Thu Kha Soe

Thu Kha Soe

Share

SOCCER NEWS & TIPS & MATCH FACTS

15/08/2026

ဟာလန်းရခဲ့တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန် ၄ ခု
**********************************
အသက် ၂၆ နှစ်အရွယ် မန်စီးတီး
ကြယ်ပွင့်ဟာလန်းဟာ ဂင်းနစ်ကမ္ဘာ
စံချိန်များအဖွဲ့အစည်းက ပေးတဲ့
စံချိန်လက်မှတ် ၄ ခုကို အီတီဟတ်
ကွင်းမှာ လက်ခံရရှိခဲ့ပါတယ်။

- ပရီးမီးယားလိဂ်မှာ ဂိုးရာပြည့်တဲ့
အမြန်ဆုံးကစားသမား(၁၁၁ ပွဲ)

- ပရီးမီးယားလိဂ်ရာသီတစ်ခုမှာ
သွင်းဂိုးအများဆုံး(၃၈ ပွဲမှာ ၃၆ ဂိုး)

- နေးရှင်းလိဂ်မှာ သွင်းဂိုးအများဆုံး
(၁၉ ဂိုး)

- ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ သွင်းဂိုး
အများဆုံး(၅ ဂိုး၊ မက်ဆီနဲ့ အက်ဒရီ
ယာနိုတို့ရဲ့စံချိန်ကို လိုက်မီ)

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

15/08/2026

အဖေတူသားလေး စီရို
***********************
လီယွန်နယ်မက်ဆီရဲ့အငယ်ဆုံး
သားဖြစ်တဲ့ စီရိုမက်ဆီဟာ
အင်တာမိုင်ယာမီနဲ့အတူ
ယူ-၈ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွား
ပါတယ်။

ဒီကလေးက ယူ-၈ ပြိုင်ပွဲရဲ့
ဗိုလ်လုပွဲမှာ အကောင်းဆုံး
ကစားသမားဆု MVP လည်း
ရသွားခဲ့တာပါ။

ဖိုင်နယ်မှာ သူ့အသင်းကို ဦး
ဆောင်နိုင်စေဖို့ စီရိုက ၂ ဂိုး
သွင်းခဲ့ပါတယ်။

မက်ဆီရဲ့သား ၃ ယောက်ထဲမှာ
စကေးအရ အဖေနဲ့အတူဆုံးလို့
လည်း စီရိုကို ပြောကြတာပါ။

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

Photos from Thu Kha Soe's post 15/08/2026

ဘာသာစကားပေါင်းစုံကျွမ်းကျင်သူ
*********************************
ဒီနွေအပြောင်းအရွှေ့မှာ ဖီနာဘာချီကို
ရောက်လာတဲ့ ဝါရင့်တိုက်စစ်မှုးလူကာ
ကူက တူရကီစကားကိုလည်း ၃ လတည်း
နဲ့ ပြောနိုင်အောင် သင်မယ်လို့ ကြွေးကြော်
လိုက်ပါတယ်။

ဘယ်လ်ဂျီယံသားဟာ ဘောလုံးသမား
တွေထဲမှာ ဘာသာစကားအများဆုံး
ပြောနိုင်သူပါ။

သူပြောနိုင်တဲ့ဘာသာစကားတွေ
ကတော့...............
ပြင်သစ်၊
ဖလီးမစ်ရှ်(ဘယ်လ်ဂျီယံက နယ်သာလန်
စကား)၊
အင်္ဂလိပ်
စပိန်
ပေါ်တူဂီ
အီတလီ
လင်ဂါလာ(ကွန်ဂိုစကား)
ဂျာမန်

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

14/08/2026

ဒီနွေအပြောင်းအရွှေ့မှာ ပရီးမီး
ယားလိဂ်အသင်း ၂၀ ထဲက
၉ သင်းဟာ စံချိန်တင်ခေါ်ယူမှု
တွေ လုပ်ခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေရဲ့
ငွေသုံးနိုင်စွမ်းဟာ တစ်နှစ်ထက်
တစ်နှစ်ကို ပိုကြမ်းလာတာပါ။

ဘယ်စံချိန်တင်ခေါ်ယူမှုက
အကောင်းဆုံးလို့ ထင်လဲ။

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

14/08/2026

ပပ်ခေတ်အလွန်မှာ ရုံခါနေတဲ့ စီးတီး
*********************************
ပပ်ဂွါဒိယိုလာခေတ်လွန် ပထမဆုံး
ရာသီအတွက် မန်စီးတီးရဲ့ရုံခါမှုဟာ
မယုံနိုင်စရာတောင် ကောင်းပါတယ်။

ထွက်ခွာမှုတွေ

• ပပ်ဂွါဒီယိုလာ 🇪🇸
• ရိန်းဒါးစ် 🇳🇱 → အယ်ကာဒက်ရှ် — ၆၁ သန်း
• ဂျိမ်းစ်ထရက်ဖို့ဒ် 🏴󠁧󠁢󠁥󠁮󠁧󠁿 → လိဒ် — ၄၆.၇ သန်း
• အကန်ဂျီ 🇨🇭 → အင်တာမီလန် — ၁၅ သန်း
• နသန်အကီ 🇳🇱 → ဖီနာဘာချီ — ၈.၁၇ သန်း
• ဘာနာဒိုဆေးလ်ဗား 🇵🇹 → ရီးရဲလ် — အလွတ်
• ဂျွန်စတုန်း 🏴󠁧󠁢󠁥󠁮󠁧󠁿 → အင်တာမီလန် — အလွတ်

⏳ ထပ်မံထွက်ခွာနိုင်သူ

• ရိုဒရီ 🇪🇸
• ဆာဗင်ဟို 🇧🇷

စီးတီးဟာ ဂွါဒီယိုလာခေတ်အသင်းကို
ဖြိုချလိုက်သလားလို့တောင် ထင်ရပါတယ်။

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

Photos from Thu Kha Soe's post 14/08/2026

တန်းတက်တွေက မန်ယူထက် ပိုသုံးထား
*********************************
အခုနွေရာသီအပြောင်းအရွှေ့မှာ
တန်းတက်နှစ်သင်းကတောင်
မန်ယူထက် ပိုသုံးစွဲထားတာ
တွေ့ရပါတယ်။

အစ်ဆွစ်ချ် - ပေါင် ၁၀၉.၄ သန်း
ကိုဗင်ထရီ - ပေါင် ၉၂.၂ သန်း
မန်ယူ - ပေါင် ၈၃.၈ သန်း

မန်ယူနည်းပြကာရစ်က ပရီးမီးယား
လိဂ်ချန်ပီယံဆုကို သူ့အသင်း
စိန်ခေါ်နိုင်တယ်လို့ ယုံကြည်နေပေ
မယ့် အားဖြည့်မှုလုပ်ရဦးမယ်လို့
ပြောထားတာပါ။

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

Photos from Thu Kha Soe's post 14/08/2026

ဆံပင်ကေအသစ်နဲ့ ရာသီသစ်ကို စတင်
*********************************
ရာသီသစ်အတွက် ပြင်ဆင်နေတဲ့
အယ်နာဆာအသင်းလေ့ကျင့်ရေးကို
စီရော်နယ်ဒိုဟာ ဆံပင်ကေအသစ်နဲ့
ရောက်လာပါတယ်။

လက်တွဲဖော်ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့
လက်ထပ်မင်္ဂလာပွဲဆင်နွှဲခဲ့ပြီးပြီးချင်း
မှာပေါ့။

ရာသီသစ်ကို ကေအသစ်နဲ့ စတင်
လိုက်တာပါ။

ဒါပေမဲ့ ကစားသမားဘ၀ ဂိုး ၁၀၀၀
ပြည့်ရေးဆိုတဲ့ မစ်ရှင်ကတော့
အရင်အတိုင်းပါပဲ။

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

Photos from Thu Kha Soe's post 13/08/2026

ဖလားကိုကြည့်ပြီး ဗီနီတောင် ရယ်တယ်
*********************************
ရီးရဲလ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညတုန်းက
အိမ်ရှင်ဒီပို့တီဗိုကို ၁-၀ နဲ့ အနိုင်ရပြီး
ရာသီကြိုဖလားဖြစ်တဲ့ Teresa Herrera
ကို ရရှိသွားပါတယ်။

ဒါပေမဲ့ သူ့အသင်းဖော်နှစ်ယောက်
မနိုင့်တနိုင်သယ်လာခဲ့ရတဲ့ဆုဖလား
အရွယ်အစားကို ကြည့်ပြီး
ရီးရဲလ်တိုက်စစ်မှုးဗီနီစီးယက်စ်တောင်
ရယ်သွားမိတာပါ။

သူ့ကစားသမားဘ၀ မြင်ဖူးသမျှ
ဆုဖလားတွေထဲမှာ အကြီးဆုံးမို့
ဗီနီရယ်သွားမိတာ ဖြစ်နိုင်ပါတယ်။

အဲဒီတော့ ရီးရဲလ်ဟာ ဆုဖလားနဲ့
ကိုင်မြှောက်အောင်ပွဲခံခြင်း မလုပ်နိုင်
ခဲ့ပါဘူး။

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

Photos from Thu Kha Soe's post 13/08/2026

ပီအက်စ်ဂျီသမိုင်းကို ပြောင်းလဲပေးခဲ့သူ
*********************************
🗓️ ပထမဆုံးရာသီ
🏆 လီဂူး-၁ ချန်ပီယံ
🏆 ပြင်သစ်ဖလားချန်ပီယံ
🏆 ပြင်သစ်စူပါဖလားချန်ပီယံ
🏆 ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်

🗓️ ဒုတိယမြောက်ရာသီ
🏆 လီဂူး-၁ ချန်ပီယံ
🏆 ပြင်သစ်ဖလားချန်ပီယံ
🏆 ချန်ပီယံလိဂ်ချန်ပီယံ
🏆 ပြင်သစ်စူပါဖလားချန်ပီယံ
🥈 ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ရောက်

🗓️ တတိယမြောက်ရာသီ
🏆 လီဂူး-၁ ချန်ပီယံ
🏆 ပြင်သစ်စူပါဖလားချန်ပီယံ
🏆 ဥရောပစူပါဖလားချန်ပီယံ
🏆 Intercontinental ဖလားချန်ပီယံ
🏆 ချန်ပီယံလိဂ်ချန်ပီယံ

🗓️ စတုတ္ထမြောက်ရာသီအစ
🏆 ဥရောပစူပါဖလားချန်ပီယံ

🏆 ၃ နှစ်အတွင်းမှာ စုစုပေါင်း ဖလား ၁၃ လုံး

🇫🇷 ပြင်သစ်ဘောလုံးသမိုင်းမှာ ပထမဆုံး
ဖလား ၃ လုံးချန်ပီယံ

🏆🏆သမိုင်းဝင်အနေနဲ့ ချန်ပီယံလိဂ်မှာ
၂ နှစ်ဆက် ဗိုလ်စွဲ

🏆🏆🏆🏆🏆🏆 ပြင်သစ်ဘောလုံးမှာ
တစ်ရာသီတည်း ဖလား ၆ လုံးရ ပထမဆုံးအသင်း

🏅 ပီအက်စ်ဂျီသမိုင်းမှာ ဆုဖလားအများဆုံးနည်းပြ

🌟 ပီအက်စ်ဂျီရဲ့ကြယ်စင်စုခေတ်ကို အဆုံးသတ်
ခဲ့ပြီး လူငယ်တွေနဲ့ စစ်မှန်တဲ့အသင်းကို
တည်ဆောက်နိုင်

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

13/08/2026

ဥရောပစူပါဖလားအရှုံးနဲ့ ကြုံခဲ့ရ
ပေမယ့် ဗီလဟာ အင်္ဂလိပ်အသင်း
တွေထဲမှာ ပူးတွဲစတုတ္ထ ဥရောပ
အအောင်မြင်ဆုံးအသင်း ဖြစ်နေ
ဆဲပါ။

ဗီလာနည်းပြအမ်မရီကတော့
ဥရောပစူပါဖလားမှာ ယှဉ်ပြိုင်ဖူး
တဲ့ ၄ ကြိမ်စလုံး အရှုံးနဲ့ပဲ
ရင်ဆိုင်ခဲ့ရပါတယ်။

အမ်မရီရဲ့ဥရောပစူပါဖလား
မှတ်တမ်း........

❌ ၂၀၂၆ - ပီအက်စ်ဂျီကို ၂-၁ နဲ့ ရှုံး
❌ ၂၀၂၁ - ချဲလ်ဆီးကို ပင်နယ်တီနဲ့ရှုံး
❌ ၂၀၁၅ - ဘာကာကို ၅-၄ နဲ့ ရှုံး
❌ ၂၀၁၄ - ရီးရဲလ်ကို ၂-၀ နဲ့ ရှုံး

နေ့စဉ် ပွဲကြိုအချက်အလက်နဲ့ Special Pick
ရွေးချယ်သုံးသပ်ချက်တင်ပေးနေတဲ့ ကျွန်တော်
တို့ရဲ့ Telegram ချန်နယ်ကိုလည်း ဝန်းရံပေးပါဦး။

https://t.me/thukhasoe83

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon