16/08/2026
ရင့်လာလေလေ မှည့်လေ ချိုလေ ဆိုတာဒီဘဲကိုပြောတာ…
တစ်နှစ်ထက် တစ်နှစ်ရှယ်ကောင်းနေတယ်
စိတ်ဝင်စားစရာ အားကစားသတင်းများ အားကစားပရိတ်သတ်များအတွက် နေ့စဉ် တင်ဆက်ပေးမည်
16/08/2026
ရင့်လာလေလေ မှည့်လေ ချိုလေ ဆိုတာဒီဘဲကိုပြောတာ…
တစ်နှစ်ထက် တစ်နှစ်ရှယ်ကောင်းနေတယ်
19/06/2026
2026-2027ခုနှစ်အတွက် ပရီးမီးယားလိဒ် ပွဲစဉ်၁အချိန်ဇယားကတော့ ထွက်ရှိလို့လာပါပြီ။
ချန်ပီယံ အာဆင်နယ်အသင်း ရဲ့ ပွဲစဉ်ဇယားလဲ ထွက်ရှိလို့ပါပြီ။
18/06/2026
လီပါပူးအသင်း ရဲ့ နောက်ထပ် အနာဂတ်စီမံကိန်း တစ်ခုလား?
လီပါပူးအသင်း ဟာ အိုဆာဆူနာအသင်း ရဲ့ ကြယ်ပွင့်ကစားသမား Victor Muñozကို ပေါင်သန်း၄၀ဖြင့် ခေါ်ယူနိုင်ခဲ့ပါပြီ။
ဗစ်တာဟာ အသက်အရွယ်အားဖြင့် ၂၂နှစ်ဘဲ ရှိသေးပေမယ့် တစ်ဦးချင်းကျော်ဖြတ်နိုင်စွမ်း နှင့် ဂိုးဖန်တီးပေးနိုင်တဲ့အရည်အသွေးပိုင်းတွေ အရမ်းကောင်းမွန်တာကြောင့် စပိန်ဘောလုံးလောကမှာ အထူးစောင့်ကြည့်ခံရတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။
အခု ကမ္ဘာ့ဖလားမှာလည်း စပိန်အသင်း မှာ အရွေးခံရတော့လီပါပူးပရိတ်သတ်များ ကြည့်ဖြစ်အောင် ကြည့်ကြနော်
17/06/2026
နော်ဝေးအသင်းအတွက် ၂၈ကြာပြီးချိန် မှ ပြန်လည်ရောက်ရှိလာတဲ့ ဒီကမ္ဘာ့ဖလား မှာ အာလင်း ဟာလန်း .အိုဒီဂတ် နဲ့ ဆန်ဒါ ဘာဂျီတို့အောက်မှာ နိုင်ပွဲဆာလောင်နေတဲ့ ဒီဗိုက်ကင်းတွေ အမြင့်ပျံနေအုံးမှာ အသေအချာပါဘဲ …
17/06/2026
ဒီအပြောင်းအရွှေ့ မှာ တော်တင်ဟမ်စပါးအသင်း ဟာ တော်တော်လေးကို စွာနေပါတယ်
စပါးအသင်း ဟာ ဘရိုက်တန်အသင်း ရဲ့ နောက်ခံလူ Van Hecke ကို ပေါင်၅၂သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပါပြီ။ဒီပုံစံအတိုင်းဆို အသင်းခေါင်းဆောင် ရိုမဲရိုးကတော့ ထွက်ဖို့များနေပါပြီ။
ဘရိုက်တန်အသင်း ဟာလည်း စပါးအသင်းထံမှ လူငယ်နောက်ခံလူကစားသမား Luka Vuskovicကို ပေါင်၃၅သန်းဖြင့် ပြန်လည် ခေါ်ယူခဲ့ပေမယ့် စပါးအသင်ဟာ ဒီထက်ပိုလိုချင်တာကြောင့် ငြင်းဆိုသွားပါတယ်
Luka Vuskovicဆိုတဲ့ ကစားသမားလေးဟာ ဂျာမာန်ကလပ် ဟမ်းဘက်အသင်း မှာ အဌားသွားရောက်ကစားနေပြီး ခြေစွမ်းတော်တော်လေးပြသထားတဲ့ ၁၉နှစ်အရွယ်လူငယ်လေးဘဲ ဖြစ်ပါတယ်။
17/06/2026
ဒီပုံစံအတိုင်းဆို နောက်လေးနှစ်ကျရင် ကျင်းပမယ့် ကမ္ဘာ့ဖလားအတွက် တောင် လီယွန်နယ် မက်ဆီ က Still Fresh ဖြစ်နေအုံးမှာပါ…
တစ်ကယ် ကောင်းလွန်းတာကြီးကိုတော့ တစ်ကယ်လက်ခံရမှာပါ
15/06/2026
မြန်ဆန်သေသပ်လွန်းလှပါတယ်ဆိုတဲ့ တိုက်စစ်ကို တစ်ဆင့်ထပ်မြှင့်တင်လိုက်တဲ့ ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်အသင်း
ဘိုင်ယန်မြူးနစ်အသင်း ဟာ ပီအက်စ်ဗွီအသင်း ရဲ့ မရှိမဖြစ်ကစားသမား Ismael Saibariကို ပေါင်၅၅သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပါပြီ။ဆေးစစ်ချက်တွေကိုတော့ ယုခု ကမ္ဘာ့ဖလားကျင်းပနေတဲ့ USAမှာဘဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
Technique, Power, Finishing, Creativity ဆိုတဲ့ အချက်လေးချက် နဲ့ ပြည့်စုံတဲ့ Saibari ဟာ ခေတ်သစ် Complete Midfielder တစ်ယောက်ဆိုတာ သံသယရှိစရာ လိုမယ်မထင်ပါဘူး။
15/06/2026
ဒီနွေကတော့ အပြောင်းအလဲတွေ တော်တော်များမယ့် အပြောင်းအရွေ့ ရာသီပါဘဲ
၂နှစ်စာချုပ်ဖြင့် အေစီမီလန်အသင်း ကို ရောက်ရှိသွားပြီ ဖြစ်တဲ့ နည်းပြ အာမိုရင်
14/06/2026
ဒီသတင်းကတော့ လုံးဝ Suprise
𝐇𝐄𝐑𝐄 𝐖𝐄 𝐆𝐎
ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်း ရဲ့ ဘယ်
နောက်ခံကစားသမား ကူကူရယ်လာကို ခေါ်ယူဖို့ ပေါင်သန်း ၅၀ဖြင့် သဘောတူညီမှုရရှိသွားပါပြီ။
အသင်းချင်းကော ကစားသမားနဲ့ပါ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြီးတာနဲ့ ကူကူရယ်လာဟာ ရီးရဲလ်ကိုပြောင်းရွှေ့မှာဖြစ်ပါတယ်။
[Fabrizio Romano]🌕
14/06/2026
ပြင်သစ်ကနေ မော်ရိုကိုအကူး မှာ ထွန်းတောက်လာအုံးမယ့် အသက်၁၈နှစ်အရွယ် Ayyoub Bouaddi
⚽️ အသက် ၁၈ နှစ်အရွယ်သာရှိသေးပေမယ့် Ligue 1 မှာ လိုင်လီအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်
ယောက်အဖြစ် တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြသထားပါတယ်။
💎 Bouaddi ရဲ့ အကြီးမားဆုံး အားသာချက်ကတော့
✅ ဘောလုံး ကို ပိုင်ပိုင်နိုင်နိုင်ထိန်းကျောင်းနိုင်ခြင်း
✅ ပွဲတစ်ပွဲ ရဲ့ Game Vision မြင့်မားခြင်း
✅ Press ခံရချိန်မှာတောင် အေးအေးဆေးဆေး ဘောလုံးထုတ်နိုင်ခြင်း(လောလောလတ်လတ် ပြီးထားတဲ့ ဘရာဇီးနှင့် ပွဲမှာ မြင်နိုင်ပါတယ်)
✅ ကွင်းလယ်ကို ကောင်းကြောင်းကြီး ထိန်းချုပ်နိုင်တဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။
🇲🇦 Bouaddi ဟာ အနာဂတ်မှာ Morocco national football team ရဲ့ ကွင်းလယ်ကို ဦးဆောင်မယ့် ကစားသမားအဖြစ် မျှော်လင့်ခံထားရသူလည်း ဖြစ်ပါတယ်။အရပ်အားဖြင့်လည်း ၁၈နှစ်နဲ့ ၆ပေ ၁လက်မဆိုတော့ လူကောင်ကြီးတဲ့ထဲပါမယ် ထင်ပါတယ်။
🌟 အခုကမ္ဘာ့ဖလား မှာ ထိပ်တန်းအသင်းကြီးတွေက စောင့်ကြည့်သင့်ပြီး၊ တချို့ကတော့ Bouaddi ကို “New Generation Midfield Maestro” လို့တောင် ခေါ်နေကြပါပြီ။
အသက် ၁၈ နှစ်မှာ ဒီလောက်အထိ Mature ဖြစ်နေတဲ့ Bouaddi…
နောက် ၃ နှစ်၊ ၄ နှစ်အကြာမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားစာရင်းထဲ ဝင်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။
Bouaddi ကို ဘယ်အသင်းမှာ မြင်ချင်လဲ? Arsenal?Manchester United?Real Madrid? Barcelona? Manchester City? ဒါမှမဟုတ် Lille မှာပဲ ဆက်နေအုံးမယ် ထင်လား?
#