Galaxy United FC

Galaxy United FC

Share

The Official Page Of Galaxy United Football Club. The Stardusts 💫

11/08/2026

UFL Season VIII မှာ ကျွန်တော်တို့ Galaxy United FC ဝတ်ဆင်ကစားမယ့် Jersey င်္အကျီ ဒီဇိုင်းလေးဖြစ်ပါတယ်ခင်ဗျာ။

11/08/2026

ကျွန်တော်တို့ Galaxy United FC ရဲ့ Season VIII ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်အချိန်ဇယားလေးပဲဖြစ်ပါတယ်။

ဩဂုတ်လ ၁၅ရက်နေ့ စနေနေ့ မနက် (၈:၀၀)မှာ MPCL FC နဲ့ ပွဲစဉ် (၁)အဖြစ် စတင်ကစားရမှာဖြစ်ပါတယ်။

08/08/2026

Season VIII တွင်ပါဝင်ယှဉ်ပြိုင်ကစားမည့် ကစားသမားစာရင်းအား တရားဝင်ထုတ်ပြန်ခြင်း။

ကျွန်တော်တို့ Galaxy United FC အနေနဲ့ လာမယ့် ဩဂုတ်လ (၁၅)ရက်နေ့ စနေနေ့မှာ စတင်မယ့် Ultimate Football League 7aside ပြိုင်ပွဲတွင် အောက်ဖော်ပြပါ ကစားသမားများဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။ ၁၅.၈.၂၀၂၆ စနေနေ့မနက်(၈:၀၀)မှာ MPCLFC အသင်းနဲ့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။


Excellence Medicare and Pharmaceutical Company Limited မှ SeasonVIII ပြိုင်ပွဲဝင်ရန်အတွက် ကျွန်တော်တို့ Galaxy United FC အသင်းအား အပြည့်အဝကူညီပံ့ပိုးထားပါသည်။

ကိုနေမျိုးထွန်း+မခိုင်ဝေဝေသွင်မိသားစုမှလည်းပြိုင်ပွဲတလျှောက် လိုအပ်သလိုအသုံးပြုရန်အတွက် ငွေသား ၅သိန်းကျပ်တိတိအား ကူညီပံ့ပိုးထားပါသည်။

08/08/2026

MARK YOUR CALENDARS! UFL Season VIII Full Schedule is Live! 📅

​The stage is set and the dates are officially locked in! ⚽🔥


Photos from Galaxy United FC's post 25/07/2026

“Every sprint, every touch, every drop of sweat takes you one step closer to your dream.”

Today Training Photos

22/07/2026

See You on the Pitch, Let’s Give It Everything We’ve Got! 💪

🏆 Royalty in the Building! Welcome to UFL Season VIII, Galaxy United! 🏆

​2x Champions. 1x Runner-Up. The stats say it all! ⚽⚡
​Galaxy United is back on the pitch with one target in mind: defending their legacy and chasing another championship title. The bar has officially been set high for Season VIII!

15/07/2026

Welcome To The Galaxy Family!

အားလုံးသိကြတဲ့ George ဖြစ်ပါတယ်။ နာမည်အရင်းကတော့ ဟိန်းသန့်လို့ခေါ်ပါတယ်။

UFL Season VII မှာ Alcoballics FC နဲ့အတူ တစ်ရာသီလုံး ဂိုးသွင်းအများဆုံးဆုရရှိခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးပြီး Talented ဖြစ်တဲ့ အခုလိုကစားသမားတစ်ဦးကို အားဖြည့်ခေါ်ယူလိုက်နိုင်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။

ကျွန်တော်တို့ Galaxy United FC ရဲ့ Season V, Season VI နှစ်ရာသီဆက် Champions ဂုဏ်ပုဒ်ကို Season VII မှာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပေမယ့် Season VIII မှာတော့ အကောင်းဆုံးကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ပြီး Champion ဆုဖလားကိုပြန်လည်ရယူသွားဖို့ အသင့်ဖြစ်နေကြပါပြီ။

13/07/2026

UFL Season VIII အတွက် Galaxy United FC က ခေါ်ယူအားဖြည့်လိုက်တဲ့ ကစားသမားအသစ်ဆိုတာ ဘယ်သူဖြစ်မလဲ ?

UFL ပြိုင်ပွဲရဲ့ အတွေ့အကြုံရှိ လူငယ် player တစ်ဦးလည်းဖြစ်ပါတယ်။ ရွေးချယ်စရာအသင်းများစွာထဲက Galaxy United FC ကို ရွေးချယ်ခဲ့ခြင်းအတွက်
လည်း အသင်းအုပ်ချုပ်သူနည်းပြ အဖွဲ့ဝင်များနှင့် အသင်းသားအားလုံးက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး Galaxy United FC နဲ့အတူ Champion Title ကိုပြန်လည်ရယူနိုင်ဖို့ အသင့်ဖြစ်နေကြပါပြီ။

Photos from Galaxy United FC's post 12/07/2026

ကျွန်တော်တို့ Galaxy United FC ရဲ့ UFL Season VIII ရာသီကြိုခြေစမ်းပွဲအဖြစ် Real Boarder FC အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပွဲကို နာရီဝက် အပိုင်း ၄ပိုင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်
အကြိတ်အနယ်ကစားခဲ့ကြပြီး

ပထမပိုင်းတွင် Galaxy ( 7 - 3 ) RBFC
ဒုတိယပိုင်းတွင် Galaxy ( 6 - 3 ) RBFC
တတိယပိုင်းတွင် Galaxy ( 5 - 2 ) RBFC
စတုတ္ထပိုင်းတွင် Galaxy ( 5 - 4 ) RBFC ဖြင့် ပွဲကိုအဆုံးသတ်ခဲ့ကြသည်။

ကျွန်တော်တို့ Galaxy United FC နှင့်အတူ ခြေစမ်းပွဲလာရောက်ကစားပေးပါသော RBFC မှ ညီအကိုများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

ခြေစမ်းပွဲတွင် ကျွန်တော်တို့ရဲ့ Main Sponsor Company တစ်ခုဖြစ်တဲ့ EMP မှ ခွန်အားဖြည့်ဓာတ်ဆားရည်များ သောက်သုံးရန် လာရောက်ကူညီပံ့ပိုးခြင်းအတွက်လည်း ကျွန်တော်တို့ Galaxy United FC မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

08/07/2026

Pre-Season , Friendly Match!

ကျွန်တော်တို့ Galaxy United FC အနေနဲ့ မကြာခင်ကျင်းပတော့မယ့် UFL Season VIII မစတင်မီ ကြိုတင်ပြင်ဆင်မှု အနေဖြင့် ရာသီကြိုခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပါတယ်။

✅ Galaxy United FC Vs Real Boarder FC
✔️ 12 July 2026 ,Sunday
▶️ Kick-off 3:00 PM

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Star City
Yangon
11291