The Healing Room by For You Yoga

The Healing Room by For You Yoga

Share

Awaken your soul, find peace within, and let each breath guide you to harmony. Experience healing like never before.

Reiki Healing for your healthy and happy living.🍃

22/07/2026

အမြဲတမ်း strong ဖြစ်အောင်နေရတာ… ပင်ပန်းနေပြီလား?

မိသားစုအတွက်…
အလုပ်အတွက်…
ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်…

အမြဲစဉ်းစားပေးခဲ့တယ်။
အမြဲဖြေရှင်းပေးခဲ့တယ်။
အမြဲ “အဆင်ပြေပါတယ်” လို့ ပြောခဲ့တယ်။

ဒါပေမယ့်…

ကိုယ့်စိတ်က ဘယ်လိုနေလဲဆိုတာကို နောက်ဆုံး ဘယ်အချိန်က မေးခဲ့ဖူးလဲ?

တစ်ခါတလေ လိုအပ်တာက
ပိုကြိုးစားဖို့ မဟုတ်ပါဘူး။

ခဏရပ်ဖို့…
အသက်ရှူဖို့…
ကိုယ့်ကိုယ်ကို ပြန်နားထောင်ဖို့ပါ။🌿

15/07/2026

“ခန္ဓာကိုယ်က လှဲနေပေမယ့်… စိတ်က တကယ်ပဲ အနားရရဲ့လား?”

အလုပ်ပြီးလို့ ဖုန်းလေးကြည့်ရင်း နားနေပေမယ့်လည်း...
အိပ်ချင်စိတ်ရှိလျက်နဲ့ အိပ်မပျော်ဘူး။ စိတ်က မရပ်မနားဘဲ အတွေးတွေ ပတ်ချာလည်နေတယ်။ တစ်နေ့လုံး ပင်ပန်းနေပြီး အာရုံစိုက်ရ ခက်တာ၊ စိတ်တိုလွယ်လာတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

ဒါဟာ တစ်ပတ်လုံး အလုပ်နဲ့ တာဝန်တွေနောက် ပြေးလွှားရင်း ကျွန်မတို့ရဲ့ အာရုံကြောစနစ်က (Nervous System) “အမြဲတမ်း အလုပ်လုပ်နေရတဲ့ mode” ထဲမှာ ပိတ်မိပြီး နားရမှန်း မသိတော့တဲ့ သဘောပါပဲ။

ခန္ဓာကိုယ်တင်မကဘဲ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့နဲ့ စွမ်းအင်တွေ ပြန်ဖြည့်ဖို့ တစ်နာရီလောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီး ခဏရပ်နားပေးဖို့ လိုအပ်ပါတယ်။

🌿 Come Back to Yourself!
အသက်ရှူခြင်းနဲ့အတူ ရင်ဘတ်ထဲက မွန်းကြပ်မှုတွေကို လွှတ်ချပြီး မိမိကိုယ်မိမိ ပြန်လည်ချိတ်ဆက်မယ်။ယောဂနဲ့ ညင်သာတဲ့ လှုပ်ရှားမှုတွေကတစ်ဆင့် ခန္ဓာကိုယ်ထဲက တောင့်တင်းပင်ပန်းမှုတွေကို ပြေလျော့စေပြီး၊ အတွေးတွေရဲ့ ဆူညံသံကို ခဏပိတ်ကာ စစ်မှန်တဲ့ စိတ်အေးချမ်းမှုကို နှလုံးသားထဲကနေ ခံစားရစေမှာ ဖြစ်ပါတယ်။

ဒီသောကြာညနေခင်းမှာ ပင်ပန်းနွမ်းနယ်မှုတွေကို နှုတ်ဆက်ပြီး ကိုယ့်စိတ်နှလုံးသားလေးဆီ အတူတူ ပြန်လာကြရအောင်။

📆လာမယ့် ဇူလိုင်လ ၁၇ ရက်
📆နေ့ရက် - သောကြာနေ့
⏰အချိန် - ညနေ ၆:၀၀ နာရီ

စိတ်နှလုံး ငြိမ်သက်အေးချမ်းမယ့် သီးသန့်အချိန်လေးတစ်ခုကို အတူတူ ဖန်တီးကြပါစို့။

📩 In person session လေးမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Message ကတစ်ဆင့် လှမ်းပြီး စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

အမှတ် -၁၉၂၊မဟာဗန္ဓုလလမ်း၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။
09953353363

08/07/2026

Come Back to Your Self
နေ့စဉ်ဘဝရဲ့ တာဝန်တွေ၊ အလုပ်ကိစ္စတွေ၊ အလျင်လိုနေတဲ့ အချိန်တွေကို ခဏလောက် ဘေးဖယ်ထားလိုက်ရအောင်လား။
တခါတရံမှာ အစ်မတို့ဟာ ပြင်ပလောကရဲ့ လှုပ်ရှားမှုတွေကြားမှာ ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ဝေးကွာသွားတတ်ကြတယ်။ ဒီအချိန်မှာ အစ်မတို့ လိုအပ်နေတာက ကိုယ့်ရဲ့ မူလစွမ်းအင်နဲ့ ပြန်လည် ချိတ်ဆက်ဖို့ပါပဲ။
ဒီအစီအစဉ်လေးမှာ ကတော့ -

အာရုံကြောစနစ်ကို ငြိမ်းချမ်းစေပြီး ပစ္စုပ္ပန်တည့်တည့်မှာ တည်ရှိနေစေဖို့၊

ခန္ဓာကိုယ်က သယ်ဆောင်ထားတဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပြီး လန်းဆန်းစေဖို့၊

စိတ်ရဲ့ ကြည်လင်မှုနဲ့ အတွင်းစိတ်ရဲ့ တည်ငြိမ်မှုကို ပြန်လည်ဖြည့်တင်းဖို့၊

ဒီလိုအရာတွေကို ပေါင်းစပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည် ပွေ့ဖက်ကြမယ်။စိတ်နဲ့ ခန္ဓာ ပြန်လည် တည့်မတ်သွားတဲ့အခါ အလုပ်ကိစ္စတွေ၊ ကိုယ့်ရဲ့ ခေါင်းဆောင်မှုတွေမှာပါ ပိုပြီး ထက်မြက်၊ ပိုပြီး တည်ငြိမ်လာမှာပါ။
ဒီတစ်ခေါက်မှာတော့ ကိုယ့်အတွက် အချိန်ပေးပြီး stress တေ လျှော့ချကြမယ်။
အချိန်⏰ Thu 6:00 PM
Address & Contact:
📍 အမှတ်-၁၉၂၊ မဟာဗန္ဓုလလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
📞 09 9533 533 63

02/07/2026

Take a breath. Come back to yourself. ✨
၂၀၂၆ ရဲ့ နှစ်ဝက်ကျိုးသွားတဲ့ ဒီအချိန်မှာ… ကိုယ့်စိတ်နဲ့ ကိုယ့်ရုပ် ဘယ်လောက်အထိ အပြေးအလွှား သွားနေခဲ့လဲ?
နေ့စဉ်ဖြတ်သန်းမှုတွေ၊ အလုပ်ရှုပ်မှုတွေကြားထဲ ခဏလောက်ရပ် (Pause)၊ အသက်ဝဝရှူ (Breathe) ပြီး ကိုယ့်စိတ်ကို ပြန်လည်ပြင်ဆင် (Reset) ဖို့ ဒီသောကြာနေ့ညနေခင်းလေးမှာ ဖိတ်ခေါ်ချင်ပါတယ်။
Breathwork, Meditation နဲ့ Guided Reflection တွေကတစ်ဆင့် ပင်ပန်းနွမ်းနယ်သမျှကို အနားပေးပြီး ကိုယ့်ကိုယ်ကို ပြန်လည်ချိတ်ဆက်မယ့် သီးသန့် Session လေးတစ်ခု။ ညနေခင်းအပန်းဖြေမှုလေးတစ်ခုအဖြစ် အတူတူ အမောဖြေကြရအောင်။
📅 Date: July 3, 2026 (Friday)
⏰ Time: 6:00 PM
📍 Location: For You Yoga
🎟️ Limited seats available.
ဆက်သွယ်စာရင်းပေးသွင်းရန် -
လိပ်စာ: အမှတ်-၁၉၂၊ မဟာဗန္ဓုလလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
📞 09 9533 533 63

21/06/2026

🌿 Healing & Inner Peace Meditation 🌿

International Yoga Day အထိမ်းအမှတ် Meditation Session လေးအပြီး ရရှိခဲ့တဲ့ feedback လေးတွေကို ဖတ်ကြည့်ပါ … ကိုယ်တိုင်ရော ဒါမျိုး ခံစားချက်လေးတွေ ရချင်လား …

💚 “စိုးရိမ်ပူပန်မှုတွေကို ပုံဖော်ပြီး လွှတ်ပစ်လိုက်ရတာ စိတ်ပေါ့ပါးသွားတယ်”

💚 “Self-reflection လုပ်ခွင့်ရခဲ့တယ်”

💚 “စိတ်လက်ပေါ့ပါးသွားတယ်”

💚 “Learn to relax”

💚 “ငြိမ်းချမ်းမှုအရသာကို ခံစားရပြီး တည်ငြိမ်မှု ရရှိခဲ့တယ်”

💚 “ဒီ Session ကို တက်ရတာ အလွန်ကျေနပ်မိတယ်”

တခါတရံ ကျမတို့ လိုအပ်နေတာက အဖြေတွေအားလုံး မဟုတ်ပါဘူး။

ခဏရပ်တန့်ဖို့…
အသက်ရှူဖို့…
ကိုယ့်ကိုယ်ကို ပြန်နားထောင်ဖို့…

အချိန်လေးတစ်ခုသာ ဖြစ်နိုင်ပါတယ်။

ယနေ့ညနေ အတူတကွ Healing Meditation လုပ်ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါတယ် 🌿

Peace is not something you find.
It is something you create within.

The Healing Room | For You Yoga

အမှတ်-၁၉၂၊မဟာဗန္ဓုလလမ်း၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြိူ့နယ်၊ရန်ကုန်။
09 9533 533 63

20/06/2026

🧘‍♀️ International Yoga Day Special

စိတ်နှလုံးငြိမ်းချမ်းကုစားခြင်း ကျင့်စဉ်

Healing & Inner Peace Meditation

📅 21 June 2026 (Sunday)
⏰ 5:00 PM – 6:00 PM
📍 For You Yoga Center
🎁 Participation Fee - Free

နေ့စဉ်ဘဝရဲ့ အလျင်အမြန်သွားလာမှုများကြားမှာ ခဏရပ်တန့်ပြီး ကိုယ်နဲ့ကိုယ် ပြန်လည်ချိတ်ဆက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဤကျင့်စဉ်အတွင်း

✨ Gentle Breath Awareness
✨ Guided Relaxation
✨ Gratitude & Inner Reflection

တို့ကို အတူတကွ လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

ယောဂလေ့ကျင့်ဖူးသူရော မလေ့ကျင့်ဖူးသူများပါ ပါဝင်နိုင်ပြီး စိတ်အေးချမ်းမှု၊ စိတ်ကြည်လင်မှုနှင့် အတွင်းစိတ်တည်ငြိမ်မှုကို အတွေ့အကြုံရရှိစေမည့် အချိန်လေးတစ်ခု ဖြစ်ပါလိမ့်မယ်။

🌿 Note:
သက်သောင့်သက်သာရှိသော ဝတ်စုံဖြင့် လာရောက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Page messenger မှတဆင့် စာရင်းပေးသွင်းပါ

လိပ်စာ -အမှတ်၁၉၂၊ မဟာဗန္ဓုလလမ်းမပေါ်၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။ 09953353363






17/06/2026

🌿 သင့်စိတ်ဝိဉာဉ်လေး အေးချမ်းစွာ အနားယူနိုင်ဖို့ "၄-၇-၈" အသက်ရှူကျင့်စဉ်
တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ ပြေးလွှားရုန်းကန်နေရတဲ့ စိတ်ဖိစီးမှုတွေကြားမှာ သင့်ကိုယ်သင် အနားပေးဖို့ မေ့နေတတ်ကြပါသလား?
လာမယ့် ဇွန်လ (၂၁) ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ (International Yoga Day) ကို ကြိုဆိုတဲ့အနေနဲ့ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေမတိုင်ခင် သင့်ရဲ့ ပင်ပန်းနေတဲ့ စိတ်ဝိဉာဉ်လေးကို အရင်ဆုံး ပြန်လည်ကုစားပေးနိုင်မယ့် အသက်ရှူခြင်းအနုပညာ (Pranayama) လေးကို မျှဝေပေးချင်ပါတယ်။
ဆေးပညာရှင်တွေပါ ထောက်ခံထားပြီး နေရာမရွေး၊ အချိန်မရွေး (၅) မိနစ်အတွင်း လေးလံနေတဲ့ စိတ်တွေကို ပေါ့ပါးသွားစေမယ့် "4-7-8 Breathing Technique" လေးကို The Healing Room ကနေ နွေးထွေးစွာ လက်ဆောင်ပါးလိုက်ပါတယ်။
🍃 **ဒီ "4-7-8" အသက်ရှူကျင့်စဉ်လေးက သင့်အတွက် ဘယ်လိုအေးချမ်းမှုတွေ ယူဆောင်လာပေးမလဲ?**
* ပူပန်သောကရောက်နေတဲ့ စိတ်အစဉ်ကို ချက်ချင်း တည်ငြိမ်သွားစေခြင်း
* တွေးလွန်ပြီး အိပ်မပျော်တဲ့ ညတွေအတွက် နှစ်ခြိုက်အေးချမ်းစွာ အိပ်မောကျစေခြင်း
* မောပန်းနေတဲ့ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပေါ့ပါးသွားစေခြင်း
* ရှုပ်ထွေးနေတဲ့ အတွေးတွေကို ရှင်းလင်းသွားစေပြီး ပစ္စုပ္ပန်မှာ အပြည့်အဝ နေထိုင်နိုင်ခြင်း
🧘‍♀️ **ဘယ်လို အသက်ရှူကြမလဲ?**
ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်မယ့် အနေအထားမှာ ထိုင်ပါ (သို့မဟုတ်) လှဲလျောင်းနေပါ။ မျက်လုံးလေးတွေကို ညင်သာစွာ မှိတ်ထားပြီး ကိုယ်ပေါ်က အလေးအပင်တွေ အားလုံးကို လွှတ်ချလိုက်ပါ။
* **အဆင့် (၁) |** နှာခေါင်းကနေ လေကို အဆုတ်ထဲ ပြည့်ဝသွားတဲ့အထိ ဖြည်းဖြည်းချင်း ရှူသွင်းပါ။ (၄ စက္ကန့်)
* **အဆင့် (၂) |** ဝင်လာတဲ့ လေလေးကို ခန္ဓာကိုယ်ထဲမှာ ခဏတာ ငြိမ်သက်စွာ ထိန်းထားပေးပါ။ (၇ စက္ကန့်)
* **အဆင့် (၃) |** ပါးစပ်လေးကို ဟပြီး ကိုယ်တွင်းက မွန်းကျပ်မှုတွေ၊ စိတ်ဖိစီးမှုတွေ အားလုံးကို လေနဲ့အတူ "ရှူး..." ဆိုတဲ့ အသံလေးနဲ့ ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပါ။ (၈ စက္ကန့်)
> **မှတ်ချက်။** ဒီလိုမျိုး (၄ စက္ကန့် ရှူ၊ ၇ စက္ကန့် အောင့်၊ ၈ စက္ကန့် ရှူထုတ်) အလှည့်ကျစနစ်လေးကို ၄ ကြိမ်ကနေ ၅ ကြိမ်လောက်အထိ ဖြည်းဖြည်းချင်း ထပ်ခါတလဲလဲ လုပ်ဆောင်ပေးပါ။
>
💡 **The Healing Room ၏ အကြံပြုချက်**
အသက်ရှူနေတဲ့ အချိန်လေးမှာ တခြား ဘာကိုမှ တွေးမနေဘဲ ဝင်လေ၊ ထွက်လေတိုင်းမှာ ပါသွားတဲ့ သင့်ရဲ့ ခံစားချက်လေးတွေအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ပေးပါ။ မိနစ်ပိုင်းအတွင်းမှာပဲ သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံး ငြိမ်းချမ်းပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။

ဒီရက်ပိုင်းလေးမှာ မိမိကိုယ်ကို ချစ်တဲ့အနေနဲ့ ဒီရိုးရှင်းတဲ့ အသက်ရှူနည်းလမ်းလေးနဲ့ စတင်ပြီး စိတ်ကို ကုစားကြည့်ပါ။

09 953353363

16/06/2026

ရင်ထဲကအပူတွေကို ရေခဲကန်ထဲမှာ released လုပ်ခဲ့ပြီး ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ Mindset အသစ်တစ်ခုကို အတူတူ ဖော်ဆောင်ခဲ့ကြတဲ့ Ice Bath Retreat လေးဟာ တကယ့်ကို အနှစ်သာရရှိပြီး စိတ်လှုပ်ရှားစရာ၊ ကြည်နူးစရာ အခိုက်အတန့်တွေနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။

🧠 "၁၅မိနစ်" ကို ကျော်ဖြတ်ပြီး မွေးဖွားလာတဲ့ Powerful Mindset
ရေခဲကန်ထဲ စစချင်းဝင်ချင်းမှာ “အေးတယ်၊ မလုပ်နိုင်ဘူး၊ ပြန်ထွက်ချင်တယ်” ဆိုတဲ့ အတွေးတွေကို ကိုယ်တိုင် ရင်ဆိုင်ရင်း... ဖြည်းဖြည်းချင်း အသက်ရှူသံကို ထိန်းညှိ၊ စိတ်ကို လျှော့ချပြီး ၁၅မိနစ် ဆိုတဲ့ အတားအဆီးကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်တဲ့ မျက်နှာထက်က တည်ငြိမ်မှုတွေကို မြင်ရတာ တကယ့်ကို ပီတိဖြစ်ရပါတယ်။

စိတ်ခွန်အားအသစ်တွေနဲ့ မိုးရာသီကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။

သိပ်မကြာခင်မှာလည်း Holistic retreat တွေ ပြုလုပ်သွားဖို့ရှိတာကြောင့် ပြန်လည်ဆုံတွေ့ကြပါမယ်နော်။ ✨

Photos from The Healing Room by For You Yoga's post 16/06/2026

ရင်ထဲကအပူတွေကို ရေခဲကန်ထဲမှာ released လုပ်ခဲ့ပြီး ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ Mindset အသစ်တစ်ခုကို အတူတူ ဖော်ဆောင်ခဲ့ကြတဲ့ Ice Bath Retreat လေးဟာ တကယ့်ကို အနှစ်သာရရှိပြီး စိတ်လှုပ်ရှားစရာ၊ ကြည်နူးစရာ အခိုက်အတန့်တွေနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။

🧠 "၁၅မိနစ်" ကို ကျော်ဖြတ်ပြီး မွေးဖွားလာတဲ့ Powerful Mindset
ရေခဲကန်ထဲ စစချင်းဝင်ချင်းမှာ “အေးတယ်၊ မလုပ်နိုင်ဘူး၊ ပြန်ထွက်ချင်တယ်” ဆိုတဲ့ အတွေးတွေကို ကိုယ်တိုင် ရင်ဆိုင်ရင်း... ဖြည်းဖြည်းချင်း အသက်ရှူသံကို ထိန်းညှိ၊ စိတ်ကို လျှော့ချပြီး ၁၅မိနစ် ဆိုတဲ့ အတားအဆီးကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်တဲ့ မျက်နှာထက်က တည်ငြိမ်မှုတွေကို မြင်ရတာ တကယ့်ကို ပီတိဖြစ်ရပါတယ်။

> "ငါ ဒီလောက်အေးစိမ့်နေတဲ့ ဒဏ်ကိုတောင် တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ရင် လောကကြီးရဲ့ ဘယ်လိုခက်ခဲမှုကိုမဆို ငါ့စိတ်က ခံနိုင်ရည်ရှိမှာပါ" ဆိုတဲ့ အတွင်းစိတ်ခွန်အားကို လူကိုယ်တိုင် သက်သေပြသွားခဲ့ကြတာဖြစ်ပါတယ်။

*🧘‍♂️ ခန္ဓာကိုယ်နဲ့ စိတ်ကို ပေါ့ပါးငြိမ်သက်သွားအောင် ချိတ်ဆက် ပြင်ဆင်ခဲ့ကြတဲ့အချိန်

*🧊 အေးခဲနေတဲ့ ရေခဲကန်ထဲမှာ Stress တွေကို လွှတ်ချပြီး ကိုယ့်ရဲ့ အတွင်းစိတ်ခွန်အားကို အပြည့်အဝ ဖော်ထုတ်ခဲ့ကြတဲ့ မိနစ်စက္ကန့်များ

*🧠 ရင်ထဲက အပူတွေကို ဖွင့်ချပြီး တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာ ကုစားပေးခဲ့ကြတဲ့ Healing Circle time လေးတွေကနေ လေးလံဖိစီးနေတဲ့ သယ်ပိုးထားတဲ့ အရာတွေ လွှတ်ချနိုင်ခဲ့ကြမယ်လို့ ယုံကြည်ပါတယ်။

ဒီတစ်ခေါက်မှာ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို The Healing Room အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင် ဂုဏ်ယူပါတယ်။

စိတ်ခွန်အားအသစ်တွေနဲ့ မိုးရာသီကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။

သိပ်မကြာခင်မှာလည်း Holistic retreat တွေ ပြုလုပ်သွားဖို့ရှိတာကြောင့် ပြန်လည်ဆုံတွေ့ကြပါမယ်နော်။ ✨

09953353363

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


192, Maharbandoola Street, Ward 37, North Dagon
Yangon
11421