလားတွေရခဲ့တဲ့အတွက် သူအောင်မြင်ခဲ့ပါတယ် ။ ဒါပေမဲ့ အန်ဇိုဖယ်နန်ဒက်စ်ဟာ အောင်မြင်မှုတွေကိုရယူနိုင်ဖို့ အမြဲဆန္ဒပြင်းပြနေတဲ့ ကစားသမားဖြစ်တဲ့အတွက် ဒီလောက်နဲ့တင် ကျေနပ်မနေတဲ့သူ့အနေနဲ့ ဒီထက်ပိုပေးနိုင်မယ့်အသင်းရှာဖွေနေတာ ဘောလုံးလောကရဲ့ သဘာဝပါပဲ..။

ကစားသမားအလိုရှိနေတဲ့ ဆုဖလားအောင်မြင်မှုဆိုတာ တစ်ချို့အသင်းတွေပေးစွမ်းနိုင်ပေမယ့် တစ်ချို့အသင်းကြတော့လည်းပေးဖို့ခက်တယ်..။ ဒါကြောင့် အားလုံးအတွက်အကောင်းဆုံး ထွက်လမ်းတစ်ခုရှိဖို့ ကစားသမားအလိုရှိနေတဲ့အရာကို ပေးနိုင်စွမ်းရှိတဲ့ အသင်းအတွက် ကျွန်တော်တို့ တံခါးဖွင့်ပေးထားပါတယ်..။

လက်ရှိဈေးကွက်အတွင်း ကစားသမားတစ်ယောက်ရဲ့ တန်ကြေးကြည့်လိုက်မယ်ဆိုရင် ယူရိုသန်း ၉၀-၁၀၀ အထိမြင့်လွန်းနေကြတာတွေ့ရတယ် ။ ဒီတော့ နှစ်စဥ်နှစ်တိုင်း ဆက်လက်တိုးတက်မှုတွေရှိနေတဲ့ အန်ဇိုဖယ်နန်ဒက်စ်ကလည်း အဲဈေးလောက်ပေါက်ကြေးရှိပါလိမ့်မယ် ။"

🗣️ : ပါတိုရစ် - အန်ဇိုဖယ်နန်ဒက်အေဂျင့် Diario ASမှပြောကြားချက်

{Photo credit}

LONDON.BLUE

02/07/2026

◾ရီးရဲလ်မက်ဒရစ် အသင်းဟာ ဒီနွေရာသီဈေးကွက်မှာ အန်ဇိုဖယ်နန်ဒက်စ် ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေးနည်းပါးလာပြီဟု မြင်နေပါတယ်။ အန်ဇိုဖယ်နန်ဒက်စ်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဟိုဆေးမော်ရင်ဟိုရဲ့ပစ်မှတ်ဖြစ်နေသေးပေမယ့် အန်ဇိုရဲ့တန်ကြေးဟာ ရီးရဲလ်မက်ဒရစ်အတွက် မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့ ခက်ခဲသွားပြီဟု သိရပါတယ်။

◾အထူးသဖြင့် အန်ဇိုဖယ်နန်ဒက်စ်အတွက် ချဲလ်ဆီးအသင်းဘက်က သ-တ်မှတ်ထားတဲ့ပေါင်သန်း ၁၂၀ တန်ကြေးဟာ ဘဏ္ဍာရေးပြဿနာရှိနေတဲ့ အပြင် ညာတောင်ပံနေရာအတွက်ပါ ထပ်ပြီးအားဖြည့်ဖို့လိုနေတာကြောင့် အန်ဇိုဖယ်နန်ဒက်စ်အတွက် ရီးရဲလ်မက်ဒရစ် အသင်းဘက်က မြင့်မားတဲ့တန်ကြေးအသုံးပြုဖို့ ခက်ခဲနေပါတယ်။

📌Mario Cortegana - The Athletic UK

{Photo credit}

LONDON.BLUE

02/07/2026

◾ချဲလ်ဆီးအသင်းဟာ ဂရင်းနစ်ရှာကာ အတွက် အရှိန်မြင့်ကြိုးပမ်းနေသလို ဆန်းဒါးလန်းအသင်းနဲ့ သဘောတူညီမှုရဖို့ဆက်လက်ဆွေးနွေးနေကြောင်း သိရပါတယ်။ ပေါင် ၈ သန်းနဲ့ချဲလ်ဆီးအသင်းရဲ့ ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို ဆန်းဒါးလန်းအသင်းဘက်က ချက်ချင်းပယ်ချခဲ့ပြီး ဒါဟာ သူတို့အပေါ်လေးစားမှုမရှိတဲ့ ကမ်းလှမ်းမှုဟု မြင်မိသလို ဆန်းဒါးလန်းရဲ့အမြင်မှာ သူတို့ကစားသမားဟာ အနည်းဆုံးပေါင်သန်း ၃၀ အထက်တန်တဲ့ကစားသမားဟု မြင်နေပါတယ်။ ဒါပေမဲ့ ဆန်းဒါးလန်းဟာ ဂရင်းနစ်ရှာကာကိုရော-င်းချလိုစိတ်မရှိဘူးဟု သိရပါတယ်။

◾တစ်ဘက်မှာလည်း ဂရင်းနစ်ရှာကာဟာ လန်ဒန်မှာတစ်ဖန်ပြန်လည် ခြေချခွင့်ရဖို့ ဆန္ဒရှိနေတဲ့အပြင် အလွန်ဆိုလက်အောက် ကစားခွင့်ရဖို့ စိတ်အားထက်သန်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ဆန်းဒါးလန်းအသင်းကိုဖိအားပေးနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ရှာကာအတွက် ဒုတိယအကြိမ်ကမ်းလှမ်းမှု အဖြစ် ကမ်းလှမ်းသွားဖို့ပြင်ဆင်နေပါတယ်။ မကြာမီအတွင်း အဖြေတစ်ခုခုထူးဖို့ရှိပါတယ်။

📌Fabrizio Romano - Time 2play မှပြောကြားချက်

{Photo credit}

LONDON.BLUE

02/07/2026

ချဲလ်ဆီးကစားသမာဒဖြစ်လာတဲ့ မာကိုစ်ပြါလက်စ်စထရာကတော့ ချဲလ်ဆီးပြောင်းရွှေ့ရတဲ့အပေ့်ကို အခုလိုပြောကြားသွားခဲ့ပါတယ်…။

မေး 🗣️ မာကိုစ့်ရေ ခင်ဗျာချဲလ်ဆီး အသင်းကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တယ်ဆိုတာ ပြောပြပါလား?...။

ပါလက်စထရာ 🗣️ ရတာပေါ့ဗျာ။ ကျွန်တော်ချဲလ်ဆီးရွေးချယ်ရတဲ့ အကြောင်းအရင်းကလွယ်ပါတယ်။ ဒီအသင်းကကမ္ဘာ့ချန်ပီယံလေ ၊ ကမ္ဘာ့အကောင်းဆုံးထဲက အသင်းတစ်သင်းဒါကြောင့် ချဲလ်ဆီးအသင်းဘက်ကကမ်းလှမ်းလာချိန်မှာ နှစ်ခါပြန်စဉ်းစား စရာမလိုပါဘူး။ ဒါ့အပြင် အလွန်ဆိုကလည်း ကျွန်တော်ရဲ့ အပြောင်းအရွှေ့မှာ အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး အသင်းရဲ့ စီမံကိန်းကို သေချာရှင်းပြခဲ့ပါတယ် ။ ကျွန်တော့်အတွက် အလွန်ဆိုဟာ ထိပ်တန်းနည်းပြတယောက်ပါ...။

မေး 🗣️ ချဲလ်ဆီးအသင်းပြောင်းဖို့ အလွန်ဆိုက အရေးပါအခန်းကဏ္ဍမှာပါတယ်ဆိုတော့ သူကခင်ဗျာကို ဘယ်လိုတွေရှင်းပြပြီး ချဲလ်ဆီးကို လာဖို့ ဆွဲဆောင်ခဲ့တာလဲ? အဲတာတစ်ချက်လောက်ပြောပြပါလား?....။

ပါလက်စ်စထရာ 🗣️ သူနဲ့ကျွန်တော် နှစ်ကြိမ်တိုင်အောင် ဆွေးနွေးခဲ့ကြအချိန်မှာ သူ့ဆီကအောင်မြင်မှုဆာလောင်တဲ့စိတ်တွေမြင်ရတယ်။ လေဗာကူဆင်အသင်းမှာ သူလုပ်ပြခဲ့တာကြည့်ရင် သူဘယ်လိုနည်းပြမျိုးလည်း ဆိုတာခင်ဗျာလည်းသိမှာပါ။ ဒါ့အပြင် အရေးကြီးတဲ့အချက်က ကျွန်တော့်ဆီမှာ သူဘာတွေလိုချင်တယ်ဆိုတာကို သေချာပြောပြခဲ့တယ် ။ ကျွန်တော်က ပြိုင်ဘက်နဲ့ တစ်ဦးချင်း ရင်ဆိုင်ကစားရတာကို သဘောကျတယ် ။ ကျွန်တော့်မှာ ကိုယ်ပိုင်ဟန်နဲ့ ယုံကြည်မှု အပြည့်ရှိပြီးသားပါ။ ဒါကြောင့် ဒီကမ္ဘာ့ချန်ပီယံအသင်းရဲ့ ကစားသမားဖြစ်ရတဲ့အပေါ် ဂုဏ်ယူသလို ဒီအပြာရောင်အမှတ်တံဆိပ်အတွက် အစွမ်းကုန်ကြိုးစားပေးသွားပါ့မယ်လို့ ချဲလ်ဆီး ပရိသတ်တွေကို ကျွန်တော်ကတိပေးပါတယ်....။

{ Photo Credit }

LONDON.BLUE

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

ที่อยู่


บึงคำพร้อย
Bangkok
12150