Zey Zey Aung Hair Academy Training School

Zey Zey Aung Hair Academy Training School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zey Zey Aung Hair Academy Training School, Yangon.

23/08/2026

နံရံဆေးသုတ်ပီးရင်ပီးပီ
တာဝန်တခုပီးမြောက်သွားတော့စိတ်လည်းပေါ့ပါးသွားတယ်

22/08/2026

တစ်ညမှာ...

ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပနေတဲ့ ပိုးစုန်းကြူးတစ်ကောင်ကို မြွေတစ်ကောင်က ဖမ်းဖို့ ကြိုးစားနေတယ်။
ပိုးစုန်းကြူးက ပျံသန်းတာရပ်ပြီး မေးလိုက်တယ်...

"မင်းကို မေးခွန်းသုံးခု မေးလို့ရမလား..."

မြွေက ခေါင်းညိတ်လိုက်တယ်။

"ငါက မင်းရဲ့အစားအသောက်စာရင်းထဲမှာ ပါလား..."

"မပါဘူး..."

"ဒါဆို ငါက မင်းကို ဘာများ အမှားလုပ်ဖူးလို့လဲ..."

"မလုပ်ဖူးဘူး..."

"ဒါဆို ဘာလို့ ငါ့ကို ဖမ်းပြီး မျိုချင်တာလဲ..."

မြွေက ခဏငြိမ်ပြီး ပြန်ဖြေတယ်...

"မင်းရဲ့အလင်းရောင်ကို ငါ မခံနိုင်လို့..."

တစ်ခါတစ်ရံ... လူတချို့က ကိုယ့်ကို မုန်းတာဟာ ကိုယ်အမှားလုပ်လို့ မဟုတ်ပါဘူး။

ကိုယ်တောက်ပနေတာ... ကိုယ်တိုးတက်နေတာ... ကိုယ်အောင်မြင်လာတာကို သူတို့ မခံနိုင်လို့ ဖြစ်တတ်ပါတယ်။

ဒါကြောင့်... တခြားသူရဲ့ မနာလိုမှုကြောင့် ကိုယ့်အလင်းကို မငြိမ်းလိုက်ပါနဲ့။

✨ ဆက်ပြီး တောက်ပနေလိုက်ပါ။

22/08/2026

ပြည်ပထိထိုးဖောက်ရတော့မယ်ထင်တယ်😊

22/08/2026

၈လပိုင်း၂၆/၂၇ပညာဒါနသင်တန်းအတွက် ပြင်ဆင်လို့ပီးပါပီ

20/08/2026

ပညာဒါနသင်တန်း
၈လပိုင်း၂၆/၂၇စမည်
ပျက်စီးဆံသားကောက်နည်း၊ဆန်ဆေးရည်နှင့်ကောက်နည်းအသေးစိတ်သင်ကြားမည်၊တနာရီကောက်နည်းကောက်ပြမည်။
သင်တန်းနေရာ အမှတ်၂၇ထည်ဝါနိဗ္ဗာန်ဆိုင်ရှေ့ကျိုက္ကစံဘုရားလမ်းသင်္ဃန်းကျွန်းမြို့နယ် တတ်ရောက်မည့်သူများအောက်တွင်စရင်းပေးသွားပါနော်

17/08/2026

အောင်မြင်နေတဲ့ ဆံပင်သင်တန်းကျောင်းတွေနဲ့ ဆရာတွေကို ပစ်မှတ်ထားပြီး အသရေဖျက် တိုက်ခိုက်နေကြတာဟာ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးလောကမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ သဘာဝအချက်တွေကြောင့် ဖြစ်ပါတယ်။

တကယ်ပညာရှိတဲ့လူဆိုတာ သူများအောင်မြင်နေတာကို ခြေထိုးဖို့မကြိုးစားဘူး သူဘာကြောင့်အောင်မြင်တာလဲဆိုတာကို အတုယူလေ့လာတယ်
သူများအောင်မြင်တာကို မနာလိုဝန်တိုစိတ်နှင့် ဆွဲချဖို့ကြိုးစားတာဟာ စိတ်ဓာတ်အရည်ချင်းနိမ့်ကျတာဖြစ်တယ်

အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ကြည့်ရင် -
မနာလိုမှုနှင့် မမျှတသော စီးပွားရေး အပြိုင်အဆိုင် (Envy & Toxic Competition): မိမိကိုယ်တိုင် ကြိုးစားပြီး အောင်မြင်အောင် မလုပ်နိုင်သူများ သို့မဟုတ် ပြိုင်ဘက်များက ထိပ်ဆုံးရောက်နေသူ၏ ပုံရိပ်နှင့် ယုံကြည်မှုကို ကျဆင်းစေရန် အလွယ်လမ်း လိုက်သည့်အနေဖြင့် တိုက်ခိုက်ကြခြင်း ဖြစ်သည်။
အထက်ရောက်သူကို ဆွဲချချင်သည့် စိတ်ဓာတ် (Crab Mentality / Tall Poppy Syndrome): မိမိတို့ထက် သာလွန်အောင်မြင်နေသူ သို့မဟုတ် နာမည်ကြီးနေသူများကို မြင်တွေ့ရသည့်အခါ ဂုဏ်သိက္ခာ ကျဆင်းသွားအောင် ဝိုင်းဝေဖန်ခြင်းဖြင့် စိတ်ကျေနပ်မှု ရှာယူတတ်သည့် စိတ်ဒဏ်ရာ (Insecurity) ကြောင့် ဖြစ်သည်။
အာရုံစိုက်မှု ရယူခြင်း (Attention Seeking & Engagement): ဆိုရှယ်မီဒီယာပေါ်တွင် နာမည်ကြီးသူများ၏ အကြောင်းကို အပြုသဘောမဟုတ်ဘဲ အနုတ်လက္ခဏာဆောင်၍ တိုက်ခိုက်ပြခြင်းဖြင့် လူattentionပိုရရန်နှင့် ကြည့်ရှုသူ (Views/Reach) တိုးအောင် ဖန်တီးခြင်းဖြစ်သည်။
အုပ်စုဖွဲ့တိုက်ခိုက်သည့် သဘာဝ (Mob Mentality in Echo Chambers): ဗဟုသုတနှင့် စဉ်းစားဆင်ခြင်ဉာဏ် နည်းပါးသည့် ပတ်ဝန်းကျင်မှ လူများ စုစည်းမိသည့်အခါ အမှားအမှန်ကို မဝေဖန်ဘဲ အုပ်စုဖွဲ့အရှိန်ဖြင့် ဝိုင်းဝေဖန်ကြသည့် သဘာဝရှိသည်။
အဆိပ်အတောက်ဖြစ်စေသည့် လူအုပ်စု၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် မိမိ၏ အရည်အသွေး၊ ဝန်ဆောင်မှုနှင့် ရလဒ်ကောင်းများကိုသာ စိုက်ထုတ်ပြသခြင်းက အကောင်းဆုံး တုံ့ပြန်မှု ဖြစ်ပါသည်။ စီမံခန့်ခွဲမှုနှင့် ပညာရပ်ဆိုင်ရာ တိုးတက်မှုကိုသာ အဓိကထား လုပ်ဆောင်ပါက ရေရှည်တွင် အမှန်တရားနှင့် အောင်မြင်မှုကသာ အနိုင်ရရှိသွားမည် ဖြစ်ပါသည်။

16/08/2026

ဆံပင်အတွက်ရေရှည်ကောင်းကျိုးများစွာရရှိစေသည်။

13/08/2026

(ထမင်းရှင်များအားမေတ္တာရက်ခံခြင်း🙏)
ချစ်ခင်ရပါသော Customer များခင်ဗျာ 🙏
ကျွန်တော်တို့ လုပ်ငန်းသစ် တိုးချဲ့ရေးအတွက် အကောင်အထည်ဖော်နေရသည့်အတွက် ယခုရက်ပိုင်းအတွင်း Message (CB) နှင့် ဖုန်းအကြောင်းပြန်မှုများ နည်းနည်းနောက်ကျနေသည့်အတွက် အထူးပင် တောင်းပန်အပ်ပါသည်။
ဆိုင်၏ ဆံပင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု (Hair Services) များကိုတော့ ကျွန်တော်၏ အလွန်ကျွမ်းကျင်သော ဆရာ/ဆရာမများနှင့် စနစ်တကျ လွှဲပြောင်းတာဝန်ပေးထားပါသည်။ ဝန်ဆောင်မှုတိုင်းကိုလည်း စိတ်ကျေနပ်မှုရရှိစေရန် အာမခံချက်အပြည့်ဖြင့် ဆောင်ရွက်ပေးနေပါသဖြင့် ယုံကြည်စိတ်ချစွာ မေးမြန်းအားပေးနိုင်ပါတယ်ခင်ဗျာ။
အစဉ်အမြဲ အားပေးကြသည့် ကျွန်တော်တို့၏ ကျေးဇူးရှင် ဧည့်သည်တော်များအားလုံး လိုရာဆန္ဒများ ပြည့်ဝပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသည်🙏🙏🙏

13/08/2026

မြန်မာဆံပင်လောကရဲ့
လက်ရှိအခြေနေ👇

11/08/2026

ပိုက်ဆံ

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon
11111