YNG GYM

YNG GYM

Share

YNG - GYM (Yenangyaung)

29/08/2026

ဝတယ်ပြောရင် အစားလျှော့ပြီး ပြန်ကြုံးရတာပဲ ပင်ပန်းပေမဲ့ ဘေးဥပါဒ်နည်းပါတယ် ကိုယ်လျှောက်ခဲ့တဲ့လမ်းက ဖြတ်လမ်းမသုံးခဲ့ဘူး အစွန်းနှစ်ဖက်လွတ်အောင်ပဲသွားတယ် မိုက်တာလုပ်ကြိုက်တာလုပ်လို့ရတယ်နော် ကိုယ်ဖြစ်ရင်ကိုယ်ခံရမယ်
Body Transformation မှာ ဖြတ်လမ်းနည်းမသုံးနဲ့ Side effects တွေဖြစ်လာရင် ခံရမှာကမင်းကိုယ်တိုင်ပဲ

24/08/2026

ရေနံချောင်းတက္ကသိုလ် မောင်မယ်ပြိုင်ပွဲအတွက် အမှတ်ပေးဒိုင်အဖြစ်ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။

06/08/2026

TikTok ပဲသုံးဖြစ်နေလို့ FB ပေါ်မတင်ဖြစ်ဘူး Post တွေမြင်ရင် တချို့က Unfollow သွားလို့ ပို့စ်တောင်မတင်ရဲဘူး 😆
သင်သာ Fan စစ်ရင်အသဲလေးပေးပြီး ပါးရိုက်သွား ကွန့်မန့်မှာ ဖြန်းလို့ မန့်သွား 🫪😆

10/06/2026

(ဝတာနဲ့ ‌လူကောင်ကြီးတာမတူဘူး)
ဂျင်မ်ဆော့ထားလို့ လူကောင်ကြီးတာက ကြွက်သားများနေလို့ဖြစ်ပြီး ကိုယ့်ကို မြင်တာနဲ့ ဝတုတ်ကြီးလို့ထင်တဲ့ မျက်လုံးတွေကိုအမေရိကန်ဗွီးရှင်း လိုက်ပို့လိုက်ခြင်တော့တယ် ထွိန်နာဆိုရင် ခွေးပစ်တုတ်လောက်တွေမြင်နေကျဆိုတော့ ငါတို့လိုသောက်ထွားကြီးတွေက ဝနေတာတဲ့ဗျာတို့ရေ လွယ်တယ်ထင်ရင် လုပ်ပြစေခြင်သား 🥹

27/05/2026

ဂါးဂါးဂူးဂူး ဝါးရှားဝူး 👌💪

25/05/2026

ဝနေလို့ မောင်းကြည့်တယ် ချော့မောင်းတယ် မလုပ်ဘူး ငေါက်မောင်းတယ် မကြိုက်ဘူး အပေါက်ဆိုးတယ်ဆိုပြီး
ဂျင်မ်မလာဘူး၊
နတ်ကွန်းလေးတွေကြနေတာပဲ စကားကိုအမှားမခံဘူး ပြီးရင် တနှစ်တခါမြင်လိုက်ရတိုင်း အသားတိုးဝက်ကြီးတွေကြနေတာပဲပို၍ပို၍
စိတ်မဆိုးနဲ့ ရော့ ထန်းသီးစား 🤣🤪

22/05/2026

ဂျင်မ်ဆော့ပြီး နားလိုက်ရင် ပိုဝတယ်ဘာညာ🙄 လူလိုမစားရင် ဝတာပဲ ခင်ဗျားတို့မပြောနဲ့ ဆော့နေတဲ့ကိုယ်တွေတောင် အစားများရင်ဝလာတာပဲအဆီတက်တာပဲ ခင်ဗျားတို့သုံးနေတဲ့ စက်ပစ္စည်းတွေပျက်လို့
ဝပ်လျှော့တခါထိုးပြီးရင် တသက်စလုံး ဝပ်လျှော့ပြန်လာစရာမလိုဘူးလို့ ဘယ်ဝပ်လျှော့ကအာမခံလည်း ခင်ဗျားတို့နေမကောင်းလို့ ဆေးခန်းသွားပြီးရင် တသက်စလုံးဆေးခန်းပြန်မပြရတော့ဘူးလို့ဆိုတာရှိလား
ဂျင်မ်ဆိုတာ လူဝပ်လျှော့ပဲ ပျက်ရင်လာပြင် ခဏခဏမပြင်ခြင်ရင်ခန္ဓာကိုယ်ကို ထိန်းသိမ်းထား ဂျင်မ်တခါဆော့ပြီး တသက်စလုံးပြန်မဝခြင်ဘူးဆိုတာတော့မရဘူးလေလို့ ကိုယ်စိတ်နဲ့ကိုယ်ပဲစားခြင်စားမယ် မစားခြင်မစားဘူး ဝဝပျက်ပျက်ဆိုရင်လည်း 👌

20/05/2026

ထွိန်နာကြီးကဝတယ်ဆိုတာ မင်းတို့ပြောတော့သာလွယ်တာဟ 🙂‍↕️
ငါ့မှာဖြင့် ဆယ်နှစ်လောက်စားလာခဲ့ရတာ မလွယ်ဘူးကွ မလွယ်ဘူး 🙄
ပိုက်ဆံတွေအများကြီးကုန်တယ်
ငါပြန်ဝိတ်ချလိုက်ရင် ငါစားလို့ကုန်ခဲ့တဲ့ပိုက်ဆံတွေက ပြန်ထွက်
မလာဘူးကွ နှမြောလို့
ဝိတ်မချတာ 🤣

15/05/2026

ငါ့ဂျင်မ်မှန်းလည်းသိတယ် ပိုစ့်တွေတင်နေတာလည်းသိတယ် ကစားနည်းတွေလည်း စေတနာပါပါ သင်ပေးခဲ့ဖူးတယ် သို့ပေမဲ့
Like ကလေးတောင်အားနာလို့ ကတောက် ဆိုပြီးမပေးဘူး 🫠
မင်္ဂလာဆောင်ဖိတ်စာကျတော့ ဆိုက်ဆိုက်မြိုက်မြိုက်မှတ်မှတ်ရရ လာဖိတ်တယ်ဗျာ စိတ်ဓါတ်ပဲ လက်ဖွဲ့ပေးရမှာပေါ့ မြွေတစ်ကောင်လောက်ကို ပါဆယ်ဗူးနဲ့ 🫢😂

14/05/2026

နည်းပြဝတုတ် CPကြက်ကြီး
ငါတို့ကဗရုစလီလို ကျစ်နေတာမှကြိုက်တာ 🫠
အဲလိုဖြစ်အောင်လုပ်မရဘူးလား ?
တခါတည်းပြောလိုက်မယ်ကွာ
မင်းတို့ကို Body type သုံးခုအကြောင်းကိုသိလား မသိရင် ai ကိုမေး ငါလည်းမသိဘူး 🤣
ငါ့အတွက်ကတော့ညောင်လှက
လက်ဖက်ရည်ဆိုင်ပိတ်ရင်
ငါ့ဘော်ဒီမိုက်ပြီဒါပဲ 🤪

Want your business to be the top-listed Gym/sports Facility in Yenangyaung?

Click here to claim your Sponsored Listing.

Location

Website

Address


Yenangyaung

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00