ဒီနှစ်ကျောင်ပိတ်ရင်ပြန်လာမယ် ဆိုင်ကယ်စီးမယ်
Last year video 😒
Myanmar Lady Bikers —YGN
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Lady Bikers —YGN, Sports Team, Lot K-0G-11, Ground Floor, Solaris, Kuala Lumpur.
ဆိုင်ကယ်မစီးရတာတော်တော်ကြာနေပြီ
゚
#
ကဲကဲ စက်ဘီးမစီးတတ်တဲ့ new ladybiker ပါ😅သူ့ညီမတွေလိုသူလဲ ၅ ရက်နဲ့ racing စီးမယ်တဲ့😄
゚
#
အခြေအနေပေးရင် သမီးတွေကွင်းထဲ မှာမြင်ချင်သေးတယ် ကိုယ်တိုင်လဲ ဝင်ဖြုတ်ချင်သေးတယ်❤️❤️❤️🔥🔥🔥
TikTok က download မလာတာ credit ပေးပါတယ် editing လဲမိုက်တယ်👌
゚
#
သမီးတွေကျောင်းပီးလို့ပြန်လာရင် တစ်ဝကြီးစီးပစ်မယ်😁
သတိရတယ်😘အရင်လို ပါပါးနဲ့အတူစီးရဖို့ကြာအုံးမယ်
゚
#
12/07/2025
ဆိုင်၇ နာရီပိတ်တာကို ၇ နာရီမှ ဆိုင်ကို ရောက်တယ်😂
ဆိုင်ကိုကြိုဖုန်းဆက် ပြီးစောင့်ခိုင်းရတယ်
06/07/2025
ပြန်လာရင်စီးမယ်ဆိုတာပဲ
23/06/2025
🇲🇲သတိရ
ပြီးခဲ့တဲ့ ၁၂/၄/၂၀၂၅ စနေနေ့က ကျိူက်ထိုသို့နေ့ချင်းပြန်ခရီးစီးမှာ မတော်တဆ Accident လေးတစ်ခုဖြစ်ခဲ့ပါတယ်
ဖြစ်ချိန်မှာ Protection Gear အပြည့်အစုံဝတ်ထားလို့သာ ပြင်းထန်ဒဏ်ရာဘာတစ်ခုမှ မရရှိပဲ ပွန်းရုံပဲ့ရုံလောက်ပဲ ဖြစ်ခဲ့ပါတယ် အကာအကွယ်တွေ မပါခဲ့ဘူးဆိုရင် တကယ် မတွေးရဲစရာပါ အဲ့တော့ပထမဆုံးပြောချင်တာကတော့ ဘာဘီးစီးစီး Safety Gear မဖြစ်မနေဝတ်ကြပါလို့ပြောချင်ပါတယ်
ဖြစ်ပုံက zero mile လောက်ကစပြောရမှာပေါ့ ကျွန်တော်တို့ အဖွဲ့ ကျိုက်ထိုကို နေ့ချင်းပြန် ခရီးထွက်ဖြစ်ခဲ့တယ် အားလုံး ၁၈ စီးပါ သမီး အငယ်က တစ်စီး အလတ်က တစ်စီး ကျွန်နဲ့ နောက်သမီးတစ်ယောက်ထပ်ပါတယ် သားအဖ ၄ ယောက်ပေါ့ zero mile က စအထွက်မှာ သမီးနှစ်ယောက်က အဖွဲ့နဲ့ထွက်သွားချိန်မှာ ကျွန်တော်က လက်အိတ်ဝတ်နေတာ ၁၅ စက္ကန့်လောက်ကြာသွားတယ် ကျန်တော်ကို ညီလေး #နောင်ထိပ်တင် ကစောင့်နေတာနဲ့ “ညီလေး သမီးနှစ် ယောက်ကိုမှီအောင်လိုက်ထိန်းလိုက်အုံး ဘီးများတော့ စိုးရိမ်လို့ ကိုကြီးနောက်က လိုက်ခဲ့မယ်”လို့မှာတော့ ညီလေး #နောင်ထိပ်တင်က လိုက်သွားပါတယ် ကျွန်တော်က လမ်းမှာ မီးပွိုင့် မိတာနဲ့ ခန့်မှန်း ၁ မိနစ်စာလောက်ဟသွားတယ်ထင်တယ် မှီအောင်လိုက်ရင်း မြင်လိုက်ရတာ သမီးအလတ် က လမ်းပေါ်မှာ ဆိုင်ကယ်တခြားခူတခြားကိုယ် တွေ့လိုက်ချိန်သူထိုင်နေပြီဆိုတော့ လူ အသက်အန္တရယ်တော့မရှိဘူးဆိုတာသိလိုက်တယ် video ထဲကအတိုင်း ညီလေး #နောင်ထိပ်တင် မှီခါနီးလေးဖြစ်သွားတာ အဲ့အကွေ့က ဆိုင်ကယ်တွေ ခနခန ဖြစ်နေတဲ့ အန္တရယ်အကွေ့ပါ ကြည့်ရင် အကွေ့က ပြေပြေလေးဆိုပေမဲ့ အဲ့အကွေ့မှာ အထှာ ရှိတယ် စီးနေကျမဟုတ်ရင် သတိထားရမဲ့အကွေ့ထဲပါတယ် လှည်းကူးစစ်ဆေးရေးဂိတ်ကျော်တာနဲ့ လမ်းက ဖြူးနေတော့ racing တွေအကြိုက် speed တင်နေကြ နေရာပေါ့ လမ်းအဖြောင့်မဆုံးခင် တံတားတခုရှိတယ် ပြီးတာ နဲ့ အဲ့အကွေ့ပဲ တံတားနဲအကွေ့ကြား အပေါ်ကြောမှာ လှိုင်းအနည်းငယ်ရှိပါတယ် အရှိန်များရင် ထိန်းရခက်ပါတယ် ဖြစ်ချင်တော့ သမီး က အပေါ်ကြောက ယူမိတယ် နောက် သူ့ညီမကို ဘက်မှန်လှမ်းကြည့်တယ်ထင်ပါတယ် အကွေ့ရုတ်တရက်ပေါ်လာတာမှာ လန့်ပြီး ဘရိတ်နင်း ကလပ်ပါဆွဲမိတယ်ထင်တာပဲ ဆိုင်ကယ် က lean နည်းနည်းလေးပဲ လုပ်တာတွေ့ရပြီး ပလက်ဖောင်းကိုသွားထိမိရော လူက ကျန်ခဲ့လို့ပေါ့ ဆိုင်ကယ်နဲ့ပါသွားရင်မလွယ်ဘူး
Video ထဲမှာမြင်ရပါလိမ့်မယ် ညီလေး #နောင်ထိပ်တင် ရဲ့ အသက်ရှူသံ သူတော်တော်စိုးရိန်သွားတယ် နောက်ပီး အငယ်မနှစ်ယောက်ရဲ့အမအပေါ်စိုးရိမ်မှု နောက်တစ်ခုက အလတ်မက သူ့ကိုယ်သူဘာဖြစ်လဲမပြောပဲ အဖေ့ကိုပြောနေရှာတဲ့ သူဆိုင်ကယ် ဖျက်စီးမိသွားပြီ ဆိုင်ကယ်ကိုဘယ်လိုလုပ်ကြမလဲဆိုတဲ့ ဆိုင်ကယ်ချစ်စိတ်နဲ့ အဖေဆူမှာ စိုးရိမ်စိတ် နှစ်ခုပေါင်း ခံစားချက် နောက် အဖေက သမီးပေါ် ချစ်တဲ့စိတ် အဖွဲ့သားတွေရဲ့ ကူညီဖေးမပေးမှူတွေ စည်းလုံးမှုတွေမြင်ရမှာပါ
Video credit #နောင်ထိပ်တင်
゚
#
Click here to claim your Sponsored Listing.
Location
Category
Website
Address
Lot K-0G-11, Ground Floor, Solaris
Kuala Lumpur
50480