27/08/2026
Stand Fight အတွက် အများကြီးပြင်ဆင်နေတဲ့ တိုင်ရာ
-------------
ဗန် ကို ရှုံးနိမ့်ပြီးနောက် တိုင်ရာ တစ်ယောက် Striking ပိုင်း အတွက် အများကြီး အားစိုက်နေပုံရပါတယ်။
ထိုင်း ကို လာတယ်။
- စူပါဘွန်း ဂျင်မှာ လေ့ကျင့်တယ်
- PK ဂျင် မှာ လေ့ကျင့်တယ်။
အဲဒီနောက် ဂျပန်က
- ရှီမွန် ၊ နာဒကာ တို့ရဲ့ Eiwa Sports Gym မှာ လေ့ကျင့်တယ်
- အိုလံပစ် Boxing သမားဟောင်းနဲ့ လေ့ကျင့်တယ်
အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ပြန်လာနိုင်ပါစေ တက်ဆူရို တိုင်ရာ 💪
26/08/2026
DJ ကို ဂျော်ကီလုပ်ဖို့ စည်းရုံးသွားတဲ့ မာကာရှက်ဖ်
------------
မာကာရှက်ဖ် - "ငါ့ မှာ ပြိုင်မြင်းတွေလဲ ရှိတယ်။ တစ်ကောင်ဆိုရင် လုံး၀ အလန်းကြီး ၊ အွန်လိုင်းမှာ သူ့နာမည် ဆဖာ လို့ ရိုတ်ရှာလိုက်ရင် တွေ့လိမ့်မယ်"
DJ - "ပြိုင်မြင်းတွေတော့ မွေးထားတယ် ၊ ကိုယ်တိုင် စီးပြီး မပြိုင်ဘူးပေါ့..."
မာကာရှက်ဖ် - "ဘရို...မင်း ဂျော်ကီလုပ်လို့ရတယ်။ ဂျော်ကီ တစ်ယောက်ရဲ့ အများဆုံး ကိုယ်အလေးချိန် ၅၇ ကီလိုပဲ ရှိရတာမို့ မင်း လုပ်ပါလား?
DJ - "No ...No... ဘရို ... ငါ နားလိုက်ပြီ။ အခု ဝိတ်ကလဲ အတင်းတက်နေပြီမို့ ၊ မဖြစ်နိုင်တော့ဘူးထင်တယ်"
မာကာရှက်ဖ် - " ဝိတ်ချပစ်လို့ရတာပဲလေ...."
DJ - " ပိုက်ဆံများများပေးမှာမို့လား?"
မာကာရှက်ဖ် - " ဂျော်ကီ ကလဲ စုစုပေါင်း ဆုကြေးရဲ့ 10% ရတယ်နော်။ ရှင်းပြမယ် ........မြင်းပြိုင်ပွဲတွေမှာလဲ ကမ္ဘာ့ဖလားဆိုတာ ရှိတယ်။ ဒူဘိုင်း လို နေရာမျိုးမှာ ကျင်းပတာ။ အနိုင်ဆုကြေးတင် ဒေါ်လာ ၁၀ သန်း ဝန်းကျင်လောက်ရှိတယ်။
DJ - " ဆိုတော့ ငါစီးပြီး ဝင်ပြိုင်လို့ အနိုင်ရရင် 10% ရမယ်ဆိုတော့ ဒေါ်လာ ၁ သန်းပေါ့"
မာကာရှက်ဖ် - "ဒီလောက်များတဲ့ ပမာဏမျိုး ထိုးကြေးတောင် မရဖူးဘူးမို့လား"
DJ - "UFC မှာ ထိုးခဲ့တဲ့ တစ်လျှောက်လုံး တစ်ခါမှ အဲဒီလောက်ထိ မရဖူးဘူး"
25/08/2026
ချစ်သူရှာဖို့ အချိန်မရှိသေးဘူး ဆိုတဲ့ မာရက်ဘ်
----------
"လောလောဆယ်တော့ အိမ်ထောင်ဖက်ဇနီး ရှာပုံတော်ဖွင့်တာ ခဏရပ်ထားပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော် ရောက်နေတာက လက်စ်ဗီးဂက်မြို့လေ။
ဒီမြို့မှာက ဘ၀လက်တွဲဖော်ကောင်း ရှာတွေ့ဖို့ဆိုတာ တော်တော်ကြီးကို ခက်လွန်းပါတယ်။ ပြီးတော့ အဲဒီဘက်ပိုင်းကို အားစိုက်ပြီး အချိန်ပေး ရှာချင်စိတ်လဲ မရှိသေးတာ ပါတာပေါ့"
Merab Dvalishvili ရဲ့ အင်တာဗျူးမှ ကောက်နှုတ်ချက်
24/08/2026
Silk Muay Thai က ဖိုက်တာ ၃ ယောက်ကို တစ်ပြိုင်နက် မြင်ရမယ့်ပွဲ
-----------------
စက်တင်ဘာ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ONE Friday Fights 170 ပြိုင်ပွဲက Silk Muay Thai Gym က ဖိုက်တာ ၃ ယောက်ကို တစ်ပြိုင်နက် ပွဲထုတ်ထားတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
မြန်မာဖိုက်တာတွေနဲ့ တွေ့ထားတဲ့ ရော့လက်ဖက် ၊ ဒက်ချဝါလစ် နဲ့ ရီကာဒို ဆန်းချက်တို့ ရဲ့ တွဲဆိုင်းတွေကို ပရိသတ်တွေ ကြည့်ရမှာပါ။
ရီကာဒို ဆန်းချက်က ၂ ပွဲထိုး ၂ ပွဲ နိုင် ၊ နာဘီးလ် ရဲ့ ညီ ယိုနစ်အာနန်း နဲ့ တွေ့နေပါတယ်။
ရော့လက်ဖက် က မော်ရိုကို ဖိုက်တာအရှည်ကြီး တာဖိ နဲ့ ထိပ်တိုက်တွေ့ပါတယ်။ အရပ်မောင်းက ၈ လက်မထိတောင် ကွာဟချက်ကြီးမားလွန်းတာမို့ ဒီပွဲကိုတော့ ဘယ်လို နည်းစနစ်ပိုင်း ခင်းကျင်းကြမလဲ ဆိုတာ အမှန်ကန် စိတ်ဝင်စားမိတာပါ။
ဒက်ချဝါလစ် ကတော့ တိုက်ဂါးမွေထိုင်းက Otis Waghorn နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
ဒီတွဲဆိုင်းတွေ အကုန်လုံးက စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ ကျင်းပမယ့် ONE Friday Fights 170 ပြိုင်ပွဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
23/08/2026
ပန်တိုဂျာ - "အခုတော့ မင်းက ချန်ပီယံပေါ့ကွာ"
ဗန် - "မင်း က ဘာလုပ်ချင်လို့လဲ"
ပန်တိုဂျာ - "မင်း ခါးပတ်ကို လှမ်းယူလိုက်စမ်းပါ"
ဗန် - "မင်း က ဘာလုပ်ချင်လို့လဲ"
ပန်တိုဂျာ - " အခုတော့ ခါးပတ်နဲ့ ပျော်ထားနှင့်ဦးပေါ့"
ဗန် - "မင်း က ခါးပတ် လိုချင်တာလား? ဘာမှ လာလုပ်လို့ မရဘူး"
23/08/2026
ရိုင်နီယာ ရဲ့ UFC ထိုးကြေး
----------
ဒီမနက် ကျင်းပသွားတဲ့ UFC Fight Night ပြိုင်ပွဲမှာ အောင်လအန်ဆန်း ရဲ့ လေ့ကျင့်ဖော် ၂ ယောက် ဖြစ်တဲ့ ဂရီဂိုရီ ရိုဒရီဂွက် နဲ့ ရိုင်နီယာ တို့ နှစ်ယောက်စလုံး နိုင်ပွဲ ကိုယ်စီရယူနိုင်ခဲ့ကြပါတယ်။
ရိုင်နီယာ ဟာ လိုက်ဟဲဗီးဝိတ်တန်းကို တက်ပြီး ပထမဆုံးထိုးတဲ့ပွဲမှာပဲ ပထမချီ TKO နဲ့ အနိုင်ယူပြခဲ့တာပါ။
သူ့ရဲ့ ဒီပွဲထိုးကြေးက ဒေါ်လာ ၁၅၀၀၀၀ + အနိုင်ကြေး ဒေါ်လာ ၁၅၀၀၀၀ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပွဲကနေ စုစုပေါင်း ထိုးကြေး ဒေါ်လာ ၃ သိန်း အိတ်ပိုက်သွားပါတယ်။
ထိပ်ဆုံးခေါင်ပွဲအဖြစ် ထိုးတဲ့ ဂရီဂိုရီ ရိုဒရီဂွက် နဲ့ အန်သိုနီဟာနန်ဒက် တို့ နှစ်ယောက်ကတော့ ထိုးကြေး ဒေါ်လာ ၁၇၀၀၀၀ စီ တူညီစွာရရှိပါတယ်။ ရိုဒရီဂွက် က အနိုင်ရသွားတဲ့အတွက် နောက်ထပ် အနိုင်ကြေး ဒေါ်လာ ၁၇၀၀၀၀ ထပ်မံရရှိခဲ့ကာ စုစုပေါင်း ဒေါ်လာ ၃၄၀၀၀၀ သိမ်းပိုက်သွားပါတယ်။
ဒီဖိုက်တာကြီးနှစ်ယောက်ထိုးတဲ့ပွဲက Fight of the Night သတ်မှတ်ခံရတာမို့ ဘောနပ်ဆုကြေး ဒေါ်လာ ၁ သိန်း စီလဲ ထပ်ပြီး ရရှိဦးမှာပါ။
21/08/2026
ကျော်ကြီးကို စောစောစီးစီးပွဲသိမ်းပြချင်တယ် ဆိုတဲ့ ကိုမာဝတ်
------------
"ကျော်စွာဝင်း ရဲ့ အားသာချက်က ခံနိုင်ရည် မြင့်မားလွန်းတာပါ။ တိုက်စစ်ကို ၃ ချီစလုံး မနားတမ်းဖွင့်ဆော့နိုင်တယ်။ ပြီးတော့ အားပါတဲ့ လက်သီးထိုးချက်တွေ ၊ တံတောင်ရိုတ်ချက်တွေကလဲ ကြမ်းလွန်းပါတယ်။ သူက တစ်ချိန်လုံး တိုက်စစ်ကို တရစပ်ဆင် ကစားပြနိုင်သူပါ။
ကိုယ့်ရဲ့ ယုံကြည်မှုတွေပြန်ပြီး တည်ဆောက်နိုင်ဖို့အတွက် သူက အကောင်းဆုံးသော ပြိုင်ဘက်လို့ ရှုမြင်ထားပါတယ် ဘာလို့လဲ ဆိုတော့ ဒီပွဲမှာ အနိုင်ရရင် ကိုယ့်ရဲ့ ပုံစံကောင်းတွေ ပြန်ရပြီလို့ ကြွေးကြော်လို့ ရပြီလေ"
" ၃ ချီစလုံး သူနဲ့ ယှဉ်ထိုးပြနိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားပါတယ်။ ဒါပေမယ့် စောစောစီးစီး ပွဲသိမ်းနိုင်ဖို့ပဲ ပစ်မှတ်ထားမှာပါ။ သူက ပါဝါကောင်းသလို ၊ ကျနော်လဲ ပါဝါကောင်းတယ်။
Guard ကို သေချာပိတ်ထားပြီး သူ့ကို စိတ်ကြိုက်ကစားခွင့်ပေးမယ်။ နေရာလွတ်ရှာမယ် ၊ ကောင်တာ ထိုးချက် ကန်ချက်တွေကို မိမိရရ အသုံးချမယ်။
နောက်ပိုင်းအထိ ဆွဲခေါ်တာမျိုး မလုပ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို လုပ်လိုက်ရင် ကိုယ်ပဲ နိမ့်သွားနိုင်သလို ၊ မျှော်လင့်မထားတဲ့ ဆိုးကျိုးတွေလဲ ပေါ်ထွက်လာနိုင်ပါတယ်။ ရှိသမျှ အကုန်သုံးပြီး ရင်ဆိုင်သွားမှာပါ"
ကိုမာဝတ် ရဲ့ ပွဲကြို ပြောစကား