07/08/2026
V-Road to MSL-MM S4 နှင့်ပတ်သတ်၍ အသိပေးရှင်းလင်းချက်
V-Road to MSL-MM S4 Match 2 ပွဲစဥ်
KMD နှင့် YTU တို့ ယှဥ်ကစားခဲ့ကြရာတွင် မမျှော်လင့်ထားသော အကြောင်းအရာများကြောင့် မဖြစ်မနေ Disqualify ခဲ့ရပါကြောင်း အသိပေးအပ်ပါသည်။
Round 2 ယှဥ်ပြိုင်ကစားနေချိန် အတွင်း EXP Player "Coffee Mix" ၏ မိသားစု ကျန်းမာရေး အရေးပေါ်အခြေအနေကြောင့် ယှဥ်ပြိုင်ကစားနေသော Camp အတွင်းမှ Urgent ထွက်ခွာခဲ့ရပါသည်။
EXP role သို့ sub player ထည့်သွင်းကစားနိုင်ခြင်း မရှိခြင်း နှင့် အခြား player တို့၏ Device ပြသနာများကြောင့် မဖြစ်မနေ Disqualify လုပ်ရန် ဆုံးဖြတ်ခဲ့ရပါသည်။
သို့ဖြစ်ပါသောကြောင့် Event Organizer များသို့ ဆက်သွယ်ခဲ့ပြီး Event တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် Round 3 အားဆက်လက်ယှဥ်ပြိုင်ကစားခြင်းမရှိဘဲ မဖြစ်မနေ Disqualify ခဲ့ရပါကြောင်း စဥ်ဆက်မပြတ်အားပေးခဲ့ပါသော ပရိသတ်များအား ညှိုးငယ်စွာဖြင့်ပင် အသိပေးအပ်ပါသည်။
26/07/2026
🏆𝐕𝐚𝐫𝐬𝐢𝐭𝐲 𝐄𝐬𝐩𝐨𝐫𝐭𝐬 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 (𝐕𝐄𝐂) 𝟐𝟎𝟐𝟔 👑ရဲ့ အမြင့်ဆုံး 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐓𝐢𝐭𝐥𝐞 ကို 𝐊𝐌𝐃 𝐂𝐨𝐥𝐥𝐞𝐠𝐞 က ရှုံးပွဲမရှိ စံချိန်နဲ့ ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူနိုင်ခဲ့ပါပြီ! 🏆🔥
🇲🇲မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းပေါင်းစုံမှ အကောင်းဆုံး 𝐄𝐬𝐩𝐨𝐫𝐭𝐬 အသင်းများ ယှဉ်ပြိုင်ခဲ့ကြတဲ့ 𝐕𝐚𝐫𝐬𝐢𝐭𝐲 𝐄𝐬𝐩𝐨𝐫𝐭𝐬 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 (𝐕𝐄𝐂) 𝟐𝟎𝟐𝟔 တွင် 𝐊𝐌𝐃 𝐂𝐨𝐥𝐥𝐞𝐠𝐞 က ရှုံးပွဲမရှိ (𝐔𝐧𝐝𝐞𝐟𝐞𝐚𝐭𝐞𝐝 𝐑𝐞𝐜𝐨𝐫𝐝) စွမ်းဆောင်ရည်နဲ့ တစ်နိုင်ငံလုံး 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 အဖြစ် ထိုက်တန်စွာ ရပ်တည်နိုင်ခဲ့ပါပြီ။ 🏆🇲🇲
🔥တက္ကသိုလ်အသီးသီးမှ အကောင်းဆုံးအသင်းများကို ကျော်ဖြတ်ပြီး ပွဲစဉ်တိုင်းမှာ ထူးချွန်တဲ့ 𝐒𝐤𝐢𝐥𝐥၊ အမှားအယွင်းမရှိတဲ့ 𝐓𝐞𝐚𝐦𝐰𝐨𝐫𝐤၊ မယိမ်းမယိုင် စိတ်ဓာတ်တို့နဲ့ 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 တစ်သင်းရဲ့ အရည်အချင်းကို အပြည့်အဝ သက်သေပြနိုင်ခဲ့ပါတယ်။
🔥𝐅𝐢𝐧𝐚𝐥 𝐒𝐭𝐚𝐠𝐞 အထိ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ဖိအားတိုင်းကို အနိုင်ယူကာ ရှုံးပွဲမရှိ (𝐔𝐧𝐝𝐞𝐟𝐞𝐚𝐭𝐞𝐝 𝐑𝐞𝐜𝐨𝐫𝐝) နဲ့ 𝐕𝐄𝐂 𝟐𝟎𝟐𝟔 ရဲ့ သမိုင်းစာမျက်နှာပေါ်မှာ 𝐊𝐌𝐃 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ နာမည်ကို ဂုဏ်ယူစွာ ရေးထိုးနိုင်ခဲ့ပါတယ်။
🔥ဒီအောင်မြင်မှုဟာ ကစားသမားတစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ 𝐂𝐨𝐚𝐜𝐡 များရဲ့ လမ်းညွှန်မှု၊ 𝐊𝐌𝐃 မိသားစုတစ်ရပ်လုံးရဲ့ အားပေးမှုနဲ့ ယုံကြည်မှုတို့ ပေါင်းစပ်ဖန်တီးခဲ့တဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။
𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐨𝐮𝐫 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬! 👏
𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬, 𝐓𝐞𝐚𝐦 𝐊𝐌𝐃 𝐂𝐨𝐥𝐥𝐞𝐠𝐞! 💙
𝐓𝐡𝐞 𝐂𝐫𝐨𝐰𝐧 𝐇𝐚𝐬 𝐅𝐨𝐮𝐧𝐝 𝐈𝐭𝐬 𝐓𝐫𝐮𝐞 𝐎𝐰𝐧𝐞𝐫. 👑
𝐓𝐡𝐞 𝐋𝐞𝐠𝐚𝐜𝐲 𝐂𝐨𝐧𝐭𝐢𝐧𝐮𝐞𝐬. 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 𝐒𝐭𝐚𝐫𝐭𝐬 𝐇𝐞𝐫𝐞. 🚀
#𝐊𝐌𝐃𝐂𝐨𝐥𝐥𝐞𝐠𝐞 #𝐕𝐄𝐂𝟐𝟎𝟐𝟔 #𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 #𝐔𝐧𝐝𝐞𝐟𝐞𝐚𝐭𝐞𝐝 #𝐄𝐬𝐩𝐨𝐫𝐭𝐬𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 #𝐕𝐢𝐜𝐭𝐨𝐫𝐲 #𝐆𝐚𝐦𝐢𝐧𝐠 #𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲𝐄𝐬𝐩𝐨𝐫𝐭𝐬 #𝐏𝐫𝐨𝐮𝐝𝐓𝐨𝐁𝐞𝐊𝐌𝐃 #𝐖𝐞𝐀𝐫𝐞𝐓𝐡𝐞𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬
24/07/2026
Ferry for VEC 2026 Main Event❗
July လ 25 - 26 ရက်နေ့ ရန်ကုန်တက္ကသိုလ် Recreation Centre မှာ ၂ ရက်တိတိ ကျင်းပပြုလုပ်သွားမယ့် Versity Esports Championship 2026 Main Event အတွက် ယှဥ်ပြိုင်မည့် Players, Cheerleaders တွေ
လိုက်ပါအားပေးမည့် ကျောင်းသား/သူ ပရိတ်သတ်တွေ အတွက် Free Ferry စီစဥ်ပေးထားမှာဖြစ်ပါတယ်
KMD College မြေနီကုန်း Campus မှ
မနက် ၈:၃၀ နာရီ
မနက် ၉:၀၀ နာရီ
မနက် ၉:၃၀ နာရီ
စသည်ဖြင့် ၃ ကြိမ်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။
KMD College နှင့်အတူ တစ်ခဲနက် အားပေးဖို့ Ready ပဲလား မနက်ဖြန် အတွက်အဆင်သင့်ပြင်ထားလိုက်တော့နော် 🎉
16/07/2026
VEC 2026 Season 1 Upper Final (round 3) Spoiler without Context 🤫
အကောင်းဆုံးယှဉ်ပြိုင်ကစားသွားတဲ့ player များနှင့် တခဲနက် အားပေးခဲ့ကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်းပြောကြားရင်း ကျွန်တော်တို့ Main Stage ကနေ ကြိုတင်စောင့်ဆိုင်းနေပါမယ်
18/06/2026
🎮 KMD College PUBG Mobile Campus Clash 🎮 Official Map Rotation Announcement! 🗺🔥
KMD College ကျောင်းသား/သူများအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် Varsity Esports Championship 2026 Season 1 ရဲ့ Campus Clash University Qualifier ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ကစားရမယ့် Map Rotation စာရင်း ထွက်ပေါ်လာပါပြီ!
ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ အောက်ပါ မြေပုံအစီအစဉ်အတိုင်း အကြိတ်အနယ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်-
👉 Match 1 - ERANGEL
👉 Match 2 - MIRAMAR
👉 Match 3 - RONDO
👉 Match 4 - ERANGEL
👉 Match 5 - MIRAMAR
မိမိတိုအသင်းရဲ့ အကောင်းဆုံး ဗျူဟာတွေကို ချမှတ်ပြီး Winner Winner Chicken Dinner ဆွတ်ခူးဖိုအတွက် အခုပဲ အဆင်သင့်ပြင်ထားကြတော့နော်!
📅 ရက်စွဲ - (ဇွန်လ) ၂၀ ရက်နေ့
📍 နေရာ - KMD College (မြေနီကုန်း campus)
ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်မံကြေညာပေးသွားမှာမို ဆက်လက်စောင့်မျှော်ပေးကြပါဦး။ အတူတူယှဉ်ပြိုင်ကြစို!
17/06/2026
🎮 KMD College PUBG Mobile Campus Clash 🎮
Battle Begin Soon!
KMD College ကျောင်းသား/သူများအတွက် အထူးအခွင့်အရေး! Varsity Esports Championship 2026 Season 1 ရဲ့ Campus Clash University Qualifier ပြိုင်ပွဲကြီးကို KMD College မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မိမိတို့ရဲ့ အရည်အချင်းတွေကို ပြသပြီး Winner Winner Chicken Dinner ဆွတ်ခူးဖို့အတွက် အဆင်သင့်ပြင်ထားကြပါ။
📅 ရက်စွဲ - (ဇွန်လ) ၂၀ ရက်နေ့
📍 နေရာ - KMD College(မြေနီကုန်း campus )
ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်စောင့်မျှော်ပေးကြပါဦး။ အတူတူယှဉ်ပြိုင်ကြစို့!