16/06/2025
အာစင်ဝင်းဂါး🗣
"ငါတို့ရဲ့ invincibles ဆိုတဲ့ဂုဏ်ပုဒ်ကို ယူနိုက်တက်နဲ့တွေ့တဲ့ပွဲမှာ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် အဲ့ရှုံးပွဲက ဒိုင်လူကြီးရဲ့ပယောဂတွေကြောင့်လည်းပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်တချို့ကြောင့် ရှုံးခဲ့ရတာမို့ သူ့မှာတာဝန်ရှိပါတယ်။ ကျွန်တော်တို့က ရှုံးပွဲနဲ့မထိုက်တန်ပါဘူး..."
"အကယ်၍များ ငါ6သသွားပြီးလို့ ဘုရားသခင်နဲ့တွေ့တဲ့အခါ နတ်ပြည်နဲ့ ငရဲပြည်ကိုရွေးခိုင်းရင် အရင်ဆုံး ဒိုင်လူကြီးတွေဘယ်မှာရှိလဲ ငါအရင်မေးမယ်.."
အာဆင်နယ်အသင်းဟာ အာစင်ဝင်းဂါးလက်ထက်မှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၄၉ ပွဲဆက်တိုက်ရှုံးပွဲမရှိကစားထားနိုင်ခဲ့ပြီး ပွဲ ၅၀ မြောက်အဖြစ်စံချိန်တင်နိုင်မယ့်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ခဲ့ရပါတယ်။
ပွဲကအတော်လေးကြမ်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပွဲချိန်အတွင်းမှာ နှစ်ဘက်အသင်းကစားသမားတွေ မကြာခဏပြဿနာတက်ခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ယူနိုက်တက်က အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ၄၉ ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
ပွဲအပြီး ဥမင်လိုဏ်းခေါင်းအတွင်းမှာလည်း ကစားသမားတွေရော နည်းပြတွေပါ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး ယူနိုက်တက်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်တစ်ယောက် ပီဇာနဲ့ပစ်ပေါက်ခံခဲ့ရပါတယ်။ ထိုစဥ်ကတော့ ဘယ်သူမှန်းမသိခဲ့ဘဲ နောက်ပိုင်းမှသာ ပီဇာနဲ့ပစ်ပေါက်ခဲ့တဲ့သူဟာ ဖာဘရီဂတ်စ်ဖြစ်တယ်ဆိုတာ သိခဲ့ကြရပါတယ်။