29/08/2026
အန်ဒါဆန်၏ ပရီးမီးယားလိဂ်တွင် အမှတ်ရဆုံး အခိုက်အတန့်များထဲမှ တစ်ခုအကြောင်း -
🗣️ အန်ဒါဆန် - “အာဆင်နယ်ကို ၈ - ၂ နဲ့ နိုင်ခဲ့တဲ့ပွဲပေါ့။ ရူးနီးရဲ့ ဒုတိယမြောက် ဖရီးကစ် ကန်ချက်မှာ ကျွန်တော်က ရှက်စနီဘက်ကို မျက်နှာမူပြီး အာဆင်နယ်ရဲ့ တံတိုင်း (Wall) ထဲမှာ ဝင်ရပ်နေခဲ့တာ။
ကျွန်တော် ရူးနီးအကြောင်း သိတယ်လေ။ သူ ဘောလုံးဆီ ပြေးအဝင်မှာ ကျွန်တော် ခေါင်းငုံ့ပေးလိုက်တာ၊ ဘောလုံးက ကျွန်တော့်ခေါင်းပေါ်ကနေ ဂိုးထောင့်ထဲ တန်းဝင်သွားတာပဲ။ ဘောလုံး ပျံထွက်သွားတဲ့ လေတိုးသံကိုတောင် ကျွန်တော် တကယ် ခံစားလိုက်ရတယ်။
ရှက်စနီလည်း လှုပ်တောင် မလှုပ်နိုင်ခဲ့ဘူး။ အဲဒါနဲ့ ပွဲအပြီးမှာ ကျွန်တော် သူ့ဆီသွားပြီး ပေါ်တူဂီဘာသာစကားနဲ့ ‘စိတ်မပူပါနဲ့။ ရွန်းနီက ဒီနေ့ ဖရီးကစ်တစ်လုံး သွင်းပြီးပြီ၊ အခု ဒုတိယတစ်လုံး ထပ်သွင်းသွားတာ။ ဒါ မင်း ကြောင့်မဟုတ်ဘူး။ သူက ဝိန်း ရွန်းနီ (Wayne Rooney) လေ’ လို့ သွားပြောလိုက်တယ် Renaissance စတိုင်ပေါ့။”
🗣️ သတင်းထောက် - “ရှက်စနီက ပေါ်တူဂီစကား ပြောတတ်လို့လား။”
🗣️ အန်ဒါဆန် - “မပြောတတ်ဘူး ထင်တာပဲ။”
#8-2
29/08/2026
အာလင်း ဟာလန်း (Erling Haaland) သာ ပရီးမီးယားလိဂ်မှာ ဆက်ကစားနေပြီး ရာသီရဲ့ အစိတ်အပိုင်းအများစုမှာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် အခြားကစားသမားတစ်ယောက်အနေနဲ့ ရွှေဖိနပ်ဆု (Golden Boot) ရဖို့ဆိုတာ အတော်လေး ခက်ခဲပါလိမ့်မယ်။
ဒီလိဂ်ထဲမှာ သူနဲ့ အနီးစပ်ဆုံး ယှဉ်နိုင်တဲ့ တိုက်စစ်မှူးမျိုးတောင် ရှိမယ် မထင်ပါဘူး။ အကယ်၍ တစ်လိဂ်တည်းမှာသာ တူတူကစားကြမယ်ဆိုရင် သူ့ကို ဖိအားပေး ဒုက္ခပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော တိုက်စစ်မှူးတွေကတော့ ဟာရီ ကိန်း (Harry Kane) နဲ့ ခီလီယန် အမ်ဘာပေ (Kylian Mbappe) တို့ပဲ ရှိပြီး ကျန်တဲ့သူတွေကတော့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
အာလင်း ဟာလန်းကို ဒီလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် အသိအမှတ်ပြုဖို့ မန်စီးတီး ပရိသတ်တစ်ယောက် ဖြစ်နေစရာတောင် မလိုပါဘူး။ မန်စီးတီးဟာ စီနီယာကစားသမား အတော်များများကို ထွက်ခွာခွင့် ပေးခဲ့ပေမဲ့ အသင်းမှာ အာလင်း ဟာလန်း ပွဲထွက်ကစားနိုင်ဖို့ ကြံ့ခိုင်နေသမျှ ကာလပတ်လုံး သူတို့ဟာ လိဂ်ချန်ပီယံဆု ရရှိဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ အမြဲတမ်း ပါဝင်နေဦးမှာပါ။
မန်စီးတီးကို ဒီလိဂ်မှာ အသန်မာဆုံး အသင်းလို့တော့ ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ အာဆင်နယ်နဲ့ ယှဉ်ရင် သူတို့မှာ ကစားသမားကောင်း အရမ်းမများဘူးလို့ ယုံကြည်ရပါတယ်
ဒါပေမဲ့ သူတို့မှာ အကောင်းဆုံး တိုက်စစ်မှူးရှိနေသလို ရွိုင်ယန်ချာကီ (Rayan Cherki) ရဲ့ ခြေစွမ်းနဲ့ဆိုရင်လည်း ဖေဖော်ဝါရီ သို့မဟုတ် မတ်လလောက်အထိ အာဆင်နယ်နဲ့အတူ ချန်ပီယံဆု စိန်ခေါ်ပွဲထဲမှာ ဆက်ရှိနေဖို့အတွက် အာလင်း ဟာလန်းနဲ့ မန်စီးတီးတို့အတွက် သူဟာ အလွန်အရေးပါတဲ့သူ ဖြစ်လာပါလိမ့်မယ်။
29/08/2026
အယ်တဝန်အသင်းနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် စီရော်နယ်ဒို ရဲ့ ကစားသမားဘဝ သွင်းဂိုးဟာ ၉၇၈ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်
တဖက် တဂိုးစီ သရေကျနေချိန်မှာ သွင်းယူနိုင်ခဲ့တာကြောင့်
အသင်းအတွက် အနိုင်ဂိုးသွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်ခဲ့ပါတယ်
ယခု ဂိုးသွင်းနိုင်ခဲ့တာကြောင့် ထောင်ပြည့်ဂိုးသွင်းမယ့် စီရော်နယ်ဒို ရဲ့ ရည်မှန်းချက်ကလည်း အတော်လေးကို နီးစပ်လာခဲ့ပြီပဲ ဖြစ်ပါတယ်
ဂိုး ၁၀၀၀ ပြည့်ဖို့ ၂၂ ဂိုးသာ လိုအပ်တော့ချိန်မှာ စီရော်နယ်ဒို အနေနဲ့ ဂိုးသွင်းချေပြန်တွေ့လာတာကိုလည်း တွေ့ရပြီး
ကမ္ဘာ့ဖလားအပြီးနောက်ပိုင်းမှာ အိမ်ထောင်ပြုခဲ့သလို
ဆံပင်ကေအသစ်နဲ့ ပုံစံပြောင်းထားခဲ့တာကြောင့်
စီရော်နယ်ဒိုကတော့ စိတ်သစ်လူသစ်နဲ့
အကြမ်းစားစွမ်းဆောင်ရည်တွေ ထုတ်ပြနိုင်နေခဲ့တာကိုလည်း
တွေ့ရပါတယ်
28/08/2026
မန်ချက်စတာညီအကို နှစ်သင်းကတော့
ဟီးဟီးဟားဟား လုပ်ခံနေရပြီ ဖြစ်ပါတယ်
ယခုနှစ်ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် Group Phase
မဲခွဲမှုတွေ ပြုလုပ်အပြီးမှာ
မန်စီးတီးရော မန်ယူရောဟာ ဂျာမန်ကလပ်
လိုက်ဇစ် အသင်းနဲ့ ကစားကြရမှာ ဖြစ်ပါတယ်
မဲခွဲမှုတွေ ပြုလုပ်နေစဥ်
မန်စီးတီး ၊ မန်ယူ တို့ရဲ့ ကစားရမယ်လို့
သိလိုက်ရချိန်မှာ လိုက်ဇစ်အသင်းကတော့
အဆိုပါ တွေ့ဆုံမှုတွေကို ဟာသလို သဘောထားပြီး
ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့ကြတဲ့
ဗီဒီယိုမှတ်တမ်းတွေကို တင်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်
ဗီဒီယိုထဲမှာဆိုရင် တွေ့ဆုံမှုကို အောင်ပွဲရသလို
လက်သီးလက်မောင်းတန်းခဲ့ကြတာကိုလည်း တွေ့မြင်ရတာပါ
မန်စီးတီးဟာ နည်းပြ ပက်ဂွာဒီယိုလာ မရှိတော့တဲ့ခေတ်ကို
ဖြတ်သန်းရမှာ ဖြစ်ပြီး မန်ယူတို့ကတော့ မိုက်ကယ်ကာရစ်
ဦးဆောင်ပြီး ဖြတ်သန်းမယ့် ပထမဆုံး ဥရောပ ဘောလုံးရာသီကို
ရင်ဆိုင်ရမှာ ဖြစ်ပါတယ်
28/08/2026
ချဲဆီးအသင်းဟာ ရင်ဘတ်စပွန်ဆာ မရှိပဲ ကစားနေရတာ
နှစ်အတန်ကြာပါပြီ
ရင်ဘတ်စပွန်ဆာ မပါပဲ ဗြောင်ကြီးဖြစ်နေတဲ့
ချဲဆီးတို့ အခုတော့ စပွန်ဆာရခဲ့ပါပြီ
ယူကေ အခြေစိုက် ဘဏ္ဍာရေးကုမ္ပဏီ USDC နဲ့
စပွန်ဆာစာချုပ်ကို ရရှိခဲ့တာဖြစ်ပြီး
ကနဦးကြားသိရတဲ့ သတင်းတွေအရ
တနှစ်ကို ပေါင်သန်း 60 လောက်တန်ကြေးရှိတဲ့စာချုပ်
ဖြစ်တယ်လို့ သိရပါတယ်
စပွန်ဆာ ရရှိခဲ့ပြီးတဲ့နောက်မှာတော့
ချဲဆိီး ပရိတ်သတ်တွေက လာဘ်ကောင်းတယ်ဆိုပြီး
ပြောဆိုနေကြတယ်လို့ ကြားသိရပါတယ်
28/08/2026
" ချဲဆီးတို့ ဇာဗီအလွန်ဆို ကို ခန့်အပ်လိုက်ကတည်းက
ငါသိလိုက်တယ်။ သူက လူတော်တယောက်ပဲ။ ဒါကြောင့်မို့ သူချဲဆီးမှာ အစွမ်းပြ(ချက်ပြုတ်တော့မယ်-cook) တော့မယ်လို့ ငါသုံးသပ်ချင်တယ်"
ပက်ထရစ်အီဗရာ
28/08/2026
ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမှုမှာ
ပရီးမီးယားလိဂ် အသင်းများ
ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေ
ဘယ်အသင်း အကြပ်ဆုံးဖြစ်မလဲ
27/08/2026
#မြန်မာနေရှင်နယ်လိဂ် ဘောလုံးသမား ပျောက်ဆုံးနေ
ကျွန်တော်တို့ Chinland FC ဘောလုံးအသင်းမှ ကစားသမား၊ Myanmar League တွင် ကစားနေသူ၊ မတူပီမြို့နယ်သား အသက် (၂၂) နှစ်အရွယ် Pa Lung (Chinland FC ကျောနံပါတ် ၅) သည် ပျောက်ဆုံးနေပါသည်။
ပြီးခဲ့သည့် စနေနေ့က ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈ လမ်းဆုံ တွင် ဆင်းခဲ့ပြီး Taxi ဖြင့် အဆောင်သို့ ပြန်ရန်လုပ်နေသည့်အချိန်အထိ အဆက်အသွယ် ရရှိခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးနေပါသည်။
- အသင်းအနေဖြင့် ၅ ရက်တိတိ အစွမ်းကုန် ရှာဖွေလျက်ရှိပြီး
- သက်ဆိုင်ရာများသို့ အကြောင်းကြားခြင်း၊ လူပျောက်အမှုဖွင့်ခြင်း၊
- MFF ၊ MNL တာဝန်ရှိ လူကြီးများနှင့်အတူ လိုအပ်သော အရာများအားလုံးကို လုပ်ဆောင်နေသော်လည်း ယခုအချိန်အထိ အဆက်အသွယ် မရရှိသေးပါ။
ထို့ကြောင့် ကျွန်တော်တို့၏ ကစားသမား Pa Lung ကို မည်သည့်နေရာတွင်မဆို တွေ့ရှိသူ၊ သူနှင့်ပတ်သက်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာ သိရှိသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
အားလုံးလည်း ဝိုင်းဝန်း ကူညီရှာဖွေပေးကြပါရန်၊ သတင်းမျှဝေပေးကြပါရန်နှင့် ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ရန် ဆုတောင်းသတိရပေးကြပါရန် တောင်းခံအပ်ပါသည်။ 🙏
တွေ့ရှိသူ သို့မဟုတ် သတင်းတစ်စုံတစ်ရာ သိရှိသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန် -
09 454 550 017
09 964 269 633
Chinland FC ဆိုပြီး လူမှုကွန်ရက်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်
(ကူရှယ်ပေးလိုက်ကြပါအုံး)
နိုင်ငံကြီးမလုံခြုံတာက အတော်ဆိုးလာနေပါပြီ
27/08/2026
"ကျနော် မန်ချက်စတာယူနိုက်တက်ဆီပြောင်းရွှေ့ခဲ့တာက သူတို့က ကမ္ဘာပေါ်ကအကြီးကျယ်အခမ်းနားဆုံးကလပ်အသင်းမို့လို့ပါ "
ကားလို့စ်ဘာလီဘာ
26/08/2026
ဒီဒီယာဒရော့ဘာ က ဘရူနို ဖာနန်ဒက်စ် ရဲ့ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိမှုကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်-
"ခင်ဗျားတို့ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဘရူနို ဖာနန်ဒက်စ်ဆီ လုံးဝ ပေးလို့ မရပါဘူး။ ဟုတ်ပါတယ်၊ သူ ဂိုးတွေ သွင်းတယ်၊ ဂိုးဖန်တီးမှုတွေ လုပ်ပေးတယ်၊ ဒါပေမဲ့ ပွဲကြီးပွဲကောင်းတွေကို ကြည့်လိုက်ပါ။ ဖိအားဝင်လာတဲ့အခါ သူဟာ လက်ဟန်ပြ စိတ်ပျက်ပြတာ၊ ဘောလုံး ဆုံးရှုံးတာနဲ့ ဒိုင်လူကြီးကို ပြစ်တင်ညည်းတွားနေတာတွေပဲ လုပ်နေတာပါ။
တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆိုတာ ကိုယ့်ရဲ့ စာရင်းဇယား ကိန်းဂဏန်းတွေ လှအောင် ဖြည့်နေရုံတင် မဟုတ်ပါဘူး။ အသင်းကို တိုက်တွန်းမောင်းနှင်ပေးတာ၊ စံချိန်စံညွှန်း သတ်မှတ်ပေးတာနဲ့ အရေးကြီးဆုံးအချိန်တွေမှာ ရလဒ် ထွက်အောင် စွမ်းဆောင်ပြနိုင်တာကို ဆိုလိုတာပါ။
ရိုက်စ် က အာဆင်နယ်ကို ပြောင်းလဲပစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ရရှိအောင် အသင်းကို ရုန်းကန်ဆွဲတင်ပေးခဲ့တာပါ။ သူဟာ အပတ်စဉ် ကွင်းလယ်ကို စိုးမိုးထားတယ်၊ ပွဲကစားဟန် Tempo ကို ထိန်းချုပ်တယ်၊ ပွဲကြီးပွဲကောင်းတွေမှာ ဦးဆောင်နိုင်တဲ့ သြဇာ ရှိပါတယ်။
ကျွန်တော့်အတွက်တော့ ဒီရာသီမှာ ရိုက်စ်ဟာ ဒီနိုင်ငံရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ ဖလားရထားတဲ့ ကစားသမားထက် ဘရူနိုကို ဒီဆု ပေးလိုက်တာဟာ လုံးဝ ရူးသွပ်ရာ ကျပါတယ်"