Knowledge Bee

Knowledge Bee

Share

We are sharing information for Education, Travel and News.

23/08/2026

ဘန်ကောက်မှာ စတိုးဆိုင်ထဲကနေ ပစ္စည်းခိုးလို့ လာတားတဲ့ ယာဉ်ထိန်းရဲကို ဓ-ားနဲ့ လည်-ပင်းလှီး ထွက်ပြေးသွားတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က မိနစ် ၃၀ အတွင်း လက်ရဖ-မ်းဆီးနိုင်ခဲ့ပါတယ်။

​သြဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ဘန်ကောက်မြို့ 7-Eleven စတိုးဆိုင်မှာ ခိုးမှုဖြစ်ပွားကြောင်း သတင်းရလို့ သွားရောက်စစ်ဆေးစဉ် အနီးကဖြတ်သွားတဲ့ ယာဉ်ထိန်းရဲအရာရှိ Prasarn Somkanee က ဝင်ရောက်ကူညီခဲ့ရာမှ တို-က်ခိုက်ခံခဲ့ရတာပါ။

အသက် ၂၉ နှစ်အရွယ် အမေရိကန်နိုင်ငံသား Alexander Troy Lopez ဆိုသူက ယာဉ်ထိန်းရဲကို စက္ကူဖြတ် Dar နဲ့ လ-ည်ပင်းကို လှီးပြီး ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

​ဒဏ်ရာရသွားတဲ့ ရဲအရာရှိကို ဆေးရုံ အမြန်ပို့ဆောင်ပေးခဲ့လို့ လက်ရှိမှာတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။ ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် လိုက်လံရှာဖွေခဲ့ရာ Suan Mali အဝိုင်းအနီး ယာယီတဲတစ်ခုအတွင်း ပုန်းအောင်းနေတဲ့ တရားခံကို သက်သေခံ 🗡️နဲ့အတူ မိနစ် ၃၀ အတွင်း မိခဲ့ပါတယ်။

​ဖမ်းဆီးရမိချိန်မှာ တရားခံဟာ စိတ်ဂယောက်ဂယက် ဖြစ်နေပြီး စကားပြန်တွေနဲ့ စစ်ဆေးခဲ့ရာ ပဏာမ ဆီးစစ်ဆေးချက်မှာ စိတ်ကြွဆေးပြား သုံးစွဲထားတာကို တွေ့ရှိရပါတယ်။ လက်ရှိမှာတော့ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိကို သ-တ်ဖြ-တ်ရန် ကြံစည်မှု၊ လုယက်မှုတို့နဲ့ တရားစွဲဆိုထားပြီး ဗီဇာနဲ့ နောက်ခံအကြောင်းအရာတွေကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။

22/08/2026

ထင်ရှားတဲ့ တေးသံရှင် ကိုင်ဇာ ကွယ်လွန်

​၁၉၈၀ မတိုင်မီ “အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ” တေးစီးရီးနဲ့ ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အဆိုတော် ကိုင်ဇာ (အသက် ၆၅ နှစ်) ဟာ အဆုတ်အအေးမိပြီး ပိုးဝင်တဲ့ ဝေဒနာကြောင့် ဝိတိုရိယဆေးရုံ အရေးပေါ်ဌာနမှာ ဆေးကုသမှု ခံယူနေရင်း ကွယ်လွန်သွားခဲ့ပါတယ်။

​အမည်ရင်းမှာ ညီညီဝင်း ဖြစ်ပြီး ရန်ကင်းမြို့မှာ ကြီးပြင်းခဲ့သူပါ။ ဖခင်ဖြစ်သူဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က နိုင်ငံတကာရေးရာသတင်းစဉ်မှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိန်ဝင်း ဖြစ်ပါတယ်။

​ပထမဆုံး တေးစီးရီး ထွက်ရှိပြီးနောက်မှာ သူ့ရဲ့ ကိုယ်ပိုင်တေးဂီတအဖွဲ့ဖြစ်တဲ့ Success (ဇိန) နဲ့အတူ အလွမ်း၊ အနမ်းပန်း၊ သီချင်းရှင်ကို ကြင်နာပါ၊ မနိုးပါစေနဲ့ မိုးရယ်၊ နောက်တခေါက်လောက်ထပ်ပြောပါ၊ တူနှစ်ကိုယ်တိုင်းပြည် စတဲ့ တေးစီးရီးတွေကို ဆက်တိုက် ထုတ်လုပ်ခဲ့ပြီး ဂီတလောကမှာ "ကိုင်ဇာခေတ်" ရယ်လို့ အခိုင်အမာ ထူထောင်နိုင်ခဲ့ပါတယ်။

​အနမ်းပန်း နဲ့ တူနှစ်ကိုယ်တိုင်းပြည် တေးစီးရီးတွေမှာ အဆိုတော် မေဆွိ နဲ့ တွဲဖက်သီဆိုခဲ့ပြီး ပရိသတ်တွေ အထူးနှစ်သက်ခဲ့ကြပါတယ်။ တေးရေး နိုင်မြန်မာ နဲ့လည်း သီချင်းရှင်ကို ကြင်နာပါ တေးစီးရီးကနေ စတင်လက်တွဲခဲ့ပြီး နေဆီပျံမည့်ငှက် သို့မဟုတ် ယောနသံဇင်ယော် သီချင်းဟာလည်း အလွန်ထင်ရှားခဲ့ပါတယ်။

ဒါ့အပြင် ကိုင်ဇာ ကိုယ်တိုင် ရေးဖွဲ့ခဲ့တဲ့ လက်ဖက်ရည်ဆိုင်သွားကြစို့ သီချင်းနဲ့ တေးရေး နိုင်မြန်မာ ရေးသားပြီး ရန်ကုန်မြို့ရဲ့ ခေတ်စနစ် လူနေမှုကို ပုံဖော်ထားတဲ့ ဆေးရောင်စုံ မြင်ကွင်းကျယ် သီချင်းတို့ဟာလည်း ထိုခေတ် လူငယ်တွေကြားမှာ အင်မတန် ရေပန်းစားခဲ့ပါတယ်။

​နောက်ပိုင်းမှာလည်း အိပ်မက်များကို တီထွင်သူ၊ လူတွေသိလေပိုကောင်းလေ၊ ချမ်းလည်း ချမ်းတယ်၊ လွမ်းလည်း လွမ်းတယ်၊ ကစ္ဆပနဒီလှိုင်းသံ၊ ရိုးမရဲ့ ညနေခင်း၊ အင်းလေးမှာ ရွာတဲ့မိုး နဲ့ မိုး စတဲ့ တေးစီးရီးပေါင်းများစွာကို ထွက်ရှိခဲ့ပါတယ်။
​ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုင်ဇာဟာ RC 2 လို့ လူသိများတဲ့ လှိုင်နယ်မြေပွဲတွေမှာ ပရိသတ်တွေ တောင်းဆိုလွန်းတာကြောင့် တက္ကသိုလ်မြေ နေဝင်မှာကို စိုးတယ် သီချင်းကို မကြာခဏ သီဆိုပေးလေ့ရှိပါတယ်။

19/08/2026

ရုပ်ထွက်ညံ့တာကြောင့် ပရိသတ်ကြား ရေပန်းစားပြီး စံချိန်တင် ရုံဝင်ငွေရသွားတဲ့ တရုတ် အန်နီမေးရှင်းကား Niu Lai

​ဒေါ်လာ ၂၀၀ ကျော်ပဲ အကုန်ကျခံထားပြီး အိပ်မက်ကမ္ဘာထဲက နွားတစ်ကောင်အကြောင်း ရိုက်ထားတဲ့ ဘတ်ဂျက်နည်း အန်နီမေးရှင်းကား Niu Lai ဟာ ဇာတ်အိမ်ကလည်း ရှုပ်၊ ရုပ်ထွက်ကလည်း စုတ်ပြတ်နေလို့ လူမှုကွန်ရက်ပေါ်မှာ ရုတ်တရက် နာမည်ကြီးသွားပြီး လက်မှတ်ရောင်းအားတွေ ထိုးတက်သွားခဲ့ပါတယ်။

​ရုံစတင်ပြသတဲ့ ပထမ ၁၀ ရက်မှာ ယွမ် ၇,၇၀၅ (ဒေါ်လာ ၁,၁၄၀) ပဲ ရခဲ့ပေမဲ့ အခုဆို ယွမ် ၁၁.၄ သန်းကျော်အထိ ရနေပါပြီ။ ဒါဟာ The Odyssey နဲ့ Spider Man: Brand New Day လို ဟောလိဝုဒ် ရုပ်ရှင်ကြီးတွေကိုတောင် တန်းတူ ယှဉ်ပြိုင်နေနိုင်တဲ့ သဘောပါ။

​"ဒီကား ကြည့်လိုက်ရင် မိနစ် ၈၀ စာ နောင်တရလိမ့်မယ်၊ မကြည့်ရရင်တော့ တစ်သက်လုံး နောင်တရနေမှာ" လို့ ရေပန်းစားနေတဲ့ ပို့စ်တစ်ခုမှာ ရေးထားပါတယ်။

​တချို့ ဆိုရှယ်မီဒီယာသုံးသူတွေကလည်း ဒီကားကို အခုတလော Feed တွေမှာ ပလူပျံနေတဲ့ AI ဖန်တီးမှုအညံ့စားတွေကို ထိုးနှက်လိုက်တဲ့ ဆေးတစ်ခွက်အဖြစ် တင်စားကြပါတယ်။

​အန်နီမေးရှင်း အရည်အသွေး စုတ်ပြတ်နေတာကိုပဲ "လက်ရာမြောက် ဖန်တီးမှု" လို့ နောက်ပြောင်ရေးကြပြီး၊ ဒါဟာ ဖန်တီးသူတွေ AI မသုံးထားကြောင်း သက်သေပဲဆိုပြီး ဗီဒီယိုတိုလေးတွေ မျှဝေနေကြတာပါ။

​"တကယ့် လက်ရာအစစ်ပဲ" လို့ Weibo သုံးသူတစ်ယောက်က ရေးထားသလို၊ နောက်တစ်ယောက်ကလည်း "စစ်မှန်တဲ့ ဖန်တီးမှု" လို့ ခေါ်ပြီး ဒီနွေရာသီရဲ့ အံ့ဩစရာကောင်းလောက်အောင် ထင်မှတ်မထားဘဲ အောင်မြင်လာတဲ့ကားလို့ ပြောပါတယ်။

​Niu Lai ဟာ စတင်ရိုက်ကူးစဉ်ကတည်းက ဘတ်ဂျက်နည်းနည်းနဲ့ ရိုးရှင်းတဲ့ ဖန်တီးမှုဖြစ်ပြီး ဒီလဆန်းပိုင်း ရုံမတင်ခင်အထိ ကြော်ငြာတာမျိုး လုံးဝနီးပါး မရှိခဲ့ပါဘူး။

​ဒါပေမဲ့ အခုတော့ ပရိသတ်တွေ အရမ်းတောင်းဆိုလာလို့ ရုပ်ရှင်ရုံတွေက ပြသတဲ့ပွဲစဉ်တွေပါ တိုးပေးနေရပါတယ်။ ကြော်ငြာပိုစတာတောင် သေချာမရှိတာမို့ ရုပ်ရှင်ရုံ ဝန်ထမ်းတွေခမျာ ပရိသတ်တွေကို ဆွဲဆောင်ဖို့ ပိုစတာတွေကို ကိုယ်တိုင် လက်နဲ့လိုက်ဆွဲနေရပါတယ်။ ကိုယ်တိုင်အဆင်ပြေသလို ဆွဲထားတာမို့ ပိုစတာတွေကလည်း ရုပ်ရှင်ရုံတစ်ရုံနဲ့တစ်ရုံ မတူကြပါဘူး။

​Weibo အကောင့်တစ်ခုက "ဒီလိုစံချိန်မျိုး ကမ္ဘာပေါ်မှာ မရှိဖူးသေးသလို နောက်လည်း ရှိလာတော့မှာ မဟုတ်ဘူး" လို့ မှတ်ချက်ပေးထားပါတယ်။

​ဒါပေမဲ့ ဒီလို မထင်မှတ်ထားတဲ့ အောင်မြင်မှုကို လူတိုင်းက ဝမ်းသာနေကြတာတော့ မဟုတ်ပါဘူး။ စနေ၊ တနင်္ဂနွေမှာ အစိုးရပိုင် Beijing News ရဲ့ ဝေဖန်ရေးဆောင်းပါးတစ်ခုမှာ ရုပ်ရှင်ရုံတွေအနေနဲ့ Niu Lai လိုကားမျိုးကို ပွဲစဉ်တွေ တိုးပြပြီး စံချိန်စံညွှန်းတွေ လျှော့ချနေရင် ကြည့်ရှုသူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးရလိမ့်မယ်လို့ သတိပေးထားပါတယ်။

​အရင်က အရည်အသွေးညံ့လို့ လှောင်ပြောင်ခံခဲ့ရတဲ့ ရုပ်ရှင်တွေကို ကိုးကားပြီး Niu Lai ဟာ ညံ့ဖျင်းတဲ့ ရုပ်ရှင်တွေအပေါ် ပရိသတ်ရဲ့ မျှော်လင့်ချက် စံနှုန်းကို နောက်တစ်ကြိမ် ထပ်လျှော့ချလိုက်တာပဲလို့ Beijing News က ဝေဖန်ထားပါတယ်။

​ဒါ့အပြင် ရုပ်ရှင်ရုံတွေကို ပရိသတ်အတွက် အဓိက စစ်ဆေးပေးသူအဖြစ် ဆောင်ရွက်ကြဖို့နဲ့ Niu Lai လို သောင်းကျန်းနေတဲ့ ကားတွေကို လွှတ်ထားမယ့်အစား စံချိန်စံညွှန်း မမီတာ သေချာရင် ငြင်းပယ်ကြဖို့ တိုက်တွန်းထားပါတယ်။

​Niu Lai ရုပ်ရှင်ကို လူနှစ်ယောက်က အချိန် ၅ နှစ်ကြာ ဖန်တီးထားတာဖြစ်ပါတယ်။ ဒေါ်လာ ၂၀၀ ပဲ အကုန်ကျခံထားပေမဲ့ လက်ရှိမှာ ရုံဝင်ငွေ ဒေါ်လာ ၂.၁ သန်းကျော် ပြန်ရထားပြီးဖြစ်ပါတယ်။

15/08/2026

ဘားမဖွင့်ခင်ကတည်းက တနေ့လုံးသောက်ပြီး ပိုက်ဆံမရှင်းတဲ့ သြစတြေးလျနိုင်ငံသားကို ရဲတိုင်ခဲ့တဲ့ ဘားပိုင်ရှင်

​ထိုင်းနိုင်ငံ၊ ပတ်တယားမြို့ ဘားပိုင်ရှင် အမျိုးသမီးတစ်ယောက်က သြစတြေးလျ ကမ္ဘာလှည့်ခရီးသွားတစ်ယောက် ၁၃ နာရီကြာ သောက်စားပြီးနောက် ဘတ် ၃၂,၅၄၀ (အမေရိကန်ဒေါ်လာ ၉၈၀ ခန့်) ကျသင့်တဲ့ ဘေလ်ကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ရဲစခန်းခေါ်လာပြီး ရဲအရာရှိတွေက ကြားဝင်ညှိနှိုင်းပေးခဲ့ရပါတယ်။

​ပတ်တယားမြို့၊ Soi Bua Khao မှာရှိတဲ့ ဘားပိုင်ရှင် အသက် ၄၆ နှစ်အရွယ် ထိုင်းအမျိုးသမီး မီလီယာနဲ့ ဝန်ထမ်းတွေဟာ အသက် ၅၃ နှစ်အရွယ် သြစတြေးလျနိုင်ငံသား မစ္စတာ သွန်ဆန်ကို မပေးချေရသေးတဲ့ သောက်စရာဘေလ်တွေနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) ည ၁၁ နာရီခွဲခန့်မှာ မြို့နယ်ရဲစခန်းကို ခေါ်ဆောင်လာခဲ့တာပါ။

​အဆိုပါ သြစတြေးလျနိုင်ငံသားဟာ မနက် ၈ နာရီခန့် ဘားမဖွင့်မီအချိန်ကတည်းက ရောက်ရှိလာပြီး သောက်စရာတွေ မှာယူခဲ့ကြောင်း ဝန်ထမ်းတွေက ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။

မီလီယာနဲ့ ဝန်ထမ်းတွေဟာ သူ့ကို ပုံမှန်ဖောက်သည်တစ်ယောက်ဖြစ်ပြီး ယခင်ကလည်း ပိုက်ဆံ ပုံမှန်ရှင်းပေးလေ့ရှိသူဖြစ်တာကြောင့် သူ့အတွက် ဘားကို သီးသန့်စောစီးစွာ ဖွင့်ပေးခဲ့တာပါ။

​သောက်စားနေစဉ်အတွင်း သွန်ဆန်ဟာ အမျိုးသမီးဝန်ထမ်း အတော်များများကို သဘောကျခဲ့ပြီး သဘောကျတဲ့ ဝန်ထမ်းတွေကို သောက်စရာတွေ ဝယ်ပေးခဲ့ပါတယ်။ ထို့အပြင် ဘားမှာရှိတဲ့ ခေါင်းလောင်းကိုတီးပြီး ဝန်ထမ်းအားလုံးကို ဧည့်ခံကျွေးမွေးခဲ့တာကြောင့် ဝန်ထမ်းအများအပြား လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

​ဝန်ထမ်းတွေရဲ့ အဆိုအရ ၎င်းဟာ နောက်ပိုင်းမှာ အမျိုးသမီးဝန်ထမ်းတစ်ယောက်နဲ့ ရင်းနှီးသွားပြီး အပြင်ထွက်ဖို့ ခေါ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ထိုအမျိုးသမီးက ငြင်းဆန်ခဲ့တာကြောင့် ၎င်းက မကျေမနပ်ဖြစ်ပြီး သောက်စရာဘေလ်တွေကို ပေးချေဖို့ ငြင်းဆန်ခဲ့တာပါ။

​ဘားပိုင်ရှင်က အဆိုပါကျသင့်ငွေဟာ ၎င်းတစ်ယောက်တည်း သောက်သုံးခဲ့တာကြောင့် မဟုတ်ဘဲ တစ်နေကုန် ဝန်ထမ်းတွေအတွက် ဝယ်ပေးခဲ့တဲ့ သောက်စရာတွေပါ အပါအဝင်ဖြစ်ကြောင်း ရှင်းပြပြီး ကျသင့်ငွေ ဘတ် ၃၂,၅၄၀ ကို အပြည့်အဝ ရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

​မီလီယာက ဘားကို မနက် ၈ နာရီမှစပြီး ည ၉ နာရီခန့်အထိ ၁၃ နာရီကြာ ဖွင့်လှစ်ပေးခဲ့ရပြီး သောက်စရာတွေရဲ့ ကုန်ကျစရိတ်နဲ့ ဝန်ထမ်းစရိတ်တွေကိုလည်း စိုက်ထုတ်ထားရကြောင်း ပြောခဲ့ပါတယ်။

​မီလီယာက သဘောတူညီမှု မရရှိနိုင်တာကြောင့် အဆိုပါ နိုင်ငံခြားသားကို ရဲတွေ ကြားဝင်ညှိနှိုင်းပေးနိုင်ဖို့ ရဲစခန်းကို ခေါ်ဆောင်လာရတာလို့ ဆိုပါတယ်။

​စုံစမ်းစစ်ဆေးသူတွေက နှစ်ဖက်လုံးကို ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘားပိုင်ရှင်က စုစုပေါင်း ဘတ် ၃၂,၅၄၀ ရရှိဖို့ တောင်းဆိုခဲ့သော်လည်း သွန်ဆန်က ကျသင့်ငွေဟာ ထိုမျှမရှိနိုင်ဘူးလို့ အကြောင်းပြပြီး တောင်းဆိုထားတဲ့ ပမာဏကို ပေးချေဖို့ ငြင်းဆန်ခဲ့ပါတယ်။

​ရဲအရာရှိတွေက အရေးယူဆောင်ရွက်မှုတွေ မပြုလုပ်မီ ဘေလ်အသေးစိတ်နဲ့ နှစ်ဖက်စလုံးရဲ့ ထွက်ဆိုချက်တွေကို စစ်ဆေးသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

15/08/2026

မလေးရှားအမျိုးသမီးတစ်ယောက်ရဲ့ ပါဆယ်ထုပ်ကို မျောက်ခိုးယူသွားတာကို ဒလီသမားက သက်သေအဖြစ် ဗီဒီယိုရိုက်ပို့

​မှာထားတဲ့ ပါဆယ်ထုပ် မရရှိခဲ့ရင် မျောက်ခိုးယူသွားတာ ရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။

​မလေးရှားအမျိုးသမီးတစ်ယောက်ရဲ့ ပါဆယ်ထုပ်ဟာ အိမ်အရောက်ပို့ဆောင်ပြီး မကြာမီမှာပင် မျောက်တစ်ကောင်ရဲ့ ခိုးယူတာကို ခံခဲ့ရပါတယ်။

​Sofia Yannie Shaza Shaeidin ဆိုသူဟာ အဆိုပါဖြစ်စဉ်ကို ဩဂုတ် ၈ ရက် က Threads မှာ ပို့စ်တင်ခဲ့ပြီး ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြထားတဲ့ ပို့ဆောင်သူနဲ့ ပြောဆိုထားတဲ့ စခရင်ရှော့ကိုပါ ပူးတွဲဖော်ပြခဲ့ပါတယ်။

​ပစ္စည်းပို့ဆောင်သူက Shaza ရဲ့ ပါဆယ်ထုပ်ကို ခြံတံခါးအတွင်းမှာ သေချာထားခဲ့ပြီးမှ ပြန်လည်ထွက်ခွာခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

​ဒါပေမဲ့လည်း ပြန်ဖို့ပြင်နေတုန်းမှာပဲ အိမ်အတွင်းက ထွက်လာတဲ့ မျောက်တစ်ကောင်က ပါဆယ်ထုပ်ကို ယူဆောင်သွားတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

​ဒါကြောင့် ပစ္စည်းပို့ဆောင်သူက အဆိုပါသတ္တဝါ ပါဆယ်ထုပ်ကို သယ်ဆောင်သွားတဲ့ ဗီဒီယိုကို ရိုက်ကူးကာ Shaza ထံ ပေးပို့ခဲ့ပါတယ်။

​ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းမှာ မျောက်ဟာ အိမ်ခေါင်မိုးပေါ်မှာ ပါဆယ်ထုပ်နဲ့ ထိုင်နေပြီးနောက် ပါးစပ်နဲ့ ကိုက်ကာ ထွက်ပြေးသွားတာကို တွေ့ရပါတယ်။

​အသက် ၂၁ နှစ်အရွယ် Shaza က အဆိုပါဖြစ်စဉ်ဟာ စနေနေ့ မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း AsiaOne ကို ပြောကြားခဲ့ပါတယ်။

​"ဒါမျိုး ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားတာမို့ စသိလိုက်ရတုန်းက တကယ်ပဲ ဇဝေဇဝါ ဖြစ်သွားခဲ့တယ်။ ပထမတော့ ပါဆယ်ထုပ်အတွက် စိတ်ပူသွားပေမဲ့ ပစ္စည်းပို့တဲ့သူက ဗီဒီယိုပို့ပေးလိုက်တော့ ရယ်စရာကြီး ဖြစ်နေတာနဲ့ မရယ်ဘဲ မနေနိုင်တော့ဘူး" လို့ သူမက ဆိုပါတယ်။

​အဲဒီ ပါဆယ်ထုပ်အတွင်းမှာ Cubre Mi အမှတ်တံဆိပ် eyeshadow palette ပါဝင်တယ်လို့ သိရပြီး သူမရဲ့ Threads ပို့စ်ဟာ လက်ရှိမှာ like ၁၀,၀၀၀ ကျော်နဲ့ မျှဝေသူ ၂,၈၀၀ ကျော် ရရှိထားပါတယ်။

14/08/2026

🇹🇭💸 ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ဘတ် ၄၅၀ ပေးမလား။

​ထိုင်းနိုင်ငံဟာ လေကြောင်းကနေ လာရောက်မယ့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကို တစ်ခေါက်ကို ခရီးသွားကြေး ဘတ် ၄၅၀ ကောက်ခံဖို့ အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်နေပါတယ်။

​ဒီကြေးကို ၂၀၂၇ ခုနှစ် ဧပြီလလောက်မှာ စတင်ကောက်ခံနိုင်ပါတယ်။

​ရရှိလာမယ့် ငွေကြေးတွေကို ခရီးသွားတွေရဲ့ ဘေးကင်းလုံခြုံရေး၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိုင်းနိုင်ငံကို မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ထားတဲ့ ခရီးသွားလုပ်ငန်း ရန်ပုံငွေထဲ ထည့်ဝင်သွားမှာ ဖြစ်ပါတယ်။

​ဘတ် ၄၅၀ ကောက်ခံတာက ထိုင်းနိုင်ငံ ကို လည်ပတ်ဖို့ သင့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားစေမလား။ 👇

12/08/2026

Love Soo ဟာ ၁၄ နှစ်တာကာလလုံး သူမရဲ့ အွန်လိုင်းအမှတ်တံဆိပ်တစ်ခုလုံးကို သက်သတ်လွတ်ဝါဒပေါ်မှာပဲ တည်ဆောက်ခဲ့သူဖြစ်ပါတယ်။

ဒီအပတ်မှာတော့ သူမဟာ ဖော်လိုဝါ ထောင်ပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အမဲသားစတိတ်ကို ပထမဆုံးအကြိမ် ငိုယိုပြီး ကိုက်ဝါးစားပြခဲ့တာကြောင့် အင်တာနက်စာမျက်နှာပေါ်မှာ အခုထိ ရေပန်းစားပြောဆိုနေကြတာ ဖြစ်ပါတယ်။

​အွန်လိုင်းမှာ Mommy Tang လို့ လူသိများခဲ့တဲ့ Soo ဟာ Vegan Mukbang ဗီဒီယိုတွေနဲ့ အပင်အခြေပြု ကိုရီးယား ဟင်းချက်နည်းတွေ တင်ဆက်သူအဖြစ် YouTube မှာတင် ဖော်လိုဝါ ၅၇၇,၀၀၀ ကျော် ရရှိထားသူပါ။

ဆယ်စုနှစ်ကျော်ကြာအောင် သူမရဲ့ လူသိရှင်ကြား အမှတ်တံဆိပ်တစ်ခုလုံးဟာ ဒီလို လူနေမှုပုံစံပေါ်မှာပဲ အခြေပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇူလိုင်လအကုန်မှာတော့ ဒီလမ်းကြောင်းကနေ လုံးဝ စွန့်ခွာတော့မယ်လို့ သူမ ကြေညာခဲ့ပါတယ်။

​သူမရဲ့ ပထမဆုံး စိန်ခေါ်မှုကတော့ New York strip အမဲသားစတိတ်ခ်နဲ့ စတင်ခဲ့တာပါ။ ခင်ပွန်းဖြစ်သူ ချက်ပြုတ်ပေးနေတာကို ဗီဒီယိုရိုက်ကူးစဉ်မှာပဲ Soo ဟာ မစားရသေးခင်ကတည်းက တုန်လှုပ်နေခဲ့ပြီး တကယ်ကို ကြောက်ရွံ့နေမိကြောင်း ကင်မရာရှေ့မှာ ဝန်ခံခဲ့ပါတယ်။

စတိတ်ခ်တစ်ဖတ်ကို ခက်ရင်းနဲ့ ထိုးထားရင်း ခင်ပွန်းဖြစ်သူကို ပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ လွန်ခဲ့တဲ့ နှစ်တွေအကြာကြီး သူမကို တွန်းအားပေးခဲ့တဲ့ အရာကို အရိပ်အမြွက် ပြသနေခဲ့ပါတယ်။

"ငါ သက်သက်လွတ်သမားဖြစ်နေလို့ လူတွေက ငါ့ကို မကောင်းတာတွေ ပြောခဲ့ကြတယ်၊ ဒါက လုံးဝ အဓိပ္ပာယ် မရှိဘူး" ဆိုပြီးတော့ပါ။ ခင်ပွန်းဖြစ်သူကလည်း သူမအနားမှာ တစ်လျှောက်လုံး ရှိနေပေးခဲ့ပြီး အတင်းဇွတ် စားစရာမလိုကြောင်း၊ မစားချင်တော့ရင် လည်း သူ့ကို ပေးလိုက်လို့ရကြောင်း အသာအယာ အားပေးခဲ့ပါတယ်။

​သူမ နောက်မဆုတ်ခဲ့ပါဘူး။ ပထမဆုံးတစ်ကိုက်ကို စားလိုက်တဲ့ စက္ကန့်မှာပဲ ချက်ချင်းဆိုသလို ငိုချလိုက်ပြီး "တကယ် အရသာရှိတာပဲ" လို့ ခင်ပွန်းဖြစ်သူကို မျက်ရည်ကြားထဲက ပြောခဲ့ပါတယ်။

ကြက်သွန်ဖြူနဲ့အတူ ဒုတိယတစ်ကိုက် ထပ်စားချိန်မှာတော့ အငိုမထိန်းနိုင်တော့ဘဲ အရသာနဲ့ အသားရဲ့ နူးညံ့မှုကို ထပ်ခါထပ်ခါ ချီးကျူးခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူကတော့ နောက်ကနေ အသာအယာ ရယ်မောရင်း လွန်ခဲ့တဲ့ ၁၄ နှစ်တာ သူမရဲ့ အဓိက အမှတ်တရတွေ တကယ်တမ်း ပြန်လည်ပြောင်းလဲသွားတာကို ကြည့်ရှုနေခဲ့ပါတယ်။

​ဒီဆုံးဖြတ်ချက်ကို ရှင်းပြထားတဲ့ ဗီဒီယိုရှည်မှာတော့ Soo က သူမရဲ့ အပင်အခြေပြု ရွေးချယ်စားသောက်မှုဟာ လူအများ ထင်ထားကြသလို စီးပွားရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိစိတ်တစ်ခုတည်းနဲ့ စတင်ခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။

သူမဟာ ခန္ဓာကိုယ် လှပဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာဖြစ်ပြီး သက်သက်လွတ်ဝါဒဟာ အစားအသောက်ဆိုင်ရာ ခံယူချက်ထက် မိမိခန္ဓာကိုယ်အပေါ် ထားရှိတဲ့ ခံစားချက်ကြောင့် မိမိဘာသာ တိတ်တဆိတ် ကန့်သတ်ချုပ်ချယ်မှုတစ်ခု ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

ဒီအရာကနေ ရုန်းထွက်လိုက်တာဟာ ဆယ်စုနှစ်ကျော် ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသလိုခံစားရကြောင်း သူမက ပြောခဲ့ပါတယ်။

​အွန်လိုင်းပေါ်က တုံ့ပြန်မှုတွေကတော့ အမျိုးမျိုး ကွဲပြားနေပေမဲ့ စာနာပေးကြတာများပါတယ်။ ဖော်လိုဝါ အဟောင်းအချို့ကတော့ သူမ အသားပြန်စားပြီဖြစ်တာကြောင့် Unfollow လုပ်သွားကြတယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ ပရိသတ်အများစုကတော့ အဲဒီ ဝေဖန်မှုတွေကို တိုက်ရိုက် တုံ့ပြန်ခဲ့ကြပြီး သူမရဲ့ ဘဝနဲ့ ခန္ဓာကိုယ်ဟာ တခြားသူတွေနဲ့ မဆိုင်ကြောင်း၊ ပြင်ပဖိအားတွေကြောင့် ၁၄ နှစ်လုံးလုံး ကန့်သတ်ချုပ်ချယ် ခဲ့ရတာကို နောက်ဆုံးမှာ လွှတ်ချလိုက်တာဟာ ဝေဖန်စရာ မဟုတ်ကြောင်း ကာကွယ်ပြောဆိုခဲ့ကြပါတယ်။

09/08/2026

လူမှုကွန်ရက်ပေါ်မှာ စကားများရာကနေ ထိုင်းကျောင်းသူနဲ့ မြန်မာကျောင်းသူ ရန်ဖြစ်ကြတဲ့သတင်း ထိုင်းမှာ တက်လာပါတယ်။

​ဖြစ်ပုံကတော့ တာ့ခ်ခရိုင်ဘက်က ကျောင်းမတူတဲ့ အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသူနဲ့ ၁၃ နှစ်အရွယ် မြန်မာကျောင်းသူတို့ အွန်လိုင်းမှာ စကားများကြတာကနေ စတာပါ။

​၆ ရက်နေ့မှာ မြန်မာကျောင်းသူက အပေါင်းအပါတွေနဲ့ လာပြီး ထိုင်းကျောင်းသူကို အိမ်သာထဲ ဆွဲခေါ်သွားတယ်။ အိမ်သာထဲမှာ ဆံပင်ဆွဲပြီး အိမ်သာခွက်ထဲ ရေနှစ်တာ၊ ခြေထောက်ကို ရှိခိုးခိုင်းပြီး မျက်နှာကို ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တာပါ။

​အဲဒီလိုလုပ်နေချိန်မှာ ကျန်တဲ့သူတွေက ဘယ်သူမှ ဝင်မကူနိုင်အောင် အိမ်သာဝကို ပိတ်ထားကြတယ်လို့ ရိုက်ခံရတဲ့ ထိုင်းကျောင်းသူက ပြောတယ်။ ရိုက်ခံရလို့ သူ့မျက်လုံးတစ်ဖက် တော်တော်လေး ရောင်သွားပြီး ဒဏ်ရာရသွားတယ်။

​ခုတော့ ရိုက်ခံရတဲ့ ထိုင်းကျောင်းသူရဲ့ အမေက ရဲစခန်းမှာ သွားတိုင်ထားလို့ တာဝန်ရှိသူတွေက ဖြစ်စဉ်အသေးစိတ်ကို စစ်ဆေးနေကြပြီ။

ထိုင်းရောက်မြန်မာတွေအတွက်တော့ ပိုပြီး အနေကြပ်လာဖို့ ရှိနေပါတယ်။

07/08/2026

ဒေပ်ဆီရင်နွန်သဘူရီကျောင်း ပစ်-ခတ်မှုကျူးလွန်သူ ကျောင်းသားရဲ့ မိဘများကို ရဲတပ်ဖွဲ့ စစ်ဆေး

​ဒေပ်ဆီရင်နွန်သဘူရီ ကျောင်းမှာ ပစ်-ခတ်မှု ကျူးလွန်ခဲ့သူ အတန်း ၉ ကျောင်းသားရဲ့ မိဘနှစ်ပါးကို သက်သေအထောက်အထားများ စုဆောင်းရေးအတွက် ရဲတပ်ဖွဲ့က သောကြာနေ့မှာ သီးခြားစီ စစ်ဆေးခဲ့ပါတယ်။

​ကျောင်းသားရဲ့ ဖခင်ဖြစ်သူက "ကျွန်တော့်သား လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် တောင်းပန်ပါတယ်။ သားရဲ့ မျက်နှာကိုတောင် မမြင်ရသေးပါဘူး" လို့ ပြောဆိုကာ လူ့အဖွဲ့အစည်းကို တောင်းပန်ခဲ့ပါတယ်။

​ဖခင်ဖြစ်သူဟာ စိတ်ထိခိုက် ဝမ်းနည်းနေပုံရပြီး မိခင်ဖြစ်သူကလည်း စိတ်လှုပ်ရှား ခံစားနေရတာကြောင့် သတင်းထောက်များကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

​အဆိုပါ ပစ်-ခတ်မှုကြောင့် လူအများအပြား thayဆုံး၊ ဒဏ်ရာရရှိခဲ့ကာ အဆိုပါ ကျောင်းသားဟာ ကျောင်းအတွင်းမှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်မှု နောက်ကွယ်က အကြောင်းအရင်းများကို ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။

07/08/2026

ထိုင်းနိုင်ငံ Debsirin Nonthaburi ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသက် ၁၄ နှစ်အရွယ် သံသယရှိသူ ကျောင်းသားရဲ့ နေအိမ်မှာ အဘိုးနဲ့ အဘွားဖြစ်သူကိုပါ သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့ရပါတယ်။

​ဆရာဖြစ်သူကတော့ အဆိုပါကျောင်းသားကို စာတော်ပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးတစ်ဦးအဖြစ် ပြောကြားထားပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေမှာတော့ ဒီထက်ပိုမို တုန်လှုပ်စရာကောင်းတဲ့ အချက်အလက်တွေ ထွက်ပေါ်နေပါတယ်။

​ထိုင်းဒုတိယပြည်ထဲရေးဝန်ကြီး Polapee Suwanchawee က ရဲတပ်ဖွဲ့ရဲ့ အထောက်အထားတွေကို ကိုးကားပြီး သံသယရှိသူ လူငယ်ဟာ ဗီဒီယိုဂိမ်းတွေကို အလွန်အမင်း စွဲလမ်းသူတစ်ဦး ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ကနဦး စုံစမ်းရရှိချက်တွေအရ အဆိုပါကျောင်းသားဟာ မိဘတွေနဲ့ အတူမနေဘဲ အဘိုးအဘွားတွေနဲ့အတူ နေထိုင်သူ ဖြစ်ပါတယ်။

​အာဏာပိုင်တွေရဲ့ သံသယအရ ကျောင်းသားဟာ ကျောင်းမသွားမီ အိမ်မှာရှိတဲ့ အဘိုးနဲ့ အဘွားဖြစ်သူကို စတင်သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

အဲဒီနောက် ကျောင်းသို့ သွားရောက်ကာ ဆရာ၊ ဆရာမ ၅ ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

​နောက်ဆုံးမှာတော့ အဆိုပါကျောင်းသားဟာ ကိုယ့်ကိုယ်ကို ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း BBC Thai က ဖော်ပြထားပါတယ်။

​ကျောင်းမှ ဆရာတစ်ဦးရဲ့ အဆိုအရ ဒီကလေးဟာ စာမေးပွဲ ရလဒ်ကောင်းမွန်သူ၊ အေးဆေးလိမ္မာသူဖြစ်ပြီး အရင်ကလည်း ကြမ်းတမ်းရန်လိုတဲ့ အမူအကျင့်မျိုး လုံးဝမပြခဲ့ဖူးပါဘူး။

ဒါကြောင့် အပြင်ပန်းမှာ အေးဆေးတည်ငြိမ်နေတဲ့ ကလေးတစ်ဦးရဲ့ နောက်ကွယ်မှာ ဘယ်လို အကြောင်းအရင်းတွေ ရှိနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

​လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်း၊ သေနတ် ရရှိခဲ့ပုံနဲ့ ဖြစ်စဉ်မတိုင်မီ နောက်ကွယ်က အခြေအနေတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Website

Address


Singapore