19/08/2026
တောင်ကြီးက ပရဟိတကျောင်းမှာ စာသင်ကျောင်းဆောင်သစ် လာရောက်ဖွင့်လှစ်ပေးခဲ့တဲ့ တာခဲရု
ဂျပန်ကစ်ဘောက်ဆင် ကြယ်ပွင့် တာခဲရုဟာ ကြိုးဝိုင်းထဲမှာ ပြင်းထန်တဲ့ တိုက်ကွက်တွေနဲ့ ပရိသတ်ကို ဖမ်းစားထားသလို ကြိုးဝိုင်းပြင်ပမှာလည်း ကလေးငယ်တွေရဲ့ ပညာရေးအတွက် အစဉ်တစိုက် ပံ့ပိုးပေးနေသူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ 'ရွှေတောင်တန်း ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်' အတွက် စာသင်ကျောင်းဆောင်သစ် (၃) ဆောင် ဆောက်လုပ်ဖို့ လှူဒါန်းပေးခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့မှာတော့ အဆိုပါ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားဆီ လူကိုယ်တိုင် တက်ရောက်ပြီး တရားဝင် လွှဲပြောင်း လှူဒါန်းပေးခဲ့ပါတယ်။
အခမ်းအနားမှာ ကလေးငယ်တွေနဲ့ ပျော်ပျော်ပါးပါး အချိန်ဖြုန်းကာ လက်ဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့တာကြောင့် တာခဲရုရဲ့ ဖြူစင်တဲ့ စေတနာနဲ့ လှူဒါန်းမှုဟာ မြန်မာပရိသတ်တွေရဲ့ ရင်ထဲမှာ လေးစားဂုဏ်ယူစရာ ဖိုက်တာတစ်ဦးအဖြစ် ထပ်မံ စွဲထင်သွားခဲ့ပါတယ်။
18/08/2026
ကားတိုက်မှုကြောင့် ပွဲပျက်သွားသည့်အတွက် စောမင်းမင်းကို အနူးအညွတ် တောင်းပန်လိုက်တဲ့ ဆူရီရန်လက်ခ်
ဩဂုတ် ၂၁ ရက်တွင် ယှဉ်ပြိုင်ရမည့် စောမင်းမင်းနှင့် ဆူရီရန်လက်ခ်တို့၏ မွေထိုင်းပွဲစဉ်သည် မထင်မှတ်ထားသော ယာဉ်တိုက်မှုကြောင့် ပျက်ပြယ်သွားခဲ့ရပါတယ်။
မနက်ခင်း လေ့ကျင့်ရေးပြေးနေစဉ် ခရီးသည်တင်ယာဉ် တိုက်မိခဲ့သဖြင့် ဆူရီရန်လက်ခ်မှာ မီတာ ၂၀ ခန့်အထိ လွင့်ထွက်သွားခဲ့ပြီး ဆေးရုံတွင် အနီးကပ် စောင့်ကြည့် ကုသမှုခံယူနေရပါတယ်။ အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ပွဲစဉ် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ဆူရီရန်လက်ခ်က စောမင်းမင်းနှင့် ONE Lumpinee အဖွဲ့သားများကို ရင်ထဲမှ အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ထို့ပြင် အဘက်ဘက်မှ ပြင်ဆင်ထားခဲ့သည့် စောမင်းမင်း၏ အဖွဲ့သားများကိုလည်း အားနာမိကြောင်းနှင့် လက်ရှိတွင် ဘေးကင်းရာ၌ ဆေးကုသမှု ခံယူနေပြီဖြစ်၍ စိုးရိမ်ပေးကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
17/08/2026
"Flyweight တန်းမှာ ဂျော်ရှုဝါဗန်လိုမျိုး ချန်ပီယံရှိနေတာ ကောင်းပါတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ် ကျွန်တော်ပဲ နိုင်မာပါ"
UFC 331 မကျေပွဲမတိုင်မီ ပန်တိုဂျာက ချန်ပီယံ ဂျော့ရှူအာဗန်၏ မီဒီယာရှေ့ ပြောဆိုပြုမူနိုင်စွမ်းကို ချီးကျူးခဲ့ပြီး Flyweight တန်းအတွက်လည်း ကောင်းမွန်သည့် အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းအနေဖြင့် ကြိုးဝိုင်းအတွင်း ထိပ်တိုက်တွေ့ဆုံရသည်ကို ပိုမိုနှစ်သက်ပြီး မိသားစုရှိသည့်အတွက် စကားပြောဆိုရာတွင် အမြဲသတိထားလေ့ရှိကြောင်း ဆိုပါတယ်။ ထို့ပြင် ဂျော့ရှူအာဗန်နှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်သည် မိမိအတွက် ၁၀၀% ကြီးမားသည့် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ကြောင်းလည်း အသိအမှတ်ပြုထားပါတယ်။
လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည့် ပွဲစဉ်၌ ဂျော့ရှူအာဗန်ကို အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဆုကို ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်သွားမည်ဟု ပန်တိုဂျာက အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။
16/08/2026
ချန်ပီယံခါးပတ်ကို အောင်အောင်မြင်မြင် ကာကွယ်သွားနိုင်ခဲ့ပြီး စံချိန်အသစ်ပါထပ်တင်လိုက်တဲ့ မာကာရှက်ဖ်
နည်းစနစ်ပိုင်းဆိုင်ရာ အားပြိုင်မှု ပြင်းထန်ခဲ့သည့် ချန်ပီယံခါးပတ် စိန်ခေါ်ပွဲတွင် ချန်ပီယံ မာကာရှက်ဖ်သည် အီယန်ဂယ်ရီကို ကျော်ဖြတ်ကာ ခါးပတ်ကို အောင်မြင်စွာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ပွဲအတွင်း မာကာရှက်ဖ်က Ground Game ဖြင့် ဖိအားပေးရန် ကြိုးပမ်းခဲ့သလို အီယန်ဂယ်ရီကလည်း Stand Fight ဖြင့် တန်ပြန် ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီသည် မာကာရှက်ဖ်ကို ကောင်းစွာ ဒုက္ခပေးနိုင်ခဲ့သော်လည်း မာကာရှက်ဖ်က စုံလင်လှသည့် ကစားဟန်ဖြင့် ထိန်းချုပ်ကာ အနိုင်ယူသွားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မာကာရှက်ဖ်သည် UFC သမိုင်းတစ်လျှောက် ၁၇ ပွဲဆက်တိုက် နိုင်ပွဲရရှိသည့် စံချိန်သစ်ကိုလည်း ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
15/08/2026
ဗန်ကို ထထို;မလိုဖြစ်လို့ ဒေနာဝှိုက်ပါ ကြားကဝင်တားခဲ့ရတဲ့ ဗန် Vs ပန်တိုဂျာ သတင်းစာရှင်းလင်းပွဲ
UFC 331 မကျေပွဲ မတိုင်မီ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ချန်ပီယံ ဂျော့ရှူအာဗန်နှင့် ပန်တိုဂျာတို့အကြား အခြေအနေတေ တင်းမာနေခဲ့ပါတယ်။
ပန်တိုဂျာ၏ လက်ကျိုး၍ ရှုံးနိမ့်ခဲ့ရသည်ဆိုသည့် ဆင်ခြေများအပေါ် ဗန်က အရိုးအစစ် ခိုင်မာအောင် နို့တိုက်လိုက်ပါဦးဟု စနောက် လှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။
ဗန်၏ စကားကြောင့် ဒေါသပေါက်ကွဲသွားသည့် ပန်တိုဂျာမှာ ထထို;ရန် ကြိုးပမ်းခဲ့သည့်အတွက် UFC ဥက္ကဋ္ဌ ဒေနာဝှိုက်ကိုယ်တိုင် ကြားထဲမှ ဝင်ရောက် တားဆီးခဲ့ရပါတယ်။
Face-off ပြုလုပ်ချိန်တွင်လည်း နှစ်ဦးစလုံး အကြည့်ချင်း ပြင်းထန်စွာ စိန်ခေါ်ခဲ့ကြပြီး မီဒီယာများရှေ့တွင်တင် အခြေအနေများ အလွန်တင်းမာသွားခဲ့သလို ကြိုးဝိုင်းအတွင်း အတိုက်အခိုက် ပြင်းထန်မည့် ပွဲကောင်းတစ်ပွဲ ဖြစ်လာရန် သေချာနေပါတယ်။
14/08/2026
ပညာကောင်းပြီး နိုင်ပွဲဆက်နေသည့် ဂျပန်ဖိုက်တာ ရှီမွန်ကို ကျော်ဖြတ်ရမည့် ဆူယာဘလက်ခ်
လာမည့် စက်တင်ဘာ ၁၂ ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဟားမား၌ ကျင်းပမည့် ONE Samurai 3 ပြိုင်ပွဲကြီးတွင် Flyweight Muay Thai ပွဲစဉ်အဖြစ် ဂျပန်ဖိုက်တာ ရှီမွန်နှင့် ထိုင်းကရင်ဖိုက်တာ ဆူယာဘလက်ခ် (ကျားနက်) တို့ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။
ဆူယာဘလက်ခ်သည် ONE Championship တွင် လက်စွမ်းပြနေသူဖြစ်ပြီး လက်သီးတွဲလုံးများ၊ တံတောင်နှင့် အနီးကပ် ဒူးတိုက်ကွက်များ စနစ်ကျစွာ သုံးစွဲနိုင်သည့် အားသာချက်များ ပိုင်ဆိုင်ထားပါတယ်။
တစ်ဖက်တွင်လည်း ဂျပန်ဖိုက်တာ ရှီမွန်သည် အိမ်ရှင်ပရိသတ် ရှေ့မှောက်၌ ခံနိုင်ရည်ရှိစွာ တန်ပြန်ထို;ချက်များဖြင့် ရင်ဆိုင်လာနိုင်ပါတယ်။
အဝေးကွင်း ပရိသတ် ဖိအားရှိသော်လည်း ပွဲအတွေ့အကြုံ ရင့်ကျက်သည့် ဆူယာဘလက်ခ်အနေဖြင့် အမှားအယွင်း မရှိပါက ပြိုင်ဘက် ရှီမွန်ကို အသာစီးရယူကာ အနိုင်ရရှိသွားရန် ရာခိုင်နှုန်း များပြားနေပါတယ်။
13/08/2026
ဘရော်နီကာနှင့် မကျေပွဲ ပြန်လည်ထို:ချင်ကြောင်းဖွင့်ဟလာတဲ့ ကာနာ
ဂျပန် ဖိုက်တာ ကာနာက ဘရော်နီကာနှင့် မကျေပွဲ ပြန်လည်ထို;ချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
မကျေပွဲစဉ်ကို ထိုင်းနိုင်ငံတွင်ပင် ပြန်လည်ရင်ဆိုင်လိုပြီး မွေထိုင်း သို့မဟုတ် ကစ်ဘောက်ဆင်း မည်သည့် စည်းမျဉ်းအောက်တွင်မဆို ထို;ရန် အသင့်ရှိကြောင်းလည်း ဆိုပါတယ်။
ကာနာက အဆိုပါ မကျေပွဲ ပြန်လည်ဆုံတွေ့လိုသည့် အဓိက ရည်ရွယ်ချက်မှာ ရှုံးကြွေးပြန်လည် ဆပ်လိုခြင်းကြောင့်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
12/08/2026
စာစစ်ဘိုးဘိုးကြီး ဆူရီယန်လက်နဲ့ ထိပ်တိုက်တွေ့ရမယ့် စောမင်းမင်း
ONE Championship မွေထိုင်းပြိုင်ပွဲတွင် မြန်မာဖိုက်တာ စောမင်းမင်းသည် လာမည့်ပွဲစဉ်၌ ထိုင်းဖိုက်တာ ဆူရီရန်လက်ခ်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
စောမင်းမင်းသည် ONE ကြိုးဝိုင်းအတွင်း ၃ ပွဲကစားထားရာ ၁ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပါတယ်။
ပြိုင်ဘက် ဆူရီရန်လက်ခ်မှာမူ ONE တွင် 'စာစစ်ဘိုးဘိုးကြီး' ဟု အမည်ရပြီး ပရိသတ်အကြိုက် ဖော်ဖြေနိုင်မှုနှင့်အတူ ဘောနပ်စ်ဆုများစွာ ဆွတ်ခူးထားသည့် ထိပ်တန်းဖိုက်တာတစ်ဦး ဖြစ်ပါတယ်။
ဆူရီရန်လက်ခ်သည် မည်သည့် အခြေအနေမှမဆို ပွဲကို အလှည့်အပြောင်း ပြုလုပ်နိုင်သူ ဖြစ်သည့်အတွက် စောမင်းမင်းအနေဖြင့် အမှားမခံဘဲ အထူးသတိထား ရင်ဆိုင်ရမည့် ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။