Kyaukse Premier League

Kyaukse Premier League

แชร์

.. kpl for all ...

05/08/2026

... UPK Kyaukse Utd အသင်းရဲ့ ကွင်းလယ်ကစားသမား ချစ်မင်းအောင် ကတော့ ၂၀၂၅-၂၀၂၆ KPL ပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ် ...
... ချစ်မင်းအောင်ကတော့ UPK Kyaukse Utd အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်ပါတယ် ...
.. သူဟာ ယခုရာသီမှာ UPK Kyaukse Utd အသင်းရဲ့ အဓိက ကစားသမားတွေထဲက ၁ ဦးဖြစ်ခဲ့ပြီး အသင်းရဲ့ ပွဲစဉ်တိုင်းနီးပါး ပွဲထွက်ကစားခဲ့ရပါတယ် ... UPK Kyaukse Utd အသင်းအတွက် ၁၄ ပွဲအထိ ပါဝင်ခဲ့ပြီး အသင်းဖော်တွေနဲ့ လက်တွဲညီစွာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ခဲ့ပါတယ် ...
.. ယခုရာသီ UPK Kyaukse Utd အသင်းရဲ့ ပြိုင်ဘက်အသင်းတွေကို ဖိအားပေး ကစားနိုင်ခဲ့ရာမှာ ကွင်းလယ်က ချစ်မင်းအောင်ရဲ့ စွမ်းဆောင်မှုတွေက အဓိက အရေးပါခဲ့ပါတယ် ...
.. UPK Kyaukse Utd အသင်းရဲ့ အမှတ်ပေးချန်ပီယံကာကွယ်နိုင်ရန်အတွက် အဓိက ပြိုင်ဘက်တွေကို အနိုင်ယူကျော်ဖြတ်ရာမှာ ချစ်မင်းအောင်က ကွင်းလယ်ကနေ အကောင်းဆုံး ပုံစံနဲ့ စွမ်းဆောင်နိုင်ခဲ့တာကြောင့် kPL တစ်နှစ်တာ အကောင်းဆုံး ဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ် ...
.. လာမဲ့ရာသီမှာတော့ UPK Kyaukse Utd အသင်းနဲ့အတူ ချန်ပီယံဆုတွေ ထပ်မံရယူနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ...

04/08/2026

... ဂိုးသွင်းအများဆုံး ကစားသမားဆု -ညီနဒ္ဒ ...
.. KPL 2025-2026 ပြိုင်ပွဲ ဂိုးသွင်းအများဆုံး ကစားသမားဆု ကိုတော့ UPK Kyaukse Utd အသင်း တိုက်စစ်ကစားသမား ညီနဒ္ဒ က ၂၁ ဂိုးနဲ့ ရရှိသွားခဲ့ပါတယ် ...
.. သူဟာ ဒီဆုကိုတော့ Zenith Power အသင်းတိုက်စစ်ကစားသမား မိုးဝေယံဦး နဲ့ နောက်ဆုံး ပွဲစဉ်အထိ ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံး မှာတော့ ၂၁ ဂိုး နဲ့ ရယူနိုင်ခဲ့ပါတယ် ...
.. ယခုရာသီ UPK Kyaukse Utd အသင်းရဲ့ အမှတ်ပေးဖလား ချန်ပီယံကာကွယ်ရာမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းဂိုးတွေ ရယူနိုင်ခဲ့ပါတယ် ...
.. UPK Kyaukse Utd အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၁၆ ပွဲကစားခဲ့ပြီး အသင်းအတွက် ဂိုးတွေ ရယူပေးနိုင်ခဲ့ပါတယ် ...
... လာမဲ့ရာသီမှာတော့ UPK Kyaukse Utd အသင်းမှာ ဆက်လက်ရှိနေဦးမလား ... အသင်းပြောင်းရွှေ့မှု ဖြစ်လာဦးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ...

04/08/2026

.. 2025-2026 KPL ပြိုင်ပွဲ ရာသီဝက် အကောင်းဆုံး ကစားသမားဆုကိုတော့ NME အသင်းက တိုက်စစ်မှူး စောရန်နိုင်က ရရှိခဲ့ပါတယ် ..
.. စောရန်နိုင်ဟာ NME အသင်းက ရာသီဝက်မှာ ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ် .. သူဟာ အသင်းကို ရာသီဝက်မှ ပါဝင်ကစားခဲ့ရပေမဲ့ ကစားရတဲ့ ပွဲတိုင်းမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး NME အသင်းရဲ့ အမှတ်ပေးဒုတိယနေရာနဲ့ KSE FA ဖလား ချန်ပီယံရရှိရာမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ် ...
.. သူဟာ ပွဲစဉ်အလိုက်အကောင်းဆုံး ၅ ကြိမ် ရရှိခဲ့ပြီး ယခုရာသီမှာ အများဆုံး ရရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ် ... အသင်းအတွက် ၄ ဂိုး ရယူပေးနိုင်ခဲ့ပါတယ် ...
. NME အသင်းအတွက် အမှတ်ပေးဒုတိယနဲ့ KSE FA ဖလား ချန်ပီယံဆုတို့ ရရှိရာမှာ အသင်းဖော်တွေနဲ့ အကောင်းဆုံး အတွဲညီစွာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ ရာသီဝက်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ် ...
.. လာမဲ့ရာသီမှာလည်း NME အသင်းမှာ ခြေစွမ်းထပ်မံပြသနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ...

28/07/2026

... အကောင်းဆုံး ရှေ့တန်းကစားသမားဆုကိုတော့ NME အသင်းမှ တိုက်စစ်မှူး မိုးထက်ယံ က ရရှိခဲ့ပါတယ် ...
.. မိုးထက်ယံကတော့ စဉ့်ကိုင်မြို့နယ် အနောက်ပိုင်းက ဘောလုံးသမားတစ်ဦးဖြစ်ပါတယ် ...
.. သူကတော့ NME အသင်းမှာ တိုက်စစ်ပိုင်းကနေ အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ပြီး ပွဲပေါင်း ၁၆ ပွဲ ပါဝင်ခဲ့ပါတယ် ... အသင်းအတွက် ၁၇ ဂိုး ရယူပေးနိုင်ခဲ့ပြီး ၁၃၁၄ မိနစ်ထိ ပါဝင်ခဲ့ပါတယ် ...
.. ပွဲစဉ်အလိုက် အကောင်းဆုံး ၂ ကြိမ်ရရှိခဲ့ပြီး NME အသင်းရဲ့ ယခုရာသီ အမှတ်ပေးပြိုင်ပွဲ ဒုတိယဆု၊ ရွှေဆည်ဖလားပြိုင်ပွဲ ဒုတိယဆုနဲ့ KSE FA ဖလား ချန်ပီယံဆု ရရှိခဲ့ရာမှာ အသင်းဖော်တွေနဲ့အတူ သူ့ရဲ့ သွင်းဂိုးတွေနဲ့ အကောင်းဆုံး ကူညီပေးနိုင်ခဲ့ပါတယ် ... KSE FA ဖလားဗိုလ်လုပွဲမှာလည်း အသင်းအတွက် ၃ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ် ...
.. NME အသင်းရဲ့ ယခုရာသီအောင်မြင်မှုတွေမှာ အရေးပါတဲ့ သွင်းဂိုးတွေနဲ့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့လို့ ယခုဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ် ...
.. လာမဲ့ရာသီမှာတော့ NME အသင်းမှာ ဆက်လက်ခြွေမ်းပြပြီး အောင်မြင်မှုတွေ ရယူဦးမှာလား၊ အသင်းပြောင်းရွှေ့မှုနဲ့ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေသွားမှာလား ဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ...

26/07/2026

...KPL အကောင်းဆုံး နောက်တန်းကစားသမားဆုကိုတော့ Victory Utd အသင်းရဲ့ နောက်တန်းကစားသမား ဝေယံစိုး က ရရှိခဲ့ပါတယ် ...
.. ဝေယံစိုးကတော့ ကျောက်ဆည်မြို့ လက်ပန်ကျေးရွာသားဘောလုံးသမား တစ်ဦးဖြစ်ပါတယ် ...
. သူဟာ KPL ပြိုင်ပွဲတွေ စတင်စဉ်ကတည်းက KPL အသင်းတွေမှာ ပါဝင်ကစားခဲ့တဲ့ ဘောလုံးသမား ဖြစ်ပါတယ် ...
.. ယခုရာသီမှာတော့ Victory အသင်းရဲ့ အဓိကနောက်တန်း ကစားသမား အဖြစ် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ် ...
.. သူဟာ Victory အသင်းအတွက် ၁၆ ပွဲကစားပေးခဲ့ပါတယ်၊ မိနစ်ပေါင်း ၁၄၀၀ ပါဝင်ခဲ့ပြီး အသင်းရဲ့ ပွဲအများဆုံး ကစားသမား ၁ ဦးဖြစ်ပါတယ် ... ပွဲစဉ်အလိုက်အကောင်ဆုံး ၂ကြိမ်ရခဲ့ပြီး Victory အသင်းရဲ့ ယခုရာသီအောင်မြင်မှုတွေမှာ အသင်းရဲ့ နောက်တန်းကနေ အသင်းဖော်တွေနဲ့ လက်တွဲညီ ခြေစွမ်းပြနိုင်ခဲ့လို့ KPL အကောင်းဆုံး နောက်တန်းကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ် ...
.. လာမဲ့ရာသီမှာတော့ Victory အသင်းနဲ့ အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ....

26/07/2026

... အကောင်းဆုံး လူငယ်ကွင်းလယ်ကစားသမားဆုကိုတော့ Zenith Power အသင်းက အောင်လွင်ဖြိုးက ရရှိသွားခဲ့ပါတယ် ...
.. အောင်လွင်ဖြိုးကတော့ ကျောက်ဆည်မြို့ ထားဝယ်ကျေးရွာသား လူငယ်ဘောလုံးသမား တစ်ဦး ဖြစ်ပါတယ် ..
.. သူဟာ ငယ်စဉ်ကတည်းက ထားဝယ်လူငယ်အသင်းနဲ့အတူ KPL က ကျင်းပတဲ့ လူငယ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် Zenith Power အသင်းမှာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ် ...
.. သူဟာ ယခုရာသီ Zenith Power အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားအဖြစ် ၁၇ ပွဲအထိ ပွဲထွက်ကစားခွင့်ရရှိခဲ့ကာ မိနစ်ပေါင်း ၁၄၇၅ မိနစ်ကစားခဲ့ရပါတယ် ...
.. ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမား ၂ ကြိမ်ရခဲ့ပြီး သွင်းဂိုး ၆ ဂိုး ရရှိခဲ့ပါတယ် ...
.. အောင်လွင်ဖြိုးကို ခေါ်ယူလိုတဲ့ အသင်းတွေရှိနေပေမဲ့ Zenith Power အသင်းကတော့ ရောင်းမှာမဟုတ်ဘူးလို့ သိရပါတယ် ...
.. လာမဲ့ရာသီမှာလည်း အကောင်းဆုံး ခြေစွမ်းတွေ နဲ့အတူ Zenith Powerအသင်းအတွက် အောင်မြင်မှုတွေ ရယူသွားနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ....

25/07/2026

....၂၀၂၅-၂၀၂၆ KPL ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ရှေ့တန်းကစားသမားဆု ကိုတော့ Galaxy အသင်းရဲ့ လူငယ်တိုက်စစ်မှူး နေတိုး ကရရှိသွားခဲ့ပါတယ် ...
.. နေတိုးကတော့ ကျောက်ဆည်မြို့ မြောင်းဦးကျေးရွာသား လူငယ်ဘောလုံးသမား ၁ ဦးဖြစ်ပါတယ် ...
.. သူဟာ KPL လူငယ်ပြိုင်ပွဲတွေကနေတဆင့် Galaxy အသင်းက ခေါ်ယူခံရတဲ့ ကစားသမား ဖြစ်ပါတယ် ...
.. သူဟာ ယခုရာသီမှာ Galaxy အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၁၅ ပွဲ ကစားပေးခဲ့ပါတယ် ... မိနစ်ပေါင်း ၁၃၀၈ မိနစ်အထိ ပါဝင်ကစားခဲ့ပြီး ၈ ဂိုး ရယူပေးနိုင်ခဲ့ပါတယ် ... ပွဲစဉ်အလိုက် အကောင်းဆုံးဆု ၁ ကြိမ်ရရှိခဲပါတယ် ...
... လူငယ်ကစားသမားတွေထဲမှာတော့ တိုက်စစ်မှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့လို့ ယခုဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ် ...
.. လာမဲ့ရာသီမှာလည်း Galaxy အသင်းမှာ ဆက်လက် ခြေစွမ်းပြနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ...

24/07/2026

...KPL -၂၀၂၅-၂၀၂၆ ပြိုင်ပွဲ အကောင်းဆုံး လူငယ်ကစားသမားဆု ကိုတော့ ရွှေဇော်ဂျီအသင်းမှ လူငယ်တိုက်စစ်မှူး တိုးပြည့်လျှံ က ရရှိသွားခဲ့ပါတယ် .. တိုးပြည့်လျှံကတော့ ကျောက်ဆည်မြို့ မြို့ဦး ရပ်ကွက်က လူငယ်ဘောလုံးသမားတစ်ဦး ဖြစ်ပါတယ် ...
.. ယခုရာသီမှာတော့ ရွှေဇော်ဂျီ အသင်းရဲ့ တိုက်စစ်မှာ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်တွေ ရရှိခဲ့ပါတယ် ... ရွှေဇော်ဂျီအသင်းအတွက် ၁၇ ပွဲအထိ ကစားပေးခဲ့ပြီး မိနစ်ပေါင်း ၁၄၀၃ မိနစ်နဲ့ လူငယ်ကစားသမားတွေမှာ အများဆုံး ရရှိခဲ့ပါတယ် ...
.. ရွှေဇော်ဂျီအသင်းအတွက် ၉ ဂိုးအထိသွင်းယူပေးထားပြီး ယခုရာသီ အသင်းရဲ့ အောင်မြင်မှုတွေမှာ အသင်းဖော်တွေနဲ့ အတွဲညီစွာ ကစားနိုင်ခဲ့ပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ၁ ကြိမ်ရရှိခဲ့ပါတယ် ...
.. သူဟာမြို့နယ် ယူ-၁၈ အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပြီး တိုင်းယူ-၁၈ ပဏာမ အဆင့်ထိ ပါဝင်ခဲ့ပါတယ် ...
.. ယခုရာသီ KPL ပြိုင်ပွဲမှာ ပါဝင်တဲ့ လူငယ်ကစားသမားများထဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့လို့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ် ...
.. လာမဲ့ရာသီမှာတော့ ရွှေဇော်ဂျီအသင်းမှာ ပဲ ဆက်လက်ခြေစွမ်းပြဦးမှာလည်း အသင်းအပြောင်းအရွှေ့ ဖြစ်လာမှာလား ဆိုတာ စောင့်ကြည့်ရမဲ့ ကစားသမားဖြစ်ပါတယ် ...

23/07/2026

... 2025-2026 ခုနှစ် KPL အမှတ်ပေးပြိုင်ပွဲရဲ့ မျိုးဆက်သစ် လူငယ်ကစားသမားဆုကိုတော့ Golden River ZawGyi (ရွှေဇော်ဂျီ) အသင်းရဲ့ လူငယ်နောက်တန်း ကစားသမား ထက်မြတ်အောင် က ရရှိသွားခဲ့ပါတယ် ... သူဟာ ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်သား တစ်ဦးဖြစ်ပြီး လူငယ်ဘောလုံးပြိုင်ပွဲများမှာလည်း အကောင်းဆုံး ခြေစွမ်းပြပြီး အောင်မြင်မှုတွေ ရရှိခဲ့လို့ ရွှေဇော်ဂျီ အသင်းရဲ့ ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ် ...
.. ယခုရာသီမှာတော့ လူငယ်မျိုးဆက်သစ် ကစားသမားများ ပါဝင်ကစားခဲ့ကြပြီး ကစားသမားအများစုကတော့ ရွှေဇော်ဂျီ အသင်းနဲ့ Zenith Power နဲ့ Glaxy အသင်းတို့မှာ ပါလာခဲ့ပါတယ် ...
.. ထက်မြတ်အောင် ကတော့ ရွှေဇော်ဂျီ အသင်းရဲ့ လူငယ်နောက်တန်းကစားသမား ဖြစ်ပြီး ရွှေဇော်ဂျီ အသင်းရဲ့ အဓိကနောက်တန်း ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြပြီး နေရာရလာခဲ့ပါတယ် ...
.. သူဟာ အသင်းအတွက် အမှတ်ပေးပွဲ ၁၁ ပွဲ၊ ရှုံးထွက်ဖလား ၃ ပွဲ အထိ ကစားခွင့်ရခဲ့ပါတယ် ...
.. အရံကစားသမားအဖြစ် ပထမဆုံး ပွဲထွက်ခွင့် ရရှိပြီးနောက် ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် ပထမကစားသမားစာရင်းမှာ အမြဲတမ်း ပါဝင်လာခဲ့ပါတယ်... ပါဝင်ခဲ့တဲ့ ပွဲတိုင်းမှာ ပွဲချိန်ပြည့် ကစားခွင့်ရရှိတဲ့ အထိ အသင်းက အားထားရတဲ့ လူငယ်ကစားသမား ဖြစ်ပါတယ် ..
.. ယခုရာသီ လူငယ်မျိုးဆက်သစ် ကစားသမားတွေထဲမှာ ပွဲထွက်ခွင့် အများဆုံး ကစားသမားထဲက ၁ ဦးဖြစ်သလို ၁၁၉၄ မိနစ်နဲ့ ပွဲကစားချိန် အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ...
.. ရွှေဇော်ဂျီအသင်းရဲ့ ယခုရာသီ ရလဒ်ကောင်းတွေ ရရှိရာမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့လို့ မျိုးဆက်သစ် လူငယ်ကစားသမား ဆု ကို ရရှိခဲ့ခြင်းဖြစ်ပါတယ် ...
.. လာမဲ့ရာသီမှာလည်း ဆက်လက်ပြီး အကောင်းဆုံး ခြေစွမ်းတွေနဲ့ အောင်မြင်မှုတွေ ရရှိနိုင်ပါစေလို့ KPL က ဆုတောင်းပေးလိုက်ပါတယ် ...

18/07/2026

... ကောင်းခန့်ကျော် ....

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


NaKhon Pathom
Bangkok
73110