Myanmar Black Pearl Lion Dance Troupe

Myanmar Black Pearl Lion Dance Troupe

Share

⛩️ 缅甸黑珍珠龍獅舞團 ⛩️
Black Pearl Dragon & Lion Dance Troupe (Myanmar) was established since 2002.

03/07/2026

တရုတ်ယဉ်ကျေးမှုမှာ လူတစ်ယောက်ရဲ့ စရိုက်၊ အမူအရာနဲ့ ပုံစံတွေကို တိရစ္ဆာန်တွေနဲ့ ခိုင်းနှိုင်းပြီး တင်စားလေ့ရှိကြပါတယ်။
နေ့စဉ်သုံးစကားတွေထဲမှာ အသုံးအများဆုံး စကားလုံးအချို့မှာ
​千里马 (Qiānlǐmǎ) -မိုင်ထောင်ချီပြေးနိုင်သောမြင်း
ဆိုလိုရင်း : ​ပါရမီအင်မတန် ထက်မြက်ပြီး ရှေ့အလားအလာ အဝေးကြီးရှိတဲ့ "လူရည်ချွန်၊ လူတော်ကြီးများ" ကို တင်စားတာ ဖြစ်ပါတယ်။

​纸老虎 (Zhǐlǎohǔ) - စက္ကူကျား
​ဆိုလိုရင်း : အပြင်ပန်းကြည့်ရင်တော့ ကြောက်စရာကြီးလိုလိုနဲ့ တကယ်တမ်းကျ ဘာမှအသုံးမကျဘဲ အဖြစ်မရှိ၊ အားနည်းလွန်းတဲ့ "အပေါ်ယံ ကြောက်စရာ လူ သို့မဟုတ် အဖွဲ့အစည်း" တွေကို ပြောတာပါ။

​铁公鸡 (Tiěgōngjī) - သံကြက်ဖ
​ဆိုလိုရင်း : သံနဲ့လုပ်ထားတဲ့ ကြက်ဖဆိုတော့ အမွေးတစ်ပင်တောင် နှုတ်လို့မရဘူးပေါ့။ အင်မတန် ကပ်စေးနှဲပြီး တပြားမှ အပဲ့မခံတဲ့ "တွန့်တိုကပ်စေးနှဲသူ" တွေကို ခေါ်တာ ဖြစ်ပါတယ်။

​变色龙 (Biànsèlóng) - ပုတ်သင်ညို
​ဆိုလိုရင်း : ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပြီး အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလိုပဲ... ကိုယ့်အကျိုးစီးပွားအတွက် မျက်နှာပူစရာမလိုဘဲ လေယူရာယိမ်းတတ်တဲ့ "မျက်နှာလို မျက်နှာရ လူမျိုး" ကို နှိုင်းယှဉ်တာပါ။

​井底蛙 (Jǐndǐwā) - တွင်းထဲက ဖားသူငယ်
​ဆိုလိုရင်း : မြန်မာစကားအတိုင်း "ရေတွင်းထဲက ဖား" ပေါ့ဟ။ ကမ္ဘာကြီးကို ကျယ်ကျယ်ပြန့်ပြန့်မမြင်ဘဲ အမြင်ကျဉ်းမြောင်း၊ အမြင်တိုပြီး ကိုယ်သိတာလေးပဲ အဟုတ်ကြီး ထင်နေသူတွေကို ပြောတာပါ။

​寄生虫 (Jìshēngchóng) - ကပ်ပါးကောင်
​ဆိုလိုရင်း : ကိုယ်တိုင် ဘာမှမလုပ်ဘဲ သူတစ်ပါးအပေါ်မှာပဲ ခိုကပ်ပြီး မှီခိုစားသောက်နေတဲ့ "အလုပ်မလုပ်ဘဲ အချောင်ခိုသူ" တွေကို ခေါ်တာ ဖြစ်ပါတယ်။

​夜猫子 (Yèmāozi) - ဇီးကွက်
​ညဘက်ကျမှ မျက်စိပွင့်ပြီး ဉာဏ်ကောင်း၊ အလုပ်လုပ်နိုင်တဲ့ "ညဉ့်နက်သန်းခေါင်မှ အိပ်တတ်သူ (Night Owl)" တွေကို ပြောတာပါ။

​替罪羊 (Tìzuìyáng) - အပြစ်အစားထိုးခံ ဆိတ်ကလေး
​ဆိုလိုရင် : သူများလုပ်တဲ့အပြစ်ကို ကိုယ်က ကြားထဲကနေ ခေါင်းခံပြီး ခံပေးရတဲ့ "ဓားစာခံ" တွေကို နှိုင်းယှဉ်တာ ဖြစ်ပါတယ်။

​墙头草 (Qiángtóucǎo) - တံတိုင်းပေါ်က မြက်ပင်
​ဆိုလိုရင်း : တံတိုင်းပေါ်က မြက်ပင်ဟာ လေတိုက်တဲ့ဘက်ကို ယိမ်းသွားတတ်သလိုပဲ... မူဝါဒနဲ့ ခံယူချက်မမြဲဘဲ အားသာတဲ့ဘက်ကို ချက်ချင်း ပြောင်းလဲပူးပေါင်းသွားတတ်တဲ့ "လော်လီတတ်သူ" တွေကို ခေါ်ပါတယ်။

​母老虎 (Mǔlǎohǔ) - ကျားမကြီး
​ဆိုလိုရင်း : ဒေါသလည်းကြီး၊ မျက်နှာထားကလည်း ဆိုးပြီး အရမ်းရန်တွေ့တတ်တဲ့ "စရိုက်ကြမ်းတမ်း ဒေါသကြီးတဲ့ အမျိုးသမီး" တွေကို တင်စားခေါ်တာ ဖြစ်ပါတယ်။



#ပုံဆောင်စကားလုံးများ
#တရုတ်စာတရုတ်စကား

25/12/2025

🎄 Merry Christmas & Happy New Year 🌟

မကြာမီ ရောက်ရှိလာတော့မယ့် ၂၀၂၆ မင်္ဂလာနှစ်သစ် မှာ အားလုံးရဲ့ ဘဝလမ်းခရီးမှာ
🍀 ကံကောင်းခြင်းများစွာ၊
💫 အောင်မြင်မှုများ၊
💖 စိတ်ချမ်းသာပျော်ရွှင်မှုများနဲ့အတူ
စိတ်ကူးအိပ်မက်အားလုံးကို အကောင်အထည်ဖော်နိုင်ကြပါစေလို့
Myanmar Black Pearl Lion Dance Troupe (MBP) မိသားစုမှ နှစ်သစ်အကြို ဆုမွန်ကောင်း တောင်းအပ်လိုက်ပါရစေခင်ဗျာ 🤗
အေးချမ်းပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ရက်များနှင့်
မင်္ဂလာရှိသော နှစ်သစ်တစ်နှစ် ဖြစ်ပါစေ 🎉✨

🧑‍🎄☃️
🎉🎊


Photos from Myanmar Black Pearl Lion Dance Troupe's post 21/12/2025

大家冬至快樂 !
Happy Winter Solstice Day ! 🎊🎉



Photos from 天下第一's post 21/12/2025

တုန်းကျစ့်ပွဲတော် သို့မဟုတ် ဆောင်းရာသီပွဲတော်

冬至節

သမိုင်းကြောင်း

✍️ #天下第一
#ထပ်ဆင့်ပြန်လည်မျှဝေပါသည်💐

19/12/2025

" ကရင်နှစ်သစ်ကူးနေ့ "

ကရင်နှစ်သစ်ကူး နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။♥️

ကရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေကြောင်း Myanmar Black Pearl Lion Dance Troupe မိသားစု မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျာ 🙏💐


#ကရင်နှစ်သစ်ကူး၂၇၆၅
#ကရင်နှစ်သစ်ကူးနေ့ကိုဆိုကြိုပါတယ်

03/12/2025

ကမ္ဘာ့ပေါ်ရှိအမေများကိုယ်ကျန်းမာစိတ်ချမ်းသာရှိကြပါစေလိုဆုတောင်းမေတ္တာပို့သအပ်ပါသည်
🤱🙏🙏🙏

#နတ်တော်လပြည့်အမေများနေ့

09/11/2025

2026ခုနှစ် ထိုက်စွေ့နှစ်ဖွားများ🐎🐁🐇🐄

2026ခုနှစ် ထိုက်စွေ့နှစ်ဖွားများ

မြင်းနှစ်ဖွားများ
မြင်းနှစ်ဖွားများသည် ၂၀၂၆ခုနှစ်အတွင်း စီးပွားရေးအတက်အကျအများ၊ အလုပ်အပြောင်းအရွှေ့များ၊ စိန်ခေါ်မှုများနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ရင်ဆိုင်ရနိုင်သည်။
နှိမ့်ချပြီး သတိရှိရှိနေထိုင်ပါ၊ စိတ်မြန်သောဆုံးဖြတ်ချက်များကို ရှောင်ကြဉ်ကာ ကံကောင်းစေရန်အတွက် အနီရောင်အသုံးအဆောင်များ (လက်ကောက်အနီ သို့မဟုတ် အနီရောင်အဝတ်အစားများကဲ့သို့) ဝတ်ဆင်ပါ။

ကြွက်နှစ်ဖွားများ
ဘဝအပြောင်းအလဲများ၊ အသက်မွေးဝမ်းကြောင်းမတည်ငြိမ်မှု၊ ငွေကြေးအတက်အကျများနှင့် စိတ်ပိုင်းဆိုင်ရာ ကမောက်ကမများနှင့်ရင်ဆိုင်ရနိုင်သည်။
ကြိုတင်ပြင်ဆင်ထားပါ၊ ကျွမ်းကျင်မှုအသစ်များ တီထွင်ရန်နှင့် အန္တရာယ်များသော ရင်းနှီးမြှုပ်နှံမှုများ သို့မဟုတ် စိတ်အားထက်သန်သော လုပ်ဆောင်မှုများကို ရှောင်ကြဉ်ပါ။

ယုန်နှစ်ဖွားများ
ယုန်နှစ်တွင်မွေးဖွားသူများသည် သစ္စာဖောက်ခြင်း၊ နားလည်မှုလွဲမှားခြင်းနှင့် ငွေကြေးကိစ္စများတွင် အခက်အခဲများကြုံတွေ့နိုင်သည်။
စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကို ရွေးချယ်ရာတွင်၊ နှိမ့်ချစွာနေရန်၊ အတင်းအဖျင်းပြောဆိုခြင်းကို ရှောင်ကြဉ်ပြီး ခရီးသွားသည့်အခါ သတိထားပါ။

နွားနှစ်ဖွားများ
နွားနှစ်တွင် မွေးဖွားသူများသည် ဖိစီးမှု၊ ဥပဒေဆိုင်ရာ ပြဿနာများနှင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများ တိုးမြင့်လာနိုင်သည်။
စကားမပြောမီ စဉ်းစားပါ၊ ပဋိပက္ခများနှင့် ဝေးဝေးနေရန်၊ သင့်ကျန်းမာရေးကို ဂရုစိုက်ပါ၊ ဥပဒေရေးရာများကို သတိထားပါ။

04/11/2025

စနေနေ့ ဖူဆပူဇော်ပွဲကျရောက်ပါမည်။

စနေနေ့ ဖူဆပူဇော်ပွဲကျရောက်ပါမည်။

04/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့ — ဥပုဒ်နေ့
အလင်းတရားဝင်ရောက်သည့် သာမညဖလ အခါတော်နေ့ ✨

🕊️ စိတ်အေးတိမ်ရာရပြီး တရားနဲ့အတူတူ သက်တောင့်သက်သာဖြစ်ပါစေ။

.thae4291
#သာမညဖလအခါတော်နေ့
#တန်ဆောင်မုန်းလပြည့်နေ့
#ပါမောက္ခချုပ်ဆရာတော်နန္ဒမာလာဘိဝံသ

04/11/2025

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)

ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) အထိမ်းအမှတ်အဖြစ်
ပုလဲနက် ခြင်္သေ့အဖွဲ့ 🇲🇲
Myanmar Black Pearl Lion Dance Troupe အဖွဲ့ ၏ မိသားစုမှ နှစ်ပေါင်းများစွာ အားပေးဝန်းရံပေးကြသော ဧည့်သည်အပေါင်း၊ မိဘပြည်သူအပေါင်းတို့အား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း
အထူးမေတ္တာနှင့်အတူ ဆုတောင်းအပ်ပါသည်။

#တန်ဆောင်မုန်းလပြည့်နေ့
#သာမညဖလအခါတော်နေ့

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No(88)14th Street Lanmadaw Township
Yangon