Linux Lab Myanmar

Linux Lab Myanmar

Share

Since its incorporation, “Linux Lab (Singapore) Pte Ltd” has grown by leaps and bounds.

Apart from offering ICT-related services, we now offer a whole array of products and services encompassing Capital Investments, Managed Services, System Integration, Voice and Video Services, VOIP Termination, Security Services, Web Hosting, Data Center Services, VSAT Satellite Internet Services, Software Development, Email (ISP Grade), Storage, Backup, various forms of Trading—in a miscellany of

14/08/2026

System Admin, DevOps ဒါမှမဟုတ် Cloud Engineer အင်တာဗျူးတွေမှာ Linux နဲ့ ပတ်သက်ပြီး အမေးအများဆုံး မေးခွန်း (၅) ခုနဲ့ ၎င်းတို့ရဲ့ အဓိက အဖြေတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

1️⃣ Difference between Soft Link & Hard Link
Soft Link : မူရင်း ဖိုင်ဆီကို ညွှန်းပေးထားတာဖြစ်ပြီး မူရင်းဖိုင် ဖျက်လိုက်ရင် Link လည်း အလုပ်မလုပ်တော့ပါဘူး။ (ln -s နဲ့ တည်ဆောက်ပါတယ်)

Hard Link: မူရင်းဖိုင်ရဲ့ Pointer အစစ်ဖြစ်ပါတယ်။ မူရင်းဖိုင်ကို ဖျက်လိုက်ရင်တောင် Hard Link ကနေ Data ကို ဆက်လက် ရယူနိုင်ပါတယ်။ (ln နဲ့ တည်ဆောက်ပါတယ်)

2️⃣ Disk Space ပြည့်သွားရင် ဘယ်လို Troubleshooting လုပ်မလဲ။
ပထမဦးစွာ df -h Command ကိုသုံးပြီး ဘယ် Partition မှာ နေရာပြည့်နေသလဲ စစ်ဆေးပါတယ်။

နောက်မှ du -sh * | sort -hr Command နဲ့ ဘယ် Directory/File က Size အကြီးဆုံးလဲဆိုတာ ရှာဖွေပြီး မလိုအပ်တဲ့ Log ဖိုင်တွေ ဒါမှမဟုတ် Cache တွေကို ရှင်းထုတ်ပါတယ်။

3️⃣ Linux File Permission ဆိုတာဘာလဲ၊ ဘယ်လို ပြင်မလဲ။
Linux မှာ Permission (၃) မျိုး ရှိပါတယ် - Read (4), Write (2), Execute (1)။

သုံးစွဲသူအမျိုးအစား (၃) မျိုးအတွက် သတ်မှတ်ပေးရပါတယ် - Owner, Group, Others။

chmod 755 filename လို့ ရေးရင် Owner က Full Access (7), Group နဲ့ Others က Read+Execute (5) အသီးသီး ရရှိမှာ ဖြစ်ပါတယ်။

Owner ပြောင်းချင်ရင် chown command ကို သုံးပါတယ်။

4️⃣ System ရဲ့ CPU, Memory နဲ့ Process အခြေအနေကို ဘယ်လို စစ်မလဲ။

top သို့မဟုတ် htop – Real-time CPU နဲ့ Memory သုံးစွဲမှုကို ကြည့်ရန်။

free -m – အသုံးပြုနေတဲ့ RAM ပမာဏကို Megabytes အလိုက် ကြည့်ရန်။

ps aux – လက်ရှိ Running ဖြစ်နေတဲ့ Process တွေအကုန်လုံးကို အသေးစိတ် ကြည့်ရန်။

kill -9 – မလိုအပ်တဲ့ သို့မဟုတ် Freeze ဖြစ်နေတဲ့ Process ကို ပိတ်ရန်။

5️⃣ Linux Boot Process ရဲ့ အဆင့်တွေက ဘာတွေလဲ။
Linux စတင် တက်လာချိန်မှာ အောက်ပါ အဆင့် (၆) ဆင့်အတိုင်း အလုပ်လုပ်ပါတယ် -

BIOS/UEFI: Hardware တွေကို စစ်ဆေးပေးတယ်။

MBR/GPT: Boot Loader ရှိတဲ့နေရာကို ရှာပေးတယ်။

GRUB: ဘယ် Kernel ကို Load လုပ်မလဲ ရွေးချယ်ပေးတယ်။

Kernel: Hardware နဲ့ Software ကြား ချိတ်ဆက်ပေးတယ်။

Init / Systemd: စနစ်ရဲ့ ပထမဆုံး Process (PID 1) ကို စတင်ပေးတယ်။

Runlevel / Target: User Interface (CLI သို့မဟုတ် GUI) ကို တင်ပေးတယ်။

💡 နောက်ထပ် Linux ဆိုင်ရာ ဗဟုသုတတွေကို သိရှိနိုင်ဖို့ Page ကို Like & Share လုပ်ထားဖို့ မမေ့နဲ့နော်! 🚀

27/07/2026

ဇူလိုင်လ (၂၉) ရက်ဗုဒ္ဓဟူးနေ့သည်
ဝါဆိုလပြည့် အဘိဓမ္မာ အခါတော်နေ့ဖြစ်သော ကြောင့်

Linux Lab ရုံးအား ပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးလိုက်ရပါတယ်။

24/07/2026

Company တွေမှာ Linux Administrator တွေကိုဘာကြောင့် လိုအပ်နေတာလဲ?
AI နဲ့ Automation နည်းပညာတွေ တိုးတက်လာပေမယ့် Linux Administrator ဆိုတဲ့ Career ကတော့ IT လောကမှာ အရေးပါတဲ့ Role တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
2026 ခုနှစ်မှာ Linux Administrator တွေကို ဘာကြောင့် Companies တွေက လိုအပ်နေသေးတာလဲ?
AI နဲ့ Automation နည်းပညာတွေ တိုးတက်လာပေမယ့် Linux Administrator ဆိုတဲ့ Career ကတော့ IT လောကမှာ အရေးပါတဲ့ Role တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။

Cloud Server အများစုက Linux ကို အသုံးပြုထားပါတယ်။
AWS, Microsoft Azure, Google Cloud စတဲ့ Cloud Platform တွေရဲ့ Server အများစုဟာ Linux ပေါ်မှာ လည်ပတ်နေတာပါ။

DevOps & Docker/Kubernetes အတွက် Linux က အခြေခံပါ။
Container Technology နဲ့ Modern Infrastructure တွေကို အသုံးပြုချင်ရင် Linux Command နဲ့ System Administration ကို နားလည်ထားဖို့ လိုအပ်ပါတယ်။

Cyber Security မှာ Linux Skill က အားသာချက်တစ်ခု ဖြစ်ပါတယ်။
Server Security, User Permission, Firewall, Log Monitoring နဲ့ System Hardening စတဲ့ အပိုင်းတွေမှာ Linux Administrator တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

AI က ကူညီနိုင်ပေမယ့် အစားမထိုးနိုင်သေးပါ။
AI က Routine Task တွေကို အလိုအလျောက်လုပ်ပေးနိုင်ပေမယ့် Server Troubleshooting၊ Performance Optimization နဲ့ Infrastructure Management လို အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကိုတော့ ကျွမ်းကျင်သူတွေကပဲ ကိုင်တွယ်နိုင်တာပါ။

Career Opportunity တွေ ကျယ်ပြန့်ပါတယ်။
Linux ကို အခြေခံပြီး အောက်ပါ Career Path တွေကို ဆက်လက်တက်လှမ်းနိုင်ပါတယ်။
Linux Administrator
System Engineer
DevOps Engineer
Cloud Engineer
Site Reliability Engineer (SRE)
Cyber Security Engineer
💡 Linux ကို လေ့လာခြင်းက Operating System တစ်ခုကို အသုံးပြုတတ်ရုံမဟုတ်ပါဘူး။ Cloud Computing, DevOps, Cyber Security နဲ့ Enterprise Infrastructure ပိုင်းတွေကို တက်လှမ်းနိုင်ဖို့ အရေးကြီးတဲ့ အခြေခံ Skill တစ်ခုလည်း ဖြစ်ပါတယ်။
Linux Administration ကို MTA နှင့်အတူစတင်လေ့လာနိုင်ပါပြီး။

20/07/2026

🐧 Linux Commands Every Admin Should Know 🖥️🛡️
System Admin တစ်ယောက် ဖြစ်လာပြီဆိုရင် GUI (Graphic Interface) ထက် Terminal (Command Line) ကီးဘုတ်ခလုတ်တွေကြားမှာ ပိုပြီး အချိန်ကုန်ရတာ သဘာဝပါပဲ။ Server တွေကို စနစ်တကျ ထိန်းသိမ်းဖို့နဲ့ တက်လာတဲ့ ပြဿနာတွေကို အမြန်ဆုံး ရှင်းနိုင်ဖို့အတွက် မရှိမဖြစ် သိထားရမယ့် Essential Linux Commands တွေကို စုစည်းပေးလိုက်ပါတယ်။ 👇

1️⃣ systemctl (Service Management)
Server ပေါ်က background services တွေ (ဥပမာ - Nginx, Apache, Docker, SSH) ကို start, stop, restart လုပ်ဖို့နဲ့ status စစ်ဖို့အတွက် အဓိကသုံးပါတယ်။

systemctl status nginx (Nginx service အလုပ်လုပ်နေလား စစ်ရန်)

systemctl restart docker (Docker service ကို restart ချရန်)

2️⃣ ss / netstat (Network Troubleshooting)
Server ပေါ်မှာ ဘယ် Port တွေ ပွင့်နေလဲ၊ ဘယ် Network connections တွေ အလုပ်လုပ်နေလဲဆိုတာကို ရှာဖွေစစ်ဆေးဖို့ သုံးပါတယ်။ (အခုနောက်ပိုင်း netstat နေရာမှာ ပိုမြန်တဲ့ ss command ကို ပိုသုံးကြပါတယ်)။

ss -tuln (ဖွင့်ထားတဲ့ TCP/UDP ports တွေကို ကြည့်ရန်)

netstat -ano (active ဖြစ်နေတဲ့ network connections တွေကို စစ်ရန်)

3️⃣ journalctl / tail (Log Monitoring)
Server မှာ error တက်ရင် ဘာကြောင့်လဲဆိုတာ သိဖို့ log တွေကို အမြဲစစ်ရပါတယ်။ tail -f နဲ့ runtime log တွေကို live စောင့်ကြည့်နိုင်သလို journalctl နဲ့ system logs တွေကို အသေးစိတ် စစ်ဆေးနိုင်ပါတယ်။

tail -f /var/log/nginx/error.log (Error logs များကို realtime စောင့်ကြည့်ရန်)

journalctl -u ssh (SSH service ရဲ့ system logs တွေကို စစ်ရန်)

4️⃣ df & du (Disk Space Management)
Server storage ပြည့်သွားရင် system တစ်ခုလုံး down သွားနိုင်ပါတယ်။ df နဲ့ partition space ကို စစ်နိုင်ပြီး du နဲ့ ဘယ် directory/file က နေရာအများဆုံး ယူထားလဲဆိုတာ ရှာနိုင်ပါတယ်။

df -h (Disk space ကို လူနားလည်လွယ်တဲ့ GB/MB ပုံစံဖြင့် ပြရန်)

du -sh * (လက်ရှိ folder ထဲက ဖိုင်တွဲတစ်ခုချင်းစီရဲ့ size ကို စစ်ရန်)

5️⃣ grep & find (Search Tools)
ထောင်သောင်းချီတဲ့ file တွေထဲကမှ ကိုယ်လိုချင်တဲ့ file သို့မဟုတ် config စာသားတွေကို အမြန်ဆုံး ရှာဖွေဖို့ သုံးပါတယ်။

find /etc -name "*.conf" (/etc အောက်က config file အားလုံးကို ရှာရန်)

grep "error" /var/log/syslog (Log ထဲက "error" ပါတဲ့ စာကြောင်းတွေကို ရှာရန်)

ဒီ command တွေဟာ Admin တစ်ယောက်ရဲ့ နေ့စဉ်အလုပ်တွေကို ပိုမိုမြန်ဆန်စေပြီး server ကို အပိုင်ကိုင်တွယ်နိုင်ဖို့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး command တွေပဲ ဖြစ်ပါတယ်။ 🛠️

💬 ကဲ... မိတ်ဆွေတို့ကော Server troubleshooting လုပ်ရင် ဘယ် Linux command ကို အသုံးအများဆုံးလဲ? Comment မှာ မျှဝေပေးခဲ့ပါဦး!

📢 နောက်ထပ် Linux, Server Admin ဆိုင်ရာ Tips & Tricks တွေကို အမြဲဖတ်ရှုနိုင်ဖို့ Linux Lab Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်! 🚀

17/07/2026

ဇူလိုင်လ (၁၉) ရက် တနင်္ဂနွေနေ့သည်
၇၉ နှစ်မြောက် အာဇာနည်နေ့ဖြစ်ပါသောကြောင့်

Linux Lab ရုံးအား ပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးလိုက်ရပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာဖြင့် ဦးညွှတ်အလေးပြုလိုက်ပါသည်...🙏🏻🌹

06/07/2026

နိုင်ငံတကာ အသိအမှတ်ပြု Exams တွေ ဖြေဆိုဖို့ စိတ်ချရတဲ့ Test Center ရှာနေပြီလား?🎯

နိုင်ငံတကာ အသိအမှတ်ပြု Exam တွေဖြစ်တဲ့ Pearson VUE, Kryterion, ACI, Skills for English (UKVI) , PSI နှင့် Red Hat (Remote) စသည့် Exam များကို မိမိနှင့်အဆင်ပြေနိုင်မယ့် အချိန်မှာ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ဖို့ Linux Lab Global Exam Test Center က အသင့်ရှိနေပါတယ်။

Candidate အများစု Linux Lab Global Exam Test Center ကို ရွေးချယ်ရတဲ့ အကြောင်းရင်းတွေကတော့ 👇

Air-conditioned Rooms: အေးမြပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ စာမေးပွဲခန်းများ။

CCTV Surveillance: လုံခြုံစိတ်ချရမှုကို အပြည့်အဝ အာမခံနိုင်ခြင်း။

Secure Exam Locker: ကိုယ်ပိုင်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းနိုင်မယ့် Locker များ။

Friendly & Professional Support: စာမေးပွဲစတင်စာရင်းသွင်းခြင်း (Registration) မှစတင်၍ ဖြေဆိုပြီးဆုံးသည်အထိ အကောင်းဆုံး ကူညီပံ့ပိုးပေးမယ့် Professional ဝန်ထမ်းများရှိခြင်း။

ဒါကြောင့် 𝐄𝐱𝐚𝐦 တွေကို စိတ်အေးချမ်းသာစွာဖြေဆိုလိုတယ်ဆိုရင် Linux Lab ကိုသာသတိရလိုက်ပါ!

🗨️ 𝐄𝐱𝐚𝐦 အကြောင်းအရာနှင့် ပါတ်သက်ပြီး ဆက်သွယ်မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို 🕘 မနက် (၉)နာရီ မှ 🕔ညနေ (၅)နာရီ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ...

စုံစမ်းမေးမြန်းရန်နှင့် အပ်နှံရန်အတွက်
📩 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿
🌐 𝗪𝗲𝗯𝘀𝗶𝘁𝗲: 𝘄𝘄𝘄.𝗹𝗶𝗻𝘂𝘅𝗹𝗮𝗯.𝗽𝗿𝗼
📞 𝗣𝗵𝗼𝗻𝗲: 𝟬𝟵-𝟵𝟳𝟵𝟮𝟵𝟭𝟵𝟭𝟭, 𝟬𝟵-𝟵𝟰𝟱𝟲𝟱𝟮𝟮𝟰𝟮, 𝟬𝟵-𝟵𝟰𝟱𝟲𝟱𝟮𝟮𝟰𝟯 (𝗩𝗶𝗯𝗲𝗿/𝗖𝗮𝗹𝗹)
📍 𝗔𝗱𝗱𝗿𝗲𝘀𝘀: 𝗦𝗮𝗹𝗼𝗺𝗼𝗻 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗲𝗻𝘁𝗲𝗿, 𝟮𝟮𝟰(𝗔), 𝟮𝗻𝗱 𝗳𝗹𝗼𝗼𝗿, 𝗨 𝗪𝗶𝘀𝗮𝗿𝗮 𝗥𝗼𝗮𝗱, 𝗕𝗮𝗵𝗮𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.

29/06/2026

Linux Administrator တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့! သင်တန်းအပ်နှံဖို့ ၁ ပတ်သာ လိုပါတော့တယ်!
Linux နဲ့ ပတ်သက်ပြီး အတွေ့အကြုံ လုံးဝ မရှိသေးသူများ ၊ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗦𝘆𝘀𝘁𝗲𝗺 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗼𝗿 အနေနဲ့ career ကိုတည်ဆောက်ချင်သူ များ တက်ရောက်သင့်ပါတယ်။
Enterprise Environment မှာ အသုံးပြုနေတဲ့ Linux Administration skills တွေကို လက်တွေ့ကျကျ သင်ကြားပေးသွားမှာဖြစ်လို့ Linux Career ကို စတင်ချင်သူတွေအတွက်ရော၊ Skill Upgrade ပြုလုပ်ချင်သူတွေအတွက်ပါ အထူးသင့်တော်တဲ့ သင်တန်းဖြစ်ပါတယ်။
သင်တန်းရဲ့ အသေးစိတ်အချက်အလက်များ
𝗜𝗻𝘀𝘁𝗿𝘂𝗰𝘁𝗼𝗿 - 𝗦𝗮𝘆𝗮𝗿 𝗠𝗶𝗻 𝗛𝘁𝗲𝘁 𝗣𝗮𝗶𝗻g
𝗦𝘁𝗮𝗿𝘁 𝗗𝗮𝘁𝗲 - 𝗝𝘂𝗹𝘆 𝟲𝘁𝗵, 𝟮𝟬𝟮𝟲
𝗧𝗶𝗺𝗲 - 𝟳:𝟬𝟬 𝗣𝗠 - 𝟵:𝟬𝟬 𝗣𝗠
𝗗𝗮𝘆 - 𝗠𝗼𝗻, 𝗧𝘂𝗲, 𝗙𝗿𝗶
𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀
သင်ကြားပေးမည့် Module များ
𝗖𝗼𝗿𝗲 𝗕𝗮𝘀𝗶𝗰𝘀: 𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻, 𝗜𝗻𝘀𝘁𝗮𝗹𝗹𝗮𝘁𝗶𝗼𝗻 & 𝗣𝗼𝘀𝘁-𝗜𝗻𝘀𝘁𝗮𝗹𝗹 𝗖𝗼𝗻𝗳𝗶𝗴𝘂𝗿𝗮𝘁𝗶𝗼𝗻
𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁: 𝗨𝘀𝗲𝗿 𝗮𝗻𝗱 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁, 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝘄𝗶𝘁𝗵 𝗦𝘆𝘀𝘁𝗲𝗺𝗗
𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴: 𝗡𝗲𝘁𝘄𝗼𝗿𝗸 𝗖𝗼𝗻𝗳𝗶𝗴𝘂𝗿𝗮𝘁𝗶𝗼𝗻 & 𝗦𝗲𝗰𝘂𝗿𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗙𝗶𝗿𝗲𝘄𝗮𝗹𝗹𝗗
𝗢𝗽𝘁𝗶𝗺𝗶𝘇𝗮𝘁𝗶𝗼𝗻: 𝗣𝗿𝗼𝗰𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 & 𝗣𝗲𝗿𝗳𝗼𝗿𝗺𝗮𝗻𝗰𝗲 𝗧𝘂𝗻𝗶𝗻𝗴
𝗦𝘁𝗼𝗿𝗮𝗴𝗲: 𝗙𝗶𝗹𝗲𝘀𝘆𝘀𝘁𝗲𝗺𝘀, 𝗗𝗶𝘀𝗸 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 & 𝗦𝘁𝗼𝗿𝗮𝗴𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗟𝗩𝗠, 𝗡𝗙𝗦)
𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗮𝘀𝗸𝘀: 𝗥𝗲𝗽𝗼𝘀𝗶𝘁𝗼𝗿𝘆 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁, 𝗕𝗼𝗼𝘁 𝗣𝗿𝗼𝗰𝗲𝘀𝘀, 𝗧𝗶𝗺𝗲 𝗦𝘆𝗻𝗰 & 𝗟𝗼𝗴 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
𝗔𝘂𝘁𝗼𝗺𝗮𝘁𝗶𝗼𝗻 & 𝗠𝗼𝗱𝗲𝗿𝗻 𝗧𝗲𝗰𝗵: 𝗦𝗰𝗵𝗲𝗱𝘂𝗹𝗶𝗻𝗴 𝗧𝗮𝘀𝗸𝘀 (𝗖𝗿𝗼𝗻 𝗝𝗼𝗯𝘀) & 𝗖𝗼𝗻𝘁𝗮𝗶𝗻𝗲𝗿 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗣𝗼𝗱𝗺𝗮𝗻)
သင်တန်းအပ်နှံရန်အတွက်
𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿
𝗪𝗲𝗯𝘀𝗶𝘁𝗲: 𝘄𝘄𝘄.𝗹𝗶𝗻𝘂𝘅𝗹𝗮𝗯.𝗽𝗿𝗼
𝗣𝗵𝗼𝗻𝗲: 𝟬𝟵-𝟵𝟳𝟵𝟮𝟵𝟭𝟵𝟭𝟭, 𝟬𝟵-𝟵𝟰𝟱𝟲𝟱𝟮𝟮𝟰𝟮, 𝟬𝟵-𝟵𝟰𝟱𝟲𝟱𝟮𝟮𝟰𝟯 (𝗩𝗶𝗯𝗲𝗿/𝗖𝗮𝗹𝗹)
𝗔𝗱𝗱𝗿𝗲𝘀𝘀: 𝗦𝗮𝗹𝗼𝗺𝗼𝗻 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗲𝗻𝘁𝗲𝗿, 𝟮𝟮𝟰(𝗔), 𝟮𝗻𝗱 𝗳𝗹𝗼𝗼𝗿, 𝗨 𝗪𝗶𝘀𝗮𝗿𝗮 𝗥𝗼𝗮𝗱, 𝗕𝗮𝗵𝗮𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.

03/06/2026

Linux ကိုအခုမှစပြီးလေ့လာမယ့်သူတွေ
𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗦𝘆𝘀𝘁𝗲𝗺 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗼𝗿 အနေနဲ့ career ကိုတည်ဆောက်ချင်သူတွေအတွက်

Linux Lab Myanmar ကနေ 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐋𝐢𝐧𝐮𝐱 𝐒𝐲𝐬𝐭𝐞𝐦𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 (𝐀𝐥𝐦𝐚𝐋𝐢𝐧𝐮𝐱) Batch အသစ်ကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ 🚀

ဒီသင်တန်းမှာ Linux ကို အခြေခံကနေစပြီး Enterprise Environment တွေမှာ အသုံးပြုတဲ့ Administration Skills တွေအထိ သင်ကြားပေးသွားမှာဖြစ်လို့ Linux Career ကို စတင်ချင်သူတွေအတွက်ရော၊ Skill Upgrade လုပ်ချင်သူတွေအတွက်ပါ အဆင်ပြေပါတယ်။

သင်တန်းရဲ့ အသေးစိတ်အချက်အလက်များ

👨‍🏫 𝗜𝗻𝘀𝘁𝗿𝘂𝗰𝘁𝗼𝗿 - 𝗦𝗮𝘆𝗮𝗿 𝗠𝗶𝗻 𝗛𝘁𝗲𝘁 𝗣𝗮𝗶𝗻𝗴
📅 𝗦𝘁𝗮𝗿𝘁 𝗗𝗮𝘁𝗲 - 𝗝𝘂𝗹𝘆 𝟲𝘁𝗵, 𝟮𝟬𝟮𝟲
⏰ 𝗧𝗶𝗺𝗲 - 𝟳:𝟬𝟬 𝗣𝗠 - 𝟵:𝟬𝟬 𝗣𝗠
🗓️ 𝗗𝗮𝘆 - 𝗠𝗼𝗻, 𝗧𝘂𝗲, 𝗙𝗿𝗶
🌐 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀
________________________________________

👨‍🏫 Instructor Profile: ဆရာမင်းထက်ပိုင် အကြောင်း

ဒီသင်တန်းကို သီအိုရီသက်သက် မဟုတ်ဘဲ ပြည်တွင်း လုပ်ငန်းကြီးတွေရဲ့ Enterprise IT Infrastructure တွေကို ကိုယ်တိုင် လက်တွေ့ကိုင်တွယ်နေတဲ့ Expert ကိုယ်တိုင် သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိရာထူး: 𝗦𝗲𝗻𝗶𝗼𝗿 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿 & 𝗜𝗧 𝗧𝗲𝗮𝗺 𝗟𝗲𝗮𝗱𝗲𝗿 (𝗟𝗶𝗻𝘂𝘅 𝗟𝗮𝗯)
လုပ်ငန်းခွင်အတွေ့အကြုံ: 𝗜𝗧 နယ်ပယ်တွင် 𝗠𝗣𝗧, 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 ကဲ့သို့သော လုပ်ငန်းကြီးများ၏ 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 𝗦𝘆𝘀𝘁𝗲𝗺𝘀, 𝗔𝗣𝗜 𝗚𝗮𝘁𝗲𝘄𝗮𝘆𝘀 နှင့် 𝗖𝗹𝗼𝘂𝗱 𝗖𝗹𝘂𝘀𝘁𝗲𝗿 𝗦𝘂𝗽𝗽𝗼𝗿𝘁 ပရောဂျက်များကို (၈) နှစ်ကျော်တိုင်အောင် လက်တွေ့ဦးဆောင် ကျင်လည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ပိုင်ဆိုင်ထားသော ကမ္ဘာ့အသိအမှတ်ပြု (Red Hat) Certifications များ:

🔴 𝗥𝗲𝗱 𝗛𝗮𝘁 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿 (𝗥𝗛𝗖𝗘)
🔴 𝗥𝗲𝗱 𝗛𝗮𝘁 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗦𝘆𝘀𝘁𝗲𝗺 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗼𝗿 (𝗥𝗛𝗖𝗦𝗔)
🔴 𝗥𝗲𝗱 𝗛𝗮𝘁 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗢𝗽𝗲𝗻𝗦𝗵𝗶𝗳𝘁 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗼𝗿
🔴 𝗥𝗲𝗱 𝗛𝗮𝘁 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗶𝗻 𝗢𝗽𝗲𝗻𝗦𝗵𝗶𝗳𝘁 𝗔𝘂𝘁𝗼𝗺𝗮𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗜𝗻𝘁𝗲𝗴𝗿𝗮𝘁𝗶𝗼𝗻
🔴 𝗥𝗲𝗱 𝗛𝗮𝘁 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗶𝗻 𝗔𝗣𝗜 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
🔴 𝗥𝗲𝗱 𝗛𝗮𝘁 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 𝗶𝗻 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗲𝗿 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻
________________________________________

သင်ကြားပေးမည့် Module များ

လုပ်ငန်းခွင်ဝင်တဲ့အခါ တကယ်လိုအပ်မယ့် နည်းပညာတွေကို အခြေခံကစပြီး အသေးစိတ် သင်ကြားပေးသွားမှာပါ -

🔹 𝗖𝗼𝗿𝗲 𝗕𝗮𝘀𝗶𝗰𝘀: 𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻, 𝗜𝗻𝘀𝘁𝗮𝗹𝗹𝗮𝘁𝗶𝗼𝗻 & 𝗣𝗼𝘀𝘁-𝗜𝗻𝘀𝘁𝗮𝗹𝗹 𝗖𝗼𝗻𝗳𝗶𝗴𝘂𝗿𝗮𝘁𝗶𝗼𝗻
🔹 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁: 𝗨𝘀𝗲𝗿 𝗮𝗻𝗱 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁, 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝘄𝗶𝘁𝗵 𝗦𝘆𝘀𝘁𝗲𝗺𝗗
🔹 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴: 𝗡𝗲𝘁𝘄𝗼𝗿𝗸 𝗖𝗼𝗻𝗳𝗶𝗴𝘂𝗿𝗮𝘁𝗶𝗼𝗻 & 𝗦𝗲𝗰𝘂𝗿𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗙𝗶𝗿𝗲𝘄𝗮𝗹𝗹𝗗
🔹 𝗢𝗽𝘁𝗶𝗺𝗶𝘇𝗮𝘁𝗶𝗼𝗻: 𝗣𝗿𝗼𝗰𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 & 𝗣𝗲𝗿𝗳𝗼𝗿𝗺𝗮𝗻𝗰𝗲 𝗧𝘂𝗻𝗶𝗻𝗴
🔹 𝗦𝘁𝗼𝗿𝗮𝗴𝗲: 𝗙𝗶𝗹𝗲𝘀𝘆𝘀𝘁𝗲𝗺𝘀, 𝗗𝗶𝘀𝗸 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 & 𝗦𝘁𝗼𝗿𝗮𝗴𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗟𝗩𝗠, 𝗡𝗙𝗦)
🔹 𝗦𝘆𝘀𝘁𝗲𝗺 𝗧𝗮𝘀𝗸𝘀: 𝗥𝗲𝗽𝗼𝘀𝗶𝘁𝗼𝗿𝘆 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁, 𝗕𝗼𝗼𝘁 𝗣𝗿𝗼𝗰𝗲𝘀𝘀, 𝗧𝗶𝗺𝗲 𝗦𝘆𝗻𝗰 & 𝗟𝗼𝗴 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
🔹 𝗔𝘂𝘁𝗼𝗺𝗮𝘁𝗶𝗼𝗻 & 𝗠𝗼𝗱𝗲𝗿𝗻 𝗧𝗲𝗰𝗵: 𝗦𝗰𝗵𝗲𝗱𝘂𝗹𝗶𝗻𝗴 𝗧𝗮𝘀𝗸𝘀 (𝗖𝗿𝗼𝗻 𝗝𝗼𝗯𝘀) & 𝗖𝗼𝗻𝘁𝗮𝗶𝗻𝗲𝗿 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗣𝗼𝗱𝗺𝗮𝗻)
________________________________________

ဘာကြောင့် ဒီသင်တန်းကို တက်သင့်တာလဲ?

သင်တန်းကာလ (၃) လအတွင်းမှာ လုပ်ငန်းခွင်မှာ လက်တွေ့ရင်ဆိုင်ရမယ့် အခြေအနေတွေကို အခြေခံပြီး သင်ကြားပေးသွားမှာပါ။ ဒါ့အပြင် သင်တန်းပြီးဆုံးတာနဲ့ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗘𝘅𝗮𝗺 တွေကိုပါ ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်မယ့် အရည်အချင်းမျိုး ရရှိသွားမှာ ဖြစ်ပါတယ်။

🎁 𝗘𝗮𝗿𝗹𝘆 𝗕𝗶𝗿𝗱 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 အထူးအစီအစဉ်!

အစောဆုံး အပ်နှံသူ (၁၀) ဦး ကို Linux Lab ရဲ့ Exam Room Fees (စာမေးပွဲခန်းကြေး) ကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ လူဦးရေ အကန့်အသတ်နဲ့ သေသေချာချာ ထိထိရောက်ရောက် သင်ကြားပေးမှာ ဖြစ်လို့ အမြန်ဆုံး အပ်နှံထားဖို့ တိုက်တွန်းပါရစေ။

စုံစမ်းမေးမြန်းရန်နှင့် အပ်နှံရန်အတွက်

📩 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿
🌐 𝗪𝗲𝗯𝘀𝗶𝘁𝗲: 𝘄𝘄𝘄.𝗹𝗶𝗻𝘂𝘅𝗹𝗮𝗯.𝗽𝗿𝗼
📞 𝗣𝗵𝗼𝗻𝗲: 𝟬𝟵-𝟵𝟳𝟵𝟮𝟵𝟭𝟵𝟭𝟭, 𝟬𝟵-𝟵𝟰𝟱𝟲𝟱𝟮𝟮𝟰𝟮, 𝟬𝟵-𝟵𝟰𝟱𝟲𝟱𝟮𝟮𝟰𝟯 (𝗩𝗶𝗯𝗲𝗿/𝗖𝗮𝗹𝗹)
📍 𝗔𝗱𝗱𝗿𝗲𝘀𝘀: 𝗦𝗮𝗹𝗼𝗺𝗼𝗻 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗲𝗻𝘁𝗲𝗿, 𝟮𝟮𝟰(𝗔), 𝟮𝗻𝗱 𝗳𝗹𝗼𝗼𝗿, 𝗨 𝗪𝗶𝘀𝗮𝗿𝗮 𝗥𝗼𝗮𝗱, 𝗕𝗮𝗵𝗮𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.

28/05/2026

🌙 𝗘𝗶𝗱 𝗔𝗹 𝗔𝗱𝗵𝗮 𝗠𝘂𝗯𝗮𝗿𝗮𝗸

ယနေ့ မေလ ၂၈ ရက်နေ့သည်
Eid Al Adha ရုံးပိတ်ရက် ဖြစ်ပါသောကြောင့်

𝗟𝗶𝗻𝘂𝘅 𝗟𝗮𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရုံးကို
တစ်ရက်ပိတ်ထားမည်ဖြစ်ပါကြောင်း
အသိပေးလိုက်ရပါသည်။

အစ္စလာမ်ဘာသာဝင် မိတ်ဆွေများအားလုံးလည်း
ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းနှင့်
ကောင်းချီးမင်္ဂလာများစွာကို ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း
Linux Lab Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် 🤎🙏



13/05/2026

Linux System Admin သင်တန်းကို စောင့်မျှော်နေကြတဲ့ သူတွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်ခင်ဗျာ! 🐧💻

Linux လောကထဲ ခြေစုံပစ်ဝင်ဖို့ဖြစ်စေ၊ Professional System Administrator တစ်ယောက်အဖြစ် Career တည်ဆောက်ဖို့ဖြစ်စေ Linux Lab Myanmar ကနေ Enterprise Linux Systems Administrator (Alma Linux Class) သင်တန်းသစ်ကြီးကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

အထူးသဖြင့် မိမိကိုယ်ကိုယ် Red Hat Certified System Administrator (RHCSA) တစ်ယောက်ဖြစ်အောင် ကြိုးစားနေသူတွေ ဒါမှမဟုတ် RHCSA Exam ဖြေဖို့အတွက် စနစ်တကျ ပြင်ဆင်ချင်သူတွေအတွက် ဒီသင်တန်းက အသင့်တော်ဆုံးပါပဲ။

သင်တန်းအသေးစိတ်
👨‍🏫 သင်ကြားပေးမည့်ဆရာ: ဆရာမင်းထက်ပိုင်
🌐 သင်ကြားမည့်ပုံစံ: Online

သင်ကြားပေးမည့် Module များ
လုပ်ငန်းခွင်ဝင်တဲ့အခါ တကယ်လိုအပ်မယ့် နည်းပညာတွေကို အခြေခံကစပြီး အသေးစိတ် သင်ကြားပေးသွားမှာပါ -

🔹 Core Basics: Introduction, Installation & Post-Install Configuration
🔹 Management: User and Privilege Management, Service Management with SystemD
🔹 Networking: Network Configuration & Securing with FirewallD
🔹 Optimization: Process Management & Performance Tuning
🔹 Storage: Filesystems, Disk Management & Storage Management (LVM, NFS)
🔹 System Tasks: Repository Management, Boot Process, Time Sync & Log Management
🔹 Automation & Modern Tech: Scheduling Tasks (Cron Jobs) & Container Management (Podman)

ဘာကြောင့် ဒီသင်တန်းကို တက်သင့်တာလဲ?

သင်တန်းကာလ (၃) လအတွင်းမှာ လုပ်ငန်းခွင်မှာ လက်တွေ့ရင်ဆိုင်ရမယ့် အခြေအနေတွေကို အခြေခံပြီး သင်ကြားပေးသွားမှာပါ။ ဒါ့အပြင် သင်တန်းပြီးဆုံးတာနဲ့ International Certification Exam တွေကိုပါ ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်မယ့် အရည်အချင်းမျိုး ရရှိသွားမှာ ဖြစ်ပါတယ်။

🎁 Early Bird Discount အထူးအစီအစဉ်! အစောဆုံး အပ်နှံသူ (၁၀) ဦး ကို Linux Lab ရဲ့ Exam Room Fees (စာမေးပွဲခန်းကြေး) ကင်းလွတ်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ လူဦးရေ အကန့်အသတ်နဲ့ သေသေချာချာ ထိထိရောက်ရောက် သင်ကြားပေးမှာ ဖြစ်လို့ အမြန်ဆုံး အပ်နှံထားဖို့ တိုက်တွန်းပါရစေ။

စုံစမ်းမေးမြန်းရန်နှင့် အပ်နှံရန်အတွက်

📩 Page Messenger: အခုပဲ စာပို့ပြီးမေးမြန်းနိုင်ပါတယ်။
🌐 Website: www.linuxlab.pro
📞 Phone: 09-979291911, 09-945652242, 09-945652243 (Viber/Call) 📍 Address: Salomon Business Center, 224(A), 2nd floor, U Wisara Road, Bahan Township, Yangon.

byn

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 224(A), 2nd Floor, Salomon Business Center, Bahan Township, Yangon. Myanmar
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00