18/08/2026
လေးစားဂုဏ်ယူလျှက်ပါ အဖွဲ့ချုပ်ဥက္ကဌများနဲ့ ကစာသမားများအတွက်လည်း ဂုဏ်ယူဝမ်းမြောက်လျှက်ပါ👏
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပိုက်ကျော်ခြင်း Page နှင့် Group ဖြစ်ပါသည်
18/08/2026
လေးစားဂုဏ်ယူလျှက်ပါ အဖွဲ့ချုပ်ဥက္ကဌများနဲ့ ကစာသမားများအတွက်လည်း ဂုဏ်ယူဝမ်းမြောက်လျှက်ပါ👏
12/08/2026
ရွှေတံဆိပ်ဆုရ ပိုက်ကျော်ခြင်းကစားသမားများအားဂုဏ်ပြုပွဲ
Park Royal Hotel
နေမင်းအိမ်
ရွှေတံဆိပ်ဆုရကစားသမားများအားဂုဏ်ပြုပွဲ
Park Royal Hotel
ဖော်ဝေး
ရွှေရကစားသမားများအားဂုဏ်ပြုပွဲ
12/08/2026
အောင်ပွဲရ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား ဂုဏ်ပြုပန်းစည်းများဖြင့်ကြိုဆို
၃၉ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုတံဆိပ်များရယူနိုင်ခဲ့သော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့သည် ယနေ့မြန်မာစံတော်ချိန် နံနက် (၉း၃၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းဥက္ကဌ ဦးရဲဝင့်ထွဋ်တင်၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး၊ အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ကူညီပံ့ပိုးပေးခဲ့သော ကုမ္ပဏီများနှင့် ပိုက်ကျော်ခြင်းအသင်းသားများ၏မိသားစုဝင်များက ဂုဏ်ပြုလက်ဆောင်ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပါသည်။
အောင်ပွဲရ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား ဂုဏ်ပြုပွဲကို ယနေ့ (၁၂.၈.၂၀၂၆) ရက်နေ့၊ ညနေ၆နာရီအချိန်တွင် ရန်ကုန်မြို့ရှိ Park Royal Hotel၊ Grand Ballroom၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
Credit- အဖွဲ့ချုပ် Page
11/08/2026
၃၉ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုတံဆိပ်ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်
ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ၃၉ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆၏ နှစ်ယောက်တွဲ၊ သုံးယောက်တွဲနှင့်လေးယောက်တွဲပြိုင်ပွဲများတွင် ဆုရရှိသည့်နိုင်ငံများအား ဆုတံဆိပ်ပေးအပ်ခြင်းအခမ်းအနားတွင် အမျိုးသား၄ယောက်တွဲ ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးနှစ်ယောက်တွဲ ငွေတံဆိပ်ဆု အသီးသီးရရှိခဲ့သော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏မှတ်တမ်းဓာတ်ပုံများကို ဖော်ပြလိုက်ရပါသည်။
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ယခုပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၆)မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်၊ အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ်၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်နှင့်အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုတို့ ရရှိခဲ့ပြီး အမျိုးသား ၃ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲများတွင် ဆုတံဆိပ်နှင့်လွဲချော်ခဲ့ပါသည်။
(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အနေဖြင့် အောက်ပါလူအင်အားဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်-
🟢 အုပ်ချုပ်သူ/နည်းပြအဖွဲ့
၁။ ဦးသန်းလွင် (အဖွဲ့ခေါင်းဆောင်)
၂။ ဦးကျော်မင်းစိုး (အမျိုးသားအသင်းနည်းပြ)
၃။ ဦးထက်ဇော် (အမျိုးသားအသင်းနည်းပြ)
၄။ ဦးအောင်ချိုမြင့် (အမျိုးသမီးအသင်းနည်းပြ)
၅။ ဒေါ်နမ့်ယဉ်ယဉ်မြင့် (အမျိုးသမီးအသင်းနည်းပြ)
၆။ ဦးထွန်းကျော်စိုး (ဒိုင်လူကြီး)
🟢 ကစားသမားများ (အမျိုးသား)
၁။ ထူးအောင်ကျော်
၂။ ဟန်ဝင်းထွဋ်
၃။ ထွန်းဝဏ္ဏအောင်
၄။ အောင်ဇော်ဟိန်း
၅။ ရဲထက်
၆။ ချစ်လွန်းပို
၇။ အောင်မျိုးကျော်
၈။ ကျော်မင်းသူ
၉။ ဇော်မင်းခန့်
၁၀။ အောင်အောင်
၁၁။ ရန်ပိုင်စိုး
၁၂။ သက်ပိုင်စိုး
၁၃။ ဇင်လင်းထူး
၁၄။ မင်းရန်ခိုင်
၁၅။ ချစ်မင်းပိုင်
🟢 ကစားသမားများ (အမျိုးသမီး)
၁။ ချယ်ရီလင်းသစ်
၂။ ယဉ်ယဉ်ဌေး
၃။ စန်းသီတာမိုး
၄။ ဖူးဖူး
၅။ ဆုမွန်ကျော်
၆။ နှင်းနှင်းဝေ
၇။ နန့်မေသူထွေး
၈။ ရွှန်းလဲ့ဇင်
၉။ နေခြည်နွေး
နိုင်ငံအတွက်အကောင်းဆုံးယှဉ်ပြိုင်ခဲ့သည့် နည်းပြအဖွဲ့ဝင်များနှင့်အားကစားသမားများအား မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ အထူးပင်ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။ ထို့အပြင် ပြိုင်ပွဲကျင်းပရာကွင်းအထိ အခက်အခဲများကြားမှ လူကိုယ်တိုင်လာရောက်အားပေး၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြသည့် ထိုင်းနိုင်ငံရောက် ပိုက်ကျော်ခြင်းပရိတ်သတ်များနှင့် တိုက်ရိုက်Liveထုတ်လွှင့်ပြသခြင်းအဆင်မပြေမှုများကို သည်းခံအားပေးခဲ့ကြသော Onlineပေါ်မှပရိတ်သတ်များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
Credit အဖွဲ့ချုပ် Page
11/08/2026
ကောင်းမွန်တဲ့ဘုံဘဝကိုရောက်ရှိနိုင်ပါစေဘောစိရေ🙏
10/08/2026
ဝမ်းနည်းကြေကွဲခြင်း
ပိုက်ကျော်ခြင်းကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် (League)ပြိုင်ပွဲများ ကျင်းပရေးကော်မတီ(တွဲဖက်အတွင်းရေးမှူး) အင်းစိန်(Royal MyintMo)ကလပ်ပိုင်ရှင်ဖြစ်သူ ဦးသန့်ဇင်သိန်း(ဘောစိ)သည် ၉.၈.၂၀၂၇ ရက်နေ့ ယနေ့တွင် (၉၆)ပါးရောဂါဖြင့် ဆုံးပါးသွားသည်ဟုကြားသိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။
ဦးသန့်ဇင်သိန်း(ဘောစိ)သည် အေးချမ်းမြင့်မြတ်သောဘုံဘဝသို့ ရောက်ရှိနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
မြန်မာ့ပိုက်ကျော်ခြင်း၊ ကလပ်အသင်းများဖွံ့ဖြိုးရေးကော်မတီ