03/09/2026
မပူနဲ့ ပေါင်သန်း 500 ပေးသုံးမယ့် INEOS
ကစားသမားတွေ မခေါ်ပေးလို့ စိတ်တိုနေတဲ့ ပရိသတ်တွေအတွက် လာမယ့် ဈေးကွက်ရာသီမှာတော့ INEOS က ပေါင်သန်း 500 သုံးခွင့်ပေးမယ်လို့ အသိပေးထားကြောင်း The Telegraph က ဖော်ပြထားပါပြီ။
ဗဟိုခံစစ်နှစ်ဦး နဲ့ ဘယ်နောက်ခံတစ်ဦးကို ဦးစားပေးခေါ်ယူသွားဖြစ်တယ်လို့လည်း သိရပါတယ်။ တကယ်လား ခြွေးသိပ်ပေးတာလားတော့ ဆောင်းဈေးကွက်မှာ သိရပါမယ်။
ပရိသတ်တို့အနေနဲ့ရော ငွေသုံးရမယ်ဆိုရင် ဘယ်နေရာကို အဓိက အားပြုခေါ်ယူချင်လဲဆိုတာကို ဆွေးနွေးပေးပါဦး။
01/09/2026
မင်းတို့ အရမ်းကောင်းတယ်ပြောပြောနေတဲ့ ဒီဘရိုင်းလောက်ကတော့ ဘရူနိုက ရယ်ပါတယ်။ အသင်းနိမ့်ပါးနေချိန်မှာတောင် အပြည့်အဝ ထမ်းတင်ပေးထားနိုင်တဲ့ ခေါင်းဆောင်စစ်စစ်ကြီး ဘရူနိုပါပဲ။ ယူနိုက်တက်အသင်း ပြန်လည် ဦးမော့လာချိန်မှာလည်း ပေးဆပ်ထားရတာတွေနဲ့ ထိုက်တန်တဲ့ ဆုလာဘ်လေးကို ဘရူနိုကို ရစေချင်မိပါတယ်ခင်ဗျာ။
31/08/2026
အို့ထရတ်ဖို့မြေဆိုတာ မင်းရဲ့အိမ်ပါပဲ မားကပ်ရေ
ပြီးခဲ့တဲ့ ပွဲစဉ်မှာ မားကပ်ရတ်ဖို့တစ်ယောက် ပွဲအပြီးမှာ ကလေးတစ်ယောက်လို အသင်းဖော်တွေနဲ့ ရယ်လိုက် မောလိုက် ပြေးလိုက် ပျော်လိုက် ဖြစ်နေတာလေးက ပရိသတ်တွေကို စိတ်ချမ်းသာစေခဲ့ပါတယ်။ မန်ယူမှာ မားကပ်တစ်ယောက် အတော်လေး ပျော်နေပါပြီ။
မင်းဘာသာ စပိန်မှာ လာလီဂါ ဖလားတွေ ဘာတွေ ဘယ်လောက်ပဲ ရခဲ့ပါစေ အို့ထရတ်ဖို့ရဲ့ အငွေ့အသက် ၊ ဒီမြေရဲ့ စည်းရုံးချစ်ခင်မှုတွေကိုတော့ ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ အို့ထရတ်ဖို့ဆိုတာ မင်းရဲ့ အိမ်ပါပဲ မားကပ်ရေ။
30/08/2026
Masterpiece တစ်ပုဒ်လို ခံစားရစေတဲ့ ဘရူနို
ကဲ ဘရူနိုကတော့ ဘရူနိုပဲ ဆိုတာ ပြသလိုက်ပါပြီ။ တစ်ပွဲလောက် စွမ်းဆောင်ရည် မထွက်တာနဲ့ ဝေဖန်လေကန်နေတဲ့ အီးယောင်ဝါး ဖန်တွေကိုလည်း ဘရူနိုက ဘာကောင်လဲဆိုတာကို ပြသလိုက်ပါပြီ။ တကယ့်ကို Masterpiece လက်ရာတစ်ပုဒ်ကို ရှုစားနေရတဲ့ အတိုင်းပါပဲလား ဘရူနိုရေ။ ဘရူနိုရဲ့ ဟက်ထရစ်အတွက် အရေးပါခဲ့ဆုံးသူက ကိုဘီမိန်းနူးပါပဲ။ နှစ်ယောက်ကို ပေါင်းပြီးချီးကျူးမှ ပိုပြည့်စုံပါမယ်။ မန်ယူဟာ မန်ယူ ပီသနေဆဲ ဖြစ်ပါတယ်ခင်ဗျာ။
28/08/2026
အို့ထရတ်ဖို့ မြေမှာ တရားရေအေးအမြိုက်ဆေးတွေ တိုက်ကျွေးမှာ မဟုတ်တော့ပါ။ ရှေ့ပွဲက ခြေချော်ထားတာကြောင့် အခုပွဲကတော့ မန်ယူတကယ်ကန်ပါပြီ။ အစ်ဝှစ်ကလည်း တန်းတက် မအူမလည်လေးဆိုတော့ ဒုက္ခနဲ့ လှလှတွေ့ပါပြီ။ မန်ယူ အနည်းဆုံး လေးဂိုး ပြတ်ပါမည်။
28/08/2026
လွန်ခဲ့သော 15 နှစ်က ဒီလိုနေ့မျိုးလေးမှာပါ။
ဒါလေး ကျန်ခဲ့ပါတယ်
တိုက်ဆိုင်မှုတွေ ရှိရင်တော့ ခွင့်လွှတ်ပါ။
27/08/2026
ချန်ပီယံလိဂ် မဲခွဲမှုတော့ ပြီးပြီ။ တီကို နဲ့ ဘိုင်ယန်ကလွဲပြီး ကျန်အသင်းတွေဆိုတာက မန်ယူထထပြီး အချိန်မရွေး အမြီးပုတ်လိုက် ခေါင်းပုတ်လိုက် လုပ်နေကြအသင်းတွေဆိုတော့ အေးဆေးပါပဲ။ တစ်ဆင့်ပြီး တစ်ဆင့်သွားရမယ်။ ဒါမှလည်း လေးလုံးမြောက် ဆုဖလားကြီးကို အို့ထရတ်ဖို့ဆီ သယ်လာနိုင်မှာဖြစ်ပါတယ်။ အားပေးဖို့ အသင်းပဲလားဗျို့။
Home
ဘိုင်ယန်
ရိုးမား
လိုပ်ဇစ်
Sabah
Away
အက်သလက်တီကို
စပို့တင်း
ဗီလာရီရဲလ်
ကိုမို
.......
26/08/2026
ဘယ်နောက်ခံတစ်ဦးအတွက် ဘုန်းမောက်နဲ့ညှိနှိုင်းနေပြီဖြစ်တဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကို အားဖြည့်ပြီးတဲ့နောက် အသင်းမှာလိုအပ်ချက်လိုဖြစ်နေတဲ့ ဘယ်နောက်ခံရောကို စဉ်းစားလာပါပြီ။ ဒေါ်ကူက ဘယ်နောက်ခံဆိုပေမယ့် ကာရစ်ကသူ့ကို ဘယ်တောင်ပံမှာ သုံးနေပါတယ်။ ဆိုတော့ လုခ်ရှောတစ်ယောက်တည်းနဲ့ မလုံလောက်တော့ပါဘူး။ ဒီအတွက် မန်ယူက ဘုန်းမောက်အသင်းရဲ့ ဘယ်နောက်ခံလူ ထရူဖတ်ကို ခေါ်ယူဖို့ မျက်စိကျလာပါတယ်။ ၂၄ နှစ်သား ပြင်သစ်နောက်ခံလူအတွက် မန်ယူက ဘုန်းမောက်အသင်းနဲ့ စတင်ညှိနှိုင်းနေပြီလို့ သိရပါတယ်။ ဘုန်းမောက်က ကစားသမားကို မရောင်းချင်ပေမယ့် ရောင်းချင်တဲ့ဈေးပေးခေါ်ရင်တော့ ထရုဖတ်ဟာ အို့ထရတ်ဖို့ဆီ ရောက်လာနိုင်ပါတယ်ခင်ဗျာ။
25/08/2026
အသက် ၂၀ ၊ ကြယ်ပွင့် ခံစစ်မှူးကို မန်ယူထပ်ခေါ်ဦးမယ်
မန်ယူအသင်းမှာ ခံစစ်လိုအပ်ချက်က သိသာနေပါတယ်။ ကွင်းလယ်လူတွေ တစ်ယောက်ပြီးတစ်ယောက်ခေါ်ပြီးနောက် ဈေးကွက်မပိတ်ခင်မှာ ခံစစ်မှူးတစ်ယောက်လောက်တော့ ခေါ်သွားဖို့ ရှိပါတယ်။ စတုဂတ် ကြယ်ပွင့် Finn Jeltsch ကို ယူနိုက်တက် ကင်းထောက်တွေ မျက်စိ
ကျနေပါတယ်။ ဆိုတော့ ဒီ ဈေးကွက်အတွင်း မန်ယူက စတုဂတ်နဲ့ ဆက်သွယ်လာနိုင်ပါတယ်။
Jeltsch ရဲ့ စာချုပ်သက်တမ်းက ၂၀၃၀ ခုနှစ်အထိ ရှိနေပြီး စတုဂတ်ဘက်က အသက် ၂၀ အရွယ် ခံစစ်မှူးအတွက် ယူရို သန်း ၅၀ ဝန်းကျင် တောင်းဆိုနိုင်ပါတယ်ခင်ဗျာ။
24/08/2026
တိုက်စစ်နေရာစုံကစားနိုင်တဲ့ ကစားသမားအတွက် ကြိုးစားလာနိုင်တဲ့ မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား အစ္စမိုင်လာ ဆာရ်ရဲ့ အနာဂတ်အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တူရကီကလပ် ဂါလာတာစာရေးက ဆီနီဂေါလက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပါတယ်။
TEAMtalk ရဲ့ ဖော်ပြချက်အရ ဂါလာတာစာရေးဟာ ဆာရ်နဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို သဘောတူညီမှုရထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပြောင်းရွှေ့ကြေးအတွက်တော့ သဘောတူညီမှု မရသေးပါဘူး။
ပဲလေ့စ်ဘက်က အသက် ၂၇ နှစ်အရွယ် ဆာရ်အတွက် အနည်းဆုံး ပေါင်သန်း ၅၀လောက် ရမှ ရောင်းချဖို့ စဉ်းစားမယ်လို့ သိရပါတယ်။ ဂါလာတာစာရေးကတော့ အစပိုင်းမှာ ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ထားတာကြောင့် နှစ်ဖက်ကြားမှာ ပေါင်သန်း ၂၀ လောက်အထိ ကွာဟချက်ရှိနေပါတယ်။
ဒီအခြေအနေက မန်ချက်စတာယူနိုက်တက်အတွက်တော့ ဆာရ်ကို ဝင်ရောက်ကြိုးစားဖို့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
ယူနိုက်တက်ဟာ ဆာရ်ရဲ့ အရည်အသွေးတွေကို အခုရက်သတ္တပတ်တွေကတည်းက သဘောကျနေခဲ့တာပါ။ ဆာရ်ဟာ ဘယ်တောင်ပံ၊ ညာတောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သလို တိုက်စစ်နံပါတ်ကိုး နေရာမှာလည်း ကစားနိုင်တာကြောင့် တိုက်စစ်ပိုင်းမှာ အသုံးဝင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
အထူးသဖြင့် ဆာရ်ကိုယ်တိုင်ကလည်း မန်ချက်စတာယူနိုက်တက်ကို သဘောကျကြောင်း အရင်က ပြောထားဖူးတာကြောင့် အိုးလ်ထရက်ဖို့ဒ်ကသာ ကမ်းလှမ်းလာမယ်ဆိုရင် သူ့အတွက် စိတ်ဝင်စားစရာကောင်းလာနိုင်ပါတယ်ခင်ဗျာ။