Putra Heights FC

Putra Heights FC

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Putra Heights FC, Stadium, arena & sports venue, pangasapuri seri mutiara putraheights, Seksyen 9, Shah Alam.

Photos from Putra Heights FC's post 07/05/2024

တပ်ရင်း (၁၅) ခွဲ FLIGHT FOR FREEDOM (F F F) အဖွဲ့အတွက် လိုအပ်သည့် ဆေးဝါးများဝယ်ယူနိုင်ရန်အတွက် ထောက်ပို့ငွေ လှူဒါန်းခြင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ‌ ပေးဖို့လာတဲ့အတွက် တင်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံကြီး အမြန် ငြိမ်းချမ်းပါစေ
🙏🙏🙏

03/05/2024

ခေါင်းဆောင်တစ်ယောက်ရဲ့စိတ်ဓာတ်
CNA ရုပ်သံနဲ့ အင်တာဗျူးတခုမှာ

"ခေါင်းဆောင်တယောက် အနေနဲ့
ဘယ်လောက်
အောင်မြင်တယ်လို့ ထင်လဲ " လို့
မေးတဲ့အပေါ် ...

သူမရဲ့ အဖြေက
ရိုးရှင်းသမျှ
ကြက်သီးမွှေးညှင်းပါထစေတယ် ...

"ခေါင်းဆောင်တစ်ယောက်အနေနဲ့
ကျွန်မ
ဘယ်လောက်
အောင်မြင်သလဲဆိုတာ
ကျွန်မ မပါဘဲ ရှေ့ဆက်နိုင်အောင်
ကျွန်မ
ဘယ်လောက်
လုပ်ပေးနိုင်ခဲ့သလဲ ဆိုတာက
ဆုံးဖြတ်ပါလိမ့်မယ်..."

" တနေ့မှာ
ကျွန်မကို လုံး၀ မလိုတော့အောင်
ကျွန်မ လုပ်ပေးနိုင်ခဲ့လိမ့်မယ်,
ကျွန်မပါတီရော ကျွန်မနိုင်ငံရော
ကျွန်မကို မလိုတော့ဘဲ
ရှေ့ဆက်သွားနိုင်ကြလိမ့်မယ်လို့
ကျွန်မမျှော်လင့်ပါတယ် " ...တဲ့

သူ့ဘဝအတွက် သူမရဲ့ ခံယူချက်က
ကျွန်တော်တို့ရဲ့ နှလုံးသားကို
နက်ရှိုင်းစွာ
ရိုက်ခတ် တုန်လှုပ်စေပါတယ် ...

" လူတွေက
ကျွန်မအုတ်ဂူမှာ
ဘာရေးထားခဲ့ချင်သလဲလို့
မေးလာတိုင်း
ကျွန်မ အမြဲပြောဖြစ်တာကတော့..."

" သူမသည်
လုပ်စရာ တာဝန်များကို
ဆောင်ရွက်ခဲ့သည် " ဆိုတာပါပဲ...

Credit :
via Thida Win Ag.
Through: Hnin Hnin

02/05/2024

ကလေးခရိုင် အမှတ်(၁၅)တပ်ရင်း,မင်းကင်း တပ်ရင်းအမှတ်(၅) ,တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF အဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိတဲ့အတွက် တင်ပြပေးလိုက်ပါတယ်။

မြန်မာပြည်ကြီး အမြန် ငြိမ်းချမ်းပါစေ🙏🙏🙏

01/05/2024

ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိတဲ့အတွက် တင်ပြပေးလိုက်ပါတယ်။

မြန်မာပြည်ကြီး အမြန် ငြိမ်းချမ်းပါစေ🙏🙏🙏

01/05/2024

ပြန်ထောင်စု မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကနီမြိုနယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိတဲ့အတွက် တင်ပြပေးလိုက်ပါတယ်

ဂုဏ်ပြုလွှာများ ထပ်မံရရှိပါက တင်ပြပေးပါမယ်

မြန်မာနိုင်ငံကြီး အမြန် ငြိမ်းချမ်းပါစေ🙏🙏🙏

01/05/2024

ပြည်သူ့ကာကွယ်ရေး တပ်မတော် သာယာဝတီခရိုင်အမှတ် (၁) တပ်ရင်း မှ ဂုဏ်ပြုလွှာရရှိတဲ့အတွက် တင်ပြပေးလိုက်ပါတယ်။

ဂုဏ်ပြုလွှာများ ထပ်မံရရှိပါက တင်ပြပေးပါမယ်

မြန်မာနိုင်ငံကြီး အမြန် ငြိမ်းချမ်းပါစေ🙏🙏🙏

29/04/2024

Putra Heights FC & Oasis United တို့မှ 28-04-2024 ရက်နေ့တွင် ကျင်းပ‌ခဲ့သော တော်လှန်ရေး ရန်ပုံငွေဘောလုံးပြိုင်ပွဲ စာရင်းရှင်းတမ်း ဖြစ်ပါတယ်။

ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီပေးခဲ့သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🙏🙏🙏

အလှူငွေများကို ထောက်ပို့လှူဒါန်းပြီးပါက ဂုဏ်ပြုမှတ်တမ်းနှင့်တကွ ပူးတွဲဖော်ပြပေးပါမည်။

မြန်မာပြည်ကြီး အမြန် ငြိမ်းချမ်းပါစေ🙏🙏🙏

Photos from Putra Heights FC's post 29/04/2024

ပြိုင်ပွဲအတွင်း ဆုပေးပွဲ ပုံရိပ်များ အပိုင်း(၄)

Champion 🏆🏆🏆🥇🥇🥇

Putra Heights FC ❤️❤️❤️

ဒုတိယ - Nge Chit Oo FC

တတိယ - Mahar Yangon FC

Want your business to be the top-listed Gym/sports Facility in Shah Alam?

Click here to claim your Sponsored Listing.

Location

Website

Address


Pangasapuri Seri Mutiara Putraheights, Seksyen 9
Shah Alam
47650