12/08/2026
🤾🏻♀️International Youth Day 2026 🚴🏻♀️
ဒီနေ့ မှာ ကျရောက်တဲ့ International Youth Day ကို ဂုဏ်ပြုတဲ့အနေနဲ့
“လူငယ်တိုင်းရဲ့ Healthy & Active Lifestyle ကို စတင်ဖို့ အခွင့်အရေးပေးခြင်း” campaign ပြုလုပ်မှာ ဖြစ်တဲ့အတွက် Veins Fitness Club မှာ Free Membership ဖြင့် Registration လုပ်ပြီး18နှစ်အောက်လူငယ်တိုင်းအတွက် အထူးဈေးနှုန်းနဲ့ ပါ Gymဆော့ခွင့် ရယူနိုင်ပါပြီ။
ဒီနေ့လေး ဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက် တွေကိုလည်းသိရှိနိုင်စေရန် မျှဝေပေးလိုက်ရပါတယ် ရှင့် 🤗
🌍 International Youth Day ဘယ်လိုဖြစ်ပေါ်လာတာလဲ?
International Youth Day ကို နှစ်စဉ် August 12 ရက်နေ့မှာ ကျင်းပပါတယ်။
1991 ခုနှစ်မှာ Austria နိုင်ငံ၊ Vienna မှာ ကမ္ဘာတစ်ဝန်း လူငယ်ရေးရာအတွက် ပထမဆုံး International Youth Forum ကို ကျင်းပခဲ့ပါတယ်။
အဲဒီနောက် United Nations General Assembly က 1999 ခုနှစ်မှာ August 12 ကို International Youth Day အဖြစ် သတ်မှတ်ခဲ့ပါတယ်။
2000 ခုနှစ် August 12 မှာ ပထမဆုံး International Youth Day ကို တရားဝင်ကျင်းပခဲ့ပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ လူငယ်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်သာမက လက်ရှိအချိန်မှာပါ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေသူတွေဖြစ်တယ် ဆိုတာကို ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုစေဖို့ပါ။
🎯 International Youth Day ရဲ့ အဓိက ရည်ရွယ်ချက်
1. လူငယ်တွေရဲ့ အသံကို မြှင့်တင်ပေးဖို့
လူငယ်တွေရဲ့ အမြင်၊ အကြံဉာဏ်နဲ့ လိုအပ်ချက်တွေကို လူ့အဖွဲ့အစည်းနဲ့ မူဝါဒချမှတ်သူတွေက ပိုမိုနားထောင်လာစေဖို့။
2. လူငယ်တွေရဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ မြှင့်တင်ဖို့
Education, employment, health, social participation စတဲ့ ကဏ္ဍတွေမှာ လူငယ်တွေ တန်းတူအခွင့်အရေး ရရှိစေဖို့။
3. လူငယ်တွေကို လူမှုအသိုင်းအဝိုင်းမှာ ပါဝင်စေဖို့
လူငယ်တွေဟာ ပြဿနာတွေကို ဖြေရှင်းပေးမယ့် “အနာဂတ်ခေါင်းဆောင်” တွေချည်းမဟုတ်ဘဲ လက်ရှိလူ့အဖွဲ့အစည်းကို ပြောင်းလဲနေတဲ့ အင်အားစု ဖြစ်တယ်ဆိုတာကို အလေးပေးဖို့။
4. လူငယ်တွေရဲ့ အခက်အခဲတွေကို ကမ္ဘာက အာရုံစိုက်စေဖို့
အလုပ်အကိုင်၊ ပညာရေး၊ စိတ်ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု၊ technology access စတဲ့ လူငယ်တွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အာရုံစိုက်ဆွေးနွေးစေဖို့။
ပဲ ဖြစ်ပါတယ် ဒါကြောင့် ဒီလို ကောင်းမွန်တဲ့ ရည်ရွယ်ချက် တွေကို အားကစား အကျိုးပြု Gym ရုံ တစ်ခု အနေဖြင့် ရပ်တည်နေသော Veins Fitness Club အနေနဲ့လည်းတစ်ဖက်တစ်လမ်းကနေ ပါ၀င်ပံ့ပိုးပေးလိုက် ရခြင်းဖြစ်တာကြောင့် ခုပဲ လက်မလွှတ်ပဲ ရယူပြီး အနာဂတ်မှာ ကြံ့ခိုင်ထက်မြတ်တဲ့ လူငယ်အသွင်သစ်ဖြင့် အကောင်ထည်ဖော်လိုက်ပါ။
Free Membership အပြင် အထူးဈေးနှုန်းကိုပါ ရယူဖို့
အသက် ၁၈နှစ်အောက် ဖြစ်ကြောင်း ID လေးတစ်ခုခုတော့ ပြသပေးရပါမယ်နော် ☺️
ဆက်သွယ်ရန် လိပ်စာ -
🏙️ 𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝐍𝐨.𝟑𝟔, 𝐌𝐚 𝐇𝐥𝐰𝐚 𝐆𝐨𝐧𝐞 𝐒𝐭., 𝐓𝐚𝐦𝐰𝐞 𝐓𝐬𝐩., 𝐘𝐚𝐧𝐠𝐨𝐧.
☎️ 𝐏𝐡 𝐍𝐨 : 𝟎𝟗 - 𝟐𝟔𝟔 𝟒𝟑𝟏 𝟏𝟗𝟗
☎️ 𝐏𝐡 𝐍𝐨 :𝟎𝟗 - 𝟒𝟎𝟗 𝟓𝟖𝟏 𝟏𝟗𝟗 ကိုလည်း သိချင်တာတွေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် … 🥰
29/07/2026
20/06/2026
18/06/2026