Please follow Pitch Report Myanmar
Forwards Myanmar Football
FMF Youtube Link below
https://youtube.com/@forwardsmyanmarfootball?si=_0oaWthVTURkAaJk
01/09/2026
ဒီနှစ်အမှန်အကန်ကြမ်းပြနေပြီ
# သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် ဩဂုတ်လ ၃၀ ရက်က တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာကွင်း၌ ကျင်းပခဲ့သည့် Grand Royal M League 2026-27 ပြိုင်ပွဲ၊ ပွဲစဉ်အမှတ်(၆) ရန်ကုန်စီးတီးအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်အက်ဖ်စီပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့်ပတ်သက်ပြီး ယနေ့ စက်တင်ဘာ ၁ ရက်၌ အစည်းအဝေးပြုလုပ်ကာ အရေးယူပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ချမှတ်ရာတွင် ပြိုင်ပွဲတာဝန်ကျ မီဒီယာအရာရှိ၏ အစီရင်ခံစာ၊ ပြိုင်ပွဲကြီးကြပ်အစီရင်ခံစာ၊ တာဝန်ကျဒိုင်လူကြီးအဖွဲ့၏ အစီရင်ခံစာ၊ ရုပ်သံမှတ်တမ်းများနှင့် ဓာတ်ပုံအထောက်အထားများကို အသေးစိတ်ကြည့်ရှုကာ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
(က) - နှစ်ဖက်အသင်းကစားသမား (၂) ဦးအား အနီကတ်ပြ ထုတ်ပယ်ခြင်းသည် မှန်ကန်ပါသည်။
(ခ) - ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင် နန္ဒကျော်တို့သည် ပြိုင်ပွဲအပြီး မီဒီယာအင်တာဗျူး အစီအစဉ်တွင် ဖြေကြားပြောဆိုခဲ့ခြင်းသည် တာဝန်ကျဒိုင်လူကြီးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ (၁၇) အား ကျူးလွန်ခြင်းဖြစ်သည်ကို တွေ့ရှိရခြင်းကြောင့် ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင် နန္ဒကျော်တို့အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ (၁၇)နှင့် အပိုဒ်ခွဲ (၁၈) တို့အရ ဒဏ်ကြေးငွေကျပ် ခုနစ်သိန်း (၇၀၀,၀၀၀)တိတိစီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
(ဂ) - ပွဲချိန် (၅၆) မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် (၃၃) ကျော်မင်းဦးသည် ကွင်းလယ်ဒိုင်လူကြီးကို ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ထို့အပြင် ပွဲချိန် (၆၆)မိနစ်တွင် ရန်ကုန်စီးတီးအသင်းမှ ကျောနံပါတ်(၇) အောင်ကောင်းမာန်ကလည်း ပြိုင်ဘက်အသင်းဂိုးသမားကို အလားတူ ဆဲရေးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ(၁၀)နှင့် (၁၈)အရ ကျော်မင်းဦးကို အနီးကပ်ဆုံး(၂)ပွဲပယ်နှင့် ဒဏ်ငွေကျပ်(၃)သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
အောင်ကောင်းမာန်ကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ(၂)နှင့် (၁၈)အရ အနီးကပ်ဆုံး(၂)ပွဲပယ်နှင့် ဒဏ်ငွေကျပ်(၃)သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
01/09/2026
ကျော်မင်းဦးကို ပရိသတ်အများစုက ရောင်တော်ပြန်နဲ့ရောလွှတ်နေကြပေမယ့် မြန်မာပြည်မှာ အကောင်းဆုံး dmfဆိုတာသူတို့မသိကြဘူး ...
ဗျောသံကြားရင်တရားနာတတ်တဲ့ လူအချို့ကသာ ကျော်မင်းဦးကို မကြိုက်ကြတာပါ... ကျော်မင်းဦးက dmfနေရာမှာ သေသေချာချာကို ကစားတတ်တာပါ
ဒါတောင် ဒဏ်ရာအကြီးစားရပြီး မကစားတော့ဘူးလို့ လုပ်ပြီး နှစ်အတော်ကြာနားပြီးမှ တကျော့ပြန်လာတဲ့သူပါ... မဟုတ်ရင် သူ့ခြေစွမ်းက အာဆီယံလယ်ဗယ်မှာသာသာယာယာကစားလို့ရတာ မသိကြဘူး...
ကျော်မင်းဦးရဲ့ရှေ့မှာ မြန်မာအသင်းမှာ အချိန်အတော်ကြာကစားခဲ့တဲ့ စီနီယာကြီးဖြစ်တဲ့ ရန်အောင်ကျော်ရှိတယ် ရန်အောင်ကျော်က ကျော်မင်းဦးထက်လိုက်ကစားနိုင်တယ် လိုက်ဖျက်နိုင်တယ် ဒါပေမယ့် individual skills ကျတော့ ကျော်မင်းဦးကိုမမှီပါဘူး... ကျော်မင်းဦးက ဘောလုံးကိုင်နိုင်တယ် ဖြန့်နိုင်တယ်...
အပွင့်လင်းဆုံးပြောရရင် ကျော်မင်းဦးအနားယူသွားရင် ကွင်းလယ်ကသူ့နေရာမှာ အစားထိုးနိုင်မယ့်သူ အခုလက်ရှိ U23,20,17အသင်းတွေမှာလိုက်ရှာကြည့်ပါ တစ်ဦးမှ မရှိသေးပါဘူး...
ဘောလုံးပွဲတပွဲမှာ dmf ကောင်းကောင်းမရှိရင် ဘယ်သူတွေဘယ်လောက် မိုးပျံအောင်ကောင်းနေပါစေ level တူအသင်းတွေနဲ့ ကွင်းလယ်ချင်းယှဉ်ကစားဖို့မလွယ်ပါဘူး... သေချာတာတခုက ကျော်မင်းဦးသာ ဒူးဒဏ်ရာမရှိခဲ့ရင် မြန်မာအသင်းရဲ့ ကွင်းလယ်က အခုထိအများကြီးပိုကောင်းမှာပါ...
01/09/2026
ရန်ကုန်ယူနိုက်တက်ရဲ့ အကောင်းဆုံးအချိန်က ခြေစွမ်းကို MNLသမိုင်းတစ်လျှောက် ဘယ်အသင်းမှ လိုက်မမှီသေးပါဘူး...
ကြည်လင်း ကျော်ကိုကို ဒေးဗစ်ထန်း ရာဇာဝင်းသိန်း ရန်အောင်ကျော်တို့ရဲ့ ကစားအားအကောင်းဆုံးအချိန်
ဂိုးသွင်းစက် ဆီဇာကိုလည်းပိုင်ဆိုင်ခဲ့တယ်
AFC CUPမှာလည်း ရှုံးထွက်အဆင့်ထိရောက်တယ်
အားနည်းချက်က ဂိုးသမားနေရာပဲ ဂိုးသမားနေရာမှာ နိုင်ဇေယျာထွန်းက ထင်သလောက်မကောင်းခဲ့သလို ပြည်ပဂိုးသမားကလည်း အားနည်းချက်ရှိခဲ့ပါတယ်...
သမိုင်းတစ်လျှောက် ကစားကွက်အကောင်းဆုံးနဲ့ ပြည်ပပြိုင်ပွဲတွေမှာ တူတူတန်တန်ကစားပြနိုင်တာ ရန်ကုန်ပဲရှိတာပါ တခုပြောစရာရှိတာက ရတနာပုံရဲ့ AFC PRESIDENT CUPရတာပေါ့ ရတယ်ဆိုတာကလဲ တူတူတန်တန်အသင်းဆိုလို့ ကာဂျစ်စတန်ကလပ် တစ်သင်းပဲပါလို့ အရမ်းကြီး ဂုဏ်ဆာလို့မရပါဘူး
နောက်နှစ်ကျတော့ ကမ္ဘောဒီးယားကလပ်ကိုတောင် ၄ဂိုးပြတ်ရှုံးခဲ့တာပါ...
ရန်ကုန်က အရင်ကထိုင်းထိပ်တန်းအသင်းဖြစ်တဲ့ ချောင်ဘူရီကိုတောင် အဝေးကွင်းမှာ အချိန်ပိုမှ ရှူံးတဲ့အထိကစားပြနိုင်ခဲ့တဲ့အထိ ကောင်းခဲ့တာပါ...
ပြည်ပအောင်မြင်မှုကြီးကြီးမားမားပြပါလို့ပြောရင်တော့ ပြစရာမရှိပေမယ့် အဲ့ခေတ်အဲ့အခါက အာဆီယံဒေသတွင်းအသင်းတွေကိုနိုင်ပြီး ထိုင်းကလပ်တွေကိုတောင် တူတူတန်တန်ကစားပြနိုင်တာ ရန်ကုန်ပဲရှိပါတယ်...
01/09/2026
ဧရာဝတီရဲ့ အုပ်စုထဲမှာ ဘယ်အသင်းတွေကျစေချင်လဲ
ကျနော်ကတော့ မဲလ်ဘုန်း ဟိုချီမင်း Kaya တို့ကျရင် ဧရာဝတီ အုပ်စုအကောင်းဆုံး တတိယ သို့မဟုတ် ဟိုချီမင်းကို ကံကောင်းပြီးနိုင်ခဲ့ရင် အုပ်စုဒုတိယထိ မျှော်မှန်းနိုင်မှာပါ တ/မ ကိုရီးယားဂျပန် တရုတ်အသင်းတွေကိုတော့ ဘယ်လိုကန်ကန်သရေတောင်ရမှာမဟုတ်ပါဘူး
မဲလ်ဘုန်းကတော့ ကံကောင်းရင် အမြင့်ဘောတွေနဲ့ ဧရိယာအပြင်ဖက်က ကန်ချက်တွေကိုထိန်းနိုင်ရင် သရေအထိရနိုင်ပါတယ်...
ဘန်ဂေါက အိမ်ရှင်ဖြစ်တာကြောင့် မဲအိုး၃က ဖိလစ်ပိုင် သို့မဟုတ် အီရန် တစ်သင်းသင်းနဲ့ သေချာပေါက်တွေ့မှာပါ မဲအိုး ၁,၂ကတော့ ကျချင်ရာကျမှာပါ
31/08/2026
ပြိုင်ပွဲကျင်းပမည့်ပုံစံနဲ့အကြောင်းအရာများအပြင် အသင်းရဲ့အခြေအနေကို သုံးသပ်ထားပါတယ်...
မန့်က YouTube channel မှာဝင်ကြည့်ပြီး subscribe မလုပ်ရသေးရင်လုပ်ပေးပါဦးခဗျာ...
31/08/2026
သီရိလင်္ကာကို ဂိုးပြတ်နိုင်ပြီး အဖွင့်လှပေမယ့် အသင်းကောင်းတစ်သင်းအဖြစ်လိုလျှင်တော့ ကစားပုံကို ဒီထက်ပိုကောင်းအောင် ပြုပြင်ဖို့လိုပါသေးတယ်...
ဒီနှစ်က development phase မှာ ကစားရတာကြောင့် ဒီနှစ်မှာ အုပ်စုဗိုလ်ရရင်တောင် U20အာရှဖလားဝင်ခွင့်မရပါဘူး...
31/08/2026
Please follow Pitch Report Myanmar
အာရှချန်ပီယံလိဂ် အုပ်စုပွဲစဉ်များမှ ဧရာဝတီအသင်းရဲ့ အုပ်စုပွဲစဉ်များကို ရန်ကုန်မြို့မှာ ကျင်းပပါမည်...
Pot3က အရှေ့ဘန်ဂေါအသင်းဟာ အိမ်ရှင်အဖြစ်ကျင်းပမှာဖြစ်တာကြောင့် ၃မှတ်လုရဖို့အတွက်
ဖိလစ်ပိုင်ကလပ် သို့မဟုတ် အီရန်ကလပ်နဲ့ တွေ့ဆုံရမှာပါ...
မြန်မာ ၃-၀ သီရိလင်္ကာ ပထမပိုင်းရလဒ်...
ကစားပုံကတော့ လိုအပ်ချက်များနေဆဲပါ...
နောက်စိမှာ မျက်စိပါတယ်ထင်နေတဲ့မြန်မာU20 အသင်းခေါင်းဆောင်
သူက အင်ဒိုနီးရှားနဲ့ပွဲမှာလည်း ယခုလို အမှားပြုလုပ်ခဲ့ပါတယ်
ဘော်ဒီကာရင် နောက်လှည့်မကြည့်ပဲ အဲ့လိုကာရတယ်လို့ ဘယ်သူကများသင်ပေးထားတာလဲ...
Click here to claim your Sponsored Listing.
Location
Category
Website
Address
Singapore