April United FC

April United FC

Share

April United FC is located in Singapore. Established in 2014, 18 April.

02/09/2026

မင်္ဂလာပါ April ညီနောင်များ

ပြီးခဲ့တဲ့ Sundayညနေခင်းမှာ ယှဉ်ပြိုင်ခဲ့သော MPL Season -2 Week 12ပွဲစဉ်မှာ ကျနော်တို့ရဲ့ Aprilသားတစ်သိုက် အချစ်လူမိုက်ကြီးများရဲ့ ဂိုးမိုးရွာခဲ့တဲ့ ညနေခင်းလေးတစ်ဖြတ် ဖြစ်ခဲ့ပါတယ် 🔥

အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု များစွာပေးနိုင်တဲ့ ပွဲစဉ်လေးလို့ဆိုရမှာပါ တိုက်စစ်ကို ဦးဆောင်လာတဲ့ ကျနော်တို့ရဲ့ နှစ်ချို့ဝိုင်ကြီး ကိုကြက်ကြီးရဲ့ သွင်းဂိုးတွေနဲ့ ဘယ်တောင်ပံမှာ လုပ်ချင်သလိုလုပ်နေတဲ့ ရွှေကျေးဖန်လေးရဲ့ သွင်းဂိုး ဘယ်ခြေတစ်ပေါက်မှာ ခန့်မှန်းရခက်အောင် ကန်ချက်တစ်ပေါက်မှာ ကြောက်စရာကောင်းတဲ့ညီငယ်လေးရဲ့ သွင်းဂိုး ငါမအိုသေးကြောင်းပြသလိုက်တဲ့ ကျနော်တို့ April အသင်းရဲ့ ကျောရိုးကြီး ကိုရန်နောင်နှင့် ကိုမင်းဘိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ညနေခင်းလေးတစ်ဖြတ်ဖြစ်ခဲ့ရပါတယ် 🔥ဒီပွဲစဉ်မှာလဲ ကျနော်တို့ရဲ့ ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းကောင်းနဲ့ အသံတိတ် ကစားသမားများကိုလဲ မေ့ထားလို့မရတာ အမှန်ပါပဲ 🔥

ညီအစ်ကိုစိတ်ဓာတ်နဲ့ လာရောက်အင်အားဖြည့်ပေးကြတဲ့ ညီအကိုများအားလုံး အထူးပင်ကျေးဇူးတင်ပါတယ် 🙏

ဒီပွဲစဉ်မှာ ကျနော်တို့ရဲ့Man of the matchကတော့ တောင်ပံတစ်ကျောမှာ ခြေစွာနေတဲ့ ရွှေကျေးလေး Ko Thu (10)ပဲဖြစ်ပါတယ် 🔥

we are brothers win together lose together 🔥

28/08/2026

Myanmar Premiership League Season -2
Match Day Week -12
Triple Alliance Fc Vs April United Fc
Date : 30/8/2026
Time : 7to9pm
Stadium : SIA Sport Club
Postal Code : 726 Upper Changi Rd , S 486046

April သားတစ်သိုက် ချစ်လူမိုက်များအတွက် ဒီပတ်ပွဲစဉ်မှာ အကောင်းဆုံးပုံစံနဲ့ နိုင်ပွဲအတူတူပြန်ရှာကြရအောင် 💪🔥

💙

14/08/2026

မင်္ဂလာပါ ပရိသတ်ကြီးများ

ဒီပတ်မှာဆိုရင်ဖြင့် ကျနော်တို့ရဲ့ Aprilသားတစ်သိုက်နဲ့ Woodland ညီနောင်တို့ဟာ Myanmar Premiership League Season -2မှာ ထပ်မံဆုံတွေ့ကြပြန်ပီးဗျာ 🔥

ဒီတစ်ခါဆုံတွေ့မှုမှာ ဘယ်အသင်းက ဦးဆောင်ပီး အနိုင်၃မှတ်ကို ရယူသွားမလဲဆိုတာ ရင်သပ်ရှုမောဖွယ် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်❤️

Date : 16/8/2026
Time : 7to 9pm
Stadium: UWC Dover ,1207 Dover Rd
Postal code: S 139654

💙

05/08/2026

Finally 🔥

မင်္ဂလာပါ April Unitedရဲ့ ပရိသတ်ကြီးများခင်ဗျာ

ပြီးခဲ့တဲ့ Sundayတုန်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကျနော်များ April သားတစ်သိုက် ချစ်လူမိုက်များနှင့် Dragon Eleven Force အသင်းပွဲစဉ်မှာ 5-2 ဆိုတဲ့ ရလဒ်နဲ့ အနိုင်၃မှတ်ကို ထိုက်ထိုက်တန်တန် သိမ်းပိုက်သွားတဲ့ ညနေခင်းလေး ဖြစ်ခဲ့ပါတယ် 🔥

ပွဲစဉ်ပထမပိုင်းကစားချိန်အတွင်းမှာ Aprilသားများ အချိတ်အဆက်မမိသေးပဲ တစ်ဖက်အသင်းရဲ့ Counter ကနေတစ်ဆင့် ဂိုးများပေးလိုက်ရပေမယ့် အနိုင်မခံအရှုံးမပေးတဲ့ Aprilသားများရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို လေးစားရမှာအမှန်ပါပဲ ပထမပိုင်းပွဲပြီးခါနီးအချိန်မှာ ကျနော်တို့အားလုံးရဲ့ အချစ်တော် Gk ရောင်းကြီးနှင့် တစ်ဖက်တိုက်စစ်ကစားသမား ဘောလုံးယှဉ်လုရင်း ထိခိုက်ဒဏ်ရာများရခဲ့အတွက် Aprilသားများကိုယ်စား အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ 🙏

Win together lose together 💙
going Guys 🔥

01/08/2026

မင်္ဂလာပါ April United ပရိတ်သတ်ကြီးများ

မနက်ဖြန်ရဲ့ Sunday ညနေမှာဆိုရင်ဖြင့် ကျနော်များ April သားတစ်သိုက် ချစ်လူမိုက်များနှင့် Dragon Eleven Force Fcအသင်းတို့သည် MPL Match -6 အဖြင့် Tampines Safra ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားမည် ဖြစ်သောကြောင့် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🔥

နှစ်သင်းစလုံး အနိုင်ရဖို့ လိုအပ်နေသည့်အတွက် April သားတစ်သိုက်ကပဲကြမ်းမလား နဂါးကြီး၁၁ကောင်အားကပဲ စွမ်းမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းနေပါပြီး🔥

Date :2/8/2026
Time : 5 to 7 pm
Stadium : Safra Tampines
Postal Code : Tampines Safra Street 92, S 528882

20/07/2026

Defeat again in MPL Match -5

April United FC 2- 4 Warrior United FC

Myanmar Premiership League Season -2မှာ နိုင်ပွဲဆက်တိုက် ပျောက်ဆုံးနေတဲ့ Aprilသားတစ်သိုက်သည် Warrior Unitedနဲ့ ပွဲစဉ်မှာလဲ ထပ်မံရှုံးပွဲကြုံခဲ့ရပြန်တယ် 😔

သူမကတောင်ပြန်လာနိုင်သေးပေမယ့် နိုင်ပွဲနှင့် April သားတစ်သိုက် ချစ်လူမိုက်များကတော့ ခုထိပြန်မလာနိုင်ကြသေးပါဘူး 🥀🥀

💙

18/07/2026

မင်္ဂလာပါညီအကိုတို့ 🙏

မနက်ဖြန်ရဲ့ sunday ညနေခင်း5pmအချိန်မှာဆိုရင်ဖြင့် ကျနော်တို့ရဲ့ Aprilညီနောင်များနှင့် မစိမ်းသောအသင်းကောင်းတစ်သင်းဖြစ်တဲ့ Warrior United အသင်းနှင့် MPL Match -5ကို ယှဉ်ပြိုင်ကစားဖြစ်သောကြောင့် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိလိုက်ပါတယ်🔥

နိုင်ပွဲတွေ ဆက်တိုက်ပျောက်ဆုံးနေတဲ့ Aprilသားများအတွက် နောက်ထပ်စိန်ခေါ်မှု တစ်ခုထပ်ရောက်လာပြန်ပီး နိုင်ပွဲတွေ အတူတူပြန်ယူကြစို့ ညီကိုတို့ 🔥

Time : 5 to 7pm
Location : SIA 726 Upper Changi Rd East
Postal Code :S486046

13/07/2026

We are Defeat again and again in Myanmar Premiership League Season-2 😮‍💨

ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ MPL Match 4 ပွဲစဉ်မှာ ကျနော်တို့ April သားများနှင့် Burma Union ပွဲစဉ်မှာ ရှုံးပွဲတစ်ပွဲ ထပ်မံကြုံတွေ့ခဲ့ရပြန်တယ်😮‍💨 အပိုင်အခွင့်အရေးများစွာရရှိခဲ့ပေမယ့် အဆုံးသတ်မသေချာမှုများကြောင့် များစွာနစ်နာခဲ့ရတာ အမှန်ပါ

Burma Unionပွဲစဉ်မှာ သွင်းဂိုးရရှိခဲ့တဲ့ ကစားသများများကြတော့

Ko Thu Jr (10)🔥
OG
Oakar Oo(7)တို့ပဲဖြစ်ပါတယ်🔥

💙

03/07/2026

မင်္ဂလာပါ April United ပရိတ်သတ်ကြီးများ

ဒီပတ်ရဲ့ပွဲစဉ်တစ်ခုဖြစ် ကျနော်တို့ရဲ့ April သားများနှင့် Burma Union FCအသင်းတို့ဟာ Myanmar Premiership League Season -2 Match 4အဖြစ် စကာ်ပူစံတော်ချိန် ညနေ 7pmအချိန်မှာ Tampines Safra ကွင်းကြီးထဲ သူ့ထက်ငါအပြိုင် ယှဉ်ပြိုင်ကစားမည်ဖြစ်သောကြောင့် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🔥

နိုင်ပွဲတွေ လိုအပ်နေတဲ့ Aprilညီနောင်များ အားအင်တွေနှင့် နိုင်ပွဲတွေစီအတူတူမောင်းနှင်သွားကြစို့ 💪🔥

💙

30/06/2026

April Unitedကို အားပေးနေကြတဲ့ ပရိသတ်များ မင်္ဂလာပါ

ပြီးခဲ့တဲ့ sundayမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကျနော်တို့ Aprilသားများနှင့် နန်းမြို့ရိုးသား Bagan FCနဲ့ပွဲမှာ သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်စစ်ဆင်ပီး ဖျော်ဖြေမှုအပြည့်အဝပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ် ဒုတိယပိုင်း မိနစ်20ကျော်မှာ တစ်ယောက်လျော့အနေအထားဖြစ် ကျနော်တို့ Aprilသားတွေဟာ Baganသားတွေကို အရှုံးပေးခဲ့ကြရပါတယ်

အရှုံးဟာလမ်းဆုံးမဟုတ်တဲ့အတွက် Aprilညီနောင်များ နောင်ပွဲစဉ်တွေမှာ နိုင်ပွဲတွေနှင့် အကောင်းဆုံး ပြန်လာခဲ့ကြမည် 🔥

ဒီပတ်ပွဲစဉ်မှာ ကျနော်တို့Aprilရဲ့ Man of the Matchကတော့ အနောက်တန်းကို တည်တည်ငြိမ်ငြိမ်နှင့် ထိန်း​ကြောင်းသွားတဲ့သူ Min Thihaပဲဖြစ်ပါတယ်💙

💙​ေ

Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Singapore