J-CERT受験に関する重要なお知らせ】
最近、J-CERTを実施している13か国において、iグラスやiイヤホン、その他さまざまな機器を使用した不正受験(カンニング)が報告されています。
そのため、日本側で合格証を発行する際には、公平なテストを実施するため、AIによる判定を含めたWチェックを行っております。
もちろん、AIの判定が100%パーフェクトというわけではありません。
しかし、回答用紙の正解・不正解の箇所や回答パターンなどが、不自然に似ているケースについては、AI判定により不合格となる場合があります。
今後も、公平で適正な試験を実施するため、AI判定による合格証の発行を継続してまいります。
受験者の方で、合格証の判定内容について納得できない場合は、個別に対応いたします。
再テストが必要な場合は、J-CERT試験を無料で受験していただくことで対応いたします。
皆様のご理解とご協力のほど、よろしくお願い申し上げます。
!!J-CERT စာမေးပွဲနှင့်ပတ်သက်သော အရေးကြီးအသိပေးချက်!!
မကြာသေးမီက J-CERT စာမေးပွဲ ကျင်းပနေသော နိုင်ငံ ၁၃ နိုင်ငံ တွင် i-Glass၊ i-Earphone နှင့် အခြားနည်းလမ်း/ကိရိယာများကို အသုံးပြု၍ စာမေးပွဲမသမာစွာ ဖြေဆိုမှု (ကူးချမှု) များရှိကြောင်း သတင်းပေးပို့မှုများ ရရှိထားပါသည်။
ထို့ကြောင့် ဂျပန်ဘက်မှ အောင်လက်မှတ်ထုတ်ပေးသည့်အခါ မျှတပြီး သင့်တင့်မှန်ကန်သော စာမေးပွဲဖြစ်စေရန်အတွက် AI စစ်ဆေးမှုအပါအဝင် W-check ဖြင့် ထပ်မံစစ်ဆေးခြင်း ပြုလုပ်လျက်ရှိပါသည်။
သေချာသည်မှာ AI ၏ စစ်ဆေးဆုံးဖြတ်ချက်သည် ၁၀၀% ပြည့်စုံမှန်ကန်သည်ဟု မဆိုနိုင်ပါ။
သို့သော် အဖြေလွှာတွင် မှန်သောအဖြေ၊ မှားသောအဖြေနေရာများနှင့် အဖြေပုံစံများ အလွန်မသဘာဝကျစွာ တူညီနေသည့်အခြေအနေများ ရှိပါက AI စစ်ဆေးဆုံးဖြတ်ချက်အရ မအောင်မြင်သူအဖြစ် သတ်မှတ်ခံရနိုင်ပါသည်။
အနာဂတ်တွင်လည်း မျှတပြီး သင့်တင့်မှန်ကန်သော စာမေးပွဲစနစ်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် AI စစ်ဆေးမှုကို အသုံးပြုသည့် အောင်လက်မှတ်ထုတ်ပေးသည့်စနစ်ကို ဆက်လက်ကျင့်သုံးသွားမည် ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုသူများအနေဖြင့် မိမိတို့၏ အောင်လက်မှတ်ရလဒ်/ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကျေနပ်လက်ခံနိုင်ခြင်းမရှိပါက တစ်ဦးချင်းစီအလိုက် စုံစမ်းဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။
ပြန်လည်စာမေးပွဲဖြေရန် လိုအပ်ပါက J-CERT စာမေးပွဲကို အခမဲ့ ပြန်လည်ဖြေဆိုခွင့်ပေးသည့်နည်းလမ်းဖြင့် ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။
အားလုံး၏ နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
Myanmar J-cert
J-Certစာမေးပွဲကဂျပန်အစိုးကနေတရားဝင်အသိအမှတ်ပြုထားတဲ့စာမေးပွဲ၆ခုထဲကတစ်ခုဖြစ်ပြီးဗီဇာရနိုင်တဲ့လက်မှတ်ပါ
19/08/2026
🎀Exam Form🎀
မဂ်လာပါ ❤️9လပိုင်း 6ရက်နေ့တွင်ကျင်းပမည့် J-Cert စာမေးပွဲအတွက် လျှောက်လွှာတင်လို့ရပါပြီနော်
9လပိုင်းစာမေးပွဲတွင် Basic Level နှင့် Advanced Level ကျင်းပသွားမည်ဖြစိပါသည်။
❤️စာမေးပွဲလျှောက်လွှာတင်ခြင်းနဲ့ပတ်သက်သည်များကိုအောက်ပါ Linkတွင် ဖတ်ရှုနိုင်ပါသည်။
https://jcert-mmr.com/how-to-apply/
❤️ဖောင်တင်ရန်တစ်စုံတစ်ရာအခက်အခဲရှိပါက page Chat boxကနေလာမေးမြန်းနိုင်ပါသည် ။တတ်နိုင်သမျှ အမြန်ဆုံးဖြေကြားပေးသွားပါမယ်။
❤️ဖောင်ဖြည့်သွင်းသောအခါ မြန်မာလိုမဖြည့်သွင်းမိစေရန် သတိပြုပေးပါ။ ဖြည့်သွင်းရမည့်နေရာတွင် ဥပမာ ပြထားသည့်အတိုင်းဖြည့်သွင်းပေးပါရန်။
,❤️အောက်ပါ LinkမှာစာမေးပွဲFormလျှောက်လို့ရပါပြီ
🥳J-Cert လက်မှတ်ရှိထားသူများကိုလည်း အလုပ်များမိတ်ဆက်ပေးလျက်ရှိပါသည်။
https://jcert-mmr.com/
How To Apply – J-cert Myanmar J-cert စာမေးပွဲ လျှောက်လွာတင်ခြင်း နှင့် ပတ်သက်၍ (1) စာမေးပွဲ ဖြေဆိုဖို့ Test Voucher ရရှိရန် မိမိအချက်လက်များကို ဖြည့်သ...
17/08/2026
မင်္ဂလာပါရှင်✨
7လပိုင်း 12ရက်နေ့တွင် ဖြေဆိုခဲ့သော j-cert စာမေးပွဲ Certificate များကို ဖြေဆိုခဲ့သောကျောင်းများတွင် ထုတ်ယူနိုင်ပါပီရှင် 🍀
31/07/2026
📢 2027 April Intake ကျောင်းလျှောက်မည့် ကျောင်းသူ/ကျောင်းသားများအတွက် သတင်းကောင်း
JLPT လက်မှတ်ကို အချိန်အကြာကြီး မစောင့်ချင်ဘူးလား? N-Test စာမေးပွဲကြေးကလည်း များတယ်လို့ ထင်နေလား?
ဒါဆို 2026 ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့ မှာ ကျင်းပမယ့် J-CERT စာမေးပွဲ ကို ဖြေဆိုနိုင်ပါတယ်။ 🇯🇵✨
✅ အချိန်မီ လက်မှတ်ရရှိနိုင်ခြင်း ✅ 2027 April Intake အတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်း။
အသေးစိတ် သိရှိလိုပါက Page Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ 😊
29/07/2026
အဘိဓမ္မာအခါတော်ဝါဆိုလပြည့်နေ့မှစ၍စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံ၍ကပ်ကြီးသုံးပါးမှလည်းကျော်လွှားနိုင်ကြပါစေကြောင်း myanmar j cert မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်
27/07/2026
မဂ်လာပါရှင့်
9လပိုင်းစာမေးပွဲအတွက် 7လပိုင်း12ရက်နေ့မှာဖြေဆိုခဲ့သောJ cert Grammar မေးခွန်းဟောင်းလေ့လာကြည့်ကြရအောင်
A:すみません、あの… このエアコンは(21)使いますか。
ခွင့်လွှတ်ပါ၊ ဒီလေအေးပေးစက်ကို ( ) သုံးရပါသလဲ။
B:このボタンを(22)。
ဒီခလုတ်ကို ( )။
1.どっちを → ဘယ်ဟာကို
2.どこを → ဘယ်နေရာကို
3.なにして → ဘာလုပ်ပြီး
4.どうやって → ဘယ်လို
22.
1.おします → နှိပ်ပါ။
2.おしました → နှိပ်ခဲ့ပါတယ်။
3.おしません → မနှိပ်ပါ။
4.おしませんでした → မနှိပ်ခဲ့ပါ။
(2)
A:山田さん、25日のかいぎは(23)でしますか。
→ ယာမဒါစံ၊ ၂၅ ရက်နေ့ အစည်းအဝေးကို ( ) လုပ်မှာလဲ။
B:202ですが、じゅんびは(24)ですから手伝ってください。
→ အခန်း 202 မှာပါ၊ ဒါပေမဲ့ ပြင်ဆင်မှုက ( ) ဖြစ်သေးလို့ ကူညီပေးပါ။
1.どこ → ဘယ်နေရာမှာ
2.何時(なんじ)→ ဘယ်နှနာရီ
3.いつ → ဘယ်အချိန်
4.だれ → ဘယ်သူ
24.
1。もう → ပြီးသွားပြီ
2.まだ → မပြီးသေးဘူး
3.急ぐ(いそぐ)→ အလျင်လိုတယ်
4.早い(はやい)→ စောတယ်
#ဘယ်လို #ဘယ်လို #ဘယ်လို
27/07/2026
မဂ်လာပါရှင့်
9လပိုင်းစာမေးပွဲအတွက် 7လပိုင်း12ရက်နေ့မှာဖြေဆိုခဲ့သော j cert Vocabularyမေးခွန်းဟောင်းလေ့လာကြည့်ကြရအောင်
16. よく聞こえませんから、もっと大きい( )で話してください。
ကောင်းကောင်း မကြားရလို့ ပိုကျယ်တဲ့ ( ) နဲ့ ပြောပေးပါ။
1.耳(みみ)→ နား
2.口(くち)→ ပါးစပ်
3.声(こえ)→ အသံ (စကားပြောတဲ့အသံ)
4.音(おと)→ အသံ (အရာဝတ္ထုအသံ
17. ( )の土曜日、動物園へ行きます。
( ) စနေနေ့မှာ တိရစ္ဆာန်ဥယျာဉ်ကို သွားမယ်။
1.昔(むかし)→ အရင်တုန်းက
2.先週(せんしゅう)→ ပြီးခဲ့တဲ့အပတ်
3.今度(こんど)→ လာမယ့်၊ ဒီတစ်ခေါက်
4.さいきん → မကြာသေး
18. じむしょは( )て、きれいです。
ရုံးက ( ) ပြီး သန့်ရှင်းတယ်။
1.広く(ひろく)→ ကျယ်ပြီး
2.低い(ひくい)→ နိမ့်တယ်
3.多く(おおく)→ များပြီး
4.おそく → နောက်ကျပြီး
19. 新しいことばが( )おぼえられません。
စကားလုံးအသစ်တွေကို ( ) မမှတ်မိနိုင်ဘူး။
1.ゆっくり → ဖြည်းဖြည်း
2.なかなか → တော်တော်နဲ့...မ...ဘူး
3.まっすぐ → တည့်တည့်
4.だんだん → တဖြည်းဖြည်း
20. ホテルの部屋を( )したいです。
ဟိုတယ်အခန်းကို ( ) ချင်ပါတယ်။
1.やくそく → ကတိ
2.予定(よてい)→ အစီအစဉ်
3.よやく → ကြိုတင်ဘွတ်ကင်လုပ်ခြင်း
4.計画(けいかく)→ အစီအစဉ်
24/07/2026
ဂျပန်နိုင်ငံတွင် အပူချိန်လွန်ကဲမှု ဆက်လက်ဖြစ်ပေါ်နေပြီး ရေကြီး/မြေပြိုမှုများ သတိပေးထား
......................................................
ဂျပန်နိုင်ငံ အလယ်ပိုင်းမှ အနောက်ပိုင်းဒေသများတွင် သောကြာနေ့၌ စိုးရိမ်ဖွယ် အပူချိန်မြင့်မားမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရသဖြင့် ပြည်သူများအနေဖြင့် အပူဒဏ်ကြောင့် မူးမေ့လဲခြင်း (Heatstroke) မဖြစ်အောင် ကာကွယ်ရေး သတိပြုကြရန် နှိုးဆော်ထားသည်။
မိုးလေဝသ အရာရှိများ၏ ခန့်မှန်းချက်အရ ထိုဒေသများတွင် အပူချိန်မှာ စဲလ်ဆီးယပ်စ် ၄၀ ဒီဂရီ နီးပါးအထိ မြင့်တက်လာနိုင်သည်ဟု သိရသည်။ ကြာသပတေးနေ့က တိုခိုင်း (Tokai) ဒေသအသီးသီးတွင် အပူချိန် ၄၀ ဒီဂရီထက် ကျော်လွန်ခဲ့ပြီး၊ ရှီဇူအိုကာ prefecture (Shizuoka) ၌ ၄၁.၁ ဒီဂရီ အထိ ရောက်ရှိခဲ့သည်။
သောကြာနေ့ နံနက် ၆ နာရီအထိ တိုင်းတာချက်အရ အိုဆာကာမြို့ (Osaka City) တွင် အပူချိန် ၂၉.၆ ဒီဂရီ နှင့် နာဂိုယာမြို့ (Nagoya City) တွင် ၂၉ ဒီဂရီ အထိ အသီးသီး ရောက်ရှိနေပြီဖြစ်သည်။
နေ့လယ်ပိုင်း အမြင့်ဆုံး အပူချိန်များမှာ -
၃၉ ဒီဂရီ - နာဂိုယာမြို့၊ ကျိုတိုမြို့ (Kyoto) နှင့် ဂိဖုမြို့ (Gifu)
၃၈ ဒီဂရီ - အိုဆာကာမြို့၊ ဆူမြို့ (Tsu) နှင့် အိုကာယာမာမြို့ (Okayama)
၃၇ ဒီဂရီ - ကိုးဖုမြို့ (Kofu) နှင့် ယာမာဂုချိမြို့ (Yamaguchi)
၃၆ ဒီဂရီ - ဟီရိုရှီးမားမြို့ (Hiroshima)၊ မဆုယာမာမြို့ (Matsuyama) နှင့် ဆာဂမြို့ (Saga)
၃၅ ဒီဂရီ - ဖူကုအိမြို့ (Fukui) နှင့် တိုတိုရီမြို့ (Tottori)
အပူဒဏ်ဆိုင်ရာ သတိပေးချက်များကို ခန်တိုး (Kanto) ဒေသမှ အိုကီနာဝါ (Okinawa) အထိ နိုင်ငံအတွင်းရှိ ခရိုင် (Prefecture) ၄၇ ခုအနက် ၃၂ ခုတွင် ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူဒဏ်ကြောင့် ဆေးရုံတင်ပို့ရသည့် လူနာအရေအတွက် တစ်ဟုန်ထိုးမြင့်တက်လျက်ရှိသည်။ ပြည်သူများအနေဖြင့် လေအေးပေးစက် အသုံးပြုရန်၊ ရေနှင့် ဆားဓာတ်ကို ဖြည့်ပေးကြရန်နှင့် အပြင်ထွက်ခြင်းများကို လျှော့ချကြရန် တိုက်တွန်းထားသည်။
တစ်ချိန်တည်းမှာပင် ကန်တိုး-ခိုရှင်အဲဆု (Kanto-Koshinetsu) နှင့် တိုဟိုခု (Tohoku) ဒေသများတွင် စိုစွတ်ပူနွေးသော လေထု စီးဝင်နေမှုကြောင့် လေထုအခြေအနေ မတည်မငြိမ် ဖြစ်ပေါ်နိုင်သည်။ ထိုဒေသများတွင် မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ပြီး အထူးသဖြင့် နီးဂါတာ (Niigata) ခရိုင်၌ တစ်နာရီလျှင် မီလီမီတာ ၅၀ အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ထို့ကြောင့် နိမ့်ပါးသော ဒေသများတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုအန္တရာယ်များကို အထူးသတိပြုကြရန် နှိုးဆော်ထားသည်။
Source : nhkworld
#
24/07/2026
မဂ်လာပါရှင့်
9လပိုင်းစာမေးပွဲအတွက် 7လပိုင်း12ရက်နေ့မှာဖြေဆိုခဲ့သော J cert Reading မေးခွန်းဟောင်းလေ့လာကြမယ်
今 火曜日の 午後6時50分です。本田さんは 歯が いたいですか なれるべく 早く はいしゃの よやくを したいです。でも 水曜日と 木曜日の 午前中は アルバイトが あります。
အခုက အင်္ဂါနေ့ ညနေ ၆ နာရီ မိနစ် ၅၀ ဖြစ်ပါတယ်။ Honda စံ က သွားနာနေတဲ့အတွက်ကြောင့် ဖြစ်နိုင်ရင် အမြန်ဆုံး သွားဆရာဝန်ဆီ ရက်ချိန်း ယူချင်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ မနက်ပိုင်းတွေမှာ အချိန်ပိုင်းအလုပ် ရှိပါတယ်။
(2) いつ はいしゃを よやくします か。
1.火曜日の 午前 2.水曜日の 午前
3.木曜日の 午前 3木曜日の 午後
(3) コンビニで 働く 人と 時間
(Convenience Store မှာ အလုပ်လုပ်သူများနှင့် အလုပ်ချိန်)
12..どれが 正しいですか。
(ဘယ်တစ်ခုက မှန်ပါသလဲ။)
( 1 )サントスさんは 朝 働きます。
(Santos စံ က မနက်ပိုင်း အလုပ်လုပ်ပါတယ်။
( 2 )どの 時間も 2人以上の 人が います。
(ဘယ်အချိန်မဆို အနည်းဆုံး ဝန်ထမ်း ၂ ယောက်ထက်ပို ရှိနေပါတယ်။
( 3 )サントスさんは 30分の 休み時間が あります。
(Santos စံ မှာ မိနစ် ၃၀ နားချိန် ရှိပါတယ်။
( 4 )ガルシアさんと サントスさんは いっしょに 働きません。
(Garcia စံ နဲ့ Santos စံ တို့ အတူတူ အလုပ်မလုပ်ပါဘူး။
23/07/2026
မဂ်လာပါရှင့်
9လပိုင်းစာမေးပွဲအတွက် 7လပိုင်း 12ရက်နေ့မှဖြေဆိုခဲ့သော j cert grammar မေးခွန်းဟောင်းလေ့လာကြရအောင်
31. 天気が良いのでたくさんの人が海で(31 )います。
ရာသီဥတုေကာင်းလို့ လူအများက ( ) နေကြတယ်။
1.泳ぎで 2.泳ぐで 3.泳いで 4.泳げで
32. お父さんは 今、かさの(32)で ねて います。
အဖေကခု ထီး( )မှာအိပ်နေတယ်။
1.下 2.上 3.中 4.向こう
33. お母さんも(33)そうです。
အမေလည်းဘဲ ( )ပုံဘဲ။
1.ねて 2.ねむ 3.ねたい 4.ねよう
34. 男の子は 山に 水を(34)います。
ကောင်လေးက တောင်ပေါ်မှာ ရေကို ( ) နေပါတယ်။
1.やって 2.かけて 3.あびて 4.もらって
35. 女の子は おこって「(35)」と 言って います。
မိန်းကလေးက စိတ်ဆိုးပြီး ( )လို့ ပြောနေပါတယ်။
1.止めよう 2.止めて 3.止めよう 4.止めて
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
No. 54(1st Floor), Room(101/A), Thura Thati , Street, 8th Ward, Mayangone Township
Yangon