24/08/2024
“ရာသီအသစ်၊ လေဗာကူဆင်အဟောင်း” ဆိုတာ တကယ် အမှန်ပါပဲ။ ဘွန်ဒက်စ်လီဂါရာသီဖွင့်တာနဲ့ အလွန်ဆိုရဲ့အသင်းက သည်းထိတ်ရင်ဖိုတွေ ပေးစွမ်းတော့တာပဲ။
မနေ့ကလည်း မိုချန်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်တယ်၊ နှစ်ဂိုးပြန်ပေးတယ်။ နောက်ဆုံးမိနစ်ကျမှ ပင်နယ်တီကို နှစ်ဆင့်ကန်ပြီး နိုင်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကလိုမျိုး အသည်းအသန် ချေပဂိုးသွင်း၊ အသည်းအသန် အနိုင်ဂိုးသွင်းဆိုတဲ့ အနေအထားမျိုးကို ထပ်မံမြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။