01/10/2026
MSL Season-2
Round 12, Match 1
F.C Mandalay United 4-2 Amigos F.C
ဒီတကြိမ်မှာတော့ West Spring ကွင်းမှာပွဲမတိုင်ခင်ရွာသွန်းထားတဲ့မိုးကြောင့် စိုစွတ်နေပြီး ပွဲစချိန်ထိ မိုးဖွဲလေးများကျနေဆဲပါ။ ဒါပေမယ့် ကျွန်တော်တို့ကစားသမားတွေ တက်ကြွစွာစောရောက်နေကြပြီး Joker, ဘိုချစ် နှင့် အသင်းခေါင်းဆောင်မြင့်သူတို့ရဲ့ ပွဲထွက်လူအခင်းအကျင်းကတော့ 4-4-3 ကစားကွက်မှာ
ဂိုး- ဝင်းဇော်ထွေး
နောက်တန်း- ဇော်သီ၊ ထွန်းလင်းကျော်၊ ဘိုချစ်၊ သျှိုင်းကို
အလယ်တန်း- ပြည့်ဖြိုး၊ ဉာဏ်ဉာဏ်၊ မြင့်သူ[C]
ရှေ့တန်း- မင်းချစ်ဦး၊ မောင်ခန့်၊ တေဇ
တို့ပွဲထွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့က ဂိုးအစောရဖို့ပွဲစကတည်းကတင်ကစားခဲ့သလို နောက်ပိုင်းပွဲတွေ ဂိုးမြူးနေတဲ့ Amigos တို့ကို ဦးဆောင်ဂိုးမပေးရဖို့အတွက်လည်း ကျစ်လျစ်စွာကစားခဲ့ကြပါတယ်။ အစပိုင်းမှာ သူတင်ကိုယ်တင် ၂ သင်းလုံးကစားနေကြပြီး ပွဲချိန် ၁၀ မိနစ်လောက်မျာ မင်းချစ်ဦးခုတ်တင်ပေးလိုက်တာကို မောင်ခန့်ကပြေးထွက်ပြီး ပိတ်သွင်းယူပေးခဲ့ပြီး သိပ်မကြာခင်မှာပဲ ၁၈ ကိုက်စည်းအပြင်ဖက်ကကန်ခွင့်ရတဲ့ တိုက်ရိုက်ပြစ်ဒဏ်ဘောကို မင်းချစ်ဦးက လှလှပပကန်သွင်းယူခဲ့တာကြောင့် အစောပိုင်းထဲက ကျွန်တော်တို့ဖိအားကင်းခဲ့ပါတယ်။လူစားလဲမှုတွေကတော့ ချမ်းမြေ့၊ နိုင်နိုင်၊ ဇေယျာဖြိုး၊ ဝင်းဇော်၊ ကျော်မျိုး၊ စည်သူ၊ ဇွဲစည်၊ Joker၊ ဖြိုးကို၊ ဆော်လမွန်၊ အောင်ဝင်း၊ ရန်နိုင်၊ ဇင်မင်းထက် တို့ဖြစ်ကြပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ၂-၀ဖြင့်နိုင်ခဲ့ကြပါတယ်။
ဒုတိယပိုင်းပွဲပြန်စတော့ Amigos တို့ရဲ့ကစားအားကတင်ကစားလာမှုကြောင့် ပွဲကပိုပြီးသွက်လာခဲ့သလို Amigos တို့ချေပဂိုးရရှိသွားသဖြင့် ၂-၁ ပွဲရလဒ်မှာ ကျွန်တော်တို့အတွက် အနည်းငယ်ဖိအားရခဲ့ပါတယ်။ ဒီအချိန်မှာ အသင်းရဲ့ဖိအားတွေကို ကျော်မျိုးရဲ့ ၁၈ကိုက်စည်းအပြင်က ကန်ချက်ဂိုးဖြင့်သက်သာစေခဲ့ပြီး သိပ်မကြာခင်ဘဲ ကျော်မျိုးထိုးပေးတာကို နောက်ခံလူ ၂ ယောက်ကြားကနေ ဝင်းဇော်ရဲ့ ကန်ချက်က ကောင်းမွန်ခဲ့တာကြောင့် ၄-၁ ရလဒ်ဖြစ်ခဲ့ပါတယ်။ အဲ့နောက်မှာ ပင်နယ်တီပြစ်ဒဏ်ဘောပေးခဲ့ရပါတယ်။ နောက်ထပ်ဂိုးများထပ်မံရရှိဖို့၊ မပေးရဖို့ ကြိုးစားကစားခဲ့ရာ ဂိုးများထပ်မသွင်းနိုင်ခဲ့ပေမယ့် နောက်ထပ်ဂိုးများလည်း ခွင့်မပြုခဲ့ရတာကြောင့် ၄-၂ ဖြင့် ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်။
ပွဲပြီးအချုပ်အရ နောက်ဆုံး ၂ ပွဲကိုနိင်ခဲ့ပြီး ဂိုးပြတ်ရလဒ်များကြောင့် ကျေနပ်ခဲ့ရပါတယ်။
✨Thanks to Amigos FC team for a beautiful game and excellent sportsmanship!
🤝Thanks to our sponsor, Matrix Ark