23/08/2026
💙 Thank You, Our President — Zwe Myat
ဒီနေ့ကတော့ Zwe Myat အနေနဲ့ YU Esports Association ရဲ့ President တာဝန်ကနေ နှုတ်ဆက်ပြီး ရာထူးတာဝန်တွေကို လက်ဆင့်ကမ်းပေးခဲ့တဲ့နေ့ပါ။ 🥹💙
Association ကို ဦးဆောင်ခဲ့တဲ့ကာလအတွင်း အရာအားလုံးက အမြဲတမ်းလွယ်ကူနေခဲ့တာမဟုတ်ပါဘူး။ ပျော်ခဲ့ရတဲ့အချိန်တွေရှိသလို ပင်ပန်းခဲ့ရတာတွေ၊ အဆင်မပြေတာတွေ၊ စိတ်ဖိစီးခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့မှာပါ။ ဒါပေမယ့် အဲ့ဒီအရာတွေအားလုံးကြားကနေ အကောင်းဆုံးကြိုးစားပြီး YUEA ကို ပိုကောင်းတဲ့နေရာတစ်ခုရောက်အောင် ဦးဆောင်ပေးခဲ့တာတွေက တကယ်ကို ဂုဏ်ယူစရာပါပဲ။
ရာထူးကနေ နှုတ်ဆက်သွားပေမယ့် YUEA မှာ အတူရှိခဲ့တဲ့ အမှတ်တရတွေ၊ အားထုတ်မှုတွေ၊ contribution တွေကတော့ ကျန်နေခဲ့ဦးမှာပါ။
ရှေ့ဆက်မယ့် ဘဝခရီးမှာ ဘယ်နေရာရောက်ရောက်၊ ဘာအလုပ်လုပ်လုပ် အောင်မြင်မှုတွေနဲ့ပဲ တွေ့ဆုံနိုင်ပါစေ။ ကိုယ်ရည်မှန်းထားသမျှတွေ အကောင်အထည်ဖော်နိုင်ပြီး ကောင်းမွန်တဲ့အခွင့်အရေးတွေနဲ့ လူကောင်းတွေနဲ့ပဲ တွေ့ဆုံရပါစေလို့ YU Esports Association Team တစ်ခုလုံးက ဆုတောင်းပေးပါတယ်။
Thank you for everything, Zwe Myat.
No matter where life takes you, you’ll always have a place in the YU Esports family. 🎮
23/08/2026
Always proud of our warriors👏🏻❤️
22/08/2026
🧡 Community Partner Appreciation 🧡
YU Esports Tournament Grand Final ကို တစ်ဖက်တစ်လမ်းမှ လာရောက်အားပေးကူညီပေးခဲ့တဲ့ Dynastic jersey store ကို YU Esports Association မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ 🫶🎮
Grand Final နေ့မှာ ကိုယ်တိုင်လာရောက်ပြီး ကျွန်တော်တို့ရဲ့ Players တွေကို အားပေးပေးခဲ့တဲ့အပြင် audience တွေနဲ့အတူ game တွေ ဆော့ကစားရင်း Jersey အမှတ်တရလက်ဆောင်လေးတွေနဲ့ပါ ပံ့ပိုးပေးခဲ့တာက ကျွန်တော်တို့အတွက် တကယ်ကို ဝမ်းသာစရာပါပဲ။ ❤️
By
YUEA အတွက် ဒီလိုတက်တက်ကြွကြွ ပါဝင်အားပေးပေးတဲ့ Dynastic Jersey Store ကို အထူးကျေးဇူးတင်ပါတယ်။ 🙌
Esports Team တွေရဲ့ Jersey လေးတွေရှာနေတယ်ဆိုရင်တော့ 👀🔥 Dynastic Jersey Store ကို မမေ့နဲ့နော်!
ကျွန်တော်တို့ YUers တွေနဲ့အတူ YUEA နဲ့ YU Representative ဖြစ်လာမယ့် Playerများ ကို ဆက်ပြီး Support ပေးကြပါဦး။ 💛🎮
Thank you, Dynastic Jersey Store, for being part of our YU Esports Tournament Grand Final! 🏆
21/08/2026
မနေ့ကကျင်းပခဲ့တဲ့ VEC PUBG MOBILE MAIN EVENT မှာ Team YU အတွက် ပိုမိုထူးခြားတဲ့ အောင်မြင်မှုတစ်ခုကိုရှိခဲ့ပါတယ်… 👀✨
Game ထဲမှာသာမက Team Spirit နဲ့ Creativity ပိုင်းမှာပါ ထူးခြားစွာ ပါဝင်နိုင်ခဲ့တဲ့အတွက် Rakuten Viber မှ ချီးမြှင့်သည့် Most Creative Sticker Award ကို Team YU ကထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်! 💜🔥
ခုလိုမျိုး Most Creative Viber Sticker Award ကို ချီးမြှင့်ပေးပါသော League နှင့် Viber ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
Creative ဖြစ်တဲ့ Viber Sticker တွေကို စုပေါင်း ဖန်တီးပေးခဲ့ပါသော YUEA ရဲ့ Social Media Team နှင့် အတူ ကူညီပံ့ပိုးပေးပါသော YU PUBG MOBILE Players များအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်
Once a YUer, Always YUer💕
21/08/2026
🏆 FINAL BOSS — CHAMPIONS OF YU MLBB QUALIFIER! 🏆
ဒီနေ့ရဲ့ Grand Final မှာတော့ Newbies of YU တို့က Team Ako ကို 3-2 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး YU MLBB Qualifier Tournament ရဲ့ Champion အဖြစ် ထပ်မံရပ်တည်နိုင်ခဲ့ပါပြီ! 🔥🏆
Newbies of YU တို့အတွက်တော့ ပြီးခဲ့တဲ့ Tournament က မပြီးဆုံးခဲ့တဲ့အိပ်မက်ကို ဒီတစ်ကြိမ်မှာ ပြန်ပြီးအကောင်အထည်ဖော်နိုင်ခဲ့တာလို့ ပြောလို့ရပါတယ်။ ❤️🔥
တစ်ဖက်မှာလည်း Team Ako က Final Game အထိ အကောင်းဆုံး Fight ပေးခဲ့တဲ့အတွက် အထူး Respect ပါ။ 3-2 ဆိုတဲ့ Score က နှစ်သင်းစလုံး ဘယ်လောက်အထိ ကြိုးစားခဲ့ကြလဲဆိုတာ ပြသနေပါတယ်။ GGWP!
အခုတော့ Newbies of YU တို့က University of Yangon ကိုယ်စား Varsity Esports Championship Season 2 – 2026 မှာ ဆက်လက်ယှဉ်ပြိုင်သွားတော့မှာပါ။ 🔥
Newbies of YU ရဲ့ Complete Lineup ကိုလည်း မကြာခင်မှာ ထပ်ပြီးကြေညာပေးသွားမှာဖြစ်လို့…
👀 Stay Tuned for More Updates!
21/08/2026
ပထမနေရာမဟုတ်ပေမယ့် ဒီနေရာကိုရောက်ဖို့အတွက် အလွယ်တကူဖြတ်သန်းခဲ့ရတာတော့ မဟုတ်ပါဘူး။
ပွဲတိုင်းမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး၊ အခက်အခဲတွေကြားကနေ အဆုံးထိ ရပ်တည်နိုင်ခဲ့တဲ့ PNX ကို ဂုဏ်ယူပါတယ်။ ❤️
University of Yangon MLBB Qualifier Grand Final - Road to Varsity League s2 2026 မှာ
🥉 2nd Runner-Up ရရှိခဲ့တဲ့ PNX အတွက် Congratulations ပါ။
ဒီနေ့ရခဲ့တဲ့အတွေ့အကြုံတွေက နောက်တစ်ကြိမ်မှာ ပိုကောင်းတဲ့အသင်းဖြစ်လာဖို့ အင်အားတစ်ခု ဖြစ်ပါစေ။
Well played, PNX! 🎮🔥
21/08/2026
🏆 YU ESPORTS TOURNAMENT – eFootball Final Results ⚽️🎮
နောက်ဆုံးအဆင့်အထိ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြတဲ့ eFootball ပြိုင်ပွဲဝင်အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်🔥
ဒီနေ့ Final Part မှာ အောင်မြင်မှုရရှိခဲ့တဲ့ Winner & Top Players တွေကိုလည်း အထူးပဲ Congratulations! 🎉🏆
ပြိုင်ပွဲတစ်လျှောက် အရှုံးအနိုင်ထက် မိမိတို့ရဲ့ အကောင်းဆုံး Performance တွေကို ပြသပေးခဲ့ကြတာ တကယ်ကို ဂုဏ်ယူစရာပါပဲ👏
✨ Winners အတွက် Congratulations Post အပြည့်အစုံကို မကြာခင် ထပ်မံတင်ပေးသွားမှာဖြစ်ပါတယ်။
YU Esports ရဲ့ Journey ကတော့ ဒီမှာတင် မပြီးသေးပါဘူး 🎮🔥
နေ့လည် ၁၂:၃၀ မှာ ကျင်းပမယ့် YU MLBB QUALIFIER Grand Final Matchလည်း ကျန်ရှိပေးသေးပါတယ် ဒီ့အတွက်လည်း လာရောက်အားပေးဖို့ YUer များကိုလည်း ဖိတ်ခေါ်အပ်ပါတယ်
Once a YUer, Always a YUer. 💙
20/08/2026
🔥 Grand Final — Day 2 Schedule 🔥
အဆုံးအဖြတ်ပွဲကြီးရဲ့ ဒုတိယနေ့ကို ရောက်ရှိ
လာပါပြီ! 🏆
ချန်ပီယံဆုကို ဆွတ်ခူးဖို့ အသင်းတိုင်းက အပြင်းအထန် ယှဉ်ပြိုင်ကြတော့မှာပါ။ ⚔️🔥
👑ဘယ်အသင်းကအဆုံးမှာ Champion
ဖြစ်လာမလဲ?
ပွဲတိုင်းကို မလွတ်တမ်း စောင့်ကြည့်ပြီး
ကိုယ်အားပေးတဲ့အသင်းကို
အားပေးလိုက်ကြရအောင်!💙
See you at the Grand Final! 🏆🔥
20/08/2026
Talents Announcement! ✨
We are thrilled to introduce our featured talents for the upcoming event!
Join us in welcoming MING () and HNINN INZALI ()! 🎤🔥
Stay tuned for more exciting updates and make sure to follow our official pages:
🔹 Facebook: Yangon University Esports Association - YUEA
🔹 TikTok: yuea_official
Talents Announcement ✨
လာမယ့်ပွဲမှာ ပါဝင်အားဖြည့်ပေးသွားကြမယ့် ကျွန်တော်တို့ရဲ့ Talents တွေကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးလိုက်ပါတယ်။ 🎤🔥
MING () နဲ့
HNINN INZALI () တို့ကို ပရိသတ်ကြီးနဲ့အတူ ကြိုဆိုလိုက်ကြရအောင်နော်။
စိတ်လှုပ်ရှားစရာ အစီအစဉ်တွေကို ဆက်လက်ကြည့်ရှုနိုင်ဖို့ ကျွန်တော်တို့ရဲ့ Official Page တွေကို Follow လုပ်ထားဖို့ မမေ့နဲ့နော်။
🔹 Facebook: Yangon University Esports Association - YUEA
🔹 TikTok: yuea_official
20/08/2026
🎮🔥 𝗪𝗵𝗲𝗿𝗲 𝗴𝗮𝗺𝗶𝗻𝗴 𝗺𝗲𝗲𝘁𝘀 𝘁𝗵𝗲 𝗿𝗵𝘆𝘁𝗵𝗺 💃🏻
YU Esports Qualifier Competition ရဲ့ စိတ်လှုပ်ရှားစရာနေ့တစ်နေ့မှာ ရန်ကုန်တက္ကသိုလ်ရဲ့
YU Dance Club (YUDC) ကလည်း အားအင်အပြည့်နဲ့ ပါဝင်ဖျော်ဖြေသွားမယ်ဆိုတာ
သိပြီးကြပြီလား?👀
Esports ကစားသမားတွေရဲ့ intense gameplay တွေ၊ ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့အတူ
YUDC ရဲ့ energetic dance performance ကလည်း ဒီ Qualifier Competition ရဲ့ အငွေ့အသက်ကို ပိုမိုစည်ကားပြီး အရှိန်အဟုန်ပြည့်စေမှာ ဖြစ်ပါတယ်! ⚡️💃🏻
Game ရဲ့ excitement နဲ့ Dance ရဲ့ energy ကို တစ်နေရာတည်းမှာ ခံစားဖို့ လာမယ့် 21 ရက်နေ့မှာ အတူတူဆုံကြမယ်နော်!👀🔥
📅 21 August 2026
📍Recreation Centre,University of Yangon
YUDC Tiktok - https://www.tiktok.com/.25?_r=1&_t=ZS-98tnCK3nBwr
YUDC fb page - https://www.facebook.com/share/1NzT5x7aF8/
YUEA Tiktok- https://www.tiktok.com/?_r=1&_t=ZS-98tjXeCdwqv
Email- [email protected]